CNI International News
တိုကျို၊ ဇန်နဝါရီ ၂၈
ထိုင်ဝမ်တွင် ပူးတွဲစစ်ဆင်ရေးများအတွင်း အမေရိကန်တပ်ဖွဲ့များ တိုက်ခိုက်ခံရသည့် အခြေအနေမျိုး၌ ဂျပန်အနေ ဖြင့် မျက်ကွယ်ပြုထားမည်ဆိုပါက ဂျပန်နှင့် အမေရိကန်ကြား မဟာမိတ်ဆက်ဆံရေး ပြိုကွဲလိမ့်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က ပြောကြားခဲ့သည်။
“တကယ်လို့ အဲဒီမှာ တစ်ခုခု ပြင်းပြင်းထန်ထန် ဖြစ်ခဲ့မယ်ဆိုရင် ကျမတို့ဟာ ထိုင်ဝမ်မှာရှိတဲ့ ဂျပန်နဲ့ အမေရိကန် နိုင်ငံသားတွေကို သွားကယ်ရမှာပါ။ အဲဒီအခြေအနေမျိုးမှာ ဂျပန်နဲ့ အမေရိကန်တို့ ပူးတွဲဆောင်ရွက်မှုတွေ ပြုလုပ် လာရနိုင်ပါတယ်”ဟု တာကာအီချီက ထိုင်ဝမ်ပဋိပက္ခ ဖြစ်ပွားချိန်တွင် ဂျပန်၏ စစ်ရေးအရ ပါဝင်ပတ်သက် နိုင် ခြေနှင့် ပတ်သက်ပြီး နောက်ဆုံး အသေးစိတ် ရှင်းလင်းချက်၌ ထည့်သွင်းပြောကြားခဲ့သည်။
“ကျမတို့နဲ့ ပူးတွဲဆောင်ရွက်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရချိန်မှာ ဂျပန်က ဘာမှမလုပ်ဘဲ ဘေး ရှောင် နေမယ်ဆိုရင် ဂျပန်-အမေရိကန် ဆက်ဆံရေး ပြိုကွဲသွားပါလိမ့်မယ်။ အဲဒါကြောင့် ကျမတို့က လက်ရှိ တည်ရှိနေတဲ့ ဥပဒေဘောင်အတွင်းမှာ တိတိကျကျ တုန့်ပြန် ဆောင်ရွက်သွားမှာဖြစ်ပြီး မြေပြင် အခြေအနေကို သုံးသပ်ပြီး ဆုံးဖြတ်ဆောင်ရွက်သွားမှာပါ”ဟု တာကာအီချီက ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီကို တွေ့ရစဉ်
တာကာအီချီသည် ဇန်နဝါရီ ၂၆ ရက်ညက ဂျပန်ရုပ်သံ အစီအစဉ်တစ်ခုတွင် ထိုမှတ်ချက် စကားများကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။
တာကာအီချီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက လွှတ်တော်တွင် ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ပြော ကြားခဲ့သည့် မှတ်ချက်များကို အသေးစိတ် ရှင်းလင်းတင်ပြရန် သို့မဟုတ် ပြန်လည်ရုပ်သိမ်းရန် အတိုက်အခံ ပါတီများ၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။
ထိုအချိန်က တာကာအီချီသည် ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်မည်ဆိုပါက ဂျပန်က ကြားဝင်ဆောင်ရွက်မည်ဟု ပြောကြားခဲ့သဖြင့် ဂျပန်နှင့် တရုတ်ကြား ဆက်ဆံရေးများသည် ဆယ်စုနှစ် တစ်စုကျော်အတွင်း အနိမ့်ဆုံးအဆင့် သို့ ကျဆင်းသွားခဲ့သည်။
Source: South China Morning Post
