- By CNI
- Category: အားကစား
- Hits: 471
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၀
ဘရာဇီးလ်ဂန္ထဝင် ကစားသမားတစ်ဦးဖြစ်တဲ့ ကာကာက နည်းပြအန်ဆယ်လော့တီရဲ့ နည်းပြအဖွဲ့ဝင်ထဲ ဝင်ရောက်ပြီး နိုင်ငံအသင်းကို ကူညီဖို့ အဆင်သင့်ပဲလို့ ဖွင့်ဟခဲ့ပါတယ်။
ကာကာက “ကျနော်ဟာ တစ်နည်းနည်းနဲ့ ကူညီပေးနိုင်မယ်လို့ အသင်းဘက်ကထင်ရင် ကျနော်လည်း ဒီအချိန်မှာ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ကျနော်ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ကျနော်ဟာ ၂၀၁၇ မှာ ကစား တာကနေ ရပ်တန့်ပြီး ဟားဗတ်မှာ အားကစားဆိုင်ရာ စီးပွားရေး သင်တန်းတွေ တက်ခဲ့ပါတယ်။ ပြီးတော့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်မှာ နည်းပြသင်တန်းတက်ခဲ့ပါတယ်။ ကျနော်ဟာ နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွေ့အကြုံရှိပါတယ်။ အခွင့်အရေးရရင် ဘရာဇီးလ်လက်ရွေးစင်အတွက် တာဝန်ထမ်းဆောင်ဖို့ ကျနော် အဆင်သင့် ဖြစ်နေပါပြီ”လို့ Caze TV ကို ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ အန်ဆယ်လော့တီဟာ သူ့ရဲ့ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ကာကာကို နည်းပြအဖွဲ့ဝင်ထဲ ထည့်သွင်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ကာကာနဲ့ အန်ဆယ်လော့တီတို့ဟာ အေစီမီလန်၊ ရီးရယ်လ်အသင်းတို့မှာ အတူလက်တွဲပြီး အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့တာပါ။
ကာကာဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၀၂ ကနေ ၂၀၁၆ ခုနှစ်အထိ ပွဲပေါင်း ၉၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၉ ဂိုး သွင်းယူကာ ၂၀၀၂ ကမ္ဘာ့ဖလား၊၂၀၀၅ နဲ့ ၂၀၀၉ ကွန်ဖက်ဒရေးရှင်း ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

အန်ဆယ်လော့တီနဲ့ ကာကာကို တွေ့ရစဉ်
ရီးရယ်လ်အသင်းကို ကိုင်တွယ်နေတဲ့ အန်ဆယ်လော့တီဟာ ဒီရာသီ လာလီဂါပြိုင်ပွဲ ပြီးဆုံးချိန်အထိ ကိုင်တွယ်ပြီးရင် မေလ ၂၆ ရက်မှာ ဘရာဇီးလ်အသင်းကို စတင်ကိုင်တွယ်တော့မှာပါ။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းသမိုင်းမှာ ပထမဆုံး နိုင်ငံခြားသားနည်းပြလည်း ဖြစ်ခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို ဇွန်လ ၅ ရက်မှာ ယှဉ်ပြိုင်မယ့် အီကွေဒေါအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်ကို သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် တာဝန်ယူမှာပါ။
ဘရာဇီးလ်အသင်းဟာ ဒီပွဲအပြီး ၅ ရက်အကြာမှာ ပါရာဂွေးအသင်းနဲ့ ခြေစစ်ပွဲဆက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ခြေစစ်ပွဲ ၁၄ ပွဲ ကစားထားပြီး ရမှတ် ၂၁ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်တယ်လို့ ESPN က ဖော်ပြထားပါတယ်။
- By CNI
- Category: အားကစား
- Hits: 588
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၉
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဘရာဇီးလ်ကလပ်ရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုကို လက်ခံ ရရှိထားတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြထားပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းကို ရောက်ရှိလာ ကတည်းက ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူနေပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၉ ပွဲကစား ထားတာမှာ ၉၇ ဂိုး သွင်းယူထားတာပါ။
ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရပြီး လာမယ့်ရာသီ အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ အခြေအနေတွေကို စိတ်ပျက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကိုလည်း ရပ်တန့်ထားတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ဒီအချိန်မှာ ရော်နယ်ဒိုဟာ ဘရာဇီးလ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တာကြောင့် ရာသီကုန်မှာ အယ်လ်နာဆာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာပါ။
