- By CNI
- Category: အားကစား
- Hits: 485
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
အင်္ဂလန်အသင်းဟာ လတ်ဗီးယားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ အနည်းငယ် ရုန်းကန်ခဲ့ရတယ်လို့ နည်းပြတူချယ်လ်က ဝန်ခံခဲ့ပါတယ်။
တူချယ်လ်က “လွယ်ကူတဲ့ပွဲတော့ မဟုတ်ပါဘူး။ ကောင်းတဲ့အရာတွေ အများကြီးတွေ့ခဲ့ရသလို အခွင့်အရေး ကောင်းတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ သွင်းဂိုးရရှိဖို့အတွက် ဖရီးကစ် ကန်ချက် လိုအပ်ခဲ့ပါတယ်။ စိတ်နေ စိတ်ထား၊ စွမ်းအင်၊ ဆန္ဒတွေနဲ့အတူ ကျနော်ပျော်ရွှင်ပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ရဲ့ စတင်မှုက နှေးကွေးခဲ့ ပြီး လှုပ်ရှားမှုတွေလည်း အနည်းငယ်ပဲ ပြုလုပ်ခဲ့တာက အဓိပ္ပါယ်မရှိပါဘူး။ ဒုတိယဂိုး ရယူနိုင်ခဲ့တာက ကောင်းမွန် ခဲ့ပါတယ်။ ကျနော်တို့ဟာ ဂိုးမသွင်းနိုင်ခင် အချိန်အထိ အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်”ပြောခဲ့တာပါ။
လတ်ဗီးယားအသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ဂိုးတွေကို ရီစီဂျိမ်းစ်၊ ဟာရီကိန်းနဲ့ အီဇီတို့က သွင်းယူခဲ့ ကြတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြသစ် တူချယ်လ် လက်ထက် ကစားခဲ့တဲ့ ၂ ပွဲစလုံး ပေးဂိုးမပေးရဘဲ ရာနှုန်းပြည့်နိုင်ပွဲ ရယူထားနိုင်တာပါ။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၈ ကြိမ် ရှိခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ ကစားခဲ့တဲ့ပုံစံကို နည်းပြတူချယ်လ်က အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
လတ်ဗီးယားအသင်းနဲ့ပွဲစဉ်မှာ ဖရီးကစ် ကန်ချက်ကနေ လှပတဲ့ ဂိုးသွင်းယူခဲ့တဲ့ ရီစီဂျိမ်းစ်ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့တာပါ။
ရီစီဂျိမ်းစ်နဲ့ ချယ်လ်ဆီးအသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ နည်းပြတူချယ်လ်က သူ့ရဲ့အရည်အသွေးကို သိပြီး သူဟာ ဒဏ်ရာကြောင့် ပွဲအများအပြား မကစားထားပေမယ့် ကောင်းမွန်တဲ့ပုံစံရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် နည်းပြတူချယ်လ်က ကွင်းလယ်လူ ဘယ်လင်ဂမ်ကို လူစားလဲခဲ့တာက အနီကတ်ထိမှာကို ရှောင်ချင်တဲ့ အတွက် ဖြစ်တယ်လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ နောက်ထပ် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အန်ဒိုရာအသင်းနဲ့ ဇွန်လ ၇ ရက်မှာ ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 577
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ လက်စွမ်းပိုင်း တည်ငြိမ်မှုမရှိတဲ့ ဂိုးသမား အိုနာနာကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ နွေရာသီမှာ ကစားသမား အများအပြားကို ရောင်းချဖို့ စီစဉ်နေပြီး ဒီအထဲမှာ ကင်မရွန်း ဂိုးသမား အိုနာနာလည်း ပါဝင်လာခဲ့တာပါ။
၂၀၂၃ ခုနှစ် နွေရာသီက အင်တာမီလန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အိုနာနာဟာ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားတာမှာ ကောင်းမွန်တဲ့ ဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။
ဒါပေမယ့် အိုနာနာဟာ ယူနိုက်တက်အသင်းမှာ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေနဲ့အတူ ဝေဖန်မှု အများအပြား ခံခဲ့ရတာပါ။

အိုနာနာကို တွေ့ရစဉ်
အိုနာနာကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေပြီး နည်းပြအာမိုရင်က သူ့အတွက် ကမ်းလှမ်းမှုတွေ ရောက်ရှိလာခဲ့ရင် ထွက်ခွာခွင့်ပေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ အိုနာနာ ထွက်ခွာခဲ့ရင် သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် အန့်ဝါတ့်အသင်းက လန်မန်းစ်နဲ့ လိုင်လီအသင်းက ချီဗာလီရာကို ပစ်မှတ်ထားနေတာပါ။
ယူနိုက်တက်အသင်းဟာ အိုနာနာကို ရောင်းချဖို့ စီစဉ်နေပေမယ့် သူကတော့ အသင်းမှာပဲ ဆက်ရှိချင်နေတယ်လို့ သိရပါတယ်။
အိုနာနာနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာပါ။
ယူနိုတက်အသင်းဟာ အငှားချထားတဲ့ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ မာလာစီယာတို့ကို နွေရာသီမှာ ရောင်းချသွားဖို့ ရှိနေသလို စာချုပ်ကုန်ဆုံးမယ့် အဲရစ်ဆန်နဲ့ လင်ဒီလော့ဖ်တို့ကို ထွက်ခွာခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေတာပါ။
မန်ချက်စတာကလပ်ဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 588
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄
အမေရိကန်အသင်းဟာ ကွန်ကာကပ်ဖ် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် အသင်း အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အချိန်အလုံအလောက်ရှိတယ်လို့ နည်းပြပိုချက်တီနိုက ပြောခဲ့ပါတယ်။
ပိုချက်တီနိုက “နေးရှင်းလိဂ် ရလဒ်တွေအတွက် ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျနော်တို့မှာ အချိန် ရှိတယ်လို့ ထင်တဲ့အတွက် အခုရှုံးနိမ့်တာက ပိုကောင်းပါတယ်။ ဘာလို့လဲဆိုရင် တစ်နှစ်အတွင်း ဒီလို အခြေအနေ မျိုးမှာ ရှိနေမယ်ဆိုရင် သေချာပါတယ်။ ကျနော် ခင်ဗျားတို့ကို ပြောမှာပါ။ ဟောက်စတန် ငါတို့မှာ ပြဿနာတွေ ရှိနေတယ်ဆိုပြီး”လို့ ပြောခဲ့တာပါ။
အမေရိကန်အသင်းဟာ ကွန်ကာကပ်ဖ် နေးရှင်းလိဂ်ပြိုင်ပွဲကို စတင်ကျင်းပခဲ့တဲ့ ၃ ကြိမ်စလုံးမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ အခုတစ်ကြိမ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၄ ကြိမ် ဆက်တိုက် ရယူနိုင်ဖို့ ရည်မှန်းခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ ပနားမားအသင်းကို ၁ ဂိုး-ဂိုးမရှိ၊ တတိယနေရာလုပွဲမှာ ကနေဒါအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေး နိမ့်ခဲ့တာပါ။

ပိုချက်တီနိုကို တွေ့ရစဉ်
အဲဒါကြောင့် အမေရိကန်အသင်းဟာ ၂၀၂၄-၂၅ ကွန်ကာကပ်ဖ် နေးရှင်းလိဂ်ပြိုင်ပွဲမှာ စတုတ္ထနေရာသာ ရရှိခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အသင်းနည်းပြ ပိုချက်တီနိုက ဒီရလဒ်အတွက် ပရိသတ်တွေ အပါအဝင် အားလုံးစိတ်ပျက် နေကြပေမယ့် ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ဖို့ အချိန်ရှိတယ်လို့ ယုံကြည်နေတာပါ။
အမေရိကန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ ဒီပြိုင်ပွဲမှာ နိုင်ငံအသင်း အောင်မြင်မှု ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ ကွန်ကာကပ်ဖ် ရွှေဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ရှိနေပြီး ဒီပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
အမေရိကန်အသင်းဟာ ကွန်ကာကပ်ဖ် ရွှေဖလားပြိုင်ပွဲ မတိုင်ခင် ခြေစမ်းပွဲတွေအဖြစ် ဇွန်လထဲမှာ တူရကီ၊ ဆွစ်ဇာလန်အသင်းတို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 747
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄
ဂျူဗင်တပ်စ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် အသင်းကို ကိုင်တွယ်တာ ၉ လကြာသာရှိသေးတဲ့ နည်းပြ သီယာဂိုမော့တာကို ရာထူးကနေ ထုတ်ပယ်ပြီး အီဂေါတူဒေါကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်တွေမှာ ဖီအိုရင်တီးနားအသင်းကို ၃ ဂိုး-ဂိုး မရှိ၊ အတ္တလန်တာအသင်းကို ၄ ဂိုး-ဂိုးမရှိတွေနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရလဒ်ဆိုးတွေကြောင့် စီးရီးအေ အမှတ်ပေးဇယားအဆင့် ၄ နေရာက ဘိုလော့ဂ်နာ အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်နဲ့ ကိုပါအီတာလီယာဖလား ပြိုင်ပွဲတွေကနေလည်း ထွက်ခွာ ထားရတာပါ။
အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ သီယာဂိုမော့တာကို ရာထူးကနေ ထုတ်ပယ်ပြီး သူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ အီဂေါတူဒေါကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ ပါတယ်။

ဂျူဗင်တပ်စ်အသင်းကို တွေ့ရစဉ်
အီဂေါတူဒေါဟာ ဂျူဗင်တပ်စ်အသင်းမှာ ၁၉၉၈ ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ပြီး စီးရီးအေ ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့တာပါ။
ခရိုအေးရှား ကစားသမားဟောင်းဟာ ဂျူဗင်တပ်စ်အသင်းကို နည်းပြပီယာလို ကိုင်တွယ်ချိန်က လက်ထောက် နည်းပြ အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။
အီဂေါတူဒေါဟာ သူ့ရဲ့နည်းပြဘဝမှာ ဂါလာတာစာရေး၊ အူဒီနီးစ်၊ မာဆေးလ်နဲ့ လာဇီယိုအသင်းတွေကို ကိုင်တွယ် ခဲ့ပါတယ်။
အီဂေါတူဒေါဟာ ဂျူဗင်တပ်စ်အသင်းကို လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးရတော့မှာပါ။
ဂျူဗင်တပ်စ်အသင်းဟာ လာမယ့် စီးရီးအေပွဲစဉ်အဖြစ် ဂျီနိုအာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 581
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အမျိုးသားနိုင်ငံတကာ ဘောလုံးလောကမှာ နိုင်ပွဲအများဆုံး ကစားသမားအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်တင် မှတ်တမ်းကို ရရှိခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ဒိန်းမတ်အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အချိန်ပိုမှာ အနိုင်ရရှိခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် မတိုင်ခင်မှာ ဒီဂုဏ်ပြု မှတ်တမ်းကို လက်ခံရရှိခဲ့တာပါ။
ဘောလွန်းဒီအောဆုကို ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းဖော်ဟောင်း ရာမို့စ်ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး နိုင်ငံတကာဘောလုံးပွဲတွေမှာ နိုင်ပွဲ ၁၃၂ ပွဲနဲ့ နိုင်ပွဲ အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အမျိုးသားနိုင်ငံတကာ ဘောလုံးလောကမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ဂင်းနစ် ကမ္ဘာ့စံချိန်တင်ထားတာပါ။
ရော်နယ်ဒိုဟာ ဒိန်းမတ်အသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၆ မိနစ်မှာရရှိတဲ့ ပင်နယ်တီကို ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့ ပေမယ့် ဒုတိယပိုင်းပွဲချိန် ၇၂ မိနစ်မှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ဒီသွင်းဂိုးကြောင့် ၂၂ နှစ်ဆက်တိုက် နိုင်ငံတကာသွင်ဂိုးကို ရယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းအတွက် ၂၁၉ ပွဲ ပါဝင်ကစားထားပြီး ၁၃၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ဒိန်းမတ်အသင်းကို ပထမအကျော့ပွဲစဉ်မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ မှာ ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။
အဲဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့တာမှာ ပေါ်တူဂီအသင်းက အနိုင်ဂိုး ၂ ဂိုးရရှိပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ကာ ဒီပွဲတွေကို ဇွန်လထဲ ကျင်းပသွားမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 602
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၂
ဘရာဇီးလ်ကြယ်ပွင့် ရာဖင်ညာက သူဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာလုနီးပါး ဖြစ်ခဲ့ပေမယ့် နည်းပြ ဟန်ဆီဖလစ်ကြောင့် သူ့ရဲ့စိတ်ပြောင်းလဲ သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ရာဖင်ညာက “ကိုပါအမေရိကဖလား အပြီးမှာ ဘာစီလိုနာကနေ ထွက်ခွာဖို့ ကျနော် စဉ်းစားခဲ့ပါတယ်။ နည်းပြ ဟန်ဆီဖလစ်က ကျနော့်ကို မခေါ်ဆိုခင်ချိန်အထိ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေခဲ့ပါဘူး။ နေ့တိုင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်နေခဲ့ပါတယ်။ ကျနော့်ကို ထွက်ခွာဖို့ တောင်းဆိုနေတဲ့ သူတွေလဲ တွေ့ခဲ့ရလို့ ထွက်ခွာဖို့ကို အလေးအနက် စဉ်းစားခဲ့ပါတယ်။ နည်းပြဟန်ဆီဖလစ်နဲ့ စကားပြောပြီးချိန်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ဒါက အချိုးအကွေ့ဖြစ်ခဲ့တာပါ”လို့ ပြောခဲ့တာပါ။
ရာဖင်ညာရဲ့ ဘာစီလိုနာအသင်း ကစားသမားဘဝ အစပိုင်းဟာ ရုန်းကန်ခဲ့ရပြီး မျှော်လင့်ထားသလို ဖြစ်မလာခဲ့ ပါဘူး။
ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်း တောင်ပံကစားသမား နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့ပြီး ဒီအပြောင်းအရွှေ့ ဖြစ်ဖို့အတွက် ရာဖင်ညာကို ရောင်းချမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ရာဖင်ညာကို တွေ့ရစဉ်
အပြောင်းအရွှေ့ ထင်ကြေးတွေနဲ့ ဝေဖန်မှုတွေက ရာဖင်ညာရဲ့ ဘာစီလိုနာအသင်း ကစားသမားဘဝ အနာဂတ်ကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။
အဲဒါကြောင့် ရာဖင်ညာဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို မချမှတ်ခင်မှာ နည်းပြဟန်ဆီဖလစ်နဲ့ စကားပြောဆိုမှု တွေ ပြုလုပ်ခဲ့တာပါ။
ရာဖင်ညာဟာ နည်းပြနဲ့ တွေ့ဆုံပြီးနောက်မှာ သူ့ရဲ့တန်ဖိုးကို သက်သေပြတဲ့ အနေနဲ့ ဆက်နေပြီး စိန်ခေါ်မှုပြု လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ရာဖင်ညာဟာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေပြီး ဘာစီလိုနာအသင်းအတွက် ဒီရာသီ ကစားထားတဲ့ ၄၂ ပွဲမှာ ၂၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုအကြိမ် ၂၀ အထိပြုလုပ်ထားခဲ့တာပါ။
ရာဖင်ညာဟာ လက်ရှိပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ၂၀၂၅ ခုနှစ်အတွက် ဘောလွန်းဒီအောဆု ရယူနိုင်မယ့် စာရင်းထဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 703
CNI Sport News
၂၀၂ ခုနှစ်၊ မတ်လ ၂၂
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ကလပ်အသင်းပေါင်းများစွာ ပိုင်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုမရှိတဲ့ မက္ကဆီကိုအသင်း ကလပ်လီယွန်ကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ဖယ်ရှားခဲ့ပါတယ်။
ကလပ်လီယွန်အသင်းဟာ ၂၀၂၃ ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ချန်ပီယံအဖြစ် ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ခွင့်ရခဲ့ပြီး အုပ်စုတွင်း အဖွင့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒါပေမယ့် ကလပ်လီယွန်အသင်းဟာ ဒီပြိုင်ပွဲမှာ ပါဝင်နေတဲ့ နောက်ထပ် မက္ကဆီကိုကလပ် ပါချူကာအသင်းနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတာကို ဖီဖာက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဖီဖာဟာ ကလပ်လီယွန်အသင်းကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။

မွန်တာရေးအသင်းကို တွေ့ရစဉ်
