CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၅ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲကို UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ SSPP ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်တို့ တက်ရောက်ခဲ့ကြသည်။

မြောက်ပိုင်းသုံးဖွဲ့၏ နိုင်ငံရေးလိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသလို ဒီမိုကရေစီနှင့်ဖက်ဒ ရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)မှ အခြေခံကျ သော ပုဒ်မများအား ပြင်ဆင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဇန်နဝါရီ ၆ ရက်နေ့တွက် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။

UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုကိုတွေ့ရစဉ်

UWSA၊ NDAA၊ SSPP တို့သည် ပြည်နယ်အဆင့်-ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral) ရေးထိုးထားကြသော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တော့ လက် မှတ် ရေးထိုးထားခြင်း မရှိသေးပေ။

အဆိုပါ မြောက်ပိုင်းသုံးပွင့်သည့် ရက္ခိုင့်တပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်များလည်း ဖြစ်သည်။