- By CNI
- Category: နိုင်ငံရေး
- Hits: 287
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေ ရက်ကွက် မဲရုံအမှတ် (၁)တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၁) မဲပေးမှု မြင်ကွင်းကို တွေ့ရသည်။

အဆိုပါ မဲရုံတွင် မဲပေးခွင့်ရှိသူ ၁၁၂၇ ဦးရှိပြီး နံနက် ၈ နာရီခွဲအထိ မဲလာပေးသူ ၈၇ ဦးရှိကြောင်း မဲရုံမှူးထံမှ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 660
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းလယ်၊ အမှတ် ၁၅၂၊ မင်္ဂလာဆွမ်းလောင်းရုံ(မဲရုံအမှတ် ၁)တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း(၁) မဲလာရောက် ပေးသူများကို တွေ့ရသည်။

အဆိုပါ မဲရုံတွင် မဲပေးခွင့်ရှိသူ ၁၁၉၇ ဦးရှိပြီး နံနက် ၈ နာရီခွဲတွင် မဲလာပေးသူ ၁၃၀ ဦး ရှိပြီဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 431
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲစောင့်ကြည့်ရန်အတွက် ရုရှား၊ တရုတ်၊ အိန္ဒိယတို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်၌ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပ မည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲကို စောင့်ကြည့်ရန်အတွက် ရုရှားနိုင်ငံမှ Deputy Chairman(State Duma)ဖြစ်သူ Mr. Kara-ool Sholban၊ တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း၊ အိန္ဒိယနိုင်ငံမှ Former Army Commander Mr.Sahni Arun Kumar၊ ကာဇက်စတန်နိုင်ငံမှ Deputy Chairman of the Commission Mr. Yerman Mukhtar၊ ကမ္ဘောဒီးယားနိုင်ငံမှ NEC Member ဖြစ်သူ H.E.Mr. YICH Samethy၊ ဗီယက်နမ်နိုင်ငံမှ Mr. Nguyen Duc Thinh တို့ ဦးဆောင်သည့် အဖွဲ့များ ရောက်ရှိလာခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 547
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ ရှမ်းနီတိုင်းရင်းသားများ၏ ကျေးရွာများကို ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)က ကချင်ပုံစံ ဇာတ်သွင်းနေသည်ဟု ဒေသခံများက ပြောသည်။
မိုးမောက်မြို့နယ်အတွင်းရှိ ခုံဆင့်၊ တာဆိုင်း၊ မြို့သစ်၊ မန်နောင်၊ ဟင်္သာ၊ စီဟတ်၊ ကုန်းလော၊ သာလီ စသည့် ကျေးရွာများရှိ စာသင်ကျောင်းများတွင် KIA က ၎င်းတို့၏ သင်ရိုးညွှန်တမ်းများကို အစားထိုးသင်ကြားခြင်း၊ စာ သင်ကျောင်းများတွင် ကချင် ဆရာ/မများဖြင့် အစားထိုးလာခြင်း၊ ကျောင်းဝတ်စုံများကို အပေါ် အဖြူနှင့် အောက် ကချင် ပုဆိုး/ထဘီများ ပြောင်းလဲ ဝတ်ဆင်ခိုင်းခြင်းတို့ ပြုလုပ်လာသည်။
အလားတူ ခရစ်ယာန်ဘာသာရေးကျောင်းများ ဆောက်လုပ်လာပြီး ကလေးငယ်များ ဘုရားကျောင်း တက်ခိုင်း ခြင်း၊ ကလေးငယ်များ ကျောင်းတက်ချိန် မနက်ခင်း ဗုဒ္ဓဘာသာ ဘုရားရှိခိုးခြင်းကို တားဆီးပိတ်ပင်လာခြင်း၊ ဗုဒ္ဓ ဘာသာ နေ့ထူးနေ့မြတ် ပွဲလမ်းသဘင်များနှင့် ရှမ်းနီလူမျိုးများ၏ ပွဲလမ်းသဘင်များ ကျင်းပခြင်းကို ပိတ်ပင်ပြီး ခရစ္စမတ်ပွဲများကိုသာ ကျင်းပခိုင်းခြင်း၊ အာဇာနည်နေ့- လွတ်လပ်ရေးနေ့- တော်လှန်ရေးနေ့များ ကျင်းပခွင့် ပိတ် ပင်ခဲ့ပြီး KIA နှင့် ကချင်လူမျိုးများ၏ နေ့ထူးနေ့မြတ်များကိုသာ ကျင်းပခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ က ပြောသည်။

မိုးမောက်မြို့နယ်အတွင်းနေ ဒေသခံတစ်ဦးက “ အခု ကျောင်းအုပ်က ကချင်လူမျိုး အမျိုးသမီးကို သူတို့က ခန့် လိုက်တယ်။ ပြီးရင် အရင်က ကျောင်းမှာ ဆရာ/မ ၃၀ ရှိရင် သူတို့ ကချင်လူမျိုးက ၁၅ ယောက် ထားလိုက်ပြီး တော့ ကျန် ၁၅ ယောက်ကို ဖယ်လိုက်တယ်။ အခု KIA က ချပေးတဲ့ သင်ရိုးညွန်းတမ်းကို သင်ရတယ်။ ပွဲလမ်း သဘင်ဆိုရင်လည်း KIA နဲ့ ကချင်လူမျိုးတွေရဲ့ နေ့တွေပဲ ကျင်းပရတယ်။ KIA ရဲ့ အာဇာနည်နေ့ကို ကျင်းပတယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ အာဇာနည်နေ့ကို မကျင်းပရဘူး။ လွတ်လပ်ရေးနေ့ကို မကျင်းပရဘူး။ ကချင် ဇာတ်သွင်း လိုက်တာပေါ့။ တချို့ဆိုရင် ကျေးရွာတွေကို ကချင်နာမည်တွေ ပြောင်းနေတာ၊ တချို့ရွာတွေဆိုရင် ကချင်အိမ်မရှိ ဘူး။ ဒါပေမယ့် KIA က အုပ်ချုပ်ရေးလာလုပ်တဲ့အခါမှာ ကချင်လူမျိုးတွေ ရောက်လာပြီးတော့ အခြေချနေထိုင်လာ ကြတယ်။ အဲမှာ ကချင်ရွာလို ပုံဖော်လာပြီးတော့ ကျနော်တို့ ရှမ်းနီတွေရဲ့ မူလ အရင်းအမြစ်တွေကို တဖြေးဖြေး ဖျောက်ပစ်လာတယ်”ဟု ပြောသည်။
