CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီနှင့် နစက၏ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်က တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမို တိုးမြှင့်ခိုင်မာစေ ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ် ဒေသတစ်လျောက် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုကွန်ရက် များကို တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဒေသတွင်း၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် မြန်မာ-တရုတ်-ထိုင်း (၃) နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှု ကို ထိန်းသိမ်းမြှင့်တင်ရေးကိစ္စ ရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် နစက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံ အားပေးနေ သော နိုင်ငံဖြစ်သည်။