CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆
အာဆီယံ တူညီဆန္ဒ(၅)ချက်ထဲက အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပရေးနှင့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့က ရန်ကုန်မြို့မှာ နိုင်ငံတကာသံတမန်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးသန်းဆွေက “ အာဆီယံတူညီဆန္ဒ(၅)ချက် ဖော်ဆောင်ရာတွင် အရေးကြီးဆုံး အချက်များဖြစ်သည့် အကြမ်း ဖက်မှုများ ရပ်တန့်ရေး၊ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိတယ်”ဟု ပြောသည်။
အိန္ဒိယသံအမတ်ကြီးနဲ့ တရုတ်သံတမန်ကို PDF များရဲ့ တိုက်ခိုက်ခံရမှုကို ဦးချမ်းအေးက ရှင်းပြနေစဉ်
ထို့နောက် PDF များ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၉၃၈ ဦး (အရပ်သား ၄၈၇၈ ဦးနှင့် အစိုးရဝန်ထမ်း ၁၀၆၀ ဦး)ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း၊ PDF သည် အဖျက်အမှောင့် လုပ်ငန်းများ ကျူးလွန်နေသလို ဒီမိုက ရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်များအား အဟန့်အတားဖြစ်အောင် လုပ်ဆောင်နေကြောင်း၊ ၎င်းတို့၏ ဥပဒေ ပြင်ပ လုပ်ရပ်များမှ ပြည်သူများအား ကာကွယ်ရန် အစိုးရအနေဖြင့် PDF များကို တုံ့ပြန်ဆောင်ရွက်ရခြင်း ဖြစ် ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ သက်ရောက်မှုများနှင့် သတင်းမီဒီ ယာ စစ်ပွဲဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် နေရကြောင်း၊ သို့သော်လည်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်း၍ အများပါဝင်နိုင်သော နိုင်ငံရေး လုပ်ငန်းစဉ် ဖော်ဆောင်ခြင်းတို့ဖြင့် ကြိုးပမ်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောသည်။
နိုင်ငံတကာ သံတမန်များကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်း၍ လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ကလည်း အရပ်သားများကို စစ်ပညာသင်ကြားပေးကာ လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းပေး ကာ တိုက်ခိုက်လျက်ရှိနေသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္လာရီတိုင်းဒေသကြီး၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။
အလားတူ မြန်မာ့တပ်မတော်ဘက်က NUG၊ PDF ကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာ၍ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများ ဖိတ်ခေါ်ရာမှာ ချန်ထားသလို NUG၊ PDF ကလည်း မြန်မာ့တပ်မတော်အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာကာ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဟု ကြွေးကြော်ထားသည်။
အဆိုပါ အခြေအနေများကြောင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်လာ ရန် အခက်အခဲဖြစ်နေသည်ဟု ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများက ပြောသည်။