CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ စက်တင်ဘာမှာ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ အတွက် အသင်းလူစာရင်း ထုတ်ပြန်ခဲ့တာမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ နေမာ၊ ဗီနီစီးယက်စ်နဲ့ ရိုဒရီဂို တို့ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်ကစားဖို့ ၂ ပွဲသာ ကျန်ရှိတော့ချိန်မှာ ဘရာဇီးလ်အသင်းဟာ အာဂျင်တီးနား၊ အီကွေဒေါ အသင်းတို့နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ ခြေစစ်ပွဲ အောင်မြင်ထားတာပါ။ 

ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းမှာ ပွဲတွေဆက်တိုက် ကစားနေရတဲ့ နေမာဟာ ဒဏ်ရာကြောင့် ဘရာဇီးလ် အသင်း လူစာရင်းထဲမှာ မပါဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက နေမာဟာ အခြားသူတွေလိုပဲ အသင်းကို အကောင်းဆုံး ဖြစ် အောင် ကူညီပေးချင်တယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ 

နေမာနဲ့ အန်ဆယ်လော့တီကို တွေ့ရစဉ် 

ရီးရယ်လ်အသင်း ကြယ်ပွင့် ဗီနီစီးယက်စ်ကတော့ ၁ ပွဲပယ်ကြောင့် နည်းပြအန်ဆယ်လော့တီက သူ့ကို လူစာရင်း ထဲမှာ မရွေးချယ်ခဲ့တာဖြစ်နိုင်ပြီး ရိုဒရီဂိုကတော့ အကောင်းဆုံးပုံစံ မရရှိသေးတဲ့အတွက် မပါဝင်ခဲ့တာပါ။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ စွဲချက်ကနေ လွတ်မြောက်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ ပါကယ်တာ ဟာ ဘရာဇီးလ်အသင်း လူစာရင်းထဲမှာ ပြန်လည် ရွေးချယ်ခံခဲ့ရပြီး ယူနိုက်တက်အသင်း ကွင်းလယ်လူ ကတ်စီမီရို နဲ့ ချယ်လ်ဆီးအသင်း ကြယ်ပွင့် အက်စ်တီဗာအိုတို့လည်း လူစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ 

ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် စက်တင်ဘာ ၄ ရက်မှာ ချီလီအသင်းကို အိမ်ကွင်း၊ ၉ ရက်မှာ ဘိုလီးဗီးယားအသင်းကို အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal