CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈

မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံအကြား အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ စာမျက်နှာများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ပါကစ္စတန်ဝန်ကြီးချုပ် မစ္စတာ မိုဟာမက် ရှီဘက် ရှာရစ်ဖ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ပါကစ္စတန်ဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံစဉ် ၎င်းတို့နှစ်ဦး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံတွင် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု ကဏ္ဍတို့ အပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံအကြား  အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ စာမျက်နှာများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံ၏ ဒုဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။