CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၃

လူ့အခွင့်အရေးကို ရှေးရှု၍ နိုင်ငံတော်အစိုးရက အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ချခံနေရသော အကျဉ်းသူ/သား ၇၀၀၀ ကျော်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်က လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း ထုတ်ပြန်ခဲ့ သည်။

လွတ်ငြိမ်းဖြင့် လွတ်လာသည့် NLD ဝန်ကြီးများကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

အဆိုပါ လွတ်ငြိမ်းနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ဝန်ကြီးများအဖြစ် တာဝန်ယူခဲ့သူ ဦးမင်းသူ (ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး)၊ ‌ဒေါက်တာမျိုးအောင်(နေပြည်တော်ကောင်စီဥက္ကဋ္ဌ) ၊ ဦးဟံထွန်း (ရန်ကုန်တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး)၊ ဒေါ်မိုးမိုးစုကြည် (ရန်ကုန်တိုင်းအစိုးရအ ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး)၊ ဦးရဲမင်းဦး( နေပြည်တော်ကောင်စီ ဒုမြို့တော်ဝန်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး)တို့လည်း ပါဝင်ခဲ့သည်။