CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄
ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် ပြိုင်ပွဲအတွက် ကလပ်အသင်းတွေဟာ ကစားသမားစာရင်း ထုတ်ပြန်ခဲ့တာမှာ ဂျီးဆပ်စ်၊ ချီယေဆာနဲ့ တဲလ်တို့ အပါအဝင် နာမည်ကြီး ကစားသမားအချို့ဟာ သူတို့ကလပ်အသင်းတွေရဲ့ လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။
ဘရာဇီးလ် တိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဒူးခွဲစိတ်မှု ခံယူပြီးနောက် ဇန်နဝါရီကတည်းကနေ အခုအချိန်ထိ အနားယူ နေရပြီး ဒီရာသီ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားရခြင်း မရှိသေးတာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဂျီးဆပ်စ်ကို ချန်ပီယံလိဂ် လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ဒီရာသီမှာ စိတ်လှုပ် ရှားဖွယ် စွမ်းဆောင်ရည်တွေ ပြသနေတဲ့ အသက် ၁၅ နှစ်အရွယ်ရှိ မတ်ဇ်ဒေါင်းမန်းကို လူစာရင်းထဲ ထည့်သွင်းခဲ့ တာ ဖြစ်ပါတယ်။
စပါးအသင်းကလည်း ဒီနွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ အပြီးသတ် ခေါ်ယူထားတဲ့ ပြင်သစ်ကြယ်ပွင့် မာသီးစ်တဲလ်ကို သူတို့ရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ ချန်လှပ်ခဲ့တာပါ။
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ဟာ ဒီနွေရာသီမှာ ခေါ်ယူထားတဲ့ ဇာဗီဆိုင်မွန်၊ ပယ်လ်ဟင်ညာ၊ ကူဒက်စ်နဲ့ မူအာနီတို့ကိုတော့ ချန်ပီယံလိဂ် အုပ်စုအဆင့် ယှဉ်ပြိုင်မယ့် အသင်းလူစာရင်းထဲ ထည့်ခဲ့တာဖြစ်ပါတယ်။
မတ်ဇ်ဒေါင်းမန်းကို တွေ့ရစဉ်
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ချီယေဆာကို ချန်ပီယံလိဂ် လူစာရင်းထဲ ချန်လှပ်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ချီယေဆာကို ချန်လှပ်ခဲ့ပေမယ့် နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်ရှိ အန်ဂူမိုဟာကိုတော့ ချန်ပီယံလိဂ် လူစာရင်းထဲ ထည့်သွင်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းထဲမှာ အသစ်ခေါ်ယူထားတဲ့ ဂိုးသမား ထရက်ဖို့ဒ်နဲ့ ဒွန်နာရမ်မာတို့ ၂ ဦးစလုံး ပါဝင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာတော့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ဘရိုက်တန် အသင်းကနေ အငှားနဲ့ခေါ်ယူခဲ့တဲ့ ဘိုနာနော့တီကို ချန်လှပ်ခဲ့ပါတယ်။
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေကို စက်တင်ဘာ ၁၇-၁၈ ရက်မှာ စတင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: ESPN