- By CNI
- Category: နိုင်ငံရေး
- Hits: 554
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်မှု ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်(လေ)သည် ယခုအခါ မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်း မီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီ ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင် သောင်းကျန်းမှု နှိမ်နင်းရေး လေတပ် အဆင့်မှ နည်းဗျူဟာမြောက် လေတပ်တစ်ခုအဖြစ် တိုးတက် တည်ဆောက်နိုင်ခဲ့ကြောင်း”ပြောသည်။

တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်ခြင်း အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီး ချုပ် ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်။
အလားတူ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 654
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
မြန်မာ့တပ်မတော်(လေ)သည် ယခုအခါ မြန်မာ့ဝေဟင် ပိုင်နက်တစ်ခုလုံးကို အလှမ်းမီ စိုးမိုးနိုင်ရန် ဖြန့်ကျက် ချထားနိုင်ပြီဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်မှု ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်(လေ)သည် ယခုအခါ မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်း မီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီ ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင် သောင်းကျန်းမှု နှိမ်နင်းရေး လေတပ် အဆင့်မှ နည်းဗျူဟာမြောက် လေတပ်တစ်ခုအဖြစ် တိုးတက် တည်ဆောက်နိုင်ခဲ့ကြောင်း”ပြောသည်။

တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်ခြင်း အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီး ချုပ် ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်။
အလားတူ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1178
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းနေသည့် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ တိုက်ခိုက်နေသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အိန္ဒိယကြား လျှို့ဝှက်သဘောတူစာချုပ် ချုပ်ဆိုထားကြောင်း သတင်းထွက်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur သည် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် တွေ့ဆုံခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အိန္ဒိယသံအမတ်ကြီးနှင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီး ကျော်စွာလင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်ကို စတင်ချမှတ်သည့် (၃)နိုင်ငံတွင် အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းမူများအတိုင်း ခိုင်မာစွာ လိုက်နာဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးပါက ပိုမိုကောင်းမွန် သော နယ်ပယ်များ ပေါ်ထွန်းလာမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံ၏ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား လျှို့ဝှက်သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ကြောင်း အထူးစုံစမ်းထောက်လှမ်းမှုတစ်ခုအရ ဖော်ထုတ်သိရှိနိုင်ခဲ့သည်ဟု Silicon Valley Time မှ ဖော်ပြခဲ့သည်။
ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လျော့ကျစေရန် လုပ်ဆောင်နေချိန်တွင် မြေရှားသတ္တုများအား တူးဖော်ရေးအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း ဆိုသည်။
