CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉

ချယ်လ်ဆီးအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ကာကွယ်ဖို့ အာမခံချက် မရှိတဲ့အတွက် ၂၀၂၉ ခုနှစ်ကျရင် ကျင်းပမယ့်ပြိုင်ပွဲမှာ ချန်ပီယံဆု ကာကွယ်ခွင့် လွဲချော်ဖွယ်ရှိနေပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ပုံစံအသစ်နဲ့ ပြောင်းလဲကျင်းပခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ PSG အသင်းကို ဗိုလ်လုပွဲမှာ အနိုင်ရပြီး ချန်ပီယံဆုရရှိခဲ့တာပါ။ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ပွဲစီစဉ်သူတွေဟာ ချန်ပီယံဖြစ်တဲ့ အသင်းကို လာမယ့်ပြိုင်ပွဲမှာ အလိုအလျောက် ဝင်ခွင့်ပေးဖို့ ရှိ/မရှိ စဉ်းစားနေပြီး ဒါက လက်ရှိ အခြေအနေမှာ မဟုတ်ဘူးလို့ The Times က ဖော်ပြထားပါတယ်။ 

ဖီဖာဟာ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ထိပ်တန်းလိဂ်တွေကို ပြိုင်ပွဲဝင် ၂ သင်းစီ ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး ပရီးမီးယားလိဂ်က မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတာပါ။ 

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်

ပြီးခဲ့တဲ့ရာသီက အင်္ဂလန်၊ အီတလီနဲ့ စပိန်လိဂ်တွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်၊ နာပိုလီနဲ့ ဘာစီလိုနာအသင်း တို့ဟာ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် မရခဲ့ပါဘူး။ 

ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ရာသီသစ်အတွက် ပြင်ဆင်နေပြီး လေဗာကူဆင်အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့တာမှာ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ သြဂုတ် ၁၀ ရက်မှာ အေစီမီလန်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ရှိနေပြီး ဒီပွဲပြီးရင် ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ သြဂုတ် ၁၇ ရက်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source: Goal