- By CNI
- Category: အားကစား
- Hits: 354
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
ပြင်သစ်အသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းအတွက် ခြေစွမ်း ပြသနိုင်ခဲ့တဲ့ ယာမဲလ်ဟာ Ballon d'Or ကိုရရှိဖို့ ထိုက်တန်တယ်လို့ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ပြောခဲ့ပါတယ်။
ဒယ်လာဖွန်တေက “ယာမဲလ်ဟာ ဒီပွဲမှာ ကြေညာထုတ်ပြန်ခဲ့ပြီး Ballon d'Or ကို သူရရှိသင့်တယ်ဆိုတာ ပြသခဲ့ ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး ကျနော့် အမြင်အရတော့ သူဟာ Ballon d'Or ကိုရရှိဖို့ ထိုက်တန်ပါတယ်”လို့ ပွဲအပြီး RTVE နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ယာမဲလ်ဟာ ဒီပွဲမှာ စပိန်အသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
စပိန်အသင်းဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်ပိုင်း မှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရလို့သာ အနိုင်ရလဒ် မပြတ်သားခဲ့တာပါ။
အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒီပွဲမှာပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် Ballon d'Or ဆု ပြိုင်ဘက်ဖြစ်တဲ့ ဒမ်ဘီလီကို အသာရရှိခဲ့ပြီလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ယာမဲလ်ကို တွေ့ရစဉ်
ယာမဲလ်ဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မတိုင်မီက တစ်နှစ်ပတ်လုံး အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့သူကို Ballon d'Or ဆုပေးသင့်တယ်လို့ ပြောထားတာပါ။
ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ယာမဲလ်က ကွင်းထဲမှာ စကားပြောရတာက အမြဲတမ်း အကောင်းဆုံး ဖြစ်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
စပိန်အသင်းဟာ နေးရှင်းလိဂ် ဗိုလ်လုပွဲအဖြစ် ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြင်သစ်အသင်းကတော့ ဂျာမနီအသင်းနဲ့ တတိယနေရာလုပွဲ ယှဉ်ပြိုင်ရမှာပါ။
ယာမဲလ်က အလွန်ကောင်းမွန်တဲ့ နှစ်သင်းယှဉ်ပြိုင်ရမယ့်ပွဲဖြစ်ပြီး ဆုဖလားကို စပိန်နိုင်ငံထံ ပြန်သယ်ဆောင် သွားမယ်လို့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။
ပေါ်တူဂီနဲ့ စပိန်အသင်းရဲ့ နေးရှင်းလိဂ် ဗိုလ်လုပွဲကို ဇွန်လ ၉ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 426
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅
အင်္ဂလန်တောင်ပံကစားသမား ဂရီလစ်ရှ်ဟာ နည်းပြဂွာဒီယိုလာက သူ့ကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းထဲမှာ ထည့်သွင်းဖို့ မရှိတာကြောင့် မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂရီလစ်ရှ်ဟာ မန်စီးတီးအသင်းအတွက် ၇ ပွဲသာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့ပြီး ကွင်းထဲမှာ ၇၁၅ မိနစ်သာ ရှိခဲ့ရတာပါ။
မန်စီးတီးအသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဂရီလစ်ရှ်ဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့ နည်းပြဂွာဒီယိုလာ ကိုယ်တိုင် ထုတ်ပြောထားဖူးပါတယ်။
The Telegraph က ဂရီလစ်ရှ်ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံကို ထွက်ခွာမယ့် မန်စီးတီးအသင်း လူစာရင်းထဲမှာ ပါဝင်ဖွယ်မရှိဘူးလို့ ဖော်ပြထားတာပါ။
အဲဒါကြောင့် မန်စီးတီးအသင်းကနေ ဂရီလစ်ရှ် ထွက်ခွာမယ့် ထင်ကြေးတွေဟာ ပိုပြီးများလာခဲ့တာ ဖြစ်ပါတယ်။
ဂရီလစ်ရှ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ပါဝင်ချင်နေတာကြောင့် လာမယ့်ရာသီ မှာ သူ့ကိုပုံမှန်ပွဲကစားခွင့် ပေးနိုင်မယ့် အသင်းကို ရှာဖွေနေတာပါ။

ဂရီလစ်ရှ်ကို တွေ့ရစဉ်
