- By CNI
- Category: နိုင်ငံရေး
- Hits: 493
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ထားသော အဖွဲ့အစည်းများသည် စစ်မှုထမ်းရမည်ဟုဆိုကာ ပြည်သူလူထုများ ကို ဖမ်းဆီး၍ မထမ်းလိုပါက ငွေကြေးတောင်းခံမှုများ ပြုလုပ်လာနေကြသည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ် ပွားနေခြင်းကြောင့် နှစ်ဖက်စလုံးက စစ်မှုထမ်းရန်အတွက် လူငယ်လူရွယ်များအား ခေါ်ဆောင်ခြင်း၊ ဖမ်းဆီးခြင်း များ လုပ်ဆောင်နေကြသည်။
ထို့နောက် လူဦးရေ လျော့ကျလာခြင်းနှင့်အတူ အလုပ်သမား ရှာပါးခြင်း၊ ကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာ ခြင်း၊ လူဦးရေ လျော့ကျခြင်း ဘေးအန္တရာယ်များ ကြုံတွေ့လာရခြင်း စသည့် အခြေအနေများကိုလည်း ရင်ဆိုင် လာနေရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာ့တပ်မတော်ရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းမည့်သူတွေကို တွေ့ရစဉ်
လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံကမူ လူငယ်များကို စစ်မှုထမ်းရန်အတွက် ခေါ်ဆောင်မှုများ လုပ်ဆောင်နေ ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဒီဘက်မှာဆိုရင် စစ်မှုထမ်းနဲ့ ပတ်သက်ပြီးမှတော့ သိပ်ပြီးမှတော့ မကြားရဘူး။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံကတော့ လူငယ်တွေကိုစွဲနေတာ လောက်ပဲကြားရတယ်။ ယနေ့ ပြည်တွင်းစစ် ဖြစ်နေတဲ့ အချိန် ကြတော့ လူတွေ တော်တော်များကလည်း စစ်မှုထမ်းခြင်းကို ရှောင်ရှားချင်ကြပါတယ်။ ဒါတွေ အတွက် တပ်မတော်ဘက်က တစ်ခုထဲမဟုတ်ပါဘူး၊ EAO ဘက်ကလည်း ထိုနည်းလည်းကောင်းပဲ၊ PDF ကလည်း ထိုနည်း လည်းကောင်းပဲ။ အတင်းအကျပ် ဆွဲတဲ့အဆင့်ကို ရောက်နေတဲ့ အခါကြတော့၊ ပြည်သူတွေ တော် တော် ဒုက္ခရောက်ကြတာပေါ့။ ကျနော်တို့ စစ်မှုထမ်း ဥပဒေအရ ၃၅ နှစ်ဆိုရင်တော့ သူတို့အထက်ဆိုရင်တော့ စစ်မှုထမ်းထဲ မထည့်ရဘူး။ ဒါပေမယ့်လည်း လက်နက်ကိုင် အဖွဲ့အစည်းတွေက အကုန်လုံးအသက် ၅၀,၆၀ လည်း ဆွဲနေတာပဲ။ စစ်မှုထမ်းကပဲဖြစ်ဖြစ် လက်နက်ကိုင် အဖွဲ့အစည်းကဖြစ်ဖြစ် ဖမ်းမိသွားပြီဆိုရင်တော့ လာရွေးဖို့တွေ သူတို့ပြောရင် ဘယ်လောက်ဆိုရမလဲ သိန်း ၅၀၊ သိန်း ၁၀၀ အဲ့ဒီလိုနဲ့ လူတွေ ပြန်ပြန်သွားရွေးနေရတဲ့ အခါကြ တော့ ဒါပြန်ပေးဆွဲဂိုဏ်းတွေလို ဖြစ်နေကြတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသော သူတွေကလေ။ ဒါကြောင့်မို့ ကျနော်တို့ ပြည်တွင်းစစ်ကြီး ငြိမ်းချမ်းစေချင်တယ်။ ခေတ်ကာလ ကောင်းတဲ့အချိန်မှာ မည်သူမဆို စစ်မှုထမ်းသင့်တယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းနှင့် EAO- PDF များက မဖြစ်မနေ စစ်မှုထမ်းရန် ပြဋ္ဌာန်း သတ်မှတ်ချက်များကြောင့် လူငယ်လူရွယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာ သွားကြသလို စစ်မှုထမ်းရန် ခေါ်ဆောင်ခံရခြင်းများကြောင့် အလုပ်လုပ်နိုင်သော လူငယ်လူရွယ် ဦးရေမှာ လျော့ကျလာနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

KIA-PDF ကိုတွေ့ရစဉ်
ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် အခွန်တော်ဥပဒေအား ဥပဒေမူကြမ်း တစ်ရပ်ရေးသားပြီး နိုင်ငံတော်ကို တင်ပြထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ကျနော်တို့ တယ်လီဂရမ်ပေါ်မှာတော့ ကျနော်တို့ ကြားနေရတယ်။ ဒါ KIA က ဆွဲကြတယ်ပေါ့နော်။ ဇွတ်အဓမ္မ ခေါ်တယ်ပေါ့နော်၊ ဒါတွေ့တယ်။ စစ်တပ်နဲ့ပတ်သက်လို့ကတော့ ကျနော်တို့ သေသေချာချာကို တရားဝင် သတင်းမတွေ့ရဘူး။ တစ်ခုရှိတာက အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်တွေမှာ မဲနှိုက်တာရှိတယ်၊ ကျနော်တို့ အလှည့်ကျ ခေါ်တာတွေ ရှိတယ်ပေါ့နော်။ အဲ့လိုမျိုးလည်း ဟိုခေါ်သွားတယ်လို့လည်းကြားတယ်၊ တချို့ လည်း ပိုက်ဆံတောင်းတာလို့ ကြားတာပေါ့နော်။ ဒီပြဿနာတွေကနေပြီးတော့ ပြေလည်အောင်ဆိုပြီးတော့ ပြည် သူ့ စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် အခွန်တော် ဥပဒေဆိုပြီးတော့ အဲ့ဒီဥပဒေ မူကြမ်း တစ်ရပ်ကို ရေးသား ပြီးတော့ ပြီးခဲ့တဲ့ တစ်နှစ်လောက်ပေါ့နော်။ ကျနော် ဒီနီးစပ်ရာ ပုဂ္ဂိုလ်ကတဆင့်ပေါ့နော်၊ နိုင်ငံတော်ကို ကျနော် အဲ့ဒါလေး တင်ပြပါတယ်။ ဆွဲတယ် မဆွဲဘူးဆိုတဲ့ ကိစ္စကတော့ သေချာတာကတော့ KIA က ဆွဲတယ်ဆိုတာက တော့ ကျနော်တို့တွေ့တယ်။ ဒါပလောင်တွေကလည်း အတင်းစစ်မှုထမ်းခိုင်းတယ်။ MNDAA ကလည်း စစ်မှုထမ်း ခိုင်းတယ် ဆိုတာလည်း ကျနော်တို့ သွားတွေ့တယ်။ တပ်ဘက်က ဘာညာကတော့ သေသေချာချာ သတင်းတွေ လည်း မကြားရဘူးမမြင်ရဘူးပေါ့နော်”ဟု ပြောသည်။
ထို့ကြောင့် လက်နက်ကိုင်ထားကြသော အဖွဲ့အစည်းများ၏ စစ်မှုထမ်း ခေါ်ဆောင်ခြင်းများ ရပ်တန့်နိုင်ရေး အတွက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအကဲခတ်များက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိနေကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်မှုထမ်းရန်အတွက် အားလုံးက ကြိုးပမ်းဖော်ဆောင်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 555
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA) အဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသူ များအားလုံး တာဝန်မှ ချက်ချင်းနုတ်ထွက်ကြရန်၊ လိုက်နာရန် ပျက်ကွက်ပါက စစ်ဘက်ဆိုင်ရာအရေးယူမှုများ ခံရမည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ယုံးအောင် (NSCN-K/YA)အဖွဲ့ လက်အောက်တွင် တက်ကြွစွာ တာဝန်ထမ်းဆောင်နေ သော သားသမီးများ အားလုံးသည် တာဝန်မှ ချက်ချင်း နုတ်ထွက်ပြီး သတ်မှတ်ထားသော ကာလအတွင်း နေအိမ် သို့ ပြန်လာကြရန် ညွှန်ကြားအပ်ကြောင်း၊ လိုက်နာရန် ပျက်ကွက်ပါက တမင်တကာ ဖီဆန်ခြင်းဟု မှတ်ယူကာ ထိုက်သင့်သလို အရေးယူဆောင်ရွက်သွားမည်ဟု NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့နောက် အရင်က ဖမ်းဆီးရမိပြီးဖြစ်သော လူများသည် ထပ်မံ ဖမ်းဆီးရမိပါက ပြင်းထန်သော စစ်ဘက်ဆိုင်ရာ အရေးယူမှုများကို ရင်ဆိုင်ရမည်။ သို့သော်လည်း မိမိသဘောဆန္ဒအလျောက် လက်နက်ချ၍ မိမိတို့နှင့် ပူးပေါင်း လာသူများကိုမူ နွေးထွေးစွာ ကြိုဆိုပြီး ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ NSCN/GPRN ၏ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေစဉ်အတွင်း မည်သည့် အရပ်ဘက် အဖွဲ့အစည်းများ(CSOs)သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦဂတစ်ယောက်မျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုရ၊ ထိုသို့ စွက်မှုမျိုးကို မိမိတို့ NSCN/GPRN မှ လက်ခံ မည် မဟုတ်ဘဲ ပါဝင်ပတ်သက်သူများကိုလည်း တာဝန်ယူ တာဝန်ခံစေမည်ဟု NSCN-K/AM အဖွဲ့က ထုတ်ပြန် ပြောကြားခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
NSCN-K/AM အဖွဲ့က “ အခြေအနေများ ပိုမိုဆိုးရွား မလာမီနှင့် ပြန်လည်ပြင်ဆင်၍ မရသော နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ်မီ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ချစ်လှစွာသော သားသမီးများကို အမြန်ဆုံး ပြန်လည် ခေါ်ယူကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ ဤအသိပေးချက်အား သက်ဆိုင်သူ အားလုံး သိရှိနားလည်ပြီး တိကျစွာ လိုက်နာရန် ထုတ်ပြန်ခြင်းဖြစ်ပါသည်။ သင်တို့သည် နာဂတပ်မတော်နှင့်တူ အပြည့် အဝ ပူးပေါင်းလိုက်နာဆောင်ရွက်ရန် ဤနေရာမှ ညွှန်ကြားအပ်ပါသည်”ဟု ပြောသည်။
NSCN-K/AM နှင့် NSCN-K/YA တို့သည် နာဂဒေသအား ထိန်းချုပ်နိုင်ရေးအတွက် အားပြိုင်နေကြသလို အိန္ဒိယနှင့် တစ်ခုတည်းသော နယ်စပ်ထွက်ပေါက်ရှိသည့် ပန်ဆောင်မြို့ကိုလည်း ထိန်းချုပ်ရန် အားပြိုင်နေကြသည်။
NSCN-K/AM အဖွဲ့သည် ပန်ဆောင်မြို့သို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ရောက်ရှိ၍ နယ်မြေစိုးမိုးနိုင်ရေး တပ်နေရာချခဲ့သည်။
ထို့နောက် NSCN-K/YA အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် ပန်ဆောင်မြို့၊ ခမ္မတိုင်ကျေးရွာရှိ NSCN-K/AM အဖွဲ့ကို တိုက်ခိုက်ခဲ့၍ NSCN-K/AM အဖွဲ့ဘက်က ၂ ဦးသေဆုံး၍ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

NSCN-K/AM အဖွဲ့၏ မိုလ်ဘိုင်း-၆ တပ်ရင်းကို တွေ့ရစဉ်
ထိုတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် NSCN-K/AM အဖွဲ့က နန်းယွန်းမြို့နယ်၊ တကားနှင့်နမ်ဖာကြား (၁၈)မိုင်ဂိတ် နေရာရှိ NSCN-K/YA အဖွဲ့ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီတွင် ပြန်လည်၍ တိုက်ခိုက်ခဲ့ပြီး NSCN-K/YA ၏ စခန်းတစ်ခုကို ထိန်းချုပ်ခဲ့သည်။
ထို့ပြင် NSCN-K/AM အဖွဲ့၏ မိုလ်ဘိုင်း-၆ တပ်ရင်းသည် လဟယ်မြို့နှင့်နန်းယွန်းမြို့ကြား တည်ရှိသော နန်းယွန်း မြို့နယ်၊ တုံကီကျေးရွာရှိ NSCN-K/YA အဖွဲ့ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁ နာရီက တိုက်ခိုက်ခဲ့ရာ NSCN-K/YA ဘက် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂလက်နက်ကိုင်များ အနေဖြင့် NSCN-K/YA(ဦးယုံးအောင်)၊ NSCN-K/AM(ဦးအန်းမိုင်)၊ ENNO/ENDA(ဦးအောင်ဆိုင်း)၊ NSCN-IM ( အိုက်ဇက်ချီရှီဆူနဲ့ ဗွီးဗာ)၊ NSCN-IM/H(IM ကနေ ခွဲထွက်လာတဲ့ ဟန်ရှီရမ်ဆန်း ဦးဆောင်အဖွဲ့)၊ NPDF တို့ တည်ရှိသည်။
