
- By CNI
- Category: အားကစား
- Hits: 649
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁
ကနေဒါအမျိုးသမီးအသင်းဟာ ဒရုန်းနဲ့ထောက်လှမ်းတဲ့ အရှုပ်တော်ပုံကြောင့် အိုလံပစ်ပြိုင်ပွဲမှာ ရမှတ် ၆ မှတ်လျှော့တဲ့ ပြစ်ဒဏ်ချမှတ်ခံထားရပေမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကိုလံဘီယာအသင်းကို အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ကနေဒါအသင်းဟာ ကိုလံဘီယာ အသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် အုပ်စုတွင်း ၃ ပွဲစလုံးကို အနိုင်ရရှိခဲ့တာပါ။
ကနေဒါအသင်းဟာ အုပ်စုပွဲစဉ် အားလုံးကို အနိုင်ရခဲ့ပေမယ့် ရမှတ်လျှော့ ပြစ်ဒဏ်ကြောင့် ၃ မှတ်သာ ရရှိသေးတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကနေဒါအသင်းဟာ ကိုလံဘီယာအသင်းကို ဂိုးကွာခြားချက်နဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရခဲ့တာ ကြောင့် အုပ်စုတွင်း ဒုတိယနေရာနဲ့ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
ကိုလံဘီယာအသင်းဟာ ကနေဒါအသင်းကို အရေးနိမ့်ခဲ့ပေမယ့် အကောင်းဆုံး အုပ်စုတတိယနဲ့ ကွာတားဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကနေဒါအသင်းဟာ အစောပိုင်းက သူတို့ကို အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပေါ် နိုင်ငံတကာအားကစားခုံရုံးထံ အယူခံဝင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။
ကနေဒါအမျိုးသမီးအသင်းကိုတွေ့ရစဉ်
ကနေဒါအသင်းဟာ အယူခံပယ်ခံခဲ့ရပေမယ့် နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီး အိုလံပစ်ချန်ပီယံဆုကို ကာကွယ်နိုင် မယ့် မျှော်လင့်ချက်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကနေဒါအမျိုးသမီးအသင်းနည်းပြ ပရီးစ်မန်းနဲ့ နည်းပြအဖွဲ့ဝင် ၂ ဦးကတော့ ၁ နှစ်ပွဲပယ်နဲ့ အိုလံပစ်ပြိုင်ပွဲကနေ အိမ်ပြန်ပို့ခံခဲ့ရပြီး ဒီပြစ်ဒဏ်ကိုတော့ ကနေဒါအသင်းဘက်က အယူခံဝင်ခဲ့ခြင်းမရှိပါဘူး။
ကိုလံဘီယာအသင်းဘက်ကို အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဂီလက်စ်က အသင်းသားတွေအားလုံး အတူတကွ လက်တွဲ လုပ်ဆောင်မှုတွေကြောင့် ဒီလိုမျိုးရလဒ်ကို မြင်တွေ့ခဲ့ရတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ကနေဒါအသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အုပ်စုတွင်းပွဲစဉ်တွေအပြီးမှာ အခြားကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် အိမ်ရှင်ပြင်သစ်နဲ့ ဘရာဇီးလ်၊ စပိန်နဲ့ ကိုလံဘီယာ၊ အမေရိကန်နဲ့ ဂျပန်အသင်းတို့ တွေ့ဆုံနေကြတာပါ။
အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ် ၃ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1104