ဂြိုဟ်တုဓာတ်ပုံများနှင့် နယ်စပ်ဖြတ်ကျော် ထောက်လှမ်းမှုများအရ အိန္ဒိယသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်၊ ဗီဂျေနာဂါ (Vijaynagar) မြို့မှ ကချင်ပြည်နယ်၊ ချီဖွေ (Chihpwi) မြို့ရှိ မြေရှားသတ္တု တူးဖော်ရေး မိုင်းတွင်းထံ ရောက်ရှိသည့် ၃၆၅ ကီလိုမီတာအရှည်ရှိ လမ်းမတစ်ခု ဖောက်လုပ်နေ ကြောင်း အတည်ပြုနိုင်ခဲ့သည်။
မြန်မာ့တပ်မတော်နှင့်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဖောက်လုပ်ခဲ့သည့် ထိုလမ်းသည် အိန္ဒိယကို မြန်မာနိုင်ငံမှ မြေရှားသတ္တု အရင်းအမြစ်များ ရယူခွင့်ရှိစေမည်ဖြစ်ပြီး အပြန်အလှန် အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါး များနှင့် အခြားထောက်ပို့ အကူအညီများ ပေးနိုင်မည်ဖြစ်သည်။

မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် (Rihkhawdar) မြို့အထိ ဆက်သွယ်မည့် ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်း တစ်ခု ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်လည်း ပါဝင်သည်။
အဆိုပါ အိန္ဒိယနှင့် KIA ကြား လျှို့ဝှက် သဘောတူညီချက် ယူထားသော သတင်း ထွက်ပေါ်လာပြီးနောက် အိန္ဒိယ သံအမတ်ကြီး မစ္စတာ အဘ်ဟေး သာကူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill တို့က ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2738
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
မြန်မာ့တပ်မတော်သည် အခြားတိုင်းရင်းသား လက်နက်ကိုင်များထက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပေါ် ဖိဖိစီးစီး မလုပ်နိုင်ရခြင်းက ဘာကြောင့်လဲ မေးခွန်းထုတ်လာကြသလို KIA ၏ ထူးခြားချက်က ဘာတွေလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်လာကြသည်။
လက်ရှိတွင် ကချင်ပြည်နယ်၌ တပ်မတော်နှင့် KIA-PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား နေကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
KIA သည် မြန်မာ့နိုင်ငံအတွင်းရှိ အခြားဒေသများထက် ပထဝီ အနေအထားရ ထူးခြားရုံသာမက သံတမန်ရေးမှာ လည်း အခြား လက်နက်ကိုင်များထက် ပို၍ ကျွမ်းကျင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင် နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “KIA ရဲ့ ထူးခြားချက်က ၂ ခု ၃ ခု ရှိတာပေါ့။ တစ်ခုကတော့ ကချင်ပြည်နယ်က “ဝ” တို့လို တရုတ်နိုင်ငံ တစ်ခုတည်းကို မှီခိုအားထားရတာ မဟုတ်ဘဲ၊ သူက အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားထဲမှာ ရှိနေတယ်။ ဒါက ထူးခြား တဲ့ ပထဝီ အနေအထားပဲ။ ဆိုလိုတာက တရုတ်က လုံးလုံးလျားလျား ရာခိုင်နှုန်းပြည့် သူ့ကို နှိပ်ကွပ်ဖို့ ဖိအားပေး ဖို့ဆိုတာ စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်။ နံပါတ်နှစ်က သူက တော်လှန်ရေးအင်အားစု အများစုနဲ့ကွာတာက ဘာလဲ ဆိုတော့ တစ်ဖက်က နေပြည်တော်နဲ့ တိုက်နေပေမယ့် သူက တစ်ဖက်ကနေပြီးတော့မှ နေပြည်တော်နဲ့ ကြားလူ ထားပြီးတော့မှ အမြဲတမ်း ဆွေးနွေးနေတယ်။ စေ့စပ်သလား၊ မစေ့စပ်ဘူးလားတော့ မသိဘူး။ ဒါပေမယ့် အမြဲတမ်း ဆွေးနွေးနေတယ်လို့ ကြားသိရတာပေါ့။ တွေ့နိုင်တာက ကြားထဲမှာ ကြားလူလုပ်ပေးတာက peace talks creation group လို့ခေါ်တဲ့ PCG ဆိုတာ ကချင်ပြည်နယ်မှာ ၁၉၉၀ လောက်ကတည်းရှိတယ်။ အဲဒီကတည်းကနေ ပြီးတော့မှ သူက တစ်ဖက်တိုက်ရင်းနဲ့ တစ်ဖက်ကလည်း ဆွေးနွေးရင်းနဲ့ သူတို့အမြဲတမ်း လုပ်ခဲ့တယ်။ နံပါတ်သုံး က သူက NUG နဲ့ပေါင်းတယ်၊ အတိုက်အခံနဲ့ ပေါင်းတယ် ဆိုပေမယ့်လည်း သူက KIO အနေနဲ့ မပေါင်းဘူး။ ကြားထဲမှာ ဒီ peace ဆိုတာကို ကြားခံထားပြီး ပူးတွဲဆောင်ရွက်မှုတွေ ရှိတယ်။ သူ့ရဲ့အခြေအနေက တခြားအဖွဲ့ တွေလိုမျိုး ရာခိုင်နှုန်းပြည့် နေပြည်တော်ကို ဆန့်ကျင်တာမျိုးလည်း မဟုတ်တဲ့ အတွက်ကြောင့် သူ့အနေနဲ့ လှုပ်ရှားလွယ်တယ်ပေါ့” ဟု ပြောသည်။