လက်ရှိအချိန်မှာ ဂရီလစ်ရှ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ပြည်ပကလပ် အသင်းတွေ ကလည်း စိတ်ဝင်စားမှု ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ဂရီလစ်ရှ်အသင်းကနေ ထွက်ခွာပြီး အသင်းသစ် ရှာဖွေနိုင်အောင် ကူညီပေးဖွယ်ရှိနေတာပါ။
၂၀၂၁ ခုနှစ်က အက်စတွန်ဗီလာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂရီလစ်ရှ်ဟာ မန်စီးတီးအသင်းအတွက် ၁၅၇ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၇ ခု ရရှိထားပါတယ်။
မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ပြုလုပ်နေပြီး အေစီမီလန်အသင်း ကွင်းလယ်လူ ရိုင်းဒါးစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားသလို လိုင်ယွန်အသင်းက ချာကီနဲ့ ဝုလ်ဗ်စ်အသင်းက အစ်နူရီတို့ကို ခေါ်ယူနိုင် ဖို့လည်း ကြိုးပမ်းနေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 389
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅
အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ စီးရီးအေချန်ပီယံ နာပိုလီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စား ခြင်း ခံနေရပေမယ့် ဒီနွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ သိရပါ တယ်။
၂၀၂၂ ခုနှစ်နွေရာသီက အေဂျက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ နောက်ခံလူဖြစ်ပေမယ့် ဒဏ်ရာကြောင့် ပွဲအများအပြားကို လွဲချော်နေတာပါ။
လီဆန်ဒရိုမာတီနက်ဇ်ဟာ လက်ရှိအချိန်မှာ အရွတ်ဒဏ်ရာကနေ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အာဂျင်တီးနား နောက်ခံလူဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်ပါဝင်ပြီး စက်တင်ဘာမှာ ပွဲပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒဏ်ရာ မှတ်တမ်းဆိုး ရှိနေပေမယ့် နာပိုလီအသင်းဟာ သူ့ကို ဖြစ်နိုင်ဖွယ်ရှိတဲ့ ခေါ်ယူမှုစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ကို တွေ့ရစဉ်
နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းကနေ တိုမီနေးကို ခေါ်ယူပြီး စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
လီဆန်ဒရိုမာတီနက်ဇ်ကတော့ ယူနိုက်တက်အသင်းမှာ ဆက်နေပြီး နည်းပြအာမိုရင်ရဲ့ လက်အောက်မှာ အောင်မြင်မှုတွေရယူဖို့ စိတ်ပိုင်းဖြတ်ထားတာ ဖြစ်ပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ နည်းပြအာမိုရင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး အဝတ်လဲခန်းထဲမှာ အသင်းရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။
ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၉၁ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူထားတဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီကုန်အထိ သက်တမ်းရှိနေပါတယ်။
နာပိုလီအသင်းဟာ ယူနိုက်တက်အသင်းရဲ့ နောက်ထပ် ကစားသမားတစ်ဦးဖြစ်တဲ့ ဂါနာချိုကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 465
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅
ချယ်လ်ဆီးအသင်းဟာ အစ်စဝှစ်ချ်တိုက်စစ်မှူး ဒီလပ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၃၀ ပေးပြီးခေါ်ယူကာ ၆ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက အစ်စဝှစ်ချ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၃၇ ပွဲ ပါဝင်ကစားပြီး ၁၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဒီလပ်ကို ခေါ်ယူဖို့ ယူနိုက်တက်၊ နယူးကာဆယ်နဲ့ အဲဗာတန်အသင်းတို့လည်း စိတ်ဝင်စားခဲ့ကြတာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားသလို မန်စီးတီးအသင်း မှာ အတူလက်တွဲခဲ့တဲ့ နည်းပြမာရက်စ်ကာ အသင်းကို ကိုင်တွယ်နေတာကြောင့် ဒီလပ်ဟာ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့ပါတယ်။