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရာသီကြိုခြေစမ်းပွဲတွေမှာ တိုက်စစ်မှူး ဟာလန်းကို စောစောစီးစီး လူစားလဲခဲ့ရတာက သူအဆင်မပြေသလို ခံစားခဲ့ရတာကြောင့်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက "ဟာလန်းက အဆင်မပြေသလို ခံစားနေရပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ စွန့်စားမှု မပြုလုပ် ချင်ပါဘူး။ ရာသီသစ်ရောက်ဖို့က နီးလာပါပြီ။ သူ့ကိုသာ ဆက်အသုံးပြုရင် ၃ ပတ် ဒါမှမဟုတ် ၁ လလောက် ဆုံးရှုံး ရနိုင်ပါတယ်။ ဒါက ပြဿနာဖြစ်မှာပါ။ သူဟာ ကောင်းမွန်တယ်လို့ မခံစားရလို့ ဒုတိယပိုင်းမှာ မကစားဖြစ်ခဲ့တာ ပါ"လို့ ပြောပါတယ်။
ဟာလန်းဟာ အေစီမီလန်၊ ဘာစီလိုနာအသင်းတို့နဲ့ ခြေစမ်းပွဲတွေရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါ တယ်။
ပရီးမီးယားလိဂ် ရာသီသစ် ပြန်လည်စတင်ဖို့ ၂ ပတ်သာလိုတော့တဲ့ အချိန်မှာ ဟာလန်းရဲ့ဒဏ်ရာ အခြေအနေဟာ မန်စီးတီးအသင်းအတွက် စိုးရိမ်စရာတွေ ရှိလာခဲ့တာပါ။
ဟာလန်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂ ရာသီမှာ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ခဲ့ပြီး အသင်းကို ဆုဖလားအောင်မြင်မှုတွေ ရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းကို တွေ့ရစဉ်
ဟာလန်းသာ ဒဏ်ရာကြောင့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ် အစပွဲစဉ်တွေကို လွဲချော်ခဲ့ရင် မန်စီးတီးအသင်း အတွက် အခက်တွေ့နိုင်ပေမယ့် ပြိုင်ဘက်အသင်းတွေအတွက် သတင်းကောင်းဖြစ်နိုင်တာပါ။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမား အများအပြား မပါဝင်ဘဲ ရာသီကြိုခြေစမ်းပွဲတွေကို ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဆဲလ်တစ်၊ အေစီမီလန်၊ ဘာစီလိုနာအသင်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲ ၃ ပွဲကစားထားပြီး ၃ ပွဲ စလုံး နိုင်ပွဲမရရှိသေးတာပါ။
မန်စီးတီးအသင်းဟာ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ဩဂုတ် ၄ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1416
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်ဟာ ချယ်လ်ဆီးအသင်းထံ အငှားနဲ့ ပြောင်းရွှေ့နိုင်တယ်ဆိုပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို အေးဂျင့်ဖြစ်သူ ကာလန်ဒါက သူ့ရဲ့ဆိုရှယ်မီဒီယာကနေ တုန့်ပြန်ခဲ့ ပါတယ်။
ကာလန်ဒါက “ဗစ်တာနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ဆန်တဲ့ လဲလှယ်မှုတွေအကြောင်းကို ကျနော်ဖတ်မိခဲ့ပြီး သူဟာ အလျင်အမြန် ပြောင်းရွှေ့ရမယ့်ပုံစံ ဖြစ်နေပါတယ်။ သူဟာ နာပိုလီအသင်းသမိုင်းမှာ တတိယမြောက် စီးရီးအေ ဖလားကို ရယူခဲ့တာမှာ ဂိုးသွင်း အများဆုံးဖြစ်ခဲ့တဲ့သူပါ။ အဲဒါကြောင့် လေးစားပြီး ဒီလိုသတင်းအတုတွေကို ရပ်တန်းကရပ်ကြပါ”လို့ ရေးသားခဲ့တာပါ။
အိုဆင်ဟမ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ နာပိုလီအသင်းက ထွက်ခွာဖွယ်ရှိနေတာကြောင့် သူနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ ထင်ကြေးတွေ အမျိုးမျိုးထွက်ပေါ်နေတာ ဖြစ်ပါတယ်။