KIA က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ ချင်းညီနောင်အဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲမှ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊, တအာင်းတပ်ဖွဲ့ (TNLA), အာရက္ခတပ်တော် (AA) နှင့် ကရင်တပ်ဖွဲ့ (KNU) တို့ကို အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ် ကြေညာထားခြင်းဖြစ်ပြီး KIA ကိုမူ လွှတ်ပေးထားလျက်ရှိသည်။
ထို့ပြင် KIA သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလအတွင်း ယခင်ထက် ပိုမိုအားကောင်းလာကာ တော်လှန် ရေး အင်အားစု အများအပြားကိုလည်း လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင်နိုင်ရေး တို့ကို ထောက်ပံ့ ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင်လည်း ပူး ပေါင်း တိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
KIA ကို တော်လှန်ရေးအင်အားစုများ ထောက်ခံနေကြခြင်းသည် ၎င်းတို့ အကျိုးစီးပွားများ ရရှိနေခြင်းကြောင့် ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

KIA က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်ဟောင်း မစ္စတာဆွန်ကော်ရှန်ကို တွေ့ရစဉ်
၎င်းက “KIA က အခု နွေဦးတော်လှန်ရေးမှာ တော်လှန်တဲ့ ခေါင်းဆောင်ပိုင်းတွေရော၊ ရခိုင် AA အဖွဲ့ ခေါင်းဆောင် ပိုင်းတွေရော၊ နောက် CNF က၊ နာဂကတွေရော သူက ဖားကန့်မှာ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ အပိုင်းတွေလည်း ကြားသိရတယ်။ ကျောက်တူးခိုင်းတာပေါ့။ ကျောက်လုပ်ပိုင်ခွင့်တွေ ပေးထားတယ်၊ အခွန်ကောက်ခွင့်တွေ ပေး ထားတဲ့ အခါကြတော့ KIA ကို သူတို့အနေနဲ့ ဗန်းစကားနဲ့ ပြောမယ်ဆို ဖားနေရတာပေါ့။ မဖားရင် သူတို့ လုပ်ပိုင် ခွင့်တွေ အကုန်လျော့မယ်။ ဒါ စီးပွားရေးနဲ့ လုပ်ပိုင်ခွင့်အရ သူတို့ချုပ်ကိုင်ထားတယ်လို့ မြင်ပါတယ်” ဟု ပြော သည်။
KIA သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးကို ကြိုးပမ်းနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် KIA တို့ကြား နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိထားပြီးသားဖြစ်သော် လည်း နေရာကိုမူ လက်ရှိအချိန်အထိ မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေကြသည်။
ထို့ကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်တို့အကြား တစ်စုံတစ်ရာ ပြေလည်မှုရ သွားပါက တရုတ်-အိန္ဒိယ ဆက်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံအတွက် အကျိုးရှိကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1121
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)၊ ရခိုင်တပ်ဖွဲ့(AA)တို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ရန်ထက် တသီးတခြား ရပ်တည်လိုစိတ်ကို သာ ရှေ့တန်းတင်လာကြသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့ သော သဝဏ်လွှာ၌ ၎င်းက ပြောကြားထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့သည့် MNDAA ၊ TNLA၊ AA အကြမ်း ဖက် သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား အခြေအနေ များကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် အပြစ်မဲ့ ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရကြောင်း၊ အကြမ်းဖက် သောင်းကျန်းသူများ၏ ခေတ် အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်မှုများသည် နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ရန်ထက် တသီးတခြား ရပ်တည်လို စိတ်ကိုသာ ရှေ့တန်းတင်လာကြသည်ကို တွေ့ရှိရတယ်”ဟု ပြောသည်။