KIA သည် ကချင်ပြည်နယ်အတွင်းရှိ မိုးမောက်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက အလုံးဆုံး တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်လျက်ရှိသည်။

ထို့နောက် မိုးမောက်မြို့နယ်အတွင်းရှိ ခုံဆင့်၊ တာဆိုင်း၊ မြို့သစ်၊ မန်နောင်၊ ဟင်္သာ၊ စီဟတ်၊ ကုန်းလော၊ သာလီ စသည့် ကျေးရွာများသို့ KIA ၏ အရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာကာ ပညာရေးစနစ် အပါအဝင် အုပ်ချုပ်ရေးနှင့် ပွဲလမ်းသဘင်များအဆုံး KIA ၏ ယန္တရားအတိုင်း ဖော်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ် မရရှိသေးပေ။
လက်ရှိတွင် KIA သည် ကချင်ပြည်နယ် အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြို့သိမ်း စစ်ဆင်ရေးများ ဖော်ဆောင်ကာ ထိန်းချုပ်နယ်မြေများ ချဲ့ထွင်လျက်ရှိသလို တခြားသော တိုင်းဒေသကြီးနှင့်ပြည် နယ်များရှိ လက်နက်ကိုင်များကိုလည်း လက်နက်ခဲယမ်းများ ထောက်ပံ့ကူညီပေး၍ မြန်မာ့တပ်မတော် ဖြုတ်ချ ရေး ဖော်ဆောင်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 643
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းမှုသည် စစ်ရေးတစ်မျိုးသာ ပူးပေါင်းဆောင်ရွက်မှု တွေ့ရပြီး နိုင်ငံရေးစုဖွဲ့မှု မပါသည်ကို တွေ့ရကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှ စတင်၍ နွေဦးတပ်ပေါင်းစု ဖြစ်မြောက်ရး ညီလာခံတစ်ရပ်ကို ၃ ရက်တာ ကျင်းပခဲ့ပြီး အဆိုပါ ညီလာခံ၌ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA) ကို တပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်း ခဲ့သည်။
တပ်ပေါင်းစု စုဖွဲ့သည့် နေရာတွင် နိုင်ငံရေးအခြေခံမူသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ လက်ရှိ နွေဦးစုဖွဲ့မှုသည် စစ်ရေးအရသာ ပူးပေါင်းဆောင်ရွက်မည့် သဘောမျိုး ဖြစ်သည့်အတွက် အနည်းငယ် အားပျော့နိုင်သည့် အနေအထားမျိုး ဖြစ်နိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA)အဖွဲ့ဝင်များကိုတွေ့ရစဉ်
၎င်းက “တပ်ပေါင်းစုတွေ စုဖွဲ့တဲ့နေရာမှာ အရေးကြီးတာက နိုင်ငံရေး အခြေခံမူလိုတာပေါ့။ Common Ground ပေါ့၊ Common Ground ခိုင်ဖို့လိုတယ်လို့ ကျနော် ယူဆတယ်။ Common Ground ခိုင်မှ နိုင်ငံရေးအခြေခံမူတွေ ခိုင်မှ ပေါင်းစည်းရေးက အလုပ်ဖြစ်မယ်၊ အသက်ပါတယ်။ အခု ကြားလိုက်ရတာက နွေဦးတော်လှန်ရေး တပ်ပေါင်း စုလို့ ကြားလိုက်တာက နိုင်ငံရေး Common Ground မရှိဘူး။ စစ်ရေးတစ်မျိုးပဲ ပူးတွဲတိုက်ခိုက်မယ်။ စစ်ရေးတစ် မျိုးပဲ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အပြောမျိုး ကြားရတယ်။ ဒါက အဲဒီဟာက နည်းနည်းလေး အားပျော့မယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးက တော်တော်လေး အခြေခံကျတာကို နောက်တစ်ခုက Political Montage လို့ခေါ်တာပေါ့။ Political Montage ရှိတဲ့ အဖွဲ့အစည်းတွေပေါ့ အဖွဲ့အစည်းတွေက ထဲထဲဝင်ဝင် ပါဖို့လိုတာပေါ့။ အဲဒီလို Political Montage ကို ကိုင်ပြီးတော့မှ ကျနော်တို့ စုဖွဲ့မှုတွေက Legitimacy လို့ခေါ်တဲ့ တရားဝင်မှုကို ရမှာပေါ့။ မဟုတ်ဘူးဆိုရင် ကြပ်မတ်ကွပ်ကဲရတာနဲ့ လိုအပ်တဲ့ ဖြည့်ဆည်းမှုတွေ လုပ်ရတာ နဲ့ အထူးသဖြင့်တော့ ထောက်ပို့ပေါ့ဗျာ။ တပ်တွေက စုလိုက်ရင် လူများလာတာပဲရှိတယ်။ ထောက်ပို့မှာ ရိက္ခာက အစ ဖြည့်ကူပေါ့ လက်နက်ခဲယမ်းကအစ မပြင်ထားဘူးဆိုရင်တော့ ဒီလိုပဲ စာရွက်ပေါ်မှာပဲ ဖြစ်သွားနိုင်တယ်ပေါ့။ တကယ့် အလုပ်ဖြစ်နိုင်တဲ့ အဆင့်ကို ရောက်ချင်ရင်တော့ ကျနော်တို့က ကျစ်လစ်ပြီးတော့ ပိုပြီးတော့ လက်တွေ့ ကျတဲ့ ဖြစ်နိုင်ခြေရှိတဲ့ စုဖွဲ့မှုမျိုးရရင်တော့ ပိုကောင်းတာပေါ့”ဟု ပြောသည်။
