CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAOs) သုံးဖွဲ့မှ ခေါင်းဆောင်များ သြဂုတ် ၂၃ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ EAOs သုံးဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(A LP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ဖြစ်ကြသည်။

ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား ၂ ) စသည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး သြဂုတ် ၂၆ ရက်အထိ ဆက်လက် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို NSPNC ဘက်မှ ဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ နစက အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ NSPNC  အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းတို့ တက် ရောက်ခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ PNLO၊ ALP၊ LDU တို့ တွေ့ဆုံ

ထို့နောက် EAOs များဘက်က PNLO ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒုဥက္ကဋ္ဌ ခွန်ထွန်းတင်၊ ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာ လင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခိုင်စိုးမြ၊ LDU ဥက္ကဋ္ဌ ကျာဆော်လမွန်၊ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နစကဥက္ကဋ္ဌသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ဖိတ်ခေါ်ခဲ့ပြီးနောက် ပထမအကြိမ် အနေဖြင့် မေလမှ သြဂုတ်လ ၄ ရက်နေ့အထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-ငြိမ်း ချမ်းရေးကောင်စီ(KNU/KNLA-PC)၊ PNLO၊ ALP၊ LDU တို့ အပါအဝင် NCA မထိုးရသေး သည့် “ဝ”ပြည် သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDA A)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့နှင့် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

ထို့နောက် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို နစကသည် ယခု သြဂုတ် ၂၂ ရက်နေ့က စတင်နေခြင်း ဖြစ်ပြီး ပထမဆုံးအနေဖြင့် PNLO၊ LDU၊ ALP အဖွဲ့တို့နှင့် တွေ့ဆုံ ဆွေးနွေးနေခြင်း ဖြစ်သည်။