CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆
ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ဟာ ဆွီဒင်ချန်ပီယံ မယ်လ်မိုအသင်းမှာ လေ့ကျင့်ခန်းဆင်းပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
အဲရစ်ဆန်ဟာ နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းမှာ ဖီနာဘာချီနဲ့ ဘန်လေအသင်း အပါအဝင် အသင်း အချို့ရဲ့ စိတ်ဝင်စားမှု ခံခဲ့ရပေမယ့် အပြောင်းအရွှေ့ ဖြစ်ခဲ့ခြင်း မရှိတာပါ။
အခုအချိန်မှာတော့ အဲရစ်ဆန်ဟာ မယ်လ်မိုအသင်းမှာရှိတဲ့ သူ့ရဲ့ ဒိန်းမတ်အသင်း ဖော်ဟောင်း အန်ဒါစ်ခရစ္စတီ ယန်ဆန်နဲ့အတူ ပူးပေါင်းပြီး လေ့ကျင့်ခန်း ဆင်းနေတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း နှလုံးပြဿနာတွေ ကြုံတွေ့ခဲ့ရတာပါ။
အဲရစ်ဆန်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဒိန်းမတ်အသင်းအတွက် ပါဝင်ကစားရင်း နှလုံးရပ်ပြီး ကွင်းထဲလဲကျခဲ့တာ ကြောင့် ၇ လကြာ ပွဲတွေနဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။
အဲရစ်ဆန်ဟာ မယ်လ်မိုအသင်းမှာ လေ့ကျင့်ခန်း ဆင်းနေပေမယ့် ဆွီဒင်လိဂ်ဟာ သြဂုတ် ၃၁ ရက်က လူစာရင်း မှတ်ပုံတင်ခြင်း ပိတ်ခဲ့သလို အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲဝင်မယ့် လူစာရင်း အပြည့်အစုံကို တင်သွင်းထားခဲ့တာပါ။
အဲဒါကြောင့် အဲရစ်ဆန်ဟာ မယ်လ်မိုအသင်းနဲ့ စာချုပ်ချုပ်ခဲ့ရင် ဒီရာသီမှာ ပါဝင်ကစားနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။
ဒါပေမယ့် လိဂ်ရဲ့ လူစာရင်း မှတ်ပုံတင်ခြင်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေဟာ ခြွင်းချက် ရှိနိုင်တာကြောင့် မယ်လ်မို အသင်းဟာ အဲရစ်ဆန်ကို စာချုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့မယ်ဆိုရင် ဒါကို စုံစမ်းမှုတွေ ပြုလုပ်နိုင်တာပါ။
မယ်လ်မိုအသင်းဟာ အဲရစ်ဆန်နဲ့ ရေရှည် ဆက်ဆံရေး အစီအစဉ်ကို ထုတ်ပြောခြင်းတော့ မရှိသေးပါဘူး။
အင်္ဂလန်မှာ ၁၀ နှစ်ကျော်ကြာ နေထိုင်ခဲ့တဲ့ အဲရစ်ဆန်ဟာ ပရီးမီးယားလိဂ်မှာ ဆက်ကစားဖို့ မရှိတော့ဘဲ အခြားလိဂ်တွေထံ ပြောင်းရွှေဖို့ စဉ်းစားမှုတွေ ပြုလုပ်နေပါတယ်။
မယ်လ်မိုအသင်းဟာ ဒီရာသီ ဆွီဒင်လိဂ်ပွဲစဉ် ၂၂ ပွဲ ကစားအပြီးမှာ ထိပ်ဆုံးနေရာက အသင်းနဲ့ ၁၅ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Thesun