နွေဦးတပ်ပေါင်းစု စုဖွဲ့ရခြင်း၏ ရည်ရွယ်ချက်သည် တပ်မတော်အား တော်လှန်သည့်အခါတွင် တစ်ဖွဲ့ချင်း၊ တစ်စု ချင်း ကွဲကွဲပြားပြား လုပ်နေမည့်အစား စုစုစည်စည်းနှင့် မဟာဗျူဟာကျစွာ တိုက်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်ဟု တရုတ်- မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာန သို့ ပြောသည်။

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA)အဖွဲ့ဝင်များကိုတွေ့ရစဉ်
၎င်းက “ဒီဟာက ဒီလိုလေ တစ်စုစီကွဲနေပြီ။ တစ်စုစီ ကွဲနေတော့လည်း ခက်တာက ဒီလိုဗျ။ အခု ကျမတို့ရဲဘော်တွေလည်း ပြောနေသံကြားတာ တစ်ရွာတစ်ပွင့်ဆန်းလို ဖြစ်တာပေါ့ဗျာ။ ဒါတွေကို စုစည်းလိုက်ရင် စည်းကမ်းကျသွားတဲ့ တပ်ဖြစ်သွားမယ်။ နောက်တစ်ခုက စစ်အုပ်စုကို တိုက်တဲ့အခါမှာလည်း တစ်ဖွဲ့ချင်း တစ်စုချင်း ဟိုနေရာတစ်ပေါက် ဒီနေရာတစ်ပေါက် လုပ်နေမယ့်အစား စုစုစည်းစည်းနဲ့ မဟာဗျူဟာကျကျ စုစည်းပြီးတော့ တိုက်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ လုပ်ကြတယ်ထင်တယ်။ ကောင်းလည်း ကောင်းပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူအများကို စုလိုက်တဲ့အခါမှာ အမြင်တွေလည်း များလာနိုင်တယ်။ ပဋိပက္ခတွေ လည်း များနိုင်တာ သေချာတယ်။ ဒါပေမယ့် အဲဒီ ပဋိပက္ခတွေကနေပြီးတော့ အချင်းချင်းညှိနှိုင်းတဲ့ အတတ်ပညာ၊ အချင်းချင်း လိုတိုးပိုလျှော့ လုပ်တတ်တဲ့ အတတ်ပညာတွေ တတ်လာကြမှာဗျ။ အဲဒီလိုနည်းနဲ့ အဓိက စစ်အုပ်စု ကိုပဲ Target ထားတဲ့ ပစ်မှတ်ထားတဲ့ လမ်းစဥ်တွေ ပေါ်လာမှာပေါ့။ လုပ်ဟန်တွေ လမ်းစဥ်တွေ သဘောထားတွေ ပေါ်လာနိုင်တယ်။ ကျမကတော့ သဘောကျတယ်ဗျ အဲဒီဟာကို” ဟု ပြောသည်။
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တွင် ကလေးဒေသ တော်လှန်ရေးတပ်(KRF)၊ ကရင်နီ အမျိုး သားများ ကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ချင်းညီနောင်(CB)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF)၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ဗမာ့တပ်တော် (BA) ၊ 96 Soldiers PDF ၊ ဗမာ လွတ် မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ Force for Federal Democracy(FFD)၊ Generation Z Army(GZA)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway PDF)၊ မွန်ပြည် တော်လှန်ရေးတပ်(MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်)/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါင်)၊ ကျောင်း သား လက်ရုံးတပ်တော်(SAF)၊ ယောတပ်တော်(YA) နှင့် ယောကာကွယ်ရေးတပ် (YDF)တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ နွေဦးတော်လှန်ရေးတပ်ဖွဲ့ (၁၉)ဖွဲ့သည် မြန်မာ့တပ်မတော်အား ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 466
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အုပ်ချုပ်မှုများတွင် ဗဟိုအစိုးရမှ အဓိကချုပ်ကိုင်ကာ အာဏာ ပြန်ခွဲဝေ ပေးသည့်စနစ်မျိုးဖြစ်၍ ထိုစနစ်သည် ဖက်ဒရယ်ကို ဆန့်ကျင်နေကြောင်း မွန်နိုင်ငံရေးသမားဟောင်း ဒေါက်တာအောင်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
အဓိကအချက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် အား မိမိ အစီအစဉ်ဖြင့် ရွေးချယ် တင်မြှောက်ပိုင်ခွင့်မရှိဘဲ နိုင်ငံတော်သမ္မတ၊ ဗဟိုအစိုးရမှ ရွေးချယ်သည့် စနစ် မျိုးကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်နိုင်ဦးက “နောက်တစ်ချက်က ဥပဒေပြဋ္ဌာန်း ပိုင်ခွင့်ဆိုတာ ဥပမာအားဖြင့် ပညာရေး၊ ကျန်းမာရေး တို့ဆို အများကြီး နေပြည်တော်ကပဲ ယူထားတာလေ။ ဗဟိုကပဲ ယူထားတဲ့ စနစ်။ အဲဒီအပြင်ကို ကိုယ်ပိုင်ပြဋ္ဌာန်း ပိုင်ခွင့်ရှိရမယ့်၊ ရှိသင့်တဲ့ တိုင်းရင်းသားစာပေ ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လို့မရဘူးလေ။ ပြီးတဲ့အခါကြရင် လည်း တခြား လျှပ်စစ်ထုတ်လုပ်မှုတွေ၊ ကုန်ကူးသန်းရောင်းဝယ်မှုတွေ အဲဒါတွေအများကြီး ပြည်နယ်က လုပ်ပိုင် ခွင့် မရှိသေးဘူး။ ဒါတွေအကုန်လုံးက ပြည်ထောင်စုပဲ နို့သက်ခံစို့ပြီး နေနေရတဲ့ ပုံစံမျိုးဖြစ်တယ်ပေါ့။ ပြောရရင် တော့ ဗဟိုက အများကြီး ယူထားတယ်ပေါ့။ ဆိုတော့ ဒါက ဖက်ဒရယ်ရဲ့ အဟန့်အတားပဲလေ။ အဲဒါမျိုးကိုတော့ ပြန်ပြင်ဖို့လိုတယ်။ နောက်တစ်ခုကတော့ ငွေရေးကြေးရေး ခွဲဝေမှုပေါ့။ ဘဏ္ဍာငွေနဲ့ သယံဇာတ ခွဲဝေမှု ဒါလည်းလို တယ်။ များသောအားဖြင့်က ရတဲ့အခွန်အကောက်တွေ အကုန်လုံးကို ပြည်ထောင်စုဆီပဲ ပို့ရတာလေ။ ပြည်ထောင် စု ကနေပြီးမှ ခွဲဝေပြီးတော့မှ ဘယ်တိုင်းဒေသကြီးက ဘယ်လောက်ပေး၊ တိုင်းဒေသကြီး ဘယ်ပြည်နယ်ကို ဘယ် လောက် ထောက်ပံ့ပေးရမယ်ဆိုတဲ့ အပေါ်ကနေမှ ပြန်စီးဆင်းတဲ့ ပုံစံမျိုးဖြစ်တယ်။ ပြောရရင်တော့ ဒါက ပြည်ထောင်စု ဗဟိုအစိုးရကပဲ အဓိက ချုပ်ကိုင်ပြီးတော့မှ အာဏာကို ပြန်ခွဲဝေပေးတဲ့ စနစ်မျိုး ဖြစ်တယ်ဆိုတာ က ဖက်ဒရယ်ရဲ့ ဆန့်ကျင်ဘက်လို အများကြီး ဖြစ်နေသေးတယ်။ အဲဒါတွေက ပြန်ပြင်ဖို့ လိုဦးမှာပေါ့” ဟု ပြောသည်။

တိုင်းရင်းသားမျိုးနွယ်စုများကို တွေ့ရစဉ်
ဖက်ဒရယ်ပြည်ထောင်စု စနစ်ဆိုသည်မှာ တိုင်းရင်းသား လူမျိုးစုများနှင့် တိုင်းရင်းသား ပြည်သူ့ကိုယ်စားလှယ်များ အတူတကွ စုပေါင်းဖွဲ့စည်းသည့် နိုင်ငံရေးအုပ်ချုပ်ပုံ နည်းစနစ်တစ်မျိုး ဖြစ်သည်။
ဖက်ဒရယ်စနစ်မှာ အစိုးရအဆင့်ဆင့် အသီးသီးအကြား လုပ်ပိုင်ခွင့်အာဏာ ခွဲဝေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံတစ်ရပ် ဖြစ်သည်။
ထိုသို့ ခွဲဝေရာတွင် ဖက်ဒရယ်နိုင်ငံ၌ ပါဝင်သည့် နယ်မြေဒေသများ (တိုင်းဒေသကြီး/ ပြည်နယ်များ) အနေဖြင့် အချို့သော မူဝါဒနယ်ပယ်များတွင် ကိုယ်ပိုင် ဆုံးဖြတ်ဆောင်ရွက်ခွင့် အများအပြားရရှိရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အာမခံချက် ပေးထားပြီး အခြား မူဝါဒနယ်ပယ်များတွင်မူ သဘောတူညီထားသော မူများနှင့်အညီ လုပ်ပိုင်ခွင့်အာဏာကို အတူတကွကျင့်သုံးရန် စီမံထားခြင်းဖြစ်သည်။
ထို့ကြောင့် ဖက်ဒရယ်စနစ်သည် တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် တစ်စိတ်တစ်ဒေသ အတူတကွ ပူးပေါင်း အုပ်ချုပ်ခြင်းတို့ကို ပေါင်းစပ်ထားတာကို ဆိုလိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို တွေ့ရစဉ်
တိုင်းရင်းသားနိုင်ငံရေးပါတီများသည် ၎င်းတို့ ပြည်နယ်များတွင် အားကောင်းစွာဖြင့် အပြတ်အသတ် မဲအနိုင်ရခဲ့ သည်ရှိသော် ပြည်နယ်အစိုးရအဖွဲ့ကို ဗဟိုမှ ရွေးချယ်ဖွဲ့စည်းခြင်းကြောင့် မည်မျှ ရုန်းကန်ကြိုးစား စေကာမူ ဗဟို၏ ထိန်းချုပ်မှုအောက်မှ ကျော်လွှား၍ မရသည့် ပုံစံမျိုး ဖြစ်နေကြောင်း မွန်နိုင်ငံရေးသမားဟောင်း ဒေါက်တာ အောင်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါဆိုရင်တော့ တိုင်းရင်းသားတွေဘက်က ပိုပြီးတော့လည်း မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေ ပိုပြီးတော့ ကြီးမားလာမှာပေါ့။ အခုအနေအထားကတော့ ဥပမာအားဖြင့် ကျနော်တို့ မွန်ကိုပဲ ဥပမာ ပေးမယ် ဆိုလည်း ရတာပဲ။ ရခိုင်ကို ဥပမာ ပေးမယ်ဆိုလည်း ရတာပဲ။ မွန်မှာ အခုနေ ရွေးကောက်ပွဲကတဆင့် တရားဝင် ရွေးကောက်ခံရပြီးတော့မှ လွှတ်တော်ထဲ ရောက်သွားလို့ ကိုယ့်ရဲ့ မွန်ပြည်အခြေပြုပါတီ တစ်ခုခုကနေပြီးတော့ အများစုကို နေရာရထားတယ်ဆိုရင်တောင်မှ ကိုယ်က ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့လို့မရ သေးဘူးလေ။ ဘာကြောင့် ဆို ဗဟိုကပဲ ဝန်ကြီးချုပ် ဘယ်သူက အရင်ရွေးမယ်ဆိုတော့ ဘာမှလုပ်မရဘူး။ ရခိုင်လည်း ဒီအတိုင်းပဲလေ။ ပြီးခဲ့တဲ့ ၁၅ နဲ့ ၂၀ သက်တမ်းကြားမှာ ရခိုင်ကလည်း majority ရတာပဲလေ။ ရခိုင်ရဲ့ လွှတ်တော်မှာဆိုရင် ရခိုင် ပါတီတွေကပဲ အများစု နေရာရတာလေ။ ဒါပေမယ့် သူတို့က အစိုးရဖွဲ့လို့ မရဘူး။ အဲဒီကာလမှာ ပြည်ထောင်စုရဲ့ သမ္မတကပဲ ရခိုင်က ဝန်ကြီးချုပ်တစ်ဦးကို ကိုယ်စားလှယ်ထဲကနေ ရွေးချယ်ပြီး တင်မြှောက်ပြီးတော့မှ သွားတဲ့ စနစ်ဆိုတော့ ကိုယ့်ပြည်နယ်တိုင်းတွေမှာက ဘာမှလည်း ဘယ်လောက်ပဲ ကိုယ်နိုင်ထားပါစေ၊ ကိုယ်က အစိုးရ အဖွဲ့ဝင်သာ။ ကိုယ့်ရဲ့ပြည်နယ်နဲ့ တိုင်းတွေမှာ အနှစ်သာရအားဖြင့်သာ နာမည်ရှိတာပေါ့။ ကိုယ်ဘယ်လောက်ပဲ ရုန်းကန်ကြိုးစားပေမယ့်လည်း ဗဟိုရဲ့ ထိန်းချုပ်မှုအောက်ကနေပြီးတော့ ကိုယ်က ကျော်လွှားလို့ မရဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်လေ” ဟု ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံဒီမိုကရေစီ စနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၆ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား၌ ပြောကြားခဲ့သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြားနိုင်ငံများ၏ ပုံစံကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 430
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မသန်စွမ်း ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲ အလွန် ပေါ်ပေါက်လာမည့်လွှတ်တော်ထဲတွင် ဘာတွေ ဦးစားပေးလုပ်ဆောင်သွားမလဲဆိုသည့်အပေါ် မသန်စွမ်း ကိုယ်စားလှယ်လောင်းများကြား မူဝါဒအမျိုးမျိုးရှိနေကြသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမန်းဝင်းသန်းသည် မသန်စွမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးသည်သာ အဓိကဦးစားပေး အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။
“တစ်နိုင်ငံလုံးမှာလဲ သန်စွမ်းတဲ့သူတွေရော၊ သန်စွမ်းတဲ့ သူတွေ အများစုအတွက်ပါ အလုပ်အကိုင်ရရှိရေး ဟာလည်း ဦးစားပေးစဉ်းစားရမယ့်အထဲမှာပါတော့ မသန်စွမ်း တွေအတွက် အလုပ်အကိုင်ရရှိရေးဟာ အဲဒီ လူငယ် အလုပ်အကိုင်ရရှိရေးဆိုတဲ့ဟာ ဦးစားပေး လမ်းကြောင်း ထဲမှာ ပါပြီးသား ဖြစ်သွားပါတယ်ခင်ဗျ။ ဒီဟာနဲ့ ပတ်သက်လို့ရှိရင် ဒီခေါင်းစဉ်က ဘယ်ကစလဲဆိုလို့ရှိရင် အလုပ်အကိုင်ရရှိရေးက မစဘူး။ ဘယ်ကစလဲ ဆိုလို့ရှိရင် ကုန်ဈေးနှုန်း ကျဆင်းရေး သို့မဟုတ် ဈေးကွက်ရဲ့ အထာပေါ့နော်။ သဘာ၀အလျောက်ဖြစ်လာတဲ့ တန်ဖိုးတွေကို လိုက်သုံးနိုင်ဖို့ဆိုရင် လူတွေဟာ ၀င်ငွေရှိရမယ် ဈေးကျဖို့ချည်းပဲ လိုက်လုပ်နေလို့က ဒါ Solution အမှန် မဟုတ်ဘူး။ သူ့ဈေးကွက် သဘောသဘာ၀အရ တက်ကို တက်နေတာဆိုရင် အဲဒီတက်နေတဲ့ဈေးကို လိုက်ဖက် ညီစွာ လိုက်သုံးနိုင်ဖို့က ၀င်ငွေရှိရမယ် ၀င်ငွေရှိဖို့ဆို အလုပ်ရှိမှရမယ်။ အလုပ်ရှိဖို့ဆို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးကို သဘာ၀အတိုင်းပဲ သူ့ဟာသူ ဈေးကွက်က ဖြစ်နေတာအတိုင်းပဲ ဖြစ်ချင်တာ ဖြစ်နေတာ။ ဖြစ်နေတာ အတိုင်းပဲပေါ့နော် လွှတ်ထားပေးလို့ မရဘူး။ အစိုးရက ပါ၀င်ပတ်သက်ရမယ်။ ပါ၀င်ပတ်သက် တယ်ဆိုတာက ၀င်ရောက် စွက်ဖက်တာထက် ၀င်ရောက်ထိန်းကျောင်းတာထက် ကိုယ်ကပါ ဘာ၀င်ပြီးတော့ ထောက်ပံ့ပေးနိုင် မလဲဆိုတာကို လွှတ်တော်က တိုက်တွန်းမှုနဲ့ ပါရမယ်။ အဲဒီဟာက မသန်စွမ်းတွေရဲ့ အလုပ်အကိုင်ရရှိရေး ဦးစားပေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ အလုပ်အကိုင်ရရှိရေး ဦးစားပေး ၀င်ငွေရရှိရေး ဦးစားပေး ထဲမှာ Title တွေပေါ့။ ခေါင်းစဉ်တွေအောက်မှာ အကုန်လုံး သူ့နေရာနဲ့သူ ပါ၀င်ပြီးသားဖြစ်ပါတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။

မသန်စွမ်းသူတစ်ဦးကို တွေ့ရစဉ်
၂၀၁၄ အိမ်ထောင်စု သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ လူဦးရေ ၂ သန်းကျော်ရှိပြီး ၄င်းတို့၏ မိသားစုဝင်မှာ ၇ သန်းဝန်းကျင်ရှိကြောင်း၊ မသန်စွမ်းသူများ၏ ဦးရေ ၈၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ ဖြစ်ကြောင်းသိရသည်။
အဆိုပါ မသန်စွမ်းများသည် အလုပ်လုပ်ရန် ဆန္ဒရှိကြသလို စွမ်းဆောင်ရည် ရှိကြသော်လည်း အလုပ်ရှင်အများစုသည် အလုပ်ခန့်အပ်ရန် စိတ်ဝင်စားမှု အလွန်နည်းကြသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလျက်ရှိနေကြသည်။
ရွေးကောက်ပွဲ အလွန် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် အဓိကသုံးချက်အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပညာရေး နှင့် မသန်စွမ်းအရေးတို့ကို ဦးစားပေးအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းဇော်ထွန်းမှ CNI သတင်း ဌာနသို့ ပြောသည်။

မသန်စွမ်းသူတစ်ဦးကို တွေ့ရစဉ်
“အဓိကကတော့ မသန်စွမ်းတွေရဲ့ အခွင့်အရေးပေါ့နော်။ မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုသွားမယ်။ နောက်ပြီးတော့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ များများစားစား ဖြစ်လာအောင် လစာနှုန်းတွေလဲ တိုးတက်လာအောင် အဓိကကတော့ ပညာရေးပေါ့။ ကိုကြီးက ကိုယ်ပိုင်ကျောင်းဆရာ တစ်ယောက် ဖြစ်တဲ့အတွက် ပညာရေးကို အရမ်းအားပေးပါတယ်။ ဒါကြောင့် ပညာရေးမှာလဲ တိုးတက်လာအောင် ဘယ်လိုလုပ်လို့ရအောင် ဆက်ပြီးတော့ ဆောင်ရွက်လို့ရအောင် ဒါလုပ်ဆောင်မှာဖြစ်ပါတယ်။ အဓိကသုံးချက် ကတော့ လူငယ်ရေးရာရယ်၊ ပညာရေးရယ် ကိုကြီးတို့ မသန်စွမ်းအရေးပေါ့နော် အဲဒါပါပဲ။ မသန်စွမ်းဆိုရင်တော့ တချို့ဆို ဆံပင်ညှပ်သင်တန်းတွေ ဘာတွေ အဲဒီလိုမျိုးရှိတယ်။ ဆေးဆိုးပန်းရိုက် သင်တန်းတွေ ရှိတယ်။ ပညာတတ်တဲ့ မသန်စွမ်းတွေကျတော့ ကွန်ပျူတာတွေပေါ့နော် ကွန်ပျူတာနှိပ်တတ်တဲ့သူတွေကျတော့ ရုံးပိုင်းဆိုင်ရာတွေမှာ သိပ်လှုပ်ရှားစရာမလိုပဲနဲ့ ကွန်ပျူတာနှိပ်တတ်ရင် အဆင်ပြေတယ်ပေါ့။ အဲဒီလိုလူမျိုးတွေကို ရုံးပိုင်းတွေမှာလဲ အလုပ်ရအောင်၊ ပညာမတတ်တဲ့ မသန်စွမ်းတွေလဲ ကိုယ့်အားကိုယ်ကိုးပြီးတော့ လုပ်စား နိုင်အောင် သင်တန်းလေးတွေ ဖွင့်ပေးမယ်ပေါ့နော်။ ရန်ကုန်မှာဆိုလည်း ရန်ကုန်ပေါ့၊ နယ်မှာဆိုလဲ နယ်မှာပေါ့ မသန်စွမ်းတွေရဲ့ အသက်မွေး၀မ်းကျောင်း ပညာသင်တန်းပေါ့၊ အဲဒါလေးတွေကို ဖြစ်ထွန်းလာအောင် ဖော်ဆောင်ပေးမယ့် ရည်ရွယ်ချက်တွေရှိပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းများသည် လုပ်ငန်းခွင်များ၌ နှိမ့်ချဆက်ဆံခံရမှုများ ရှိသကဲ့သို့ အလုပ်ခန့်လိုသော ကုမ္ပဏီများ နည်းပါးကြောင်း၊ မသန်စွမ်းများအနေဖြင့်လည်း အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုခု တတ်မြောက်အောင် သင်ကြားထားသင့်ကြောင်း မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 416
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ဒီမိုကရေစီစနစ်ဆိုသည်ကို နားထောင်ကောင်းအောင် စည်းရုံးရေးသဘောဆောင်ပြီး ပြောဆိုနေခြင်းထက် လက်တွေ့ ကျင့်သုံးလာရန်လည်းလိုကြောင်း NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သမ္မတကြီး ဦးသိန်းစိန် ၅ နှစ်မှာက ဘာပဲဖြစ်ဖြစ် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားနိုင်တာ တွေ့ရတယ်။ နောက်ပိုင်း ဒေါ်စု ၅ နှစ်မှာလည်းပဲ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်သွားတာ တွေ့ရပါတယ် ညှိညှိနှိုင်းနှိုင်းပေါ့။ ဒါပေမယ့် ၁၀ နှစ်ပဲခံတယ်။ ဒီမိုကရေစီရဲ့ အညွှန့်အညှောင့်က ၁၀ နှစ် ခံပြီးတဲ့နောက်မှာ လောလောဆယ် ပြန်ပြီး ပျောက်သွားပြီးတော့ ပါတီစုံဒီမိုကရေစီ ပြန်လည်ထွန်းကားအောင် ပြန်လည်ပျိုးထောင်မယ်လို့ အခုလက်ရှိ အကြီးအကဲတွေက ကြွေးကြော်ကြပါတယ်။ ဒါပေမယ့် တကယ့် ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ပါတီစုံရဲ့ အနှစ်သာရ၊ နောက်ပြီးတော့ Civilian Supremacy လို့ ခေါ်တဲ့ ဒီမိုကရေစီ တိုင်းပြည်တွေရဲ့ အနှစ်သာရ အဲဒါတွေကို အဓိပ္ပါယ် ရှိရှိပေါ့လေ။ အသက်ပါပါ ဖော်ထုတ်ဖို့တော့ လိုပါတယ်။ ကျနော်တို့ နားထောင်ကောင်းအောင် စည်းရုံးရေး သဘောဆောင်တဲ့ ပြောဆိုတာထက်ကို လက်တွေ့ကျင့်သုံးလာဖို့လည်း လိုတယ်လို့ ကျနော် ယူဆပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံ ဒီမိုကရေစီ စနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၆ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား၌ ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြား နိုင်ငံများ၏ ပုံစံကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံကာ သွားမည်ဟု လက်ရှိ နိုင်ငံအုပ်ချုပ်နေသည့် အကြီးအကဲများက ပြောဆိုထားသော်လည်း တပ်မတော်နှင့် ကျောချင်းကပ် ရင်ချင်းအပ် မလုပ်နိုင်လျှင် ထိုအစိုးရ သစ် နောက်နေ့ ပြုတ်ကျမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီက မဲဆွယ် စည်းရုံးစဉ်အတွင်း ပြောကြားသွားခဲ့သည်။
ထိုအပြောသည် ဒီမိုကရေစီ၏ မူရင်းသဘာဝကို ဆန့်ကျင်သည့်သဘော ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်သည် ဝန်ကြီးချုပ် ဦးနု လက်ထက်ကတည်းက မှားခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်း မူတူစေးဖိုးကို တွေ့ရစဉ်
၎င်းက “ကျနော်တို့စနစ်က မှားနေတာ ဦးနု လက်ထက်ကတည်းက မှားနေတာပါ။ ပင်လုံစာချုပ် ချုပ်ပြီး ကတည်း ကိုက မှားနေတာပါ။ ပင်လုံစာချုပ် ချုပ်တယ်၊ ပင်လုံစာချုပ်အတိုင်း မလုပ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့ နောက်မှာ ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်လုပ်တယ်။ အဲဒီ တစ်ပြည်ထောင်ထဲမှာမှ ဦးနုက ဖဆပလ အနှစ် ၄၀ ခံရမယ်ဆိုပြီး ကြွေးကြော်ပြီးတော့ ၁၄ နှစ်လောက်မှာပဲ အကွဲအပြဲ ဖြစ်လာတဲ့ အခါကြတော့ တပ်နဲ့ ပေါင်းတဲ့ ဘက်ကနဲ့ မပေါင်းတဲ့ဘက် အရပ်ဖွဲ့မှု ဖြစ်လာတယ်။ အဲဒီကစပြီးတော့ အကြီးအကဲတွေရဲ့ မရိုးမသား ဒီမိုကရေစီ အနှစ်သာရကို မဖော်ဆောင်ပဲ တစ်ပြည်ထောင်စနစ် လူမျိုးတစ်မျိုး အုပ်ချုပ်တဲ့စနစ်ကို ဖော်ဆောင် လာတဲ့ အခါကြတော့ အဲဒီဟာက ဗိုလ်ချုပ်နေဝင်း ကနေစပြီးတော့ လက်နက်ကိုင် တပ်ကနေပြီးတော့ နိုင်ငံရေး အာဏာကို ဝင်ရောက်စွက်ဖက်တဲ့ဟာ အကျင့်ဖြစ်သွားတာပေါ့။ အဲဒါက အခုချိန်ထိ နှစ်ပေါင်း ၅၀ ကျော် ဆက် သွားနေတဲ့ သဘောရှိတာပေါ့။ ဒီသမိုင်းကြောင်း နောက်ခံက ဆက်ထိန်းချင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို မလိုအပ်တော့ ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ဖွဲ့မှာ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အချိန်က အခုချိန်ထိ မရခဲ့ဘူး။ မရသေးဘူးပေ့ါလေ။ အဲဒီမရသေးတဲ့အတွက် ကျနော်တို့ ဒီ အနိဋ္ဌာရုံတွေက ဆက်ရှိနေတယ်လို့ ယူဆရပါတယ်။ ကျနော် ဦးခင်ရီ ပြောတာကို နားထောင်ကြည့်ရခြင်း အားဖြင့်တော့ ဘယ်လို ပုံစံနဲ့ပဲ တက်တက် နည်းနည်းချည်ထားတဲ့ သဘောမျိုးလို့ ပြောတာတွေ့ရတော့ အခြေအနေတော့ သိပ်အကောင်း အပြောင်းကြီးတော့ ဟုတ်မယ်မထင်ဘူး။ သို့သော် ခေါင်းဆောင်တွေရဲ့ အကြီးအကဲတွေရဲ့ စိတ်စေတနာနဲ့ အမျှော် အမြင်ပေါ် မူတည်တာပေါ့လေ။ ဒါကတော့ နောက်ပိုင်းမှာ အဆုံးအဖြတ် ဖြစ်လာမှာပါပဲ” ဟု ပြောသည်။
ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် မဖြစ်မနေ လုပ်ရမည့် လုပ်ငန်းစဉ် ဖြစ်ခြင်းကြောင့် ပြည်သူလူထု အများစု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပပေးသွားတော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်အပိုင်း (၃) ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်း ပေးမည်ဖြစ်ပြီး တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်သွားတော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 474
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄
လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ယခင် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမလုပ်လောက်ဘူးဟု ယုံကြည်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်ကဖြုတ်ချပြီး နိုင်ငံတော်အာဏာကို ရ ယူခဲ့သည်။
ထို့နောက် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်လာခဲ့ရာ ယနေ့ ၂၀၂၅ ခုနှစ်အထိပင် ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် သက်တမ်း အားဖြင့်လည်းကောင်း၊ အမာခံပါတီဝင်အားဖြင့် လည်းကောင်း အခြား နိုင်ငံရေးပါတီများ မယှဉ်နိုင်သဖြင့် ၎င်းသည်သာ နံပါတ်တစ်အနိုင်ရနိုင်ကာ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် နံပါတ်နှစ်ဖြစ်နိုင်ခြေရှိကြောင်း ဥက္ကဋ္ဌ စိုင်းအိုက် ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီကိုတွေ့ရစဉ်