ကလပ်လီယွန်အသင်းကတော့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူဘဲ သူတို့ကို ပြိုင်ပွဲဝင်ခွင့် ငြင်းပယ်ခဲ့တဲ့အပေါ် အားကစားခုံရုံးထံ အယူခံဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဖီဖာဟာ ကလပ်လီယွန်အသင်းရဲ့နေရာမှာ ကော်စတာရီကာ ကလပ်အသင်းဖြစ်တဲ့ အလာဂျူလန်ဆီအသင်းကို အစားထိုးမယ်လို့ သိရပါတယ်။
၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကွန်ကာကပ်ဖ်က ၄ သင်းအထိ ဝင်ခွင့်ရထားပြီး မက္ကဆီကိုကလပ် မွန်တာရေးနဲ့ မေဂျာလိဂ်ကလပ် ဆီတဲလ်ဆောင်းဒါးအသင်းတို့လည်း ယှဉ်ပြိုင်ခွင့်ရရှိထားတာပါ။
၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ အမေရိကန်နိုင်ငံမှာ အသင်းပေါင်း ၃၂ သင်းနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 610
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၂
ဘရာဇီးလ်အသင်းက ကိုလံဘီယာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဦးခေါင်း ဒဏ်ရာ ရရှိခဲ့တဲ့ ဘရာဇီးလ်ဂိုးသမား အယ်လီဆန်ဟာ အသင်းထံ ပြန်လာမယ်လို့ လီဗာပူးလ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။
အယ်လီဆန်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၇၀ ကျော်မှာ ကိုလံဘီယာအသင်း နောက်ခံလူ ဒါဗင်ဆန်ဆန်းချက်ဇ်နဲ့ ဦးခေါင်းချင်း တိုက်မိခဲ့ပြီး နှစ်ဦးစလုံး ကွင်းထဲလဲကျ သွားခဲ့တာပါ။
ဆေးအဖွဲ့ဝင်တွေဟာ ကွင်းထဲကို အမြန်ဆုံး ဝင်ရောက်ကာ ဆေးကုသမှုတွေ ပြုလုပ်ပြီးနောက်မှာ နှစ်ဦးစလုံးဟာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် အယ်လီဆန်ဟာ လီဗာပူးလ်အသင်း ဆေးအဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှု ပြုလုပ်တာကို ခံယူဖို့ မာဆေးဆိုဒ်ထံ ပြန်လာရမှာပါ။
အယ်လီဆန်ဟာ ဘရာဇီးလ်အသင်း လူစာရင်းကနေ ထွက်ခွာခဲ့တာကြောင့် အာဂျင်တီးနားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို လွဲချော်သွားပြီ ဖြစ်ပါတယ်။

အယ်လီဆန် ဦးခေါင်းဒဏ်ရာရသွားစဉ်
ဘရာဇီးလ်အသင်းဟာ ကိုလံဘီယာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
အာဂျင်တီးနားအသင်းကတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ နိုင်ငံတကာပွဲတွေ ယှဉ်ပြိုင်နေချိန်အတွင်းမှာ အယ်လီဆန် အပါအဝင် ပြင်သစ်နောက်ခံလူ ကိုနာတေးနဲ့ နယ်သာလန်ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်ရဲ့ ဒဏ်ရာတွေကြောင့်လည်း စိုးရိမ်စရာတွေ ရှိနေရတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၁၂ မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ဧပြီ ၂ ရက်မှာ အဲဗာတန်အသင်းနဲ့ လိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 540
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၂
အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ သူကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာ အယ်လ်ဘေးနီးယားအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် ပိုပြီးကောင်းအောင် လုပ်ရမယ်လို့ အင်္ဂလန်အသင်းကို သတိပေးခဲ့ပါတယ်။
တူချယ်လ်က "ကျနော်တို့ ပိုကောင်းအောင် လုပ်နိုင်တယ်၊ ကျနော်တို့ ပိုပြီးကောင်းအောင် လုပ်ရပါမယ်။ ကျနော် တို့ ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး ၇ မိနစ် ဒါမှမဟုတ် ၈ မိနစ်မှာ ဘောလုံးပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းနဲ့ ဘောလုံး ပေးပို့မှုတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ဟာ အလွန်နှေးကွေးလွန်းတယ်လို့ ခံစားခဲ့ရကြောင်း”ITV ကို ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ စကယ်လီ၊ ဟာရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အယ်လ်ဘေးနီးယားအသင်းကို အနိုင်ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ ဒီပွဲမှာ ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်းထဲ အသုံးပြုခဲ့သလို စကယ်လီနဲ့ ဒန်ဘန်းတို့ကို သူတို့ရဲ့လက်ရွေးစင် ကစားသမား ပွဲဦးထွက်အဖြစ် အသုံးပြုခဲ့တာပါ။

အင်္ဂလန်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်း ကြယ်ပွင့် စကယ်လီဟာ ဒီပွဲမှာ ဂိုးသွင်းပြီး အင်္ဂလန် ကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။
တူချယ်လ်ဟာ စကယ်လီကို အံ့သြစရာကောင်းတဲ့ ကစားသမားအဖြစ် ချီးကျူးခဲ့ပြီး ဒါက သူနဲ့ထိုက်တန်တယ်လို့ ပြောခဲ့တာပါ။
စကယ်လီနဲ့ အာဆင်နယ်အသင်းမှာ အတူတွဲကစားနေတဲ့ အင်္ဂလန်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က သူဟာ ကြောက်ရွံ့မှု မရှိသလို ကွင်းထဲမှာ အရာအားလုံးကို မှန်ကန်စွာလုပ်ပြီး ၁၈ နှစ်အရွယ်သာ ရှိသေးတာ ကြောင့် ဒါက သူ့အတွက် အစပဲရှိသေးတယ်လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် မတ်လ ၂၄ ရက်မှာ နောက်ထပ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လတ်ဗီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 446
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၁
ဒီရာသီကုန်ရင် လိုင်လီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အင်္ဂလန်ကွင်းလယ်လူ အိန်ဂျယ်လ်ဂိုးမက်စ်ဟာ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။
ယူနိုက်တက် အကယ်ဒမီထွက် အိန်ဂျယ်လ်ဂိုးမက်စ်ဟာ ၂၀၂၀ ခုနှစ်က လိုင်လီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။
အိန်ဂျယ်လ်ဂိုးမက်စ်ဟာ လိုင်လီအသင်းအတွက် ပွဲပေါင်း ၁၃၀ ကျော် ပါဝင်ကစားထားပြီး ခြေစွမ်းပြသနိုင်ခဲ့ တာကြောင့် ယာယီနည်းပြအဖြစ် လီကာစလေ ကိုင်တွယ်ခဲ့တုန်းက အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ အိန်ဂျယ်လ်ဂိုးမက်စ်ဟာ လာမယ့် နွေရာသီဆိုရင် လိုင်လီအသင်းနဲ့ စာချုပ်မရှိတော့လို့ သူ့ကိုခေါ်ယူဖို့ ဥရောပကလပ် အများအပြားက စိတ်ဝင်စားနေကြတာပါ။
The Guardian က ဝက်စ်ဟမ်းအသင်းဟာ အိန်ဂျယ်လ်ဂိုးမက်စ်ကို တစ်ပတ်လုပ်ခပေါင် ၁ သိန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းနည်းပြ ဂရေဟမ်ပေါ်တာဟာ လာမယ့်ရာသီမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး အိန်ဂျယ်လ်ဂိုးမက်စ်ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

အိန်ဂျယ်လ်ဂိုးမက်စ်ကို တွေ့ရစဉ်
ဒါပေမယ့် အိန်ဂျယ်လ်ဂိုးမက်စ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းအတွက် ၄ ပွဲ ပါဝင်ကစားထားတဲ့ အိန်ဂျယ်လ်ဂိုးမက်စ်ကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
အိန်ဂျယ်လ်ဂိုးမက်စ်ဟာ လီကာစလေကိုင်တွယ်ခဲ့တုန်းက အင်္ဂလန်လူစာရင်းမှာ ၃ ကြိမ်စလုံး ရွေးချယ်ခံခဲ့ ရပေမယ့် နည်းပြသစ် တူချယ်လ်ကတော့ သူ့ကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။
အိန်ဂျယ်လ်ဂိုးမက်စ်ဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် လိုင်လီအသင်းအတွက် ပြင်သစ်လီဂူး-၁ မှာ ၁၀ ပွဲသာ ပွဲထွက် လူစာရင်း ပါဝင်ခဲ့ရတာပါ။
အိန်ဂျယ်လ်ဂိုးမက်စ်ဟာ ဒီရာသီမှာ လိုင်လီအသင်းအတွက် ပြိုင်ပွဲစုံ ၂၀ ပွဲပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးထားတာဖြစ်ပါတယ်။
Source:Dailymail
