CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇

အဲဗာတန်အသင်းဟာ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်ကို အသင်းမှာ ကစားသမားဘဝ အဆုံးသတ်စေမယ့် နောက်ထပ် ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။

အဲဗာတန်အသင်းဟာ ပစ်ဖို့ဒ်ကို ၂၀၁၇ ခုနှစ်က ဆန်းဒါးလန်းအသင်းကနေ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ခဲ့တဲ့ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာပါ။

မာဆေးဆိုက်ကလပ်ဟာ အသင်းမှာကစားတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ပစ်ဖို့ဒ်ကို ကစားသမားဘဝကနေ သူအနားယူတဲ့အချိန်ထိ အသင်းမှာ ဆက်ထားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ပစ်ဖို့ဒ်ဟာ အဲဗာတန်အသင်းမှာ ကစားနေတဲ့ ၈ နှစ်တာ ကာလအတွင်းမှာ နည်းပြ ၉ ဦး လက်အောက်မှာ အလုပ်လုပ်ခဲ့ရပြီး ပိုင်ရှင် အပြောင်းအလဲတွေလည်း မြင်တွေ့ခဲ့ရတာပါ။

ပစ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အဲဗာတန်အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ရပါ တယ်။

နည်းပြဟောင်း ဒေးဗစ်မိုယက်စ် အသင်းကို ပြန်လာတာနဲ့အတူ အဲဗာတန်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲ ၂ ပွဲရရှိထားတာပါ။

အင်္ဂလန်အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်တဲ့ ပစ်ဖို့ဒ်နဲ့ အဲဗာတန်အသင်းရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီ ကုန်အထိ သက်တမ်း ရှိနေပါတယ်။

ပစ်ဖို့ဒ်ဟာ အခြားရွေးချယ်စရာတွေလည်း ရှိနိုင်သေးတာကြောင့် သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချလာဖို့ ရှိနေတာပါ။

ပစ်ဖို့ဒ်ဟာ အဲဗာတန်အသင်းအတွက် ပွဲပေါင်း ၃၂၂ ပွဲ ပါဝင်ကစားထားပြီး အင်္ဂလန်လက်ရွေးစင် အသင်းအတွက် လည်း ပွဲပေါင်း ၈၀ ပြည့်ဖို့ နီးစပ်နေပါတယ်။

အဲဗာတန်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်း လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal