CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယသမ္မတ H.E.Smt. Droupadi Murmu နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က အိန္ဒိယနိုင်ငံ သမ္မတအိမ်တော် (Rashtapati Bhavan )တွင် သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ သတ်မှတ်ကာလအတွင်း ပြီးစီး ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေး ဆက် လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု အမွေအနှစ်များ အပြန်အလှန် ထိန်း သိမ်းရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံအကြား မိတ်ဆွေရင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်မှု အခြေအနေများ၊ အမျိုးသမီးများကဏ္ဍ မြှင့်တင်ရေးအတွက် အတွေ့အကြုံများ မျှဝေနိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူး ပေါင်း ဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု နေပြည်တော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်း သမ္မတ ဦးမင်းအောင်လှိုင်သည် သီးခြား တွေ့ဆုံ၍ ဆွေးနွေးခဲ့သေးသည်။