၎င်းက “ဘယ်လိုလုပ်ရမလဲ ပြည်ခိုင်ဖြိုးကပါတီကြီးပဲလေ။ သူ့ကိုမယှဉ်နိုင်ဘူးလေ။ သူ့မှာအမာခံပါတီဝင်တွေများတယ် လေ။ ဒီမှာက၂နှစ်ကျော်ပဲရှိတယ်လေ သူတစ်နိုင်ငံလုံးကိုပြိုင်တာ။ ပြိုင်ဖို့ဆိုတာပါတီက တို့ပါတီကအသစ်လေ။ သက်တမ်းက၂ နှစ် ပဲရှိသေးတယ်လေ။ အများကြီး ဟိုတိုင်းနဲ့ပြည်နယ်တွေအားလုံးက တော်တော်ထောက်ခံလို့။ တချို့ပါတီဝင်တွေသိန်းချီကြတယ်လေ။ သူတို့ကတော့ ဘယ်လိုဖြစ်ဖြစ် နံပါတ်တစ်ဖြစ်မှာပဲလေ။ တခြားပါတီ ထက်စာလို့ရှိရင် ပါတီဝင်ကပိုများတယ်ကွာ။ နောက်ပြီးတော့ ဆိုင်းဘုတ်တင်တာလဲအများကြီးပဲ။ ဒို့လူတွေကအ ချင်းချင်းစည်းရုံးမှုလည်းရှိတယ် ရွာတွေထိလိုက်ပြီးတေ့ ပန်းဖလက်တွေဝေတယ်၊ ပန်းဖလက်ကို လိုလို ချင်ချင်ယူကြတယ်၊ ဖတ်ကြတယ်၊ ပြောကြတယ်၊ ကျားဖြူပဲအားပေးမယ်လို့ပြောနေတော့ အဲဒါကြောင့်တို့က နံပါတ်နှစ် ကတော့ဖြစ်နိုင်ခြေရှိတယ်လို့ပေါ့နော်။ လွတ်လပ်၍ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့တော့ တို့ယုံကြည်ထားတယ်လေ။ ယာယီသမ္မတကလည်း တကယ့်လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ပေး မယ်လို့ပြောနေတာပဲ အကြိမ်ကြိမ်ပြောနေတာပဲလေ။ ၂၀၂၀ က မဲမသမာမှုဖြစ်တယ်ဘာညာဆိုတော့ ဒီတစ်ခါ တော့ မလုပ်လောက်တော့ဘူးလို့ အန်ကယ်တို့ကလဲယုံကြည်တာပေါ့နော်”ဟု ၎င်းက ပြောသည်။
၂၀၂၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ယှဥ်ပြိုင်မည့် ပါတီ ၆ ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ ဆောင်ပါတီ၊ ပြည်သူ့ပါတီနှင့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ဖြစ်သည်။
မြန်မာ့တပ်မတော်က ဦးဆောင်ပြီး ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် အမျိုး သာညီညွတ်ရေးအစိုးရ (NUG) တို့က အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်ဟု ပြောဆိုထားပြီး ပြည်သူများကြားတွင်လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိကြောင်း စောင့်ကြည့် လေ့လာသူများက ထောက်ပြကြ သည်။

ဦးကိုကိုကြီး၊ စိုင်းအိုက်ပေါင်းနှင့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူအချို့ကိုတွေ့ရစဉ်
လာမည့်ရွေးကောက်ပွဲတွင် ပြည်သူလူထုမှ မဲပေးမှုအားကောင်းလျှင် ပါတီအကုန်လုံး မျှမျှတတနိုင်ကြမည် ဖြစ်ပြီး မဲပေးမှုနည်းပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာ အများစုအနိုင်ရရှိသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပုံမှန်အရဆိုလို့ ရှိရင်လူထုက မဲပေးဖို့ကို စိတ်ဝင်စားမှုနည်းလို့ရှိရင် ပြည်ခိုင်ဖြိုးက အနိုင်ရရှိမှုများသွားမယ်။ အခု အနေအထားအရ ဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးရဲ့ ၂၀၁၀၊ ၂၀၁၅ ပေါ့။ တောက်လျှောက် မဲပေးတဲ့ အနေအထား တွေကို ကြည့်လိုက်လို့ရှိရင် သူသည်ပုံမှန်အားဖြင့်ကတော့ ၂၀ ရာခိုင်နှုန်းလောက်ကတော့ သူကိုပုံသေ မဲပေးတဲ့လူက ရှိကိုရှိတယ်။ အဲဒီလိုမျိုးရှိနေတော့ အကယ်၍သာ ပြည်သူလူထုက မဲမပေးခဲ့ဘူးဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးအများစုနိုင်သွားမယ်။ အကယ်၍ ပြည်သူက မဲထွက်ပြီးပေးတယ်ဆိုရင်ကြတော့ တခြားပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ အဲဒီလိုမျိုးလေးတွေပြန့်ပြီး ရောက်သွားနိုင်တယ်။ အဲဒီပေါ်မှာ ဖြစ်လာနိုင်တဲ့ပုံသဏ္ဍန်ကတော့ မဲပေးမှုအားကောင်ရင် အကုန်လုံးမျှတတပဲ နိုင်ကြမှာ။ အကယ်၍ မဲပေးမှုနည်းမယ်ဆိုရင်တော့ ပြည်ခိုင်ဖြိုးက အများစုနိုင်သွားနိုင်တယ်ဆိုတဲ့ ထိန်းချုပ်မှုရှိတယ်။ အဲဒီအပေါ်မှာတစ်ချက်တော့စောင့်ကြည့်ရမယ်”ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနှင့် ပြုလုပ်ရန်စီစဥ်ထားပြီး အပိုင်း ၁ ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ပေါင်း ၁၀၂ မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်သည်။
လာမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်မှ ပတ်သက်ဆက်နွှယ်သူများ ပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည် ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