မကြာသေးခင်က သတင်းတွေမှာ အိုဆင်ဟမ်ဟာ ချယ်လ်ဆီးအသင်းထံ တစ်ရာသီအငှား၊ နောက်ရာသီမှာ ဝယ်ယူဖို့ ရွေးချယ်ခွင့်နဲ့ ပြောင်းရွှေ့တော့မယ်လို့ ဖော်ပြထားတာပါ။
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး လူကာကူက နာပိုလီအသင်းထံ အပြီးသတ် ပြောင်းရွှေ့ချင်နေတာဖြစ်လို့ နာပိုလီနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အပြောင်းအရွှေ့ ဆွေးနွေးကြရင်း အိုဆင်ဟမ်ရဲ့ အပြောင်းအရွှေ့ပါ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
အိုဆင်ဟမ်ကို တွေ့ရစဉ်
အသက် ၂၅ နှစ်အရွယ်ရှိ အိုဆင်ဟမ်ဟာ လိုင်လီအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက နာပိုလီအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပါဝင်ကစားထားတဲ့ ၁၃၃ ပွဲမှာ ၇၆ ဂိုး သွင်းယူထားတာပါ။
အိုဆင်ဟမ်ဟာ နာပိုလီအသင်းကို ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂-၂၃ ရာသီက စီးရီးအေ ပြိုင်ပွဲမှာ ချန်ပီယံ ဆုရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
နာပိုလီအသင်းဟာ အိုဆင်ဟမ်အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၁၁၀ သတ်မှတ်ထားတာပါ။
အိုဆင်ဟမ်ဟာ အပြောင်းအရွှေ့ သတင်းတွေကြောင့် ပြီးခဲ့တဲ့ နာပိုလီအသင်းရဲ့ ခြေစမ်းပွဲလူစာရင်းမှာ မပါဝင် ခဲ့ပါဘူး။ အိုဆင်ဟမ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့အပြင် ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1678
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ်အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေအပြီးမှာ အိမ်ရှင် ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ပါတယ်။
ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ တွေ့ဆုံပြီးနောက် ထပ်မံ တွေ့ဆုံ ရမယ့် ပွဲစဉ်လည်းဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း ကစားသမားအချို့ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက် ပြင်သစ်လူမည်း ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားတဲ့ သီဆိုမှုတွေကြောင့် ဒီပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်နိုင် တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ပြင်သစ်နည်းပြ အွန်နရီက “ကျနော်ဒါကို ပြောမှာမဟုတ်ပါဘူး။ ကျနော်တို့ အုပ်စုကနေတက်ခဲ့ပြီးဖြစ်လို့ နောက်တစ်ပွဲ ထပ်ပြီးကစားရပါမယ်။ ကျနော့်ရဲ့ခေါင်းထဲမှာ ဒီပွဲအကြောင်းပဲ ရှိနေတယ်”လို့ အာဂျင်တီးနား အသင်းနဲ့ တွေ့ဆုံရမယ့်အပေါ် ပြောပါတယ်။
အာဂျင်တီးနားအသင်းကို တွေ့ရစဉ်
ပြင်သစ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ နယူးဇီလန်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အုပ်စုတွင်းပွဲစဉ် ၃ ပွဲစလုံးအနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို အရေးနိမ့်ခဲ့ပေမယ့် အီရတ်၊ ယူကရိန်းအသင်း တို့နဲ့ နောက်ဆုံးပွဲ ၂ ပွဲစလုံး အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
