- By CNI
- Category: အားကစား
- Hits: 516
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၂
ဘာစီလိုနာအသင်း ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဒီဂျောင်ဟာ အသင်းမှာ ဆက်ရှိဖို့အတွက် လုပ်ခလစာလျှော့ပြီး ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ Catalunya Radio က ဖော်ပြထားပါတယ်။
ဒီဂျောင်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး အသင်းဘက်က သူ့ကို ဆက်ထိန်းသိမ်းချင်တာကြောင့် စာချုပ်သစ်ကမ်းလှမ်းဖို့ အစီအစဉ်ရှိနေတာပါ။
ဒီဂျောင်ဟာ ဒဏ်ရာမှတ်တမ်းတွေကြောင့် ဘာစီလိုနာအသင်း ကစားသမားဘဝကို အဆုံးသတ်ဖို့ အချိန်ရောက် ရှိလာတော့မယ်လို့ အရင်ကသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က သူ့ကိုယုံကြည်မှုရှိကြောင်း ပြသခဲ့ပြီး သူ့ရဲ့ပုံစံပြန်ရဖို့ အတွက် လူစားဝင်အဖြစ် အသုံးပြုမှုတွေ ပြုလုပ်ခဲ့တာပါ။
နည်းပြ ဟန်ဆီဖလစ်ဟာ နောက်ပိုင်းမှာ ဒီဂျောင်ကို ပုံမှန်ပွဲထွက် လူစာရင်းထဲ အသုံးပြုခဲ့ပြီး ပက်ဒရီနဲ့ ကွင်းလယ် မှာ တွဲဖက်ကာ အသင်းကို ရလဒ်ကောင်းတွေ ရရှိစေခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဒီဂျောင်ကို စာချုပ်သက်တမ်းတိုးဖို့က ဘာစီလိုနာအသင်းအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်အဖြစ် ရှိနေတာပါ။

ဒီဂျောင်ကိုတွေ့ရစဉ်
ပြီးခဲ့တဲ့ ဧပြီတုန်းက ဒီဂျောင်ဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိဖွယ် ရှိ/မရှိကို အတည်ပြုဖို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ဒီဂျောင်ဟာ အသင်းမှာ ဆက်ရှိချင်နေပြီး သူတို့ဘက်ကလည်း ဆက်နေချင်စေချင်သလို သူဟာ ဒီပရောဂျက်ရဲ့အဓိက ကစားသမားတစ်ဦး ဖြစ်တယ်လို့ မကြာသေးမီက မှတ်ချက်ပေးခဲ့တာပါ။
နယ်သာလန် ကွင်းလယ်လူဟာ လာလီဂါမှာ လုပ်ခလစာ အများဆုံးရရှိနေတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး ဘာစီလိုနာအသင်းမှာတော့ ဒုတိယမြောက် လုပ်ခလစာ အများဆုံးရရှိတဲ့သူ ဖြစ်ပါတယ်။
ဒီဂျောင်ဟာ ဘာစီလိုနာအသင်းမှာ တစ်နှစ်ကို ယူရို ၁၉ သန်း ရရှိနေပြီး တိုက်စစ်မှူး လီဝန်ဒေါစကီးက တစ်နှစ်ကို ယူရို ၃၃ သန်းရရှိနေတာပါ။
၂၀၁၉ ခုနှစ်က အေဂျက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းအတွက် ၂၅၈ ပွဲ ပါဝင် ကစားထားပြီး ၁၉ ဂိုးသွင်းယူကာ လာလီဂါဖလား ၂ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၆ ခု ရရှိထားတာဖြစ်ပါ တယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 473
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၂
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းဘက်က သူ့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရင် လက်ခံသွားမယ်လို့ စပါးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အာမိုရင်က “ဘုတ်အဖွဲ့နဲ့ ပရိသတ်က ကျနော်ဟာ အသင်းကို ကိုင်တွယ်ဖို့ မှန်ကန်တဲ့သူ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ ရင် ဘာလျော်ကြေးမှ မယူဘဲ မနက်ဖြန် ထွက်ခွာသွားမှာပါ။ ဒါပေမယ့် ကျနော် ရာထူးကနေ နုတ်ထွက်မှာ မဟုတ် ပါဘူး။ ဒီရှုံးနိမ့်မှုကို ရင်ဆိုင်ရမှာပါ။ ကျနော်ဟာ ကျနော့်ရဲ့ အလုပ်အပေါ်မှာ အလွန်ယုံကြည်မှုရှိပါတယ်။ ခင်ဗျားတို့ မြင်တွေ့တဲ့အတိုင်း ကျနော်လုပ်တဲ့ပုံစံကို ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာကတည်းက အသင်းကို ရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ ရုန်းကန်နေရပြီး ယူရိုပါလိဂ်ဖလားလည်း လက်လွှတ်ခဲ့ရတဲ့အတွက် ဒီရာသီကို အဆိုးရွားဆုံးရာသီအဖြစ် အဆုံးသတ်ရတော့မှာပါ။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် ၂၀၁၃-၁၄ ရာသီနောက်ပိုင်း ပထမဆုံး အကြိမ် လာမယ့်ရာသီမှာ ဥရောပဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြအာမိုရင်ရဲ့ အနာဂတ်ကလည်း မေးခွန်းထုတ်စရာတွေ ရှိလာခဲ့တာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
အာမိုရင်ကတော့ အသင်းဘက်က သူ့ကိုထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရင် ဘာလျော်ကြေးမှ မယူဘဲ ထွက်ခွာသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ နည်းပြအာမိုရင်ကို ထုတ်ပယ်ဖို့ အစီအစဉ်မရှိဘဲ လာမယ့် ရာသီအသင်းကို ဆက်ပြီး ကိုင်တွယ်စေဖို့ စီစဉ်ထားတာပါ။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က စပါးအသင်းနဲ့ပွဲမှာ သူတို့ဟာ ပိုပြီးကောင်းခဲ့ပေမယ့် သွင်းဂိုး မသွင်းနိုင်ခဲ့တာ ကြောင့် အရေးနိမ့်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၁၆ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၆ ကြိမ်အထိ ရှိခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့ဘဲ စပါးအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၃ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှာ သွင်းဂိုး ရယူနိုင်ခဲ့တာပါ။
ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် အရေးနိမ့်ထားတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် အဖြစ် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 591
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၂
စပါးအသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဖလားရရှိကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ စပါးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၄၂ မိနစ်မှာ ဘရီနန်ဂျွန်ဆင်က သွင်းယူခဲ့တာ ပါ။
ဒုတိယပိုင်းမှာ ယူနိုက်တက်အသင်းဟာ ချေပဂိုးရရှိနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စပါးအသင်းရဲ့ခံစစ်ကို ကျော်ဖြတ်နိုင်ခဲ့ ခြင်း မရှိတာကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
စပါးအသင်းအတွက် ဒီရာသီ ယူရိုပါလိဂ်ဖလားဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း သူတို့အတွက် ပထမဆုံး ဆုဖလား ဖြစ်ပြီး ၁၇ နှစ်ကြာ ဆုဖလားရရှိဖို့ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်နိုင်ခဲ့တာပါ
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ သူကိုင်တွယ်တဲ့ အသင်းတိုင်းကို ဒုတိယမြောက်ရာသီမှာ ဆုဖလား ရယူပေးနိုင်တဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းသိမ်းနိုင်ခဲ့ပြီး သူ့ရဲ့ကတိစကားကို တည်နိုင်ခဲ့တာဖြစ်ပါတယ်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်နေခဲ့ ပေမယ့် သူကတော့ အသင်းအကြီးအကဲတွေနဲ့ အစည်းအဝေး ပြုလုပ်ဖို့ အစီအစဉ်မရှိသလို ဆွေးနွေးမှုပြု လုပ်ထား တာလည်းမရှိဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

စပါးနဲ့ယူနိုက်တက် ယှဉ်ပြိုင်နေစဉ်
ဒါအပြင် စပါးအသင်းနဲ့ ၂ နှစ်စာချုပ် ကျန်ရှိနေတဲ့ နည်းပြပိုစတီကိုဂလူးဟာ ဒီအစုအဖွဲ့နဲ့ ဆက်ပြီးလက်တွဲ အလုပ်လုပ် ချင်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က လေဗာကူဆင်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စပါးအသင်း ခေါင်းဆောင် ဆွန်ဟောင်မင်အတွက် ယူရိုပါလိဂ်ဖလားဟာ သူ့ရဲ့လန်ဒန်ကလပ် ကစားသမားဘဝမှာ ပထမဆုံးဆုဖလားလည်း ဖြစ်ခဲ့တာပါ။
ဆွန်ဟောင်မင်က အိပ်မက်က အမှန်တကယ် ဖြစ်လာတဲ့အတွက် ပျော်ရွှင်ပြီး သူဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူသားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် ဆွန်ဟောင်မင်က သူဟာ စပါးအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တယ်လို့ ပြောနိုင်ကြောင်း ပွဲအပြီး အင်တာဗျူး မှာ ပြောခဲ့တာပါ။
စပါးအသင်းဟာ ယူရိုပါလိဂ်ဖလားကို အခုတစ်ကြိမ် အပါအဝင် ၃ ကြိမ်မြောက်ရယူနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၇ နေရာ ရပ်တည်နေတဲ့ စပါးအသင်းဟာ ဒီရာသီလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 529
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၁
လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်ဟာ လာမယ့် ၄၈ နာရီအတွင်း အသင်းဟောင်း ရိန်းဂျားစ်အသင်းနဲ့ နည်းပြရာထူးအတွက် ဆွေးနွေးမှုပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
အသက် ၄၄ နှစ်အရွယ်ရှိ စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ ရေပန်း အစားဆုံး ဖြစ်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
စတီဗင်ဂျရတ်ဟာ ပရော်ဖက်ရှင်နယ် အကြောင်းပြချက်နဲ့ ပြင်သစ်မှာ လာမယ့် ရက်သတ္တပတ် ကျင်းပမယ့် ပရဟိတပွဲကနေ နုတ်ထွက်ထားပါတယ်။
ဆောက်သမ်တန်အသင်း နည်းပြဟောင်း ရပ်ဆဲလ်မာတင်လည်း ရိန်းဂျားစ်အသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာပါ။
ဒါပေမယ့် စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်း အကြီးအကဲတွေရဲ့ ထောက်ခံမှုကို ရရှိနေတာဖြစ်ပါတယ်။

စတီဗင်ဂျရတ်ကို တွေ့ရစဉ်
အင်္ဂလန်ကစားသမားဟောင်းဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းကို နောက်ဆုံး ကိုင်တွယ် ထားပြီး အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဇန်နဝါရီမှာ နည်းပြရာထူးကနေ ထွက်ခွာခဲ့ရတာပါ။
စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကို ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ တစ်ရာသီလုံး ရှုံးပွဲမရှိနဲ့ အမှတ်ပေးဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကနေ ထွက်ခွာပြီးနောက်မှာ အက်စတွန်ဗီလာနဲ့ အယ်လ်အက်တီဖတ် အသင်းတွေကို ကိုင်တွယ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။
ရိန်းဂျားစ်အသင်းဟာ ဒီရာသီ စကော့တလန် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၂ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့သလို ပြည်တွင်းပြိုင်ပွဲတွေနဲ့ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။
ရိန်းဂျားစ်အသင်းဟာ ကစားသမား ၆ ဦးကို ထွက်ခွာခွင့်ပေးခဲ့ပြီး နွေရာသီမှာ ကစားသမားသစ်တွေ အားဖြည့်မှာ ဖြစ်သလို နည်းပြသစ်ကိုလည်း ခန့်အပ်နိုင်ဖို့ ပြင်ဆင်နေတာပါ။
ရိန်းဂျားစ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် ဒုတိယအဆင့် ခြေစစ်ပွဲ ကနေ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 673
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၁
ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်ဟာ လာမယ့်နေးရှင်းလိဂ် နောက်ဆုံးအဆင့် ပွဲတွေအတွက် ကစားသမား၂၇ ဦးစာရင်း ထုတ်ပြန်ခဲ့တာမှာ အသင်းခေါင်းဆောင် ရော်နယ်ဒို ပါဝင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်း ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ပါဝင်ကစားထားခြင်း မရှိတဲ့အတွက် သူ့ရဲ့ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတာပါ။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုရခြင်းမရှိသေးဘဲ လက်ရှိ စာချုပ်ဟာ ဇွန် ၃၀ ရက်ဆိုရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ ရော်နယ်ဒိုဟာ ရာသီကုန်ရင် အယ်လ်နာဆာအသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့ ဖော်ပြထားတာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်က ရော်နယ်ဒိုဟာ ဘာပြဿနာမှ မရှိဘဲ ဒီပွဲတွေမှာ ပါဝင်ကစားနိုင်မယ်လို့ ပြောထားပါတယ်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ နေးရှင်းလိဂ်ပြိုင်ပွဲ အပြီးမှာ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် အစားထိုးဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် မာတီနက်ဇ်ကတော့ သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ပြောခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ ပေါ်တိုအသင်းရဲ့ ဆယ်ကျော်သက် တိုက်စစ်မှူး မိုရာကို အသင်းကြီး လူစာရင်းထဲ ပထမဆုံး အကြိမ် ရွေးချယ်ခဲ့ပါတယ်။
ဒါအပြင် ပေါ်တူဂီအသင်းဟာ အေစီမီလန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ပွဲကစားချိန်နည်းနေတဲ့ ဂျာအိုဖီးလစ်နဲ့ ပယ်လ်ဟင်ညာတို့ကိုလည်း လူစာရင်းထဲ ရွေးချယ်ခဲ့တာပါ။
ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်က သူတို့တွေဟာ အသင်းနေးရှင်းလိဂ် နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့တာမှာ အရေးပါတဲ့ ကစားသမားတွေ ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပေါ်တူဂီအသင်း လူစာရင်းထဲမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိနေတဲ့ PSG အသင်းက နူနိုမန်ဒက်စ်၊ ဗီတင်ညာ၊ ဂွန်ကာလိုရာမို့စ်နဲ့ ဂျာအိုနေးဗက်စ်တို့လည်း ပါဝင်နေတာပါ။
ပေါ်တူဂီအသင်းဟာ ဇွန်လ ၄ ရက်မှာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 564
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၁
မန်စီးတီးအသင်းဟာ အသင်းကစားသမားဘဝ နောက်ဆုံးအိမ်ကွင်းပွဲစဉ်ကို ပါဝင်ကစားခဲ့ပြီး ရာသီကုန်မှာ ထွက်ခွာမယ့် ကွင်းလယ်လူ ဒီဘရိုင်းရဲ့ ရုပ်တုကို အီးတီဟတ်ကွင်းအပြင်ဘက်မှာ ထားရှိမယ်လို့ ကြေညာခဲ့ ပါတယ်။
ဒီဘရိုင်းဟာ မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာကလပ် ကစားသမားဘဝ နောက်ဆုံးအိမ်ကွင်းပွဲစဉ်ကို ပါဝင်ကစားခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီဘရိုင်းကို အိမ်ကွင်းမှာ နှုတ်ဆက်မှုပြုလုပ်ခဲ့ပြီး ကွန်ပနီ၊ အဂွေရို၊ စတာလင် အပါအဝင် အသင်းဖော်ဟောင်းတွေက ဗွီဒီယိုကနေတဆင့် ပါဝင်ခဲ့ကြပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ဒီဘရိုင်းကို နှုတ်ဆက်မှု ပြုလုပ်နေချိန်မှာ ငိုကြွေးနေခဲ့တာပါ။
၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၆ ခု ရယူနိုင် ခဲ့ပါတယ်။

ဒီဘရိုင်းကို တွေ့ရစဉ်
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် မန်စီးတီးအသင်းက သူ့ကိုစာချုပ်သစ် မကမ်းလှမ်းဘဲ ထွက်ခွာခွင့် ပေးခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ၄၂၁ ပွဲ ကစားထားပြီး ၁၀၈ ဂိုး သွင်းယူ ထားပါတယ်။
ဒီဘရိုင်းက “အနည်းငယ်တော့ ထူးဆန်းသလို ခံစားရပါတယ်။ ကျနော့်မိသားစုနဲ့ ကျနော့်ကို အားပေးဖို့ အားကစားကွင်း အပြည့်နီးပါးရှိတာက အရာအားလုံးကို ပြောနေတာပါ။ ကျနော့်ရဲ့ရုပ်တုကို ထားရှိမယ်ဆိုတာက ကျနော်ဟာ ဒီကလပ်အသင်းမှာ အမြဲတမ်းရှိနေမယ်ကို ဆိုလိုတာ”လို့ ပြောခဲ့ပါတယ်။
ဒီပွဲမှာ ဒူးအရွတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာကတည်းက အနားယူနေခဲ့ရတဲ့ ကွင်းလယ်လူ ရိုဒရီဟာ ၈ လအကြာမှာ သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် လူစားလဲ ဝင်ရောက်ကစားသွားခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိ ဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်နိုင်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ နီးစပ်သွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 622
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၁
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်မီမှာ ဒီဆုဖလားကို ရယူတာက ကြီးမားတဲ့ အရာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ပတ်ဝန်းကျင်က လုံးဝကွဲပြားခြားနားနေတာကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ ကျနော်ဟာ အသင်း အတွက် အရေးကြီးဆုံး အရာမဟုတ်ဘူးလို့ ပြောတာက ကျနော်တကယ် ပြောနေတာပါ။ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ရင် ဒါက ကြီးမားတဲ့အရာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို သွားဖို့လို အပ်ပြီး ကျနော်တို့ဟာ ဒီပြိုင်ပွဲတွေနဲ့ အဝေးကြီးမှာ ရှိနေပါတယ်။ ဒါက ကျနော့်ရဲ့ခံစားချက်ပါ။ ဥရောပဖလားကို ရယူနိုင်ခဲ့ရင်တောင် မလုံလောက်ဘူးဆိုတာ ကျနော်တစ်ချိန်လုံး ခံစားနေရတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ အလွန်ဆိုးရွားနေပေမယ့် ဥရောပရဲ့ ဒုတိတတန်းပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမှာဖြစ်သလို အပြောင်းအရွှေ့ ဈေးကွက်အတွင်း လှုပ်ရှားမှုတွေကလည်း ပိုပြီးလွယ်ကူစေနိုင်တာပါ။

ယူနိုက်တက်အသင်း ကစားသမားတွေကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ယူရိုပါလိဂ်ဖလားဟာ အသင်းရဲ့ ဒီရာသီကို ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ပြောနေခဲ့တာ ဖြစ်ပါတယ်။
အခုလည်း အာမိုရင်ဟာ ယူနိုက်တက်အသင်းအတွက် ပိုပြီးကြီးမားတဲ့ ပစ်မှတ်တွေကို ထားရှိကြောင်း ပြောခဲ့ တာပါ။
အာမိုရင်ဟာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ရလဒ်ဆိုးတွေကြောင့် ဖိအားအချို့ ရှိနေပေမယ့် လာမယ့် ရာသီအသင်းကို ဆက်ပြီးကိုင်တွယ်ဖို့ အသင်းအကြီးအကဲတွေရဲ့ ထောက်ခံမှုကို ရရှိထားတာဖြစ်ပါတယ်။
ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်အချို့ကို လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဇက်ခ်ဇီ၊ နောက်ခံလူ ဒါလော့နဲ့ ယိုရိုတို့ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ယူနိုက်တက်အသင်းရဲ့ လေကျင့်ခန်းအစီအစဉ်မှာ ပြန်ပါဝင်ခဲ့ကြတာပါ။
ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို မေလ ၂၂ ရက် မနက်ပိုင်း ဘီလ်ဘာအိုအသင်း အိမ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 504
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၀
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်ဟာ နွေရာသီမှာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးရင် ကျောနံပါတ် ၁၀ ကို ပြောင်းလဲဝတ်ဆင်တော့မှာ ဖြစ်ပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးပုံစံတွေ ပြသနေပြီး အသင်းပြည်တွင်းဆုဖလား ၃ ခုစလုံး ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။
နည်းပြဟောင်း ဇာဗီလက်ထက်မှာ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ယာမဲလ်ဟာ လက်ရှိ နည်းပြ ဟန်ဆီဖလစ် လက်ထက်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ပြောင်းလဲ နိုင်ခဲ့ပါ တယ်။
ယာမဲလ်ဟာ ၂၀၂၅ ခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရယူနိုင်မယ့် စာရင်းထဲမှာ ထိပ်ဆုံး ၃ ဦးထဲ ပါဝင်နေ တာပါ။
ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီမှာ ယာမဲလ်ကို အန်ဆုဖာတီဆီကနေ ကျောနံပါတ် ၁၀ ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ယာမဲလ်ကိုတွေ့ရစဉ်
အန်ဆုဖာတီဟာ မက်ဆီထွက်ခွာပြီးနောက် သူ့ရဲ့ကျောနံပါတ် ၁၀ အမွေအနှစ်ကို ဆက်ခံခဲ့ပေမယ့် ဒဏ်ရာ နှိပ်စက်မှုတွေကြောင့် ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိသွားခဲ့တာပါ။
အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ နွေရာသီမှာ အန်ဆုဖာတီကို ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ကတ်တလန်ကလပ်ဟာ ယာမဲလ်ကို အသက် ၁၈ နှစ်ပြည့်တာနဲ့ အသင်းမှာ ကာလကြာရှည်ရှိမယ့် စာချုပ် သစ်ချုပ်ဆိုဖို့ လုပ်ဆောင်ထားတာပါ။
ဘာစီလိုနာအသင်းဟာ ယာမဲလ်နဲ့ ချုပ်ဆိုမယ့် စာချုပ်သစ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံကိုပါ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ မိနစ်ပေါင်း ၈၆၀၀ ကျော် ပါဝင်ကစားထားတဲ့အတွက် နွေရာသီမှာ အနားယူပြီး လာမယ့်ရာသီအတွက် ပြန်လည်အားဖြည့်မှုကို ပြုလုပ်ရမှာပါ။
ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ပါဝင်ကစားထားပြီး ၁၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 478
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၀
ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ဟာ နည်းပြတူဒေါရဲ့ ချီးကျူးမှုကို ခံထားရပေမယ့် နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။
ဗလာဟိုဗစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိ သက်တမ်း ရှိနေပေမယ့် စာချုပ် သက်တမ်းတိုးဖို့နဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခြင်း မရှိသေးတာပါ။
ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အပါအဝင် ဥရောပထိပ်တန်း ကလပ်အချို့က စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းကို ၂၀၂၂ ခုနှစ်က ဖီအိုရင်တီးနားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၄၂ ပွဲ ကစားထားတာမှာ ၅၆ ဂိုးသွင်းယူထားတာပါ။

ဗလာဟိုဗစ်ကို တွေ့ရစဉ်
ဂျူဗင်တပ်စ်အသင်းက အူဒီနီးစ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုး သွင်းယူခဲ့တဲ့ ဗလာဟိုဗစ်ကို နည်းပြတူဒေါက သူဟာ အသင်းအတွက် အနစ်နာခံပြီး ကောင်းမွန်တဲ့ပွဲတစ်ပွဲကို ကစားကာ သူ့ရဲ့တန်ဖိုးကို သက်သေပြခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပါတီဇန်ဘဲလ်ဂရိတ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဗလာဟိုဗစ်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုးပေါင်း ၁၂၀ ကျော် သွင်းယူထားတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ အူဒီးနီးစ်အသင်းကို အနိုင်ရခဲ့ပြီးနောက် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာ ရပ်တည်နေကာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ်နေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီစီးရီးအေ နောက်ဆုံးပွဲစဉ်အဖြစ် ဗီနီစီယာအသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရလဒ် ရရှိတာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 456
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၀
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံး ၅ သင်းထဲ ဝင်ရောက်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်ကတော့ ကျနော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ်လို့ ထင်ပါတယ်။ ကျနော်တို့ ရမှတ် ၄ မှတ်လိုပြီး ဒါက အဓိကပစ်မှတ်ပါ။ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုတာ လုံးဝယုံကြည်မှုရှိပါတယ်။ ကစားဖို့ ၂ ပွဲ ရှိနေပြီး ရမှတ် ၄ မှတ်ရရင် လုံလောက်ပါပြီ။ လူတိုင်းဒါကို ရယူချင်တယ်”လို့ ပြောခဲ့တာပါ။
လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် ချန်ပီယံလီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့သာ ဝင်ခွင့် သေချာသေးပြီး ကျန် ၃ နေရာအတွက် နယူးကာဆယ်၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာ၊ မန်စီးတီးနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။
နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ရမှတ် ၆၆ မှတ် ရရှိထားပြီး မန်စီးတီးအသင်းက ၁ ပွဲလျော့ ရမှတ် ၆၅ မှတ်နဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းကလည်း ရမှတ် ၆၅ မှတ်ရရှိထားတာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို နောက်ဆုံး အကြိမ်လွဲချော်ခဲ့တာက ၂၀၁၉-၁၀ ရာသီက ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ရမှာပါ။

မန်စီးတီးအသင်းကို တွေ့ရစဉ်
ဒါအပြင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက်လည်း နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ရမှာဖြစ်ပေမယ့် နည်းပြဂွာဒီယိုလာက မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ဟာ ဒီရာသီ မန်စီးတီးအသင်းရဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဉ် ဖြစ်သလို ရာသီကုန်မှာ ထွက်ခွာမယ့် ကွင်းလယ်လူဒီဘရိုင်းရဲ့ မန်စီးတီးအသင်း ကစားသမားဘဝ နောက်ဆုံး အိမ်ကွင်းပွဲစဉ်ပါ။
ဒီဘရိုင်းဟာ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ မန်စီးတီးအသင်းကနေ ရာသီကုန်မှာ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဒီပွဲကို အနိုင်ရချင် ပြီး ဒီဘရိုင်းကလည်း အသင်းအတွက် ဒီလိုရလဒ်မျိုး ရယူပေးချင်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source: CNA
