CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅

ဒီရာသီကုန်ရင် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အင်္ဂလန်နောက်ခံလူ မာ့ခ်ဂီဟူကို ခေါ်ယူဖို့ ဥရောပထိပ်သီး ၅ သင်းက စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

မာ့ခ်ဂူဟီဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာပါ။ 

မာ့ခ်ဂူဟီဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုခံယူဖို့ အဆင်သင့် ဖြစ်နေချိန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းက သူ့ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားရှာဖွေတာ အဆင်မပြေခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ကို လက်မခံခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် မာ့ခ်ဂူဟီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ဆက်ပြီးရှိနေတော့မှာပါ။ 

ဒါပေမယ့် အင်္ဂလန်နောက်ခံလူဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ စာချုပ်သစ်ကို လက်မခံတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ ဒါမှမဟုတ် နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ 

မာ့ခ်ဂူဟီကို တွေ့ရစဉ်

လက်ရှိအချိန်မှာ မာ့ခ်ဂူဟီကို ခေါ်ယူဖို့ ဥရောပထိပ်သီး ၅ သင်းက စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

The Mirror က ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့ ခံစစ်ပိုင်းကို ပိုပြီးအားကောင်းအောင် ပြုလုပ်ချင်နေတာ ကြောင့် မာခ့်ဂူဟီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြထားပါတယ်။ 

ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ကလည်း မာ့ခ်ဂူဟီကို ခေါ်ယူမယ့် ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့သလို အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ သူ့ကို စိတ်ဝင်စားနေကြတာပါ။

ဒီကလပ်အသင်းတွေဟာ လာမယ့် ဇန်နဝါရီမှာ မာ့ခ်ဂူဟီနဲ့ စာချုပ် အကြိုချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လို့ရတဲ့ အတွက် လီဗာပူးလ်အသင်းထက် အားသာချက်ရှိနေတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ မာ့ခ်ဂူဟီကို နွေရာသီမှာ အလွတ်နဲ့ခေါ်ယူဖို့ မစောင့်ဆိုင်းဘဲ ဇန်နဝါရီမှာ ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ခေါ်ယူဖို့ကြိုးပမ်းဖွယ်ရှိနေတာပါ။ 

မာ့ခ်ဂူဟီဟာ လီဗာပူးလ်အသင်းထံ အပြောင်းအရွှေ့ ပျက်ခဲ့လို့ စိတ်ပျက်နေပေမယ့် လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းအတွက်သာ အပြည့်အဝ အာရုံစိုက်နေတာဖြစ်ပါတယ်။ 

Source: Dailymail