- By CNI
- Category: အားကစား
- Hits: 439
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
မန်စီးတီးအသင်းဟာ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပေမယ့် နည်းပြဂွာဒီယိုလာက ဒီရာသီဟာ သူတို့အတွက် ကောင်းမွန်တဲ့ ရာသီမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ဟာ လီဗာပူးလ်အသင်း အနောက်မှာ ရမှတ်အများကြီး ပြတ်နေပြီး ဒါက မကောင်း သလို ချန်ပီယံလိဂ်မှာလည်း ကောင်းမွန်မှု မရှိပါဘူး။ ကျနော်တို့က အမြဲတမ်း စက်တစ်လုံးဖြစ်ပြီး ကောင်းမွန်စွာ မလုပ်နိုင်ပေမယ့် ပျက်ဆီးမှုက အသေးအဖွဲ့ပါ။ အသင်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချရမှာဖြစ်တာ ကြောင့် လာမယ့်ရာသီမှာ ပိုပြီးကောင်းမွန်လာမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသလို ချန်ပီယံလိဂ် ပြိုင်ပွဲကနေလည်း စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။

မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာ ရပ်တည်နေပြီး လာမယ့် ရာသီချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေသလို FA ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။
ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့ရင် လည်း အသင်းအတွက် ကောင်းမွန်တဲ့ ရာသီမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ FA ဖလား ဗိုလ်လုပွဲကို ၃ ရာသီ ဆက်တိုက် တက်နိုင်ခဲ့တဲ့ တစ်နေ့တည်းမှာ လီဗာပူးလ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းကို ဂုဏ်ပြုခဲ့ပြီး သူတို့နဲ့ ထိုက်တန်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ FA ဖလား ဗိုလ်လုပွဲအဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို မေလ ၁၇ ရက် ဝင်ဘာလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 590
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
လီဗာပူးလ်အသင်းဟာ စပါးအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ ပြီးနောက် အသင်းခေါင်းဆောင် ဗန်ဒိုက်က သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အမှန်တကယ် ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
ဗန်ဒိုက်က “ဒါက ထူးခြားပြီး ကျနော်တို့ လုပ်ခဲ့တဲ့အရာတွေက အံ့သြစရာကောင်းပါတယ်။ ပွဲမတိုင်မီ တစ်ပတ်လုံး အတွင်းမှာ စိတ်ခံစားမှုတွေ အများကြီးရှိခဲ့ပါတယ်။ ကျနော်တို့ဟာ အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီး အင်္ဂလန်ချန်ပီယံဖြစ်ဖို့ အမှန်တကယ် ထိုက်တန်ပါတယ်။ ကမ္ဘာပေါ်မှာ အလှပဆုံး အသင်းအတွက် ကျနော်က တော့ ဒီအရာတွေအားလုံးနဲ့ ထိုက်တန်တယ်လို့ထင်ကြောင်း”Sky Sports ကို ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ စပါးအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကစားဖို့ ၄ ပွဲသာ ကျန်ရှိတော့ချိန်မှာ အမှတ်ပေးဇယားအဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ရမှတ် ၁၅ မှတ် ဖြတ် ထား နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်း အောင်ပွဲခံနေစဉ်
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ထိပ်တန်းလိဂ် အမှတ်ပေးဖလားကို အကြိမ် ၂၀ မြောက် ရယူနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ အရေအတွက်ချင်း တူညီသွားခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို နှစ်ပေါင်း ၃၀ အကြာမှ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်လို့ ကွင်းအတွင်းမှာ ပရိသတ်တွေမပါဘဲ အောင်ပွဲခံမှု ပြုလုပ်ခဲ့ရပါ တယ်။
