CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄
လီဗာပူးလ်အသင်းဟာ အသက် ၁၈ နှစ်အရွယ်ရှိ ပါးမားအသင်းနောက်ခံလူ ဂျီယိုဗန်နီလီယိုနီကို ပေါင် ၂၆ သန်း ဝန်းကျင်နဲ့ခေါ်ယူပြီး အသင်းမှာ ကာလရှည်ကြာရှိမယ့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဗဟိုနောက်ခံလူ ဂျီယိုဗန်နီလီယိုနီဟာ လီဗာပူးလ်အသင်းရဲ့ အဓိက ပစ်မှတ် ဖြစ်လာခဲ့ပြီးနောက် အန်ဖီးလ်ထံ ပြောင်းရွှေ့လာခဲ့တာပါ။
အီတလီ ယူ-၁၉ ကစားသမားဟာ ပါဒိုဗာအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့ပြီး မနှစ်က နွေရာသီမှာ ပါးမားအသင်းထံ မပြောင်းရွှေ့မီ ဆမ်ဒိုရီးယားအသင်းမှာ ကာလတို အငှားသွားရောက် ကစားခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ခံစစ်ပိုင်းကို ပိုပြီး အားကောင်းအောင် ပြုလုပ်နေပြီး ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံလူ မာခ့်ဂူဟီကို ခေါ်ယူနိုင်ဖို့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တဲ့ မာ့ခ်ဂူဟီအတွက် ပေါင်သန်း ၄၀ လိုချင်နေပြီး လီဗာပူးလ်အသင်းက ဒီပမာဏထက် လျော့ပြီးပေးဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
လီယိုနီကိုကို တွေ့ရစဉ်
ခရစ္စတယ်ပဲလေ့စ်အသင်း အကြီးအကဲက ဂူဟီကို လာမယ့် နွေရာသီမှာ အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချသွားမယ်လို့ ပြောထားပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် သူတို့ရဲ့ ခံစစ်လိုအပ်ချက်အတွက် လီယိုနီနဲ့ ဂူဟီတို့ ၂ ဦးစလုံးကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူမှုအတွက် ပေါင်သန်း ၂၇၀ ကျော် သုံးစွဲထားပေမယ့် ကစားသမား ရောင်းချမှုကနေ ပေါင်သန်း ၁၇၀ ပြန်ပြီး ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက်ကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပြီး ကစားသမား ကိုယ်တိုင်က လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။
လီဗာပူးလ်အသင်း အနေနဲ့ လီယိုနီ၊ ဂူဟီနဲ့ အစ်ဆက်တို့ကို ခေါ်ယူနိုင်ခဲ့ရင် သူတို့ရဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင်သန်း ၄၀၀ ကျော်လွန်သွားမှာ ဖြစ်ပါတယ်။
Source: BBC