အလားတူ ကသည်းနှင့်အာသံ လက်နက်ကိုင်အဖွဲ့များလည်း အခြေစိုက်လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 501
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် မိုင်းရယ်မြို့အနီးမှာ မြန်မာ့တပ်မတော်သည် မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စက်ရုံများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရေးအတွက် အသုံးပြုရာတွင် ပါဝင်သော ပစ္စည်းများကို ဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်အတွင်း ဖမ်းဆီး သိမ်းဆည်းရမိခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က သတင်း စာ ရှင်းလင်းပွဲလုပ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းက မူးယစ်အမှောင်ကမ္ဘာ၏ အခြေအနေကို နိုင်ငံတကာသို့ မြန်မာအစိုးရဘက်က ချပြခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် စသည့် နိုင်ငံတကာမှ သံတမန်များ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)မှ တာဝန်ရှိသူများ၊ ပြည်တွင်းသတင်းဌာန များ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက် လေ့လာ သတင်းရယူခဲ့ကြ သည်။

ထို့နောက် သံတမန်များ၊ ပြည်တွင်း/ပြည်ပမှ မီဒီယာအဖွဲ့များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့ အနောက်တောင်ဘက် ၃၃ ကီလိုမီတာအကွာရှိ မူးယစ်အမှောင်ကမ္ဘာသို့ ရောက်ရှိသွားခဲ့ပြီး မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာ ၂ နေရာသို့ လေ့လာခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းများကို ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်မြို့ အခြေစိုက် UNODF၊ NNCC၊ ONCB၊ DEA၊ AFP တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာအစိုးရဘက် က ချပြသွားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ မူးယစ်အမှောင်ကမ္ဘာကို လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်း(EAO)များက ကြီးစိုးထား ပြီး ပြည်တွင်းစစ်ကို ဖန်တီး၍ အမျိုးသားလွတ်မြောက်ရေးဆိုကာ ဖော်ဆောင်နေကြသည်။
သို့သော် အမျိုးသား ရေးသည် လက်နက်ကိုင်ထားသူများအတွက် မူးယစ်အမှောင်ကမ္ဘာကို ထိန်းသိမ်းနိုင်ရေး အတွက် အကြောင်းပြ ချက် တစ်ခုသာသာဖြစ်လာပြီး နောက်ဆုံးမှာတော့ အကျိုးစီးပွားကို တည်ဆောက်နေကြလေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 345
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို နိုင်ငံခြားက အသိအမှတ်ပြုခြင်း မပြုခြင်း မိမိ နားမလည်ကြောင်း၊ ပြည်သူလူထု မဲပေးခြင်းကို အသိအမှတ်ပြုမည်ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ကျင်းပနေရာ မန္တလေးမြို့ရှိ မဲဆန္ဒရှင် များသို့ သွားရောက် တွေ့ဆုံ လေ့လာနေစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မဲလာမပေးခြင်းမှာ ၂ ပိုင်းရှိပြီး သူတို့ထောက်ခံ အားပေးသူမရှိလို့ လာမပေး ခြင်းနဲ့ တစ်ပိုင်းက လုံခြုံမှုအရ လာမပေးတာ ရှိတယ် ။ မဲပေးတဲ့လူတွေက သူတို့ထောက်ခံတဲ့ လူတွေရှိလို့ မဲပေး တာပေါ့။ ဒါသူတို့ လွတ်လွတ်လပ်လပ် မဲပေးတာ၊ ဒါကို နိုင်ငံခြားက အသိအမှတ်မပြုတာ ပြုတာ ကျနော်တို့ နားမလည်ဘူး။ ပြည်သူတွေမဲပေးတာ ကျနော်တို့ အသိအမှတ်ပြုမယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်က အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က အပိုင်း(၂)ကိုလည်းကောင်း ကျင်းပထားပြီးဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 458
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်၌ ဆက်လက် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဲရုံအမှတ်(၂)မှာ မဲဆန္ဒရှင် ပြည်သူများ လာရောက် မဲပေးနေကြသည်ကို တွေ့ရသည်။
လမ်းမတော်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးကိုကိုကြီး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 456
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်၌ ဆက်လက် ကျင်းပခဲ့ရာ ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဲရုံအမှတ်(၂)မှာ မဲပေးခဲ့သည်။
ဦးကိုကိုကြီးသည် လမ်းမတော့်နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 486
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းမှာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံး အောင်(NSCN-K/YA)တို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်။
NSCN-K/AM အဖွဲ့၏ မိုလ်ဘိုင်း-၆ တပ်ရင်းသည် လဟယ်မြို့နှင့်နန်းယွန်းမြို့ကြား တည်ရှိသော နန်းယွန်းမြို့နယ်၊ တိုက်ကျေးရွာရှိ NSCN-K/YA အဖွဲ့ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁ နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
NSCN-K/AM အဖွဲ့က “ယုံးအောင်အဖွဲ့(YA)မှ ဆက်လက် ပြုလုပ်လာသည့် ခြိမ်းခြောက်မှုများနှင့် အနိုင်ကျင့်မှု များအား တုန့်ပြန်သည့် အနေနှင့် နာဂတပ်ဖွဲ့၏ မိုလ်ဘိုင်း–၆ တပ်ရင်းသည် နန်းယွန်းမြို့နယ်အတွင်းသို့ စစ်ရေး တုန့်ပြန် တိုက်ခိုက်မှုများကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီတွင် နာဂတပ်ဖွဲ့ မိုလ်ဘိုင်း–၆ သည် တိုက်ကျေးရွာ၌ တပ်စွဲထားသည့် ယုံးအောင်အဖွဲ့ဝင်များကို တိုက်ခိုက် ခဲ့သည်”ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း NSCN-K/YA အဖွဲ့ဘက်မှ အနည်းဆုံး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့သည်။
နာဂဒေသအတွင်းမှာ NSCN-K/AM အဖွဲ့နှင့် NSCN-K/YA အဖွဲ့ကြား နယ်မြေ ထိန်းချုပ်နိုင်ရေး အားပြိုင်နေကြ သည်။

နာဂဒေသ ပန်ဆောင်မြို့ရှိ အိန္ဒိယနှင့်တစ်ခုတည်းသော နယ်စပ်ထွက်ပေါက်ကို ထိန်းချုပ်နိုင်ရေး NSCN-K/AM အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ရောက်ရှိလာပြီး တပ်ချနေရာ ယူခဲ့သည်။
ထို့နောက် NSCN-K/YA အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် NSCN-K/AM အဖွဲ့ကို တိုက်ခိုက်ခဲ့၍ NSCN-K/AM ဘက်က ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
သို့သော် NSCN-K/AM အဖွဲ့သည် နန်းယွန်းမြို့နယ်၊ တကားနှင့်နမ်ဖာကြား (၁၈)မိုင်နေရာရှိ NSCN-K/YA အဖွဲ့ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီတွင် ပြန်လည်၍ တိုက်ခိုက်ခဲ့ပြီး NSCN-K/YA ၏ စခန်းတစ်ခုကို ထိန်းချုပ်ခဲ့သည်။
လက်ရှိတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂလက်နက်ကိုင်များ အနေဖြင့် NSCN-K/YA(ဦးယုံးအောင်)၊ NSCN-K/AM(ဦးအန်းမိုင်)၊ ENNO/ENDA(ဦးအောင်ဆိုင်း)၊ NSCN-IM ( အိုက်ဇက်ချီရှီဆူနဲ့ ဗွီးဗာ)၊ NSCN-IM/H(IM ကနေ ခွဲထွက်လာတဲ့ ဟန်ရှီရမ်ဆန်း ဦးဆောင်အဖွဲ့)၊ NPDF တို့ တည်ရှိသည်။
အလားတူ ကသည်းနှင့်အာသံ လက်နက်ကိုင်အဖွဲ့များလည်း အခြေစိုက်လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 769
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၏ နေရာကို ဗိုလ်ချုပ်မင်းသူအား ပြောင်းလဲ တာဝန်ပေး ခန့်အပ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် နိုင်ငံကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ကျော်ကျော်ကို စစ်ဘက်မူလတာဝန်များ ပြန်လည် ထမ်းဆောင်စေလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က ဗိုလ်ချုပ်အောင်ကျော်ကျော်သည် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)လက်အောက်က အောက်မြန်မာပြည် တာဝန်ထမ်းဆောင်ခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ပြည်ထဲရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။
ပြည်ထဲရေးဒုဝန်ကြီးဖြစ်လာသူ ဗိုလ်ချုပ်မင်းသူသည် ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 313
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
နိုင်ငံလုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ Army Operation Center၊ Neighboring Countries Coordination Center(NCCC)ဌာန၏ အကြီးအကဲ General Direk Bongkarn တို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများ ပြန်လည် ကောင်းမွန်ရေးအတွက် နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးကို နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း၍ ထိန်းသိမ်း ဆောင်ရွက် သွားနိုင်မည့် အခြေအနေများနှင့် နယ်စပ်ဒေသများတွင် တရားမဝင် ကုန်သွယ်မှုများနှင့် တရားမဝင် လုပ်ငန်းများ လုပ်ကိုင်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ တစ်ကျော့ပြန် မပေါ်ပေါက်လာစေရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ အင်တိုက်အား တိုက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံ သတင်းအချက်အလက်များ ဖလှယ်ခြင်းများ အပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ သည့် အခြေအနေများနှင့် လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့၌ အပိုင်း(၃)ကို ဆက်လက် ကျင်းပသွားမည်ဖြစ်သည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