MNDAA-AA-TNLA တို့သည် နွေဦးတော်လှန်ရေး အင်အားစု လက်နက်ကိုင်များကို စုစည်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကို ဖော်ဆောင်ခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ဒုတိယ လှိုင်းကို ဖော်ဆောင်ခဲ့သည်။

MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် လားရှိုးမြို့၊ သိန္နီမြို့၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုံးကိုး၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းငေါ့၊ နမ္မတူ၊ မိုးမိတ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ စဉ့်ကိုင်၊ မတ္တရာ၊ သပိတ်ကျင်း စသည့် ဒေသများကို သိမ်းပိုက် ထိန်းချုပ်ခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းမှာလည်း AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် မြောက်ဦး၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ ရမ်းဗြဲ၊ သံတွဲ၊ မင်းပြား၊ ဂွ၊ တောင်ကုတ်၊ အမ်းနှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝ စသည့် ဒေသများကို သိမ်းပိုက် ထိန်းချုပ်ထားခဲ့သည်။
ထို့နောက် တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာ့တပ်မတော်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (ရမခ) အပါအဝင် လားရှိုး၊ မိုးကုတ်၊ မိုးမိတ်တို့ကို ပြန်လည်ရရှိခဲ့သလို TNLA – PDF များကို တိုက်ခိုက်ပြီး တော့လည်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကိုင်တို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA ထိုးကြစဉ်
လက်နက်ကိုင် အဖွဲ့အစည်းများသည် လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲ အတွင်း အတင်းအဓမ္မ ရောက်ရှိစေခဲ့ကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍ မရနိုင်ဘဲ နိုင်ငံရေး စားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသော နည်းဖြင့်သာ ပဋိပက္ခများ ကို ပြေလည်စေမည်ကို သိရှိကြကာ လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြ ရေး တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့နောက် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့ အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသောနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်း ပယောဂကင်းကင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း ဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
MNDAA-AA-TNLA တို့သည် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးရန် ဆန္ဒရှိခဲ့သော်လည်း မြန်မာ့တပ်မတော်က NCA ထိုးခွင့်မပြုဘဲ ပိတ်ပင်တားဆီးခဲ့ကြောင်း၊ ယခု MNDAA-AA-TNLA တို့သည် အင်အားတောင့်တင်းလာပြီး နယ်မြေပိုင်ဆိုင်မှုများ ရှိလာခြင်းကြောင့် NCA ထက် ကျော်လွန်သော အခွင့်အရေးကို တောင်းဆိုလျက်ရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 453