အခုအချိန်မှာတော့ လီဗာပူးလ်အသင်းဟာ ပရိသတ်တွေရဲ့ အရှေ့မှာ အကြီးအကျယ် အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ ကြတာပါ။
လီဗာပူးလ်အသင်းကို ပထမဆုံး ကိုင်တွယ်တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ အာနီဆလော့ဟာ နည်းပြဟောင်း ကလော့ပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကွင်းအတွင်းမှာ အောင်ပွဲခံချိန် သူ့ရဲ့နာမည်ကို သီဆိုမှုပြုလုပ်ခဲ့ပါတယ်။
ဒါအပြင် အာနီဆလော့က ပရီးမီးယားလိဂ် ဆုဖလားအတွက် အသင်းနဲ့ပတ်သက်တဲ့ သူတွေအားလုံးကို ဂုဏ်ပြု ခဲ့ပြီး ၃၅ နှစ်အတွင်း ဒုတိယမြောက် ဆုဖလားဆိုတာကို မေ့ထားကာ ၅ နှစ်အတွင်း ဒုတိယမြောက်ဖလား ဖြစ်တယ်လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မေလ ၄ ရက်မှာ ချယ်လ်ဆီးအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 630
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇
ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့ ပွဲစဉ်မှာ ဘာစီလိုနာအသင်း က အချိန်ပိုမှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ၃၂ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ပက်ဒရီက ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ဘတ်ပီနဲ့ ချူအာမန်နီက ရီးရယ်လ် အသင်းအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းယူခဲ့တာပါ။
ဒါပေမယ့် ဖာရန်တောရက်စ်က ဘာစီလိုနာအသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူခဲ့တာကြောင့် ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့ဟာ ၂ ဂိုးစီသရေကျပြီး အချိန်ပို ဆက်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အချိန်ပိုမှာ ခွန်ဒဲက ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့အတွက် ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းကို အနိုင်ရပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိသွားခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ အချိန်ပိုပြီးခါနီးမှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့တဲ့ ရီးရယ်လ်အသင်းက ရူဒီဂါနဲ့ ဗတ်စ်ကွက်ဇ်တို့ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရသလို အားကစားမဆန်တဲ့ အပြုအမူကြောင့် ပွဲအပြီးမှာ ဘယ်လင်ဂမ်လည်း အနီကတ်ပြသခံခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၃ ကြိမ်စလုံး အနိုင်ရလဒ်တွေ ရယူနိုင်ခဲ့တာပါ။
ဒီရာသီမှာဆုဖလား ၂ လုံး ရယူထားပြီးဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဆုဖလား ၄ လုံးရယူနိုင်မယ့် လမ်းကြောင်း ပေါ်မှာ ရှိနေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 547
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အငှားကစားနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ဟာ နွေရာသီမှာ အသင်းထံ ပြန်လာမှာဖြစ်ပြီး အငှားကစားချိန်မှာ ပြသနေတဲ့ သူတို့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီ အပါအဝင် အငှားကစားနေတဲ့ ကစားသမားတွေအားလုံး အသင်းထံ ပြန်လာ မှာပါ။ ရာသီကုန်မှသာ သူတို့ရဲ့အနာဂတ်ကို ကလပ်အသင်းက ဆုံးဖြတ်ချက် ချပါလိမ့်မယ်။ ကစားသမားတွေကို အငှားချတာဟာ သူတို့ရဲ့စွမ်းဆောင်ရည်ကို ပိုပြီးကောင်းစေချင်လိုပါ။ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ အငှားချထားတဲ့ ကစားသမားတွေဟာ အရည်အချင်းရှိပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ပြီး ဒါက ကျနော်တို့အတွက် လည်း ကောင်းပါတယ်”လို့ ပြောခဲ့တာပါ။
ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က အက်စတွန်ဗီလာနဲ့ ဘက်တစ်အသင်းတွေထံ အငှားသွားရောက်ပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထား သလို အန်တိုနီက ဘက်တစ်အသင်းအတွက် ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားတာပါ။

အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ် ကုန်ဆုံးချိန်မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေပါတယ်။
အက်စတွန်ဗီလာအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အသင်းအချို့က စောင့်ကြည့်မှု တွေ ပြုလုပ်နေကြတာပါ။
ဘက်တစ်အသင်းဟာ အန်တိုနီကို နောက်ထပ် တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာကို ယူနိုက်တက်အသင်းက ပယ်ချခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အငှားချထားတဲ့ ကစားသမားတွေကို အပြီးသတ် ရောင်းချဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် နည်းပြအာမိုရင်က သူတို့ဟာ နွေရာသီမှာ အသင်းထံ ပြန်လာမယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဧပြီ ၂၇ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 627
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယား လိဂ်ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်သေးပေမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူ့ကို အသုံးပြုနိုင်ဖို့ မျှော်လင့် တယ်လို့ ပြောခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ဆွန်ဟာ တိုးတက်မှုရှိသလို အပေါင်းလက္ခဏာ ဆောင်ပေမယ့် လီဗာပူးလ်အသင်းနဲ့ပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကြာသပတေးနေ့ပွဲမှာ ပါဝင်နိုင်မလားဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ။ သူဟာ မြက်ခင်းပြင်ပေါ်မှာ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပိုကောင်းလာတယ်ဆိုတာ အသေအချာပါပဲ”လို့ ပြောခဲ့ တာပါ။
ဆွန်ဟောင်မင်ဟာ ခြေဖဝါးဒဏ်ရာကြောင့် စပါးအသင်း နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားအသင်း ခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးအသင်းအတွက် ၄၃ ပွဲ ပါဝင် ကစားထားပြီး ၁၁ ဂိုး သွင်းယူထားတာပါ။
စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်တွေ အလွန်ဆိုးရွားနေတာကြောင့် ဆုဖလားရယူနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို အာရုံစိုက်နေတာပါ။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
လီဗာပူးလ်နဲ့ စပါးအသင်းတို့ပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ သရေတစ်မှတ်ရတာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ သေချာသွားပြီဖြစ်ပါတယ်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးကတော့ အန်ဖီးလ်မှာ သူ့ရဲ့အသင်းကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသစေချင် နေတာပါ။
ပိုစတီကိုဂလူးဟာ ငယ်ဘဝက လီဗာပူးလ်အသင်း ပရိသတ်ဖြစ်ခဲ့ပေမယ့် ဒီပွဲစဉ်မှာ သူ့ရဲ့စိတ်နဲ့ ဝေးကွာနေ လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ပိုစတီကိုဂလူးဟာ ဒီရာသီကုန်မှာ စပါးအသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သူကတော့ ပွဲတွေအပေါ်မှာသာ အာရုံစိုက်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 581
