CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅

ပြီးခဲ့သည့် ရက်ပိုင်းကမှ ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ကြေညာခံခဲ့ရသူ ဒေါက်တာသီရိမွန်ချမ်းကို မွန်ပြည် ကာကွယ်ရေးတပ်(MSDF)က နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌနှင့် စစ်ဦးစီးအဖွဲ့၏ စစ်ဦးစီးချုပ်တာဝန် များကို ခန့်အပ်လိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မွန်ပြည်ကာကွယ်ရေးတပ်(ဗဟိုစစ်ဌာနချုပ်)တွင် အစည်းအဝေး ကျင်းပပြီး လစ်လပ်နေသော နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီနှင့် စစ်ဦးစီးအဖွဲ့ကို ပြန်လည် ရွေးချယ်တာဝန်ပေးအပ်ခဲ့ သည်ဟု MSDF က ထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီတွင် ဒေါက်တာသီရိမွန်ချမ်း(ဥက္ကဋ္ဌ)၊ နိုင်ကရက်မနိက်(အတွင်းရေး မှူး)၊ ဒုဗိုလ်မှူးကြီးနိုင်ငွေ(အဖွဲ့ဝင်)၊ ဗိုလ်မှူးချမ်းတုံး(တပ်ခွဲချမ်းသိမ်း)၊ ဗိုလ်ကြီးအောင်စိုးမိုး(အဖွဲ့ဝင်)၊ မိနဒီချမ်း (ဘဏ္ဍရေးမှူး)၊ မိစန္ဒာနွန်(ပြည်သူ့ဆက်ဆံရေးတာဝန်ခံ) စသဖြင့် ဖွဲ့စည်းခဲ့သည်။

ဒေါက်တာသီရိမွန်ချမ်းကို ရာထူးခန့်အပ်မှု ပေးတဲ့ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ထို့ပြင် စစ်ဦးစီးအဖွဲ့တွင် ဒေါက်တာသီရိမွန်ချမ်း(စစ်ဦးစီးချုပ်)၊ ဒုဗိုလ်မှူးကြီးနိုင်ငွေ(အဖွဲ့ဝင်)၊ နိုင်ကရက်မနိက် (အဖွဲ့ဝင်)၊ ဗိုလ်မှူးချမ်းတုံး(အဖွဲ့ဝင်)၊ ဗိုလ်ကြီးအောင်စိုးမိုး(အဖွဲ့ဝင်)တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း MSDF က ထုတ်ပြန် ခဲ့သည်။

မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီ ပုံမှန်အစည်းအဝေး (6/2024) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့ပြီး နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းကာ ကော်မတီ ဝင်များမှ ဥက္ကဋ္ဌအဖြစ် ‌ဒေါက်တာသီရိမွန်ချမ်းကို ရွေးချယ်တင်မြှောက်ခဲ့သည်ဟု MSDF က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက် တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး ဆွေးနွေးခဲ့ကြောင်း၊ ကော်မတီဝင်များ အားလုံး၏ သဘောထား ဆန္ဒ အရ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီမှ ဒေါက်တာသီရိမွန်ချမ်းအား ပေးအပ်ထားသော တာဝန်များ အားလုံးကို ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းပြီး MSDF မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါက်တာသီရိမွန်ချမ်းကို ရာထူးမှ ထုတ်ပယ်တဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

လာမည့် တစ်လအတွင်း MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီကို ပြန်လည်တိုးချဲ့ ဖွဲ့စည်းကာ သက်ဆိုင်ရာ တာဝန်ထမ်းဆောင်မည့် သူများကို ရွေးချယ်တင်မြှောက်ပြီး တော်လှန်ရေး တာဝန်များကို ထမ်းဆောင်ရန် ပေး အပ်သွားမည်ဟု MSDF က ထုတ်ပြန်ခဲ့သည်။

မွန်ပြည်ကာကွယ်ရေးတပ်(MSDF)ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် မွန်လက်နက်ကိုင် ၄ ဖွဲ့ပေါင်း၍ မွန်တပ်တော် ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သော အဖွဲ့ဖြစ် သည်။

လက်ရှိတွင် မွန်တပ်တော်ကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ပါဝင်ကြသည်။