စပိန်သတင်းစာမာကာက ရော်နယ်ဒိုကို ကမ်းလှမ်းခဲ့တဲ့အသင်းကို အတိအကျ မသိပေမယ့် သူ့ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရနိုင်မယ့် အခွင့်အရေး ရှိနေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးလ် ကလပ်အသင်းတွေဖြစ်တဲ့ ပါလ်မီးရပ်စ်၊ ဖလူမင်နက်စ်၊ ဖလာမင်ဂိုနဲ့ ဘိုတာဖိုဂိုတို့ ယှဉ်ပြိုင်ခွင့် ရရှိထားတာပါ။
ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ဆုံးမှာဖြစ်လို့ သူဟာမကြာခင်မှာ အနာဂတ်ကို ဆုံးဖြတ်ချက်ချဖွယ် ရှိနေပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွေအဖြစ် အယ်လ်ခါလီ၊ အယ်လ်ဖာ တက် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 579
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၉
စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပေါ်တူဂီအမှတ်ပေးဖလားကို ထပ်မံရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ယိုကီရက်စ်ဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
ယိုကီရက်စ်က “ဒါက ဘောလုံးဖြစ်ပြီး ကျနော်ဒီမှာ ရှိနေဆဲပါပဲ။ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်မသိပါဘူး။ ဘယ်သူကမှ အနာဂတ်ကို ခန့်မှန်းလို့ မရပါဘူး။ ဆုဖလားရယူနိုင်ဖို့က ကျနော်တို့ လိုချင်တဲ့အရာပါ။ ပရိသတ်တွေ ရဲ့ အားပေးမှုတွေက မယုံနိုင်စရာဖြစ်ပြီး လမ်းမတွေပေါ်မှာ လူတွေအများကြီးပါပဲ။ ပရိသတ်တွေနဲ့အတူ အောင်ပွဲ ခံချင်တယ်လို့ Sport TV ကို ပြောခဲ့တာပါ။
ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲ ကစားထားပြီး ၅၃ ဂိုးသွင်းယူကာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ယိုကီရက်စ်ဟာ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတာကြောင့် ဒီရာသီဟာ သူ့ရဲ့ စပို့တင်း လစ္စဘွန်း အသင်းကစားသမားဘဝ နောက်ဆုံးရာသီလို့ သတင်းတွေမှာ ဖော်ပြထားကြတာပါ။
အာဆင်နယ်အသင်း အားကစားဒါရိုက်တာသစ် ဘာတာဟာ ယိုကီရက်စ်ကို အသင်းထံခေါ်ယူနိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နေတာပါ။

ယိုကီရက်စ်ကို တွေ့ရစဉ်
ယိုကီရက်စ်နဲ့ စပို့တင်းလစ္စဘွန်း အသင်းတို့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၅ သန်းရှိပေမယ့် စပို့တင်းလစ္စဘွန်းအသင်းဟာ သူ့ကို ပေါင်သန်း ၆၀ နဲ့ ၇၀ သန်းကြားရရှိရင် ထွက်ခွာခွင့် ပေးဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပေမယ့် တစ်ပတ်လုပ်ခပေါင် ၂ သိန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းကလည်း ယိုကီရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အခြားပစ်မှတ်တွေကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ ပေါ်တူဂီဖလား ဗိုလ်လုပွဲအဖြစ် ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ယိုကီရက်စ်ဟာ ကလပ်အသင်းနဲ့အတူ ဒီရာသီနောက်ထပ် ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 504
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၉
နာပိုလီအသင်းဟာ ပါးမားအသင်းနဲ့ ဂိုးမရှိသရေကျကာ ဒီရာသီ စီးရီးအေဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပြီးနောက် နည်းပြကွန်တီက သူ့အတွက် အခက်အခဲဆုံးရာသီလို့ ပြောခဲ့ပါတယ်။
ကွန်တီက “ကျနော့်အတွက် အခက်အခဲ ဆုံးရာသီဆိုတာ သေချာပါတယ်။ ကျနော် အရာအားလုံးကို ပေးခဲ့ပြီး ကန့်သတ်ချက်တွေကို ကျော်လွန်သွားခဲ့ပါတယ်။ ကျနော် အလွန်ပင်ပန်းနေပြီး ရာသီကလည်း ကုန်ဆုံးတော့မှာပါ။ နာပိုလီအသင်းရဲ့ စိတ်အားထက်သန်မှုတွေက အံ့သြစရာကောင်းပြီး လက်တွေ့ကျတဲ့ စွမ်းဆောင်ရည်ထက် ပိုများတဲ့ တောင်းဆိုချက်နဲ့ မျှော်လင့်ချက်တွေပါ ယူဆောင်လာရပါတယ်။ ကျနော်တို့ဟာ ဆုဖလားရဖို့နီးစပ်နေပြီး ပရိသတ်တွေနဲ့အတူ အိမ်ကွင်းမှာ အောင်ပွဲခံသွားမယ်”လို့ ပြောခဲ့တာပါ။
