- By CNI
- Category: နိုင်ငံရေး
- Hits: 291
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က စတင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း(၁)၌ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်းရပ်ကွက် (အခြေခံပညာ အလယ်တန်းကျောင်း အမှတ်-၆) သံသုမာ လမ်းရှိ မဲရုံအမှတ် ၁-၂ တွင် မဲလာပေးသူ ၅၄၀ ဦး ရှိကြောင်း သိရသည်။

အဆိုပါ မဲရုံများတွင် မဲပေးခွင့်ရှိသူ ၂၂၀၀ ဦးရှိပြီး နေ့လယ် ၁ နာရီဝန်းကျင်အထိ ၅၄၀ ဦး မဲလာပေးထားကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 313
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ စတင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း(၁)မှာ ပြည်သူလူထု မဲလာရောက် ပေးသည့် အခြေအနေများကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိုက်လံကြည့်ရှု၍ ပြည်သူ့အသံကို နားထောင်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ယနေ့ (ဒီဇင်ဘာ၂၈ ရက်) နံနက် ပိုင်းတွင် လှည့်လည်၍ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုခဲ့သည်။

အလားတူ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန် ရောက်ရှိနေသော တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားမှ နိုင်ငံတကာ သံတမန်များလည်း ၎င်းနှင့်အတူ ပါဝင်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 325
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အထက သုဝဏ္ဏ (၂၅) ရပ်ကွက်ရှိ မဲရုံအမှတ် ၁ တွင် ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး မီဒီယာများ သတင်းရယူရန် ကြိုးပမ်းသော်လည်း သတင်းဓာတ်ပုံများ ရိုက်ခွင့်မပေးဘဲ မီဒီယာ ကဒ်များကို ဓာတ်ပုံရိုက် မှတ်တမ်းပြန်ယူလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပလျက်ရှိသည်။

အဆိုပါ ရွေးကောက်ပွဲကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော် ခေါင်းဆောင်များ မဲလာ ပေးသည့် မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခွင့် ရနေသည့်တိုင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘက်ရှိ မဲရုံအမှတ် ၁ တွင် မီဒီယာများကို သတင်းရယူခွင့်နှင့် မှတ်တမ်းဓာတ်ပုံရိုက်ယူခွင့်များကို ပိတ်ပင်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 357
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း(၁)၌ သက်ကြီးရွယ်အိုများ မဲလာပေးသည်ကို တွေ့ရသည်။

အဆိုပါ သက်ကြီးရွယ်အိုများသည် ကျောက်တံတားမြို့နယ် မဲရုံများတွင် လာရောက် မဲပေးကြခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 390
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း(အထက်ဘလောက်)၊ အမှတ် ၂၈၁/၂၈၃၊ အောင်ဆွမ်းလောင်းရုံရှိ မဲရုံအမှတ် ၂ တွင် နံနက် ၁၀ နာရီက မဲလာရောက်ပေးသူ ၂၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း (၁) ကို စတင် ကျင်းပနေခြင်းဖြစ်ပြီး ထိုမဲရုံ၌ မဲပေးခွင့်ရှိသူ ၁၀၂၇ ဦး ရှိသည့်အနက် နံနက် ၁၀ နာရီမှာတော့ မဲလာပေးသူ ၂၀၀ ဝန်းကျင်ရှိပြီဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 268
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပနေသည့် အထွေထွေရွေးကောက်ပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ မဲလာရောက် ပေးခဲ့ကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 349
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက် မဲရုံအမှတ် ၂ တွင် နံနက် ၇ နာရီကျော်က မဲပေးရန် စောင့်ဆိုင်းနေသူများအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က တွေ့ရသည်။
အဆိုပါ မဲရုံတွင် မဲပေးခွင့်ရှိသူ ၂၂၀၀ ကျော်ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း ၁ ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 398
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် လမ်းမတော်လမ်းရှိ အမှတ်(၃) အလယ်တန်းကျောင်းမှ မဲရုံ အမှတ် ၂ တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း(၁)ကို ပြည်သူများ မဲလာပေးကြသည်။

အဆိုပါ မဲရုံတွင် မဲပေးခွင့်ရှိသူ ၂၅၃၄ ဦးရှိပြီး နံနက် ၉ ဝန်းကျင်အထိ မဲလာပေးသူ ၁၀၀ ကျော်ရှိကြောင်း သိရဿည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 300
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်း(အောက်)၊ ၉၃/၉၅ ဗုဒ္ဓဝိဟာရ ဆွမ်းလောင်းရုံ (မဲရုံ အမှတ် ၂) တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း(၁) မဲလာရောက် ပေးသူများကို တွေ့ရသည်။

အဆိုပါ မဲရုံတွင် မဲပေးခွင့်ရှိသူ ၆၇၃ ဦးရှိပြီး နံနက် ၉ နာရီတွင် မဲလာပေးသူ ၅၀ ကျော် ရှိပြီဖြစ်သည်။