ဒီလပ်က “ကျနော်ဟာ ဆုဖလားတွေရယူဖို့ ဒီကိုလာခဲ့တာဖြစ်ပြီး အသင်းကို ဆုဖလားတွေ အများကြီးရရှိအောင် ကူညီပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ စကားပြောခဲ့တဲ့ အချိန်မှာ ဒီကလပ်မှာရှိတဲ့ လူတိုင်း က ထိပ်ဆုံးနေရာကို ပြန်ရောက်ချင်နေကြပြီး သူတို့မှာ အရည်အသွေးရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ ဆုဖလား တွေ ထပ်မံရယူပေးနိုင်ဖို့ ဆာလောင်မှုနဲ့ စိတ်ဆန္ဒပြင်းပြနေသလို အသင်းကို သူတို့ရှိရမယ့်နေရာ ပြန်ပို့ပေးနိုင်ဖို့က အဓိကရည်မှန်းချက်”လို့ ပြောခဲ့တာပါ။

ဒီလပ်ကို တွေ့ရစဉ်
ဒါအပြင် ဒီလပ်က အစ်စဝှစ်ချ်အသင်းဟာ သူ့အတွက် ပရီးမီးယားလိဂ် အတွေ့အကြုံရရှိဖို့ ပြီးပြည့်စုံတဲ့ ပတ်ဝန်း ကျင်ဖြစ်ခဲ့ပြီး ဒီအသင်းမှာရှိခဲ့တဲ့ သူ့ရဲ့အချိန်တွေကို ဘယ်တော့မှမေ့မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
ဒီလပ်ဟာ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းထဲမှာ ပါဝင်နေပေမယ့် ဒီပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေတာပါ။
ချယ်လ်ဆီးအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီလပ်ကို ဒီပြိုင်ပွဲရဲ့ လူစာရင်းထဲ ထည့်သွင်းသွားဖို့ ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖလာမင်ဂို၊ တူနစ်၊LAFC အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 449
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅
ပေါ်တူဂီအသင်းဟာ အသင်းခေါင်းဆောင် ရော်နယ်ဒိုရဲ့ အနိုင်ဂိုးနဲ့ ဂျာမနီအသင်းကို ဆီမီးဖိုင်နယ်မှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိပြီး နေးရှင်းလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဖလော်ရီယန်ဗစ်ဇ်က ဂျာမနီအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ပေါ်တူဂီအသင်းအတွက် ချေပဂိုးကို ကွန်ဆီကာအိုနဲ့ အနိုင်ဂိုးကို ရော်နယ်ဒိုက သွင်းယူခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီသွင်းဂိုးကြောင့် နိုင်ငံတကာသွင်းဂိုး ၁၃၇ ဂိုး ရှိလာခဲ့ပြီဖြစ်သလို ဂျာမနီအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်စလုံး အရေးနိမ့်မှုကိုလည်း အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ဂျာမနီအသင်းကို ယူရို ၂၀၀၀ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ပွဲပြန်လည် ရယူနိုင် ခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာကြောင့် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ဖို့ အခွင့်အရေး ရှိလာခဲ့ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ပေါ်တူဂီအသင်းနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က အနိုင်ရလဒ်ကို ခံစားဖို့လိုအပ်ပြီး ဗိုလ်လုပွဲမှာလည်း အလွန် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို လိုချင်တယ်လို့ ပြောခဲ့ပါတယ်။
ဂျာမနီအသင်းခေါင်းဆောင် ကင်မစ်ချ်အတွက်တော့ သူ့ရဲ့နိုင်ငံတကာ ကစားသမားဘဝ ပွဲပေါင်း ၁၀၀ ပြည့်တဲ့ပွဲ မှာ စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရတာပါ။
ကင်မစ်ချ်က သူတို့ဟာ ဦးဆောင်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ကောင်းမွန်စွာ မစွမ်းဆောင်နိုင်တဲ့အတွက် ရှုံးနိမ့်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
ဂျာမနီအသင်းဟာ နေးရှင်းလိဂ် နောက်ဆုံးအဆင့်ပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရခဲ့တာကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် တတိယနေရာလုပွဲသာ ယှဉ်ပြိုင်ရတော့မှာပါ။
ပေါ်တူဂီအသင်းဟာ စပိန်နဲ့ ပြင်သစ်အသင်းတို့ရဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အရေးနိမ့်တဲ့အသင်းဟာ ဂျာမနီအသင်းနဲ့ တတိယနေရာလုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 633