နာပိုလီအသင်းဟာ ပါးမားအသင်းနဲ့ ပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ ပင်နယ်တီရခဲ့ပေမယ့် VAR ကစစ်ဆေးပြီး ပယ်ဖျက်ခဲ့တာကြောင့် နစ်နာခဲ့ရတာ ဖြစ်ပါတယ်။
နာပိုလီအသင်းဟာ ပါးမားအသင်းနဲ့ သရေကျခဲ့သလို အမှတ်ပေးဇယား အဆင့် ၂ နေရာက အင်တာမီလန်အသင်း ကလည်း လာဇီယိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာပါ။

နာပိုလီနဲ့ဂျူဗင်တပ်စ်အသင်း ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် နာပိုလီအသင်းဟာ ဒီရာသီ နောက်ဆုံးပွဲစဉ်ကစားဖို့ ၁ ပွဲအလိုမှာ အင်တာမီလန်အသင်းကို ရမှတ် ၁ မှတ်ဖြတ်ပြီး အဆင့် ၁ နေရာမှာ ဦးဆောင်ထားတာ ဖြစ်ပါတယ်။
နာပိုလီအသင်းဟာ စီးရီးအေ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ကာဂလီယာရီအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ရရှိတာနဲ့ ၃ နှစ် အတွင်း ဒုတိယအကြိမ်မြောက် စီးရီးအေဖလားကို ရယူနိုင်တော့မှာပါ။
နာပိုလီအသင်းနည်းပြ ကွန်တီဟာ ဒီပွဲစဉ်ရဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ တိုက်ရိုက် အနီကတ် ပြသခံခဲ့ ရတာကြောင့် ကာလီယာရီအသင်းနဲ့ ပွဲစဉ်ကို ကွင်းအတွင်း ကြီးကြပ်နိုင်တော့မှာ မဟုတ်ဘဲ ပွဲကြည့်စင်ပေါ် ကနေသာ ကြည့်ရှုရမှာဖြစ်ပါတယ်။
အသက် ၅၅ နှစ်အရွယ်ရှိ ကွန်တီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေဖလား ၃ ကြိမ်၊ အင်တာမီလန်အသင်းနဲ့ စီးရီးအေဖလား ၁ ကြိမ် ရရှိထားပြီးဖြစ်တဲ့အတွက် နာပိုလီအသင်းနဲ့ ရယူနိုင်ခဲ့ရင် သူ့ရဲ့နည်းပြဘဝမှာ စီးရီးအေ ဖလားကို ၅ ကြိမ်အထိ ကိုင်မြှောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 473
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၉
အာဆင်နယ်အသင်းနည်းပြ အာတီတာက နယူးကာဆယ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အသင်း အတွက် ဆုဖလားတွေ ရယူပေးမယ်လို့ ကတိပြုခဲ့ပြီး နွေရာသီမှာ ငွေကြေး အများအပြားသုံးစွဲဖို့ အစီအစဉ် ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
အာတီတာက “လူတိုင်းအတွက် ကြီးမားတဲ့နွေရာသီ ဖြစ်လာပါလိမ့်မယ်။ ကျနော်ဟာ ဆုဖလားတွေ ရယူပေးနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်သွားမယ်ဆိုတာကို ကတိပေးချင်ပါတယ်။ ကျနော် အရာအားလုံးကို ပေးသွားမှာပါ။ ဒီမှာရှိနေတဲ့ လူတွေဆီကနေ အကောင်းဆုံးအရာတွေကို ရယူဖို့လုပ်ဆောင်သွားမှာပါ။ ပရိသတ်တွေဟာ ပိုပြီး လိုချင်သလို မျှော်လင့်ချက်တွေလည်း ရှိပါတယ်။ ကျနော်တို့ အတူတူ လုပ်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိဖို့လိုတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့ပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ ရာသီ ဆက်တိုက်အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရတာပါ။
ဒါအပြင် အာဆင်နယ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလား ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရပြီး FA ဖလားပြိုင်ပွဲမှာ တတိယအဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်က FA ဖလားကို ရယူပြီးနောက် အဓိကဆုဖလားတွေနဲ့ ဝေးကွာနေတာ ၅ နှစ်ကြာခဲ့ပြီဖြစ်တာပါ။

အာဆင်နယ်နဲ့ နယူးကာဆယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းနည်းပြ အာတီတာက လာမယ့်ရာသီမှာ အသင်းကို ဆုဖလားတွေ ရယူပေးနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နွေရာသီမှာ စာချုပ်ကုန်ဆုံးသွားပြီဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ တီယာနေးကို ထွက်ခွာခွင့် ပေးရမှာဖြစ်သလို အငှားကစားသမားတွေဖြစ်တဲ့ စတာလင်နဲ့ နက်တိုတို့ကိုလည်း သူတို့ရဲ့အသင်းဆီ ပြန်ပို့ရမှာပါ။
ဒါအပြင် ဇင်ချန်ကို အပါအဝင် ကစားသမား အချို့ကလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေလို့ လာမယ့်ရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် ကစားသမားအင်အား ပြန်လည်ဖြည့်တင်းရမှာ ဖြစ်ပါတယ်။
အာတီတာကတော့ ချန်ပီယံဆု ရယူနိုင်ဖို့အတွက် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ သူတို့လုပ်စရာရှိ တာတွေလုပ်ဖို့ အသင်းဘုတ်အဖွဲ့ကို ပြောထားတာပါ။
အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး တိုက်စစ်ပိုင်းအတွက် နီကိုဝီလီယံစ်၊ ဆက်စ်ကို၊ ယိုကီရက်စ်နဲ့ အစ်ဆက်တို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 647
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၇
လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်က ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ့် ညာနောက်ခံလူ အာနိုးလ်ကို ဒီရာသီ လက်ကျန်ပွဲတွေမှာ လှောင်ပြောင်မှုတွေ မပြုလုပ်ဖို့ အသင်းပရိသတ်တွေကို တောင်းဆို ခဲ့ပါတယ်။
ဆာလက်က “အာနိုးလ်ဟာ ဒီမှာ နှစ် ၂၀ ကြာကစားပြီး အရာအားလုံးကို ပေးခဲ့တဲ့သူ ဖြစ်တဲ့အတွက် ဒီလိုတုံ့ပြန် တာမျိုး မခံရသင့်ပါဘူး။ သူဟာ ကောင်းမွန်တဲ့ နှုတ်ဆက်မှုခံရဖို့ ထိုက်တန်ပါတယ်။ ကျနော်သူ့ကို အရမ်းလွမ်း နေမှာဖြစ်ပြီး နှုတ်ဆက်ပွဲမှာ မျက်လုံးချင်းဆုံအောင် မကြည့်ဖို့တောင် သူ့ကိုပြောခဲ့ပါတယ်။ သူဟာ မြို့နဲ့ကလပ် အတွက် အများကြီးလုပ်ခဲ့ပြီး လီဗာပူးလ်အသင်း သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ် နိုင်ပါတယ်။ သူဟာ စိန်ခေါ်မှုအသစ် လိုချင်နေပြီး ဒါကသူ့ရဲ့ ဆုံးဖြတ်ချက်ပါ”လို့ Sky Sports မှာ ပြောခဲ့တာပါ။
ဒီရာသီကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တဲ့ အာနိုးလ်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်း နဲ့ပွဲစဉ်မှာ လူစားလဲဝင်ရောက်ချိန် အသင်းပရိသတ်အချို့ရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
အာနိုးလ်ဟာ နှစ်ပေါင်း၂၀ ကြာ ကစားခဲ့တဲ့ လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ့် သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် အသင်းပရိသတ်တွေက ဝေဖန်မှုတွေ အများအပြား ပြုလုပ်ခဲ့ကြတာပါ။

အာနိုးလ်နဲ့ဆာလက်ကို တွေ့ရစဉ်
ဆာလက်ကတော့ အာနိုးလ်ကို လှောင်ပြောင်ခဲ့တဲ့ လုပ်ရပ်အပေါ် ဝမ်းနည်းမိကြောင်းနဲ့ လာမယ့်ပွဲတွေမှာ လှောင်ပြောင်တာကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အာနိုးလ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် နွေရာသီမှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေပြီး စပိန်ကလပ်ဟာ သူ့ကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်စေဖို့ ကြိုးပမ်းနေတာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ အာနိုးလ်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၃၅၃ ပွဲ ပါဝင်ကစားထားပြီး ၂၃ ဂိုး သွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၈ ခု ရယူထား နိုင်ပါတယ်။
ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေအဖြစ် ဘရိုက်တန်၊ ပဲလေ့စ်အသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 516
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၈
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျာမန်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် ဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ ၂ ရက်က လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။ သူကိုကြည့်ရ တာ ကောင်းမွန်တဲ့ ပုံစံရှိနေပေမယ့် ဆေးအဖွဲ့ဝင်တွေက သူ့ရဲ့အခြေအနေကို ရှင်းပေးဖို့လိုပါတယ်။ သူပါဝင်ဖွယ် ရှိ၊မရှိ ကျနော်တို့ဆုံးဖြတ်မှာပါ”လို့ ပြောခဲ့တာပါ။