အုပ်စုနောက်ဆုံး ပွဲစဉ်တွေအပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် ပြင်သစ်နဲ့ အာဂျင်တီးနား၊ အီဂျစ်နဲ့ ပါရာဂွေး၊ မော်ရိုကိုနဲ့ အမေရိကန်၊ ဂျပန်နဲ့ စပိန်အသင်းတို့ တွေ့ဆုံနေကြပါတယ်။
အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို သြဂုတ် ၂ ရက်မှာ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါ တယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1200
CNI Sport News
၂၀၂၄ခုနှစ်၊ ဇူလိုင် ၃၀
ယူနိုက်တက်အသင်းသည် ပရိတ်သတ် ၁ သိန်းဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် စီစဥ်နေသည်။
ထိုကွင်းသစ်သည် ပေါင် ၂ ဘီလီယံတန် စီမံကိန်းဖြစ်လာမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ယူနိုက်တက်အသင်းသည် လက်ရှိအချိန်၌ ပရိတ်သတ် ၇၀၀၀၀ ကျော်ဆံ့သည့် နာမည်ကျော် အိုးလ်ထရက်ဖို့ဒ် ကွင်းကို အသုံးပြုနေသည်။
အဆိုပါ အိုးလ်ထရက်ဖို့ဒ်ကွင်းသည် သက်တမ်းအားဖြင့် ၁၁၄ နှစ် ရှိနေပြီဖြစ်သည်။
အိုးလ်ထရက်ဖို့ဒ်ကွင်းကို တွေ့ရစဥ်
ယူနိုက်တက်အသင်း၏ ရှယ်ယာရှင်အသစ်ဖြစ်သူ ဆာဂျင်ရက်စ်ကလစ်ဖ်သည် ယူနိုက်အသင်း၏ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူစဥ်ကတည်းက ပရိတ်သတ် ပိုမိုဝင်ဆံ့သည့် ကွင်းသစ် တည်ဆောက်သွားရန် ရည်ရွယ်ထား ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါ ကွင်းသစ်စီမံကိန်းကို ယခုနှစ်ကုန်၌ အတည်ပြုကြေညာပြီး ၂၀၃၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်သွားရန် စီစဥ်နေခြင်း ဖြစ်သည်။
အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြန်လည်ပြင်ဆင် တည်ဆောက်မည်ဆိုပါက ပေါင် ၂ ဘီလီယံ ဝန်းကျင် ကုန်ကျမှာ ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: အားကစား
- Hits: 1220
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
ရီးရယ်လ်အသင်း တိုက်စစ်မှူးအသစ် ဘတ်ပီဟာ ပြင်သစ်ကလပ် ကိန်းအသင်းရဲ့ ရှယ်ယာအများစုကို ဝယ်ယူ ပြီးနောက် ပရော်ဖက်ရှင်နယ် ကလပ်အသင်းတစ်သင်းရဲ့ အများစုပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ဒီအရောင်းအဝယ်နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် Le Parisien က ဘတ်ပီဟာ ကိန်းအသင်းရဲ့ ရှယ်ယာအများစုကို ဝယ်ယူဖို့ ပေါင် ၁၇ သန်းအောက်သာ ပေးချေရမယ် လို့ ဖော်ပြထားတာပါ။
အန်တင်ကပ်တွန် ဆိုသူကတော့ ပေါင် ၄.၂ သန်း တန်ကြေးရှိတဲ့ အစုရှယ်ယာကို ဆက်ပြီး ကိုင်ဆောင်ထားမှာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ အသားတင် လုပ်ခလစာ ပေါင် ၁၃ သန်းနဲ့ ကလပ်အသင်းရဲ့ ဝင်ငွေအကောင်းဆုံး သူ ဖြစ်လာခဲ့တာပါ။
ဘတ်ပီအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ရရှိတဲ့ လုပ်ခလစာထက် သိသိသာသာ လျော့နည်းသွားပေမယ့် ရီးရယ်လ် အသင်းမှာ လက်မှတ်ထိုးကြေး အပါအဝင် အခြားအရာတွေကနေ ဝင်ငွေတွေအများကြီး ထပ်ပြီးရရှိမှာ ဖြစ်ပါ တယ်။
ဘတ်ပီဟာ လူငယ်ကစားသမားဘဝက ကိန်းအသင်းကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ပေမယ့် လီဂူး-၁ ကနေ ကိန်းအသင်း တန်းဆင်းသွားခဲ့တာကြောင့် သဘောတူညီမှု ပျက်ပြယ်သွားခဲ့တာပါ။
ဘတ်ပီကို တွေ့ရစဉ်
အဲဒါကြောင့် ဘတ်ပီဟာ မိုနာကိုအသင်းကို ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းမှာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ကိန်းအသင်းဟာ လီဂူး-၂ မှာ ကစားနေပြီး မနှစ်ကရာသီက အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဘတ်ပီဟာ သူ့ရဲ့ ငယ်ဘဝ အိပ်မက်ဖြစ်တဲ့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး လာမယ့် ဥရောပစူပါဖလားပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ဖို့ ရှိနေတာပါ။
ရီးရယ်လ်အသင်းဟာ ရာသီကြို ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး အေစီမီလန်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။
ရီးရယ်လ်အသင်းဟာ သြဂုတ် ၁၄ ရက်မှာ ဥရောပစူပါဖလားပွဲစဉ်အဖြစ် အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 620
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
အိုလံပစ် အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ကို အရေးနိမ့်ခဲ့တဲ့ စပိန်တင်းနစ်သမား နာဒယ်လ်က ကစားသမားဘဝက အနားယူဖွယ် ရှိ/မရှိကို ဒီပြိုင်ပွဲအပြီး ဆုံးဖြတ်မယ်လို့ ပြောခဲ့ပါတယ်။
နာဒယ်လ်က “ဒီပြိုင်ပွဲအပြီးမှာ ကျနော့်ရဲ့ ခံစားချက်နဲ့ စိတ်ဆန္ဒပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေကို ချသွားမှာပါ။ ကျနော်ဟာ ပြိုင်ပွဲတွေ မယှဉ်ပြိုင်နိုင်ဘူးလို့ ခံစားရရင် ရပ်တန့်ဖို့ ဆုံးဖြတ်မှာပါ။ ကျနော်ဟာ နေ့တိုင်း အစွမ်းကုန် ကြိုးစားနေပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဒဏ်ရာတွေ အများကြီး ခံစားခဲ့ရပါတယ်”လို့ ပြောပါတယ်။
နာဒယ်လ်ဟာ အိုလံပစ် အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာ ဂျိုကိုဗစ်ကို ၆-၁၊ ၆-၄ နဲ့ အရေး နိမ့်ခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အိုးပန်း ချန်ပီယံဆုကို ၁၄ ကြိမ်အထိ ရရှိထားတဲ့ နာဒယ်လ်ဟာ ဒီပွဲရှုံးနိမ့်မှုကြောင့် Roland Garros မှာ ယှဉ်ပြိုင်တဲ့ ပွဲပေါင်း ၁၁၈ ပွဲမှာ ၅ ပွဲမြောက် ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။
နာဒယ်လ်ဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ဒဏ်ရာ အများအပြားနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲ အများအပြားကို လွဲချော် ခဲ့ရတာ ဖြစ်ပါတယ်။
နာဒယ်လ်ကို တွေ့ရစဉ်
အသက် ၃၈ နှစ်အရွယ်ရှိ နာဒယ်လ်ဟာ တစ်ဦးချင်းပြိုင်ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် အမျိုးသားနှစ်ဦးတွဲ ပြိုင်ပွဲအဖြစ် စပိန်တင်းနစ်သမား အယ်လ်ကာရက်ဇ်နဲ့ တွဲဖက်ပြီးကစားဖို့ ကျန်ရှိနေသေးတာပါ။
နာဒယ်လ်က ဂျိုကိုဗစ်ဟာ ပိုကောင်းတဲ့ ကစားသမားဖြစ်ပြီး အဖြစ်မှန်ကို လက်ခံရမယ်လို့လည်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
နာဒယ်လ်နဲ့ ဂျိုကိုဗစ်တို့ ၂ ဦးပေါင်းဟာ ဂရမ်းဆလမ်း ချန်ပီယံဆုကို ၄၆ ကြိမ်အထိ ရရှိထားတာဖြစ်ပြီး နာဒယ်လ် ကွင်းထဲက မထွက်ခွာခင်မှာ ဂျိုကိုဗစ်က လက်ခုပ်တီး ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့တာပါ။
ဂျိုကိုဗစ်ဟာ အိုလံပစ်ပြိုင်ပွဲ တတိယအဆင့်မှာ ဂျာမနီတင်းနစ်သမား ဒိုမီနစ်ကိုဖာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 484
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
အာဆင်နယ်အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ နောက်ခံလူ ကာလာဖီအိုရီက အသင်းနဲ့ ဆုဖလားတွေ ရယူချင် တယ်လို့ ပြောလိုက်ပါတယ်။
ကာလာဖီအိုရီက “ကျနော်ဟာ နည်းပြ အာတီတာ၊ အီဒူးတို့နဲ့ လွန်ခဲ့တဲ့ ၂ လနီးပါးက စကားပြောခဲ့ပါတယ်။ သူတို့ က ကျနော့်ကို ဒီကိုလာဖို့ စည်းရုံးခဲ့ပြီး ကျနော်ကလည်း ပြောင်းရွှေ့နိုင်မယ်ဆိုတာ ယုံကြည်မှုရှိခဲ့ပါတယ်။ ကျနော့် အတွက်တော့ ဒါဟာ ကစားသမားတစ်ဦး အနေနဲ့ တိုးတက်လာနိုင်တဲ့ အကောင်းဆုံး ပရောဂျက်ပါပဲ။ ကျနော် တိုးတက်ချင်တယ်၊ ဆုဖလားတွေ ရယူချင်ပါတယ်။ အာဆင်နယ်က ကျနော့်အတွက် အကောင်းဆုံး ပရောဂျက်ပါ” လို့ ပြောခဲ့တာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ အီတလီနောက်ခံလူ ကာလာဖီအိုရီဟာ ဘိုလော့ဂ်နာအသင်းကနေ အာဆင်နယ်အသင်း ထံ ပေါင် ၄၂ သန်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အီတလီအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကာလာဖီအိုရီဟာ အသင်းကြီးအချို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် အာဆင်နယ်အသင်းက သူ့ကို ခေါ်ယူနိုင်ခဲ့တာပါ။
ကာလာဖီအိုရီဟာ အာဆင်နယ် အသင်းဖော်တွေနဲ့အတူ ဖီလာဒဲလ်ဖီးယားမှာ ပူးပေါင်းကာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာအသင်းကို စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သူတွေထဲက တစ်ဦးဖြစ်ပါတယ်။
ကာလာဖီအိုရီကို တွေ့ရစဉ်
အာဆင်နယ်အသင်းနည်းပြ အာတီတာက အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုလို့ ကာလာဖီအိုရီကို ခေါ်ယူအပြီးမှာ ပြောခဲ့ပါတယ်။
အီတလီနောက်ခံလူဟာ ဗဟိုနောက်ခံလူအဖြစ်ရော ဘယ်နောက်ခံလူအဖြစ်ရော ကစားနိုင်တဲ့သူဖြစ်လို့ နည်းပြ အာတီတာအတွက် အသင်းလူစာရင်းမှာ ရွေးချယ်စရာတွေပိုပြီး ရရှိလာခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ကာလာဖီအိုရီကို ခေါ်ယူနိုင်ခဲ့ပေမယ့် အကယ်ဒမီထွက် စမစ်ရိုးလ်ကို ဖူလ်ဟမ်အသင်းထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။
စမစ်ရိုးလ်ဟာ ၂၀၁၀ ခုနှစ်ကတည်းက အာဆင်နယ်အသင်းမှာ ရှိခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရရှိခဲ့ကာ ၁၁၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၈ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 779
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
အာဂျင်တီးနားအသင်း တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က မန်စီးတီးအသင်းရဲ့ အရေးပါတဲ့ပွဲတွေမှာ ပါဝင်ခွင့် မရတာကို မနှစ်သက်ကြောင်းနဲ့ အိုလံပစ်ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်က “ကျနော် ဘာလုပ်ရမလဲဆိုတာကို စဉ်းစားဖို့ မရပ်တန့်ရသေးပါဘူး။ အိုလံပစ်ပြိုင်ပွဲ ပြီးသွား ရင်တော့ ကျနော့်အတွက် ဘာတွေလိုချင်လဲဆိုတာ စပြီးစဉ်းစားသွားမှာပါ။ ပြီးခဲ့တဲ့ရာသီက ကျနော်ဟာ အသင်း မှာ မိနစ်အများဆုံးကစားရတဲ့ ကစားသမားတွေထဲက တစ်ဦးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ပွဲတွေမှာ ချန်လှပ်ခံရတာကို မနှစ်သက်ပါဘူး။ ကျနော်ပံ့ပိုးမှုတွေ ပြုလုပ်ပြီး ဒီပွဲတွေမှာ ကစားချင်တယ်”လို့ DSports Radio ကို ပြောခဲ့တာပါ။
၂၀၂၂ ခုနှစ်က ရေးဗားပလိတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းအတွက် ၁၀၃ ပွဲ ပါဝင်ကစားထားပြီး ၃၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် မိနစ်အများအပြား ကစားခဲ့ရတဲ့ စာရင်းမှာ နံပါတ် ၈ နေရာ ရပ်တည်ခဲ့ပေမယ့် ပွဲကစားချိန် နည်းပါးနေတာကို စိတ်ပျက်နေတယ်လို့ အခုလအစောပိုင်းက သတင်း တွေမှာ ဖော်ပြထားတာပါ။
အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်
ချယ်လ်ဆီး၊ အာဆင်နယ်အသင်းတို့ အပါအဝင် အသင်းအချို့က အယ်လ်ဗာရက်ဇ်ရဲ့ အခြေအနေကို စောင့်ကြည့် နေပြီး မန်စီးတီးအသင်းကတော့ ပေါင်သန်း ၆၀၊ နောက်ထပ် ပေးချေမှု ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းမယ်ဆိုရင် အပြောင်းအရွှေ့ကို ပိတ်ပင်သွားဖို့မရှိတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အယ်လ်ဗာရက်ဇ်အနေနဲ့ သူ့ရဲ့ အနာဂတ်ကို စဉ်းစားပြီးရင် သူတို့ကို အကြောင်းကြားလိမ့်မယ်လို့ အာဂျင်တီးနားကစားသမားရဲ့ အင်တာဗျူး ထွက်ပေါ်လာအပြီးမှာ ပြောခဲ့တာပါ။
အယ်လ်ဗာရက်ဇ်ဟာ လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းနဲ့ အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်နေပြီး အာဂျင်တီးနား အသင်းဟာ အဖွင့်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲမှာ အီရတ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 523
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
ချယ်လ်ဆီးအသင်း ကစားသမားများသည် မိမိ၏ ကစားဟန်၊ နည်းစနစ်များနှင့် အသားကျရန်အတွက် ကြိုးပမ်း နေရဆဲဖြစ်သည်ဟု ချယ်လ်ဆီးအသင်း၏ နည်းပြသစ် အန်ဇိုမာရက်စ်ကာက ပြောသည်။
ဆဲလ်တစ်အသင်းအား ၄ ဂိုး ၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် အမေရိကန်နိုင်ငံ၌ ရာသီကြို ခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားလျက်ရှိသည်။
အဆိုပါ ခြေစမ်းပွဲများအနက် ပထမဆုံးပွဲတွင် ဝရက်ဇ်ဟမ်းအသင်းနှင့် ၂ ဂိုး ၂ ဂိုးဖြင့် သရေကျခဲ့ပြီး ဒုတိယပွဲတွင် ဆဲလ်တစ်အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဘရန်ဒန်ရော်ဂျာ ကိုင်တွယ်နေသည့် ဆဲလ်တစ်အသင်းသည် ချယ်လ်ဆီးနှင့်ပွဲ မတိုင်မီက မန်စီးတီးအသင်းကို လည်း အနိုင်ရခဲ့ကြောင်း သိရသည်။
