CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စဝ်ပန်ဖ၏ တတိယမြောက်သား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းမှာ မင်္ဂလာပွဲ ကျင်းပခဲ့သည်ဟု SSPP က တရားဝင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ မင်္ဂလာဆောင်သို့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ စစ်ဦးစီးချုပ်နှင့် MNDAA မှ ခေါင်းဆောင်တချို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
မင်္ဂလာပွဲ အခမ်းအနားသို့ နှစ်ဖက်မိဘများ ၊ နှစ်ဖက်မိသားစုဝင်များ ၊ မိတ်ဆွေသင်္ဂဟများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း ၃၀၀၀ ဦးကျော် တက်ရောက် ဂုဏ်ပြုအားပေးခဲ့ကြသည်။