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆
PSG အသင်းဟာ နိုက်စ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီ ပြင်သစ် လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
PSG အသင်းဟာ ပြင်သစ် လီဂူး-၁ ပြိုင်ပွဲမှာ တစ်ရာသီလုံး ရှုံးပွဲမရှိအောင် ကစားနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် နိုက်စ်အသင်းကို အရေးနိမ့်ပြီး သူတို့ရဲ့မျှော်လင့်ချက် အဆုံးသတ်ခဲ့ရတာပါ။
ပြင်သစ် လီဂူး-၁ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိထားပြီးဖြစ်တဲ့ PSG အသင်းဟာ နိုက်စ်အသင်းနဲ့ပွဲစဉ်မှာ ဘောလုံး ပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၃၂ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁၃ ကြိမ်အထိ ရှိခဲ့ပေမယ့် ပြိုင်ဘက် အသင်း ဂိုးသမားရဲ့ လက်စွမ်းပြသမှုကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

နိုက်စ်အသင်းနဲ့ PSG ယှဉ်ပြိုင်နေစဉ်
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ဒီပွဲမတိုင်မီမှာ သူတို့ဟာ နိုက်စ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့မယ်ဆိုရင် ကျေနပ်မယ်လို့ ပြောခဲ့ပါတယ်။
ဒီပွဲအပြီးမှာ PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ခံစစ်ကို ကောင်းမွန်စွာ ကစားနိုင်ခဲ့တဲ့ နိုက်စ်အသင်းကို ဂုဏ်ပြုခဲ့ပြီး လာမယ့် အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ အထိ ပြုလုပ်နိုင်တဲ့ တူညီတဲ့ပွဲကို ကစားချင်တယ်လို့ DAZN ကိုပြောခဲ့တာပါ။
PSG အသင်းဟာ ဧပြီ ၃၀ ရက်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အာဆင်နယ်အသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 698
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆
ရီးရယ်လ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်မယ်လို့ အတည်ပြုခဲ့ပေမယ့် ဒိုင်လူကြီးတွေအပေါ် ဝေဖန်မှုတွေ ဆက်ပြီးရှိနေတာဖြစ်ပါတယ်။
ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို ကိုင်တွယ်မယ့် ကွင်းလယ်ဒိုင်လူကြီး ရီကာဒိုက သူဟာ ဘာစီလိုနာအသင်းကို ဘက်လိုက်မှု ရှိတယ်ဆိုပြီး ရီးရယ်လ်အသင်း TV က သူ့ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သူ့ရဲ့သားဖြစ်သူဟာ ကျောင်းမှာ အနိုင်ကျင့်ခဲ့ရတဲ့ အကြောင်းပြောကာ မီဒီယာသမားတွေရှေ့မှာ ငိုကြွေးခဲ့တာပါ။
ရီကာဒိုက ဒီလိုပြောခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ရီးရယ်လ်အသင်းဟာ ဒိုင်လူကြီးအဖွဲ့ကို အပြောင်းအလဲ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့တဲ့အတွက် ရီးရယ်လ်အသင်းဟာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲမတိုင်မီ မီဒီယာတွေ့ဆုံမှုနဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို ဖျက်သိမ်းခဲ့တာပါ။

ဒိုင်လူကြီး ရီကာဒိုနဲ့ ဘတ်ပီကိုတွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကိုပါ သပိတ်မှောက်မယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
ရီးရယ်လ်အသင်းကတော့ သူတို့ဟာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်မှာဖြစ်ပေမယ့် ကွင်းလယ် ဒိုင်လူကြီး ရီကာဒိုနဲ့ ဒီပွဲကိုကိုင်တွင်မယ့် ဒိုင်လူကြီးတွေကို ဆန့်ကျင်ခဲ့ပါတယ်။
ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို ဧပြီ ၂၇ ရက်မနက်ပိုင်းမှာ ယှဉ်ပြိုင်သွား မှာပါ။
ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဒီရာသီမှာ ၂ ကြိမ် တွေ့ဆုံထားပြီး ၂ ကြိမ်စလုံး ဘာစီလိုနာအသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 540
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇
လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းဆင်းခဲ့ရပြီးနောက် နည်းပြနစ္စတယ်ရွိုင်းက အသင်းရဲ့ နည်းပြအဖြစ် ဆက်ပြီး တာဝန်ယူ ရမလားဆိုတာကို သိရှိနိုင်ဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
နစ္စတယ်ရွိုင်းက “ကျနော်ဟာ အသင်းပိုင်ရှင်တွေ၊ ဘုတ်အဖွဲ့တွေကို ကလပ်အသင်းအနေနဲ့ ဘယ်လိုရှေ့ဆက်သွား မလဲဆိုတာကို ပြောပြခဲ့ပါတယ်။ အသင်းကို ပြန်ခေါ်ဆောင်လာနိုင်မယ့် ကျနော့်ရဲ့ အစီအစဉ်ကို ကျနော်သိပေမယ့် ညှိနှိုင်းမှုကို စောင့်ဆိုင်းနေပါတယ်။ အမြန်ဆုံးလုပ်နိုင်လေ ကလပ်အတွက် ပိုကောင်းလေပါ”လို့ ပြောခဲ့တာပါ။
လက်စတာအသင်းဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး နောက် ပရီးမီးယားလိဂ်ကနေ တန်းဆင်းဖို့ သေချာသွားခဲ့ပါတယ်။
လက်စတာအသင်းဟာ နည်းပြနစ္စတယ်ရွိုင်း လက်ထက်မှာ ရလဒ်တွေ အလွန်ဆိုးရွားခဲ့ပြီး ပရီးမီးယားလိဂ် ပွဲပေါင်း ၂၀ မှာ ၈ မှတ်သာရရှိခဲ့တာပါ။

နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
ဒါအပြင် လက်စတာအသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေမှာ ၉ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ဘဲ လိဂ်သမိုင်းမှာ အဆိုးရွားဆုံးစံချိန် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာက လက်စတာအသင်းကို ၃ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေနိုင်အောင် ဦးဆောင်နိုင်ခဲ့ခြင်း မရှိတာကြောင့် သူ့ရဲ့နည်းပြရာထူးဟာ လှုပ်ခတ်မှုတွေ ရှိနေတာပါ။
လက်စတာအသင်း ပရိသတ်တွေဟာ အသင်းရဲ့ဆိုးရွားတဲ့ ရလဒ်တွေကြောင့် ဘုတ်အဖွဲ့ကို ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ပရီးမီးယားလိဂ်ကနေ လက်စတာအသင်း တန်းဆင်းခဲ့ပြီးနောက် အသင်းမှာ ၁၃ နှစ်ကြာရှိခဲ့တဲ့ အသင်း ခေါင်းဆောင် ဗာဒီဟာ ရာသီကုန်ရင် ထွက်ခွာတော့မှာပါ။
လက်စတာအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 551
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅
အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်းကွင်းလယ်လူ ဇူဘီမန်ဒီကို လာမယ့်နွေရာသီ ပထမဆုံးအဓိက အပြောင်း အရွှေ့အဖြစ် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း ESPN က ဖော်ပြထားပါတယ်။
ဇူဘီမန်ဒီကို ခေါ်ယူဖို့ ရီးရဲလ်အသင်းက စိတ်ဝင်စားနေသလို လီဗာပူးလ်အသင်းကလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဇူဘီမန်ဒီကို ခေါ်ယူဖို့နီးစပ်ခဲ့ပေမယ့် ကစားသမားက အပြောင်းအရွှေ့ကို ငြင်းပယ်ပြီး ဆိုစီဒက်အသင်းမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ အာဆင်နယ် အသင်းဟာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ နဲ့ ခေါ်ယူလို့ရမယ့် ဇူဘီမန်ဒီရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို နောက်ထပ်အဆင့်ထပ်တိုးပြီးလုပ်ဆောင်နေတာပါ။
