CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂
လီဗာပူးလ်အသင်းဟာ ယူနိုက်တက်အသင်းထက် လက်ဦးမှုယူကာ ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်လူ ဝါတန်ကို ခေါ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်နေပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဘလက်ဘန်းအသင်းကနေ ကနဦးပေါင် ၁၈ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဝါတန်အတွက် ပေါင်သန်း ၈၀ လိုချင်နေတာပါ။
အင်္ဂလန်ကွင်းလယ်လူဟာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း သူ့ကို နွေရာသီမှာ ခေါ်ယူချင်နေတာ ကြောင့် ရွေးချယ်စရာတွေရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် စပိန်သတင်းစာ မာကာက လီဗာပူးလ်အသင်းဟာ ဝါတန်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဝါတန်ကို တွေ့ရစဉ်
ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်လူ ဝါတန်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ အသင်းကြီး တွေနဲ့ ချိတ်ဆက်ခံရတာ ကောင်းမွန်ပေမယ့် အကောင်းဆုံးလုပ်နိုင်ဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ပြောခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ၈၉ ပွဲ ကစားထားတဲ့ ဝါတန်နဲ့အသင်းရဲ့စာချုပ်ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်း ရှိနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီကုန်ရင် ဘုန်းမောက်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် နောက်ခံလူဆန်စီကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
စပါးအသင်းကလည်း အာဂျင်တီးနား နောက်ခံလူ ဆန်စီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro
