CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၃

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ဟန်ဒါဆန်နဲ့ ထရက်ဖို့ဒ်တို့ကို နေရာပေးဖို့ ရှိနေတာကြောင့် အဲဗာတန် အသင်းဂိုးသမား ပစ်ဖို့ဒ်ဟာ လက်ရွေးစင်အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ဆုံးရှုံး ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

The Telegraph က အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ဂိုးသမားနေရာအတွက် အခြားရွေးချယ်စရာတွေကို ထည့်သွင်း စဉ်းစားနေတာကြောင့် ပစ်ဖို့ဒ်အတွက် နံပါတ်တစ်နေရာဟာ အန္တရာယ်ရှိနိုင်တယ်လို့ ဖော်ပြထား တာပါ။

တူချယ်လ်ဟာ ပဲလေ့စ်အသင်း ဂိုးသမား ဟန်ဒါဆန်နဲ့ ဘန်လေအသင်းဂိုးသမား ထရက်ဖို့ဒ်တို့ကို အင်္ဂလန် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာအတွက် သူတို့ကို သက်သေပြဖို့ အခွင့်အရေးပေးဖို့ ရှိနေတာဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ ပဲလေ့စ်အသင်း ချန်ပီယံဖြစ်အောင် လက်စွမ်းပြသနိုင်ခဲ့သလို တစ်ရာသီလုံး အကောင်းဆုံးပုံစံတွေကို ပြသနေတာပါ။ 

အင်္ဂလန်ဂိုးသမားကိုတွေ့ရစဉ် 

အဲဒါကြောင့် ဟန်ဒါဆန်ဟာ ပစ်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး အင်္ဂလန်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာမယ့် သူအဖြစ် သတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။ 

ဘန်လေအသင်း ဂိုးသမား ထရက်ဖို့ဒ်ဟာ လာမယ့်ရာသီအသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်နိုင်အောင် လက်စွမ်းပြသနိုင်ခဲ့သလို အင်္ဂလန် ယူ-၂၁ အသင်းနဲ့ ဥရောပချန်ပီယံရှစ် အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ အင်္ဂလန်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ပစ်ဖို့ဒ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင်ပြီး လက်ရွေးစင်အသင်းရဲ့ ပွဲထွက်နေရာကို အခိုင်အမာ ရယူထားတာဖြစ်ပါတယ်။ 

ပစ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ အင်္ဂလန်အသင်းအတွက် ၇၅ ပွဲ ပါဝင်ကစားထားပြီး ဂျိုးဟတ်၊ ဒေးဗစ်ဆီးမန်းတို့နဲ့ ပွဲအရေအတွက်ချင်း တူညီနေတာပါ။ 

အင်္ဂလန်အသင်းဟာ ဇွန်လထဲမှာ အန်ဒိုရာအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပါတယ်။ 

နည်းပြတူချယ်လ်အနေနဲ့ ဒီပွဲတွေမှာ အင်္ဂလန်အသင်းရဲ့ ပွဲထွက် ဂိုးသမားစာရင်းကို အပြောင်းအလဲ ပြုလုပ် မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source: goal