ကိုင်ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဒူဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်မှုခံယူခဲ့ရကာ ရာသီကုန်အထိ အနားယူရဖွယ် ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုင်ဟာဗက်ဇ်ဟာ မကြာသေးမီက အသင်းနဲ့အတူ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ကာ ဒီရာသီ လက်ကျန်ပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့ အခွင့်အရေးရှိလာခဲ့တာပါ။

လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ သေချာအောင် လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေမှာ ရလဒ်ကောင်း တွေ ရယူနိုင်ဖို့လိုအပ်တဲ့ အာဆင်နယ်အသင်းအတွက် ဟာဗက်ဇ် ပြန်ပါဝင်ကစားနိုင်မှာက သတင်းကောင်း ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ်ရယူနိုင်ရင် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှာပါ။
အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့ကြား ရမှတ်ကွာဟမှုက ၂ မှတ်သာရှိပါတယ်။
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ပြီးရင် ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 442
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၇
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက FA ဖလားဟာ ဒီရာသီမှာ အသင်းရဲ့ဦးစားပေး မဟုတ်ပေမယ့် ဆုဖလားကို ရယူချင်တယ်လို့ ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲမတိုင်မီ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ဟာ ဗိုလ်လုပွဲကို ရောက်ရှိနေတဲ့အတွက် ဆုဖလားကို ရယူချင်ပါတယ်။ ဒါကအလွန် အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ရာသီက ဗိုလ်လုပွဲကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ FA ဖလားဗိုလ်လုပွဲဟာ ဂုဏ်ယူစရာကောင်းတဲ့ အခွင့်ထူးဖြစ်ပြီး ၃ နှစ်ဆက်တိုက် ရောက်ရှိခဲ့တဲ့အတွက် ကျနော်တို့ကောင်းမွန်စွာ စွမ်းဆောင်ရမှာပါ။ ချန်ပီယံဆုကိုရယူဖို့ လန်ဒန်ကို ရောက်ရှိနေပြီ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရယူ နိုင်ဖို့ ရုန်းကန်နေရသလို ချန်ပီယံလိဂ် ပြိုင်ပွဲကနေလည်း စောစီးစွာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် FA ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။

ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက FA ဖလား ရယူနိုင်ခဲ့ရင်တောင် ဒီရာသီဟာ သူတို့အတွက် အလွန် ဆိုးရွားတဲ့ ရာသီအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂွာဒီယိုလာဟာ မန်စီးတီးအသင်းအတွက် FA ဖလား ချန်ပီယံဆုကို ရယူပေးဖို့ ဆန္ဒရှိနေတာပါ။
မန်စီးတီးအသင်းဟာ FA ဖလားဗိုလ်လုပွဲကို ၃ နှစ်ဆက်တိုက် တက်နိုင်ခဲ့ပြီး နောက်ဆုံး ၂ ရာသီမှာ ချန်ပီယံဆုကို ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ပဲလေ့စ်အသင်းဟာ FA ဖလား ဗိုလ်လုပွဲကို နောက်ဆုံးရောက်ရှိခဲ့တဲ့ ၂ ကြိမ်စလုံး အရေးနိမ့်ခဲ့တဲ့အတွက် ဒီနှစ်ဗိုလ်လုပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်ထားတာပါ။
မန်စီးတီးနဲ့ ပဲလေ့စ်အသင်းတို့ရဲ့ FA ဖလားဗိုလ်လုပွဲကို မေလ ၁၇ ရက် ည ၁၀ နာရီ ဝင်ဘာလေကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 557
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၇
