CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုများ တိုက်ပွဲရှောင်စခန်းများတွင် စားဝတ်နေထိုင်ရေး အပါအဝင် ကျန်းမာရေးနှင့် ပညာရေး အကူအညီများ လိုအပ်နေသည်ဟု ရှမ်းတိုက်ပွဲရှောင်ကူညီရေးကော်မတီမှ တာဝန်ရှိသူ က CNI သတင်းဌာနသို့ ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုတိုက်ပွဲရှောင်စခန်းများတွင် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အဓိက အကူအညီ လိုအပ်နေကြောင်း ရှမ်းတိုက်ပွဲရှောင်ကူညီရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။
၎င်းက “လောလောဆယ် ကျနော်တို့ မြို့ပေါ်ဘုန်းကြီးကျောင်း ၈ ကျောင်းနဲ့ ခေမာသီရိရပ်ကွက်က ရှမ်းဓမ္မာရုံ အပါအဝင် မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်ပေါ့နော်။ အဲမှာ ရှမ်းမျိုးနွယ်စုတွေရဲ့ စစ်ရှောင်စခန်း ဖွင့်ထားပါ တယ်။ စုစုပေါင်းဆိုရင်တော့ ၁၁ ခုတော့ရှိတာပေါ့။ ဟိုလူဦးရေနဲ့ ကြည့်မယ်ဆိုရင်တော့ ၄၀၀၀ နီးပါးလောက် တော့ရှိမယ်။ အိမ်ထောင်စုအနေနဲ့ ၇၀၀ လောက်တော့ရှိမယ်ပေါ့။ ကျနော်တို့ ၂၀၂၄ ခုနှစ်၊ ၇ လပိုင်းလောက် ကစပြီးတော့ ကျနော်တို့ ရှမ်းတွေက စစ်ရှောင်နေကြတာဗျ။ တပ်မတော်နဲ့ ဒီ KIA နဲ့ PDF နဲ့ပေါ့နော်။ တိုက်ပွဲ ဖြစ်ပြီးတော့ ကျနော်တို့အခု ဒီရွှေ့လာကြတာပေါ့။ အများဆုံး ရွှေ့လာကြတာကတော့ တာလောတို့ ဒီဘက်က ဝိုင်းမော်ပေါ့လေနော်။ ဒီဗန်မော်၊ အင်းလေး၊ ဖားကန်၊ အဲဘက်ကနေများတယ်။ အဓိက လိုအပ်တာတော့ မိုးရာသီ ကာလဆိုတော့လေ မိုးကာနဲ့က အဆင်မပြေဘူး ဖြစ်တယ်။ ဟိုသွပ်အမိုးလိုတာပေါ့။ သွပ်အမိုးလိုမျိုးတွေ လိုတယ်။ ပြီးတော့ ကျန်းမာရေးလိုတယ်။ ပညာရေးလိုတာပေါ့။ သွားလာရေးကတော့ ထားလိုက်ပါတော့ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတာလေးတွေလည်း ရှိတဲ့အခါကြတော့ သွားရေးလာရေးကတော့ ရပါတယ်။ အဓိက,ကတော့ အဲဒီ ဟိုဟာပေါ့နော် ပညာရေးလေးတွေ သင်ပေးစေချင်တယ်။ ကျန်းမာရေးလေးတွေ စောင့်ရှောက်မှုလည်း ပေးစေချင်တာပေါ့”ဟု ပြောသည်။
ရှမ်းမျိုးနွယ်စုများတိုက်ပွဲရှောင်စခန်းကို တွေ့ရစဉ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် တိုက်ပွဲရှောင်စခန်းပေါင်း ၁၀၀ ကျော် ရှိ၍ အလုံးစုံဖြည့်ဆည်း မပေးနိုင် ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်ဟု တိုက်ပွဲရှောင်များက ပြောသည်။
လက်ရှိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ရှမ်းမျိုးနွယ်စုများတိုက်ပွဲရှောင်စခန်း ၁၁ ခုတွင် လူဦးရေ ၄၀၀၀ ဝန်းကျင်၊ အိမ်ထောင်စုပေါင်း ၇၀၀ နီးပါး နေထိုင်လျက်ရှိကြသည်။
အဆိုပါ တိုက်ပွဲရှောင်များသည် မြန်မာ့တပ်မတော်နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့များကြား ဖြစ်ပွားသည့် တိုက်ပွဲ များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြရသူများဖြစ်သည်။
လတ်တလောမှာတော့ ကချင်ပြည်နယ်၊ ဖားကန့်၊ ဗန်းမော် တို့တွင် မြန်မာ့တပ်မတော်နှင့် KIA-PDF ပူးပေါင်း တပ်ဖွဲ့များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။