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ယခင်ငြိမ်းချမ်းရေး ဆွေးနွေးတုန်းက အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၊ အနားယူသွားသော ပုဂ္ဂိုလ်များကို ပြန်စုစည်းရန်လိုကြောင်း စစ်ရေးနှင့်နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လိုလိုလားလား တုန့်ပြန်ခဲ့ကြသည်။
ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၅)ဖွဲ့နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး သဘောတူညီချက် (၃၉)ခုကို အဆင့်ဆင့် ချုပ်ဆိုနိုင်ခဲ့သည်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)တို့သည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစတင်၍ နှစ်ဖက်လက်ခံနိုင်မည့် တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ကို ရရှိရေး စတင်ဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေးဆွေးနွေးရာတွင် စုံညီဆွေးနွေးမှုထက် အလွတ်သဘော ဆွေးနွေးမှုများ ဆက်တိုက် ကြိုးစားရန်လိုပြီး အတွေ့အကြုံရှိ၊ အစဉ်အလာရှိသည့် ပုဂ္ဂိုလ်များကို စုစည်းရန်လိုကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

Peace Talk မှာ ဦးကိုကိုကြီးကို တွေ့ရစဉ်
၎င်းက “စစ်ဖြစ်နေတဲ့ ကာလမှာလည်းပဲ ဆက်သွယ်ရေးလမ်းကြောင်းတွေ ထိန်းသိမ်းထားလို့ရတယ်။ အဲတော့ ဆက်သွယ်ရေး လမ်းကြောင်းတွေကနေ တစ်ဆင့် တချို့ဆိုရင် Hotline တွေပေါ့၊ ချက်ချင်း ဆက်သွယ်လို့ရတဲ့ အခြေအနေမျိုးတွေ အဲဒါတွေကို အရင်ဆုံး ဒါ ဘက်အသီးသီး ကြားထဲမှာ ကောင်းမွန်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်ထူထောင်ဖို့လိုတယ်။ နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုတွေ စုံညီဆွေးနွေးမှု မတိုင်ခင်မှာ နှစ်ဦး နှစ်ဖက် ဆွေးနွေးမှုတွေ အလွတ်သဘော ဆွေးနွေးမှုတွေ အဲဒါတွေကတော့ ဆက်တိုက် ကြိုးစားနေဖို့လိုတယ်။ ယခင် ငြိမ်းချမ်းရေး အတွေ့အကြုံရှိတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ပြန်ပြီးတော့ စုစည်းဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဘက်အသီးသီးမှာ အသက်အရွယ်တွေက ကြီးရင့်လာကြပြီ အဲတော့ နောက်ပိုင်း လူငယ် မျိုးဆက်သစ် ခေါင်းဆောင်တွေလည်း ဘက်အသီးသီးမှာ ပေါ်လာကြပြီ အဲဒီ ငြိမ်းချမ်းရေးလုပ်တဲ့ အခါကြရင် အခု လူငယ်မျိုးဆက်သစ် ခေါင်းဆောင်တွေက တိုက်ခိုက်နေတဲ့ကာလ ငြိမ်းချမ်းရေးဆွေးနွေးတုန်းက အတွေ့အကြုံ ရှိတဲ့ ပုဂ္ဂိုလ်တွေက အသက်အရွယ် ကြီးရင့်သွားတာတို့ အနားယူသွားတာတို့ရှိတော့ အဲ့ဒီ ပုဂ္ဂိုလ်တွေကိုလည်း ပြန်ပြီးတော့ စုစည်းဖို့ လိုမယ်”ဟု ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှု အမျိုးမျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်သည့်အခါ အစိုးရအသစ် အပြောင်းအလဲဖြစ်တိုင်း လူ၊ မူ၊ အဖွဲ့အစည်းများပါ ပြောင်းလဲသွားကာ ယခင် အစိုးရအဆက်ဆက် တည်ဆောက်ခဲ့သော အခင်းအကျင်းများသည် ယုံကြည်မှုပျောက်၍ ထစ်ဆို့မှုများ ပေါ်ပေါက်လျက်ရှိနေသည်။

Peace Talk မှာ တပ်မတော်၏ ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်