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ချယ်လ်ဆီးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲက ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် အသင်းလူစာရင်းကို ဆုံးဖြတ်ဖို့ အကူအညီဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ဒီပွဲက ဗိုလ်လုပွဲအတွက် ပြင်ဆင်ဖို့ အလွန်ကောင်းမွန်တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ကစားသမားတွေကို ၁၀ ရက်လောက် ပွဲမကစားခိုင်းခဲ့ရင် အမှားအယွင်း ဖြစ်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ရယူနိုင် ခဲ့ပြီး ပြိုင်ဘက်အသင်းကို တွန်းအားပေးနိုင်ခဲ့ပါတယ်။ ဒီကလပ်မှာတော့ ပွဲတွေအနိုင်ရဖို့ လိုအပ်ပြီး ကျနော်တို့ဟာ နိုင်ပွဲတွေ မရယူနိုင်ခဲ့ပါဘူး။ ဒီပွဲက ဗိုလ်လုပွဲအတွက် ပွဲထွက်လူစာရင်းကို ရွေးချယ်ဖို့ ကျနော့်ကို အများကြီး အကူအညီ ဖြစ်စေခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဂိုးတွေအများကြီး သွင်းယူနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၈ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့ပြီး ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
ဒါဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ် အရှည်ကြာဆုံး နိုင်ပွဲပျောက်ဆုံး ခဲ့တာပါ။

ချယ်လ်ဆီးနဲ့ယူနိုက်တက် ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် ၃၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၄ နေရာအထိ တက်နိုင်ခဲ့ပြီး နောက်ဆုံး ပွဲစဉ်မှာ အနိုင်ရခဲ့ရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံတွေ့နေရပေမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရဖို့ရှိနေပြီး နိုင်ပွဲရယူနိုင်ခဲ့ရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ် ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို အပြည့်အဝ အာရုံစိုက်နေတာပါ။
ယူနိုက်တက်နဲ့ စပါးအသင်းရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို မေလ ၂၂ ရက် ဘီလ်ဘာအိုအသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။
Source: tntsports
- By CNI
- Category: အားကစား
- Hits: 523
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၆
၁၃ နှစ်ကြာကစားခဲ့တဲ့ လက်စတာအသင်းကနေ ရာသီကုန်မှာ ထွက်ခွာမယ့် အသင်းခေါင်းဆောင်ဗာဒီက သူဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်သေးတယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
ဗာဒီက “ကျနော်ဟာ ထိပ်တန်းအဆင့်မှာ ၁၀၀ ရာခိုင်နှုန်း ဆက်ပြီးရှိချင်ပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ ရူးသွပ်ဖို့ကောင်းတဲ့ ကမ္ဘာပါ။ ဒါကြောင့် ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။ ကျနော် ဟာ နောက်လာမယ့် အရာအတွက် အမြဲတမ်း စိတ်လှုပ်ရှားနေပါတယ်။ ကျနော့် ခြေထောက်တွေ အဆင်ပြေနေတဲ့ အချိန်ထိ ဆက်ကစားသွားမယ်” လို့ Sky Sports ကိုပြောခဲ့တာပါ။
ဗာဒီဟာ လာမယ့် အစ်စဝှစ်ချ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ လက်စတာအသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားမှာ ဖြစ်ပါတယ်။
ဒီပွဲဟာ ဗာဒီအတွက် လက်စတာအသင်း ကစားသမားဘဝ ပွဲပေါင်း ၅၀၀ ပြည့်မယ့်ပွဲပါ။

ဗာဒီကို တွေ့ရစဉ်
လက်စတာအသင်းဟာ ရာသီပိတ် နောက်ဆုံးပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိသေးပေမယ့် ဗာဒီကို ဒီပွဲမှာ အသုံးပြုဖို့ မရှိတော့တာဖြစ်ပါတယ်။
လက်စတာအသင်းကနေ ထွက်ခွာမယ့် အသက် ၃၈ နှစ်အရွယ်ရှိ ဗာဒီကို ခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ်တွေ စိတ်ဝင်စားနေသလို မေဂျာလိဂ် ကလပ်အသင်း အချို့ကလည်း သူ့ကို ပစ်မှတ်ထားနေတာပါ။
ဒါပေမယ့် ဗာဒီကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲလို ထိပ်တန်းအဆင့်မှာ ပွဲတွေဆက်ပြီးကစားဖို့ အာရုံစိုက် နေတာဖြစ်ပါတယ်။
ဗာဒီဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်စတာအသင်းအတွက် ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ခြင်းမရှိတာပါ။
ဗာဒီဟာ သူ့ရဲ့ ၁၃ နှစ်ကြာ လက်စတာအသင်း ကစားသမားဘဝမှာ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ်စီ၊ ချန်ပီယံရှစ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Dailymail