အာဆင်နယ်အသင်းနည်းပြအာတီတာဟာ ဇူဘီမန်ဒီကို သဘောကျနှစ်သက်သလို အားကစားဒါရိုက်တာ ဘာတာကလည်း အသင်းရဲ့ကွင်းလယ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့အတွက် စပိန်ကွင်းလယ်လူကို အမြန်ဆုံးခေါ်ဆောင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် ကွင်းလယ်လူ ပါတေးကို စာချုပ်သက်တမ်းတိုးမှာဖြစ်ပေမယ့် ဘရာဇီးလ်ကွင်းလယ်လူ ဂျော်ဂျင်ဟိုကိုတော့ ထွက်ခွာခွင့်ပြုသွားဖို့ ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ဇူဘီမန်ဒီအပြင် နွေရာသီမှာတိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူသွားဖို့လည်း စီစဉ်နေပါတယ်။
လန်ဒန်ကလပ်ဟာ ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့အတွက် အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကို ရောင်းချ ပြီး ပြောင်းရွှေ့ကြေးပြန်လည်ရှာဖွေဖို့ ရှိနေတာပါ။
ဘယ်နောက်ခံလူတီယာနေးဟာ ဆဲလ်တစ်အသင်းထံ ပြန်မှာ ဖြစ်ပြီး ဇင်ချန်ကို၊တိုမီယာဆုအပါအဝင် ကစားသမားအချို့ကို လက်ခံနိုင်လောက်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်း ရင် အာဆင်နယ်အသင်းက ရောင်းချသွားဖို့ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာရပ်တည်ပြီး ရာသီအဆုံးသတ်နေရတာကြောင့် လာမယ့်ရာသီမှာ ဆုဖလားရယူနိုင်ဖို့အတွက် အသင်းကိုကြီးကြီးမားမားအားဖြည့်မှုတွေလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 617
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅
အာဂျင်တီးနားကလပ် ရိုဆာရီယိုအသင်းဟာ ဒီမာရီယာကို ခေါ်ယူဖို့ကြိုးစားနေတာကြောင့် အာဂျင်တီးနား ကစားသမားဟောင်းဟာ သူ့ရဲ့ငယ်ဘဝကလပ်အသင်းထံ ပြန်လာဖွယ်ရှိနေတာဖြစ်ပါတယ်။
ဒီမာရီယာဟာ သူ့ရဲ့ကစားသမားဘဝစတင်ခဲ့တဲ့ ရိုဆာရီယိုအသင်းထံ ပြန်လာဖို့ ကာလရှည်ကြာ ချိတ်ဆက်မှုတွေ ခံနေရပေမယ့် ဥရောပမှာဆက်နေပြီး လွန်ခဲ့တဲ့ ၂ နှစ်က အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ဘင်ဖီကာအသင်းထံ ပြန်လာခဲ့တာပါ။
ဒီမာရီယာနဲ့ ဘင်ဖီကာအသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်တဲ့အတွက် ရိုဆာရီယိုအသင်းမှာ သူ့ရဲ့ကစားသမားဘဝကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးကောင်းရှိနေတာ ဖြစ်ပါတယ်။
ရိုဆာရီယိုအသင်းလူငယ်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့ ဒီမာရီယာဟာ အသင်းကြီးမှာ ၂ ရာသီကြာ ကစားပြီး နောက် ၂၀၀၇ ခုနှစ်မှာ ဘင်ဖီကာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဒီမာရီယာဟာ သူ့ရဲ့အောင်မြင်ခဲ့တဲ့ ဥရောပ ကစားသမားဘဝမှာ ရီးရယ်လ်၊ယူနိုက်တက်၊ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်အသင်းတွေမှာ ကစားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဘင်ဖီကာအသင်းထံ ပြန်လာခဲ့တာဖြစ်ပါတယ်။
ဒီမာရီယာကို အာဂျင်တီးနားအသင်းဖော်ဟောင်း မက်ဆီရှိတဲ့ အင်တာမိုင်ယာမီအသင်းကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
ရိုဆာရီယိုအသင်းနည်းပြ ဟိုလန်က "နည်းပြတိုင်းက ဒီမာရီယာလို အရည်အသွေးရှိတဲ့ ဘောလုံးသမားကို အသင်းမှာရှိချင်ပေမယ့် ဒါတွေက ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်တွေပါ။ ကလပ်အသင်းဟာ ဒီမာရီယာ အသင်းထံ ပြန်လာနိုင်ဖို့အတွက် လုပ်လို့ရတဲ့ အရာအားလုံးကို လုပ်ဆောင်နေတယ်"လို့ Libero ကို ပြောခဲ့ ပါတယ်။
ဒီမာရီယာဟာ လက်ရှိအချိန်မှာ ဘင်ဖီကာအသင်းအတွက် ခြေစွမ်းပြသနေပြီး အသင်းကို ပေါ်တူဂီအမှတ်ပေး ဖလားရရှိနိုင်အောင် ကူညီပေးနေတာပါ။
ဒီမာရီယာဟာ ဒီရာသီမှာ ဘင်ဖီကာအသင်းအတွက် ၁၄ ပွဲကစားထားပြီး ၇ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
Source: Goal