လက်ရှိမြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်အတွက် ရှောင်လွှဲလို့မရသည့် အခြေအနေဖြစ် ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ ကျနော်တို့နိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့အတွက် ရှောင်လွှဲလို့ မရတဲ့ အခြေအနေပဲ ဒါကြောင့်မို့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြုပြင်ပြောင်းလဲဖို့ လိုတဲ့ဟာ တွေ အိန္ဒိယနိုင်ငံနဲ့ ဆွေးနွေးမှုတွေမှာ ဆိုလို့ရှိရင် ဒီဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်ပေါ့၊ ဒီအာဏာခွဲဝေမှုဆိုင်ရာ စနစ်တွေ ဒါတွေလည်း ကျနော်တို့ တပ်မတော်ဘက်က အရာရှိတွေရော နိုင်ငံရေးပါတီဘက်က ခေါင်းဆောင်တွေ ရော၊ နောက် EAO တွေရော တချို့ဆွေးနွေးခဲ့တာတွေ အများကြီးရှိတယ်။ ဒါကတော့ အိန္ဒိယနမူနာကို ပြောတာ ပေါ့။ အဲ့တော့ ကျန်တဲ့နိုင်ငံတွေရဲ့ နမူနာတွေ လေ့လာထားတာတွေ အများကြီးရှိတယ်။ အဲ့တော့ ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီးတော့လည်း ငြိမ်းချမ်းရေး အောင်မြင်ခဲ့တဲ့ နိုင်ငံတွေမှာ သွားရောက် လေ့လာခဲ့တဲ့ အတွေ့ အကြုံ တွေလည်း ကျနော်တို့ အများကြီးရှိတယ်။ သို့သော် ကာလအလိုက် လက်တွေ့ကြတဲ့ ပြေလည်နိုင်မယ့် ဖြေရှင်းမှုမျိုးတွေ။ အဲဒါတွေကို ဦးစားပေးပြီးတော့ ကိုင်တွယ်သင့်တယ် ဖြေရှင်းသင့်တယ်လို့ မြင်ပါ တယ်”ဟု ပြောသည်။
ငြိမ်ချမ်းရေးဆောင်ရွက်ရာတွင် ပဋိပက္ခ၏ အခြေခံ အကြောင်းတရားများဖြစ်သည့် သမိုင်းနောက်ခံ အဖြစ်အ ပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ၊ နိုင်ငံရေး ခံယူချက်များကို ထည့်မစဉ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်မ ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 438
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
တိုင်းပြည်ကို ချစ်ဟန်ဆောင်ပြီး ကိုယ်ကျိုးစီးပွားအတွက် အဂတိလိုက်စားနေသူများ ပပျောက်အောင် နိုင်ငံတော် အစိုးရအနေဖြင့် မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းသင့်သလဲဆိုသည့်အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများအကြား သုံးသပ်နေကြသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု ပြဿနာသည် ကြီးမားသည့် အဟန့်အတားဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဂတိလိုက်စားမှုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံကဏ္ဍများ၌ ထိခိုက်နစ်နာစေသဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ကောင်းမွန်သော လူမှု အသိုက်အဝန်း ဖြစ်ပေါ်လာစေရန် ကြိုးပမ်းလျက်ရှိနေသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
လက်ရှိအချိန်တွင် ၎င်းဥပဒေများ ပြဋ္ဌာန်းခြင်းသည် စာရွက်ပေါ်၌သာဖြစ်နေပြီး လိုက်နာခြင်း၊ ကျင့်သုံးခြင်းများ များစွာ အားနည်းနေကြောင်း၊ နိုင်ငံတော်အစိုးရသည် အဓိကအားဖြင့် တကယ်အရေးယူ ဆောင်ရွက်ပေးမည့် လွတ်လပ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသင့်သည်ဟု ပြည်သူများက ထောက်ပြ ကြသည်။
အချို့ နိုင်ငံရေးသမားများသည် အာဏာတစ်ခု ရထားပြီဆိုလျှင် အာဏာကို အကြောင်းပြ၍ ကိုယ်ကျိုးစီးပွား ရှာနေသူ များစွာရှိသည့် အတွက်ကြောင့် တိုင်းပြည် နစ်နာလာခဲ့ရကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အာဏာတစ်ခု ရထားပြီဆို အာဏာကို အကြောင်းပြပြီးမှ ကိုယ်ကျိုးရှာတဲ့လူတွေ တော်တော်များများ ရှိခဲ့တဲ့ အတွက်ကြောင့်မို့လို့ တိုင်းပြည် တော်တော် နစ်နာလာခဲ့တယ် အခုတစ်ကြိမ်ကတော့ ကိုယ်ကျိုးရှာခဲ့တယ် ဆိုလည်း ဘဝနှစ်ဆက် မစားရပါဘူး။ ကိုယ့်တိုင်းပြည် ချမ်းသာအောင် လုပ်ထားပြီးရင်တော့ ဒါတက်လာတဲ့ မျိုးဆက်တွေ အကုန်လုံးက ကိုယ့်ကို ကျေးဇူးတင်နေပါလိမ့်မယ်၊ ကျေးဇူးတင်ခံချင်လို့ မဟုတ်ပါဘူး။ တိုင်းပြည် ကောင်းစားနေသရွေ့ ကာလပတ်လုံး ကျနော်တို့ကလည်း ပီတိဖြစ်ရတာပေါ့။ အဓိက,ကတော့ နိုင်ငံရေးသမား ဆိုတာ ပြည်သူလူထုက စိတ်ချမ်းသာသွားရင် ပြည်သူလူထု ကောင်းစားသွားပြီဆိုရင်တော့ ကိုယ်က ဘယ်လိုပဲ ဖြစ်ဖြစ် ပီတိကို ခံစားရတဲ့ လူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလက်ရှိရှိလားဆို။ အခု လက်ရှိထဲမှာလည်း အရေးယူနေကြတာ ကြားသိတဲ့အတိုင်းပဲလေ။ စွမ်းအင်ဝန်ကြီးဆိုလည်း ပြောမယ်ဆိုရင် တော့ အာဏာကို အလွဲသုံးစားလုပ်တာ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာရချင်လို့ လုပ်တာလေ။ အာဏာရခဲ့ပြီ ဆိုရင်တော့ တိုင်းပြည်ကို ချစ်စွာနဲ့ တည်ဆောက်ကြဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းလေး ပြောချင်တာ” ဟု ပြော သည်။
တိုင်းပြည် ချစ်ဟန်ဆောင်သည့်သူ ဟုတ်ခြင်း၊ မဟုတ်ခြင်းကို မည်သည့်ပေတံဖြင့် တိုင်းနေမလဲ၊ ဥပဒေအပိုင်း ဖြင့်ပဲ သေသေချာချာ ကိုင်တွယ်အရေးယူရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

သတင်းမီဒီယာကောင်စီ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ဒါမျိုးကတော့ ခေတ်အဆက်ဆက် ရှိနေမှာပဲ၊ မရှိအောင်လည်း ဒီဟာကိုက ဘယ်လိုပေတံနဲ့ တိုင်းမလဲ ပေါ့။ ချစ်ဟန်ဆောင်နေတယ်ဆိုတာက ဒီလူက ချစ်ဟန်ဆောင်နေတာလား မဆောင်နေတာလားဆိုတာကို ကျနော်တို့က ဘယ်လိုပေတံနဲ့ တိုင်းနေသလဲဆိုတာ မရှိဘူးလေ။ မရှိတဲ့အခါကျတော့ ကျနော်တို့က ဥပဒေအပိုင်း နဲ့ပဲ စကားပြောရမှာပေါ့။ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေတာရှိလား ဥပဒေကို ဖောက်ဖျက်ပြီးတော့မှ ဥပဒေကို လက်တစ်လုံးခြား လုပ်နေတာတွေရှိလား။ ဒီအပေါ်တွေမှာ သေသေချာချာ ကိုင်တွယ် အရေးယူရမှာ ပေါ့လေ။ ပြီးရင် နောက်တစ်ခုကတော့ အရေးကြီးတာကတော့ ပြည်သူလူထုပဲပေါ့။ ပြည်သူလူထု အနေနဲ့က သူတို့က ခံစားတတ်ပါတယ်။ ဘယ်သူကတော့ ချစ်ဟန်ဆောင်ပြီးတော့မှ ကိုယ်ကျိုးရှာနေလဲ၊ ဘယ်သူကတော့ တကယ်ကို ငါတို့အတွက် လုပ်တာလဲဆိုတဲ့ လိမ်လို့ရတယ်ဆိုတာ ခဏတဖြုတ်ပဲ လိမ်လို့ရမှာပေါ့။ ဒါမျိုးက ကာလ ရှည်ရှည်ကြာကြာကြီး လိမ်လို့မရပါဘူး။ အဲ့လိုသိတာနဲ့ တစ်ပြိုင်နက် လူထုရဲ့ ဒဏ်ခတ်မှုက သူ့ဟာသူ ပြန်ရောက်သွားမှာပဲ ကျနော်တို့က သွားပြီးတော့မှ ဒီလူကတော့ ချစ်ဟန်ဆောင်နေတာတို့ ဒီလူကတော့ တကယ် လုပ်နေတာတို့ သွားပြီးပြောဖို့လည်း မလွယ်ဘူးပေါ့။ အဲတာကတော့ လူထုအနေနဲ့က သူတို့ ခံစားစိတ်နဲ့ပဲ ဒီတစ် ခေါက် ရွေးကောက်ပွဲမှာ မှားပေးမိရင်တောင် နောက်တစ်ခေါက် ကျလို့ရှိရင်ကျိန်းသေတယ် ပေးတော့မှာ မဟုတ်ဘူးပေါ့။ ဒါမျိုးနဲ့ပဲ ကျနော်တို့က ထိန်းချုပ်ရမယ့် အနေအထားရှိပါတယ်” ဟု ပြောသည်။
အဂတိလိုက်စားမှုသည် နိုင်ငံနှင့် ပြည်သူများ၏ လူမှုအကျိုးစီးပွားများကို ထိခိုက်နစ်နာစေသဖြင့် အစိုးရဝန်ထမ်း များနှင့် ဌာနဆိုင်ရာများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိရောက်စွာ အရေးယူပြသင့်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား မှန်ကန်စွာ ခွဲခြားနိုင်စေရေးနှင့် အကျင့်ပျက် ခြစား မှုများ မရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထု အားလုံးက ပူးပေါင်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြော ကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 393
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရ သည့် တိုက်ပွဲရှောင်များကို ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေးနှင့် လူသားချင်း စာနာရေးအဖွဲ့(SRAHO)က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် သွားရောက် ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
SRAHO သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ (၆၁၄) ထိန်းချုပ်နယ်မြေတွင်းရှိ ဗန်းမောက် မြို့နယ်မှ တိုက်ပွဲရှောင်များကို စောင်၊ မျက်နှာသုတ်ပဝါနှင့် ငွေကျပ် သိန်း ၅၀ ကို သွားရောက် ကူညီထောက်ပံ့ ပေးခဲ့ခြင်းဖြစ်သည်။
ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကတူးတပ်ဖွဲ့၊ PDF များ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဗန်းမောက်မြို့ပေါ်နှင့် အနီးနားရှိ ကျေးရွာများမှ အရပ်သားများသည် နေရပ်စွန့်ခွာ၍ SNA တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် SNA ထိန်းချုပ်နယ်မြေအတွင်းမှာ ဗန်းမောက်တိုက်ပွဲရှောင် ၅၀၀၀ ဝန်းကျင် ရှိနေပြီး အရေးပေါ် စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စောင်၊ အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။
ထိုတိုက်ပွဲရှောင်များကို သက်ဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် နိုင်ငံတကာကလည်း ကူညီထောက်ပံ့မှု မရှိကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 500
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
နိုင်ငံတကာသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား သန်းနှင့်ချီရှိသည့်အနက် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ကြိုတင်မဲပေးရန် စာရင်းပေးလာသူ ၅၄၀၃ ဦးရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံအသီးသီးရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ရုံး ၅၂ ရုံးတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကြိုတင်မဲပေးနိုင်သည့်ရက်ကို သက်ဆိုင်ရာသံရုံး အစီအစဉ်ဖြင့် သတ်မှတ်ပေးခြင်းဖြစ်ကြောင်း၊ မဲပေးပြီး သည့် မဲလက်မှတ်များအား ကော်မရှင်သို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထား ပေးပို့ရမည်ဟု UEC က ပြောသည်။
ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား မဲဆန္ဒရှင်များ အနေဖြင့် ကြိုတင်မဲပေးလိုပါက သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၈၂ အရ နည်းဥပဒေပါ သတ်မှတ်ပုံစံ(၁၅)တောင်းဆိုလွှာဖြင့် သက်ဆိုင်ရာ သံရုံးသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်ဖြစ်သည်။
လက်ရှိတွင် သံရုံးအသီးသီးမှ ကြိုတင်မဲပေးရန် ပုံစံ(၁၅)တောင်းဆိုသူ ၅၄၀၃ ဦးရှိကြောင်း UEC က CNI သတင်းဌာနသို့ ပြောသည်။

လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ ၆ ရက်က ကြိုတင်မဲထည့်နေကြစဉ်
နိုင်ငံတကာသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် သန်းနှင့်ချီရှိသော်လည်း ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် စာရင်းပေးလာသူ ၅၀၀၀ ကျော်သာ ရှိသည်ဆိုခြင်းက လူထု၏ ရွေး ကောက်ပွဲအပေါ် စိတ်ဝင်စားမှုကို ခန့်မှန်းကြည့်နိုင်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။
ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ မြန်မာနိုင်ငံသား တရားဝင် ၆ သန်းဝန်းကျင်ရှိသလို တရားမဝင် ၄ သန်းဝန်းကျင်ရှိ ကြောင်း၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ ကျောင်းတက်သူနှင့် အလုပ်သွားလုပ်သူများမှာလည်း သိန်းချီရှိ သည်။
အလားတူ တခြားသော ဥရောပနိုင်ငံများနှင့် အနောက်နိုင်ငံများ အပါအဝင် မလေးရှား၊ စင်္ကာပူ၊ လာအို၊ ဖိလစ်ပိုင်၊ အိုမန်၊ ဆော်ဒီ၊ UEA သို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများလည်း အများအပြားရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်အပိုင်း(၃)ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