အန်ဇို မာရက်စ်ကာ ကိုတွေ့ရစဥ်
ချယ်လ်ဆီးအသင်းသည် ဆဲလ်တစ်နှင့်ပွဲ၌ ဘောလုံးပိုင်ဆိုင်မှု အသာစီး၊ ဂိုးကန်သွင်းခွင့် အသာစီး ရရှိခဲ့သော်လည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
မာရက်စ်ကာက "ကျနော့် ကစားမားတွေက ကျနော့်ရဲ့ ကစားဟန်၊ နည်းစနစ်တွေနဲ့ အသားကျဖို့ ကြိုးစားနေရ တုန်း ပါပဲ။ ကျနော်တို့ ဘောလုံးဆုံးရှုံးနေချိန်မှာ တိုးတက်မှုရှိဖို့လည်း လိုပါတယ်။ တစ်ခါတစ်ရံမှာ အနီးကပ် အပေးအယူ လုပ်ဖို့ လိုအပ်ချိန်နဲ့ အဝေးကိုပေးပြီး ကစားဖို့လိုအပ်ချိန်မှာ ဇဝေဇဝါ ဖြစ်နေတာကိုလည်း မြင်တွေ့ နိုင်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး အသစ်တစ်ခုအတွက် ကြိုးစားနေချိန်မှာ ဒါဟာပုံမှန်ပါပဲ" ဟု ပြောသည်။
ထို့အပြင် ရလဒ်မှာ အရေးကြီးသော်လည်း အခြားသော အရာများနှင့် အကဲဖြတ်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
မာရက်စ်ကာက "ရလဒ်က အမြဲတမ်း အရေးကြီးပါတယ်။ ဒါပေမဲ့ ကျနော်တို့အတွက် ပွဲကို ဘက်ပေါင်းစုံက ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ပါတယ်။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ကျနော်တို့က ဝရက်ဇ်ဟမ်းထက် ၁၀ ဆလောက်ပို ကောင်းတယ်လို့ ထင်ပါတယ်။ ဒါအရေးကြီးပါတယ်။ ကျနော်တို့ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ဖန်တီးမှုတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ရလဒ်ကို အမြဲအရေးကြီးတယ် ဆိုပေမဲ့ ဒီလို အခိုက်အတန့်မှာ တစ်ခြားအရာတွေနဲ့ လည်း ကျနော်တို့ကို အကဲဖြတ်ဖို့ လိုအပ်ပါတယ်" ဟု မာရက်စ်ကာက ပြောသည်။
ချယ်လ်ဆီးအသင်းနှင့် ဆဲလ်တစ်အသင်းတို့ ယှဥ်ပြိုင်နေစဥ်
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့တဲ့ရာသီတွင် ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ခဲ့သော်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ အဆင့် ၆ ဖြင့်သာ ရပ်တည်ခဲ့သည်။
ကွန်းဖရန့်လိဂ် Play-off သာ ယှဥ်ပြိုင်ခွင့် ရသည့်အတွက် နည်းပြ ပိုချက်တီနိုကို ရာထူးမှ ထုတ်ပယ်ပြီး လက်စတာအသင်းအား ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့သည့် မာရက်စ်ကာအား အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မာရက်စ်ကာ လက်ထက်တွင်လည်း ချယ်လ်ဆီးအသင်းသည် ကစားသမားသစ် ၆ ဦး ခေါ်ယူထားပြီဖြစ်ပြီး တန်ဖိုးကြီး ထိပ်တန်းကစားသမားများတော့ ပါဝင်ခြင်း မရှိသေးပေ။
သို့သော် ၎င်းတို့ပစ်မှတ်ထားခဲ့သည့် ကစားသမား ၈ ဦးထဲမှ ၆ ဦးကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်း ခေါ်ယူရန် ကျန်ရှိနေသေးသော ကစားသမားနှစ်ဦးမှာ ဘီလ်ဘာအိုအသင်းမှ စပိန်တောင်ပံ ကစားသမား နီကိုဝီလီယံစ်နှင့် နယူးကာဆယ်အသင်းမှ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်တို့ ဖြစ်ကြောင်း သိရသည်။