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄
ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ နွေရာသီမှာ ၁၀ နှစ်ကြာကစားခဲ့တဲ့ စပါးအသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။
ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၄၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၇၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၀၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
တောင်ကိုရီယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ စပါးအသင်း ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး အသင်းဆုဖလားရရှိဖို့ ၁၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ဆွန်ဟောင်မင်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ စပါးအသင်းကနေ ထွက်ခွာဖွယ်ရှိနေတာပါ။
ဆွန်ဟောင်မင်နဲ့ စပါးအသင်းတို့ရဲ့ စာချုပ်ဟာ ၁ နှစ်သာ ကျန်ရှိတော့တဲ့အတွက် လန်ဒန်ကလပ်ဟာ သူ့ကို လာမယ့်နှစ်မှာ အလွတ်နဲ့ဆုံးရှုံးရမယ့်အစား ပြောင်းရွှေ့ကြေးရရှိအောင် လာမယ့်နွေရာသီမှာ ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
ဘယ်တောင်ပံ ဒါမှမဟုတ် တိုက်စစ်မှူးနေရာမှာ ကစားနိုင်တဲ့ ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် ကလပ် အများအပြားက စိတ်ဝင်စားနေတာကြောင့် စပါးအသင်းဟာ ရောင်းချခြင်နေတာပါ။
ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၀ ပါဝင်ကစားကာ ၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ ၂၀၂၁ ခုနှစ်က PFA ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ ရသလို ၂၀၂၂ ခုနှစ်က ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ ပထမဆုံး အာရှဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ပြီးနောက် သူဟာအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ခဲ့ပြီလို့ ပြောခဲ့သလို နည်းပြပိုစတီကိုဂလူးရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 557
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄
ရီးရယ်လ်အသင်းကနေ ထွက်ခွာမယ့် ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ စီးရီးအေကလပ် အေစီမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ နှုတ်နဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ အပြောင်းအရွှေ့အတွက် နှစ်ဦးနှစ်ဖက် နှုတ်နဲ့ သဘောတူညီမှု ရရှိပြီးနောက်မှာ မိုဒရစ်ကို အသင်းထံ ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေတာပါ။
အသက် ၃၉ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ရီးရယ်လ်အသင်းကနေ ဂန္ထဝင်တစ်ဦးအဖြစ် ထွက်ခွာခဲ့ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ထပ်တစ်ရာသီကို ဆန်စီရိုမှာ သက်တမ်းတိုးဖို့ ရှိနေတာဖြစ်ပါတယ်။
မိုဒရစ်ဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ၊ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာနဲ့ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းတို့ရဲ့ ချိတ်ဆက်မှုတွေကိုလည်း ခံနေရတာပါ။
အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၈ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့တာကြောင့် နည်းပြအပြောင်းအလဲ ပြုလုပ်ထားသလို အသင်းရဲ့လူစာရင်းကို ပိုပြီး အားကောင်း အောင် ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။

မိုဒရစ်ကိုတွေ့ရစဉ်
အဲဒါကြောင့် အေစီမီလန်အသင်းဟာ မိုဒရစ်ကို ခေါ်ယူမယ့် သဘောတူညီမှုကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ ကြိုးပမ်းနေတာပါ။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီးမှသာ ထွက်ခွာမှာ ဖြစ်ပါတယ်။
မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းနဲ့ UEFA စူပါဖလား၊ ဖီဖာတိုက်ကြီးများ ဖလားတို့ကို ရယူနိုင်ခဲ့ ပေမယ့် ချန်ပီယံလိဂ်နဲ့ ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်းမရှိတာပါ။
ခရိုအေးရှား ကွင်းလယ်လူဟာ ၂၀၂၄-၂၅ ရာသီမှာ ရီးရယ်လ်အသင်းအတွက် ၅၇ ပွဲပါဝင်ကစားခဲ့ပြီး ၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
မိုဒရစ်ဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားမယ့် ခရိုအေးရှားအသင်းနဲ့အတူ လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ခရိုအေးရှားအသင်းဟာ ဂျီဘရောလ်တာ၊ ချက်အသင်းတို့နဲ့ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 472
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄
ချယ်လ်ဆီးအသင်းမှာ တစ်ရာသီကြာ အငှားကစားပြီးနောက် ယူနိုက်တက်အသင်းထံ ပြန်လာရမယ့် ဆန်ချိုဟာ လန်ဒန်ကလပ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ နှုတ်ဆက်မှု ပြုလုပ်သွားခဲ့ပါတယ်။
ဆန်ချိုက “အတွေ့အကြုံတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ကို အိမ်မှာရှိသလို ခံစားစေခဲ့တဲ့ အသင်းဖော် တွေ၊ နည်းပြအဖွဲ့ဝင်၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ ချယ်လ်ဆီးအသင်းမှာရှိတဲ့ လူတိုင်းကို ကြီးမားတဲ့ ချစ်ခြင်း မေတ္တာတွေရှိပါတယ်။ အသင်းအကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ ကျနော်ဆန္ဒပြုပါတယ်။ အလွန်ကျေးဇူးတင်ပါတယ် အပြာရောင်တွေ”လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု မရရှိခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အငှားနဲ့ ခေါ်ယူခဲ့ချိန်က ရာသီကုန်ချိန်မှာ ပေါင် ၂၅ သန်းဝန်းကျင်နဲ့ အပြီးသတ် ဝယ်ယူဖို့ ယူနိုက်တက်အသင်းနဲ့ သဘောတူညီထားတာပါ။

ဆန်ချိုကို တွေ့ရစဉ်
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီသဘောတူညီမှုကို ချိုးဖောက်ခဲ့တဲ့အတွက် ယူနိုက်တက်အသင်းကို ပေါင် ၅ သန်းပေးချေရမှာ ဖြစ်ပါတယ်။
ဆန်ချိုဟာ ချယ်လ်ဆီးအသင်းအတွက် ၄၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင် ခဲ့တာပါ။
ဆန်ချိုဟာ ချယ်လ်ဆီးအသင်းက ဘက်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ အသင်းအတွက် အဖိုးတန်သွင်းဂိုး ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါပေမယ့် ဆန်ချိုဟာ လုပ်ခလစာ လျှော့ယူဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တာမှာ အဆင်မပြေခဲ့တာကြောင့် ယူနိုက်တက်အသင်းထံ ပြန်လာရမှာပါ။
ယူနိုက်တက်အသင်းကတော့ ဆန်ချိုကို နွေရာသီ အပြောင်းအရွှေ့မှာ အပြီးသတ် ရောင်းချသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 475
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူဟာအမြင့်ဆုံးအဆင့်မှာ ဆက်ပြီး ကစားချင်တာ ကြောင့် အယ်လ်ဟီလယ်အသင်းရဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ယူနိုက်တက်က ကျနော့်ကို မရောင်းချချင်ဘူးလို့ ပြောခဲ့သလို အသင်းအတွက် ငွေကြေး မလိုအပ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ထွက်ခွာချင်တယ်ဆိုရင် သူတို့ဘက်က ခွင့်ပြုပေးမှာပါ။ နည်းပြအာမိုရင်ကတော့ ကျနော့်ကို မထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။ အယ်လ်ဟီလယ်အသင်းက ကျနော့်ကို ကောင်းမွန်တဲ့ အခွင့်အရေးတွေပေးခဲ့ပြီး စောင့်ဆိုင်းခဲ့ကြပါတယ်။ ဒီအပြောင်းအရွှေ့က ကျနော့်အတွက် လွယ်ကူ မှာဖြစ်ပေမယ့် ကျနော်ဟာ အမြင့်ဆုံးအဆင့်မှာ ဆက်ကစားချင်ပြီး အဓိက ဆုဖလားတွေအတွက် ယှဉ်ပြိုင်ချင်ပါ တယ်”လို့ ပြောခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ၃ နှစ် စာချုပ်အတွက် ပေါင်သန်း ၂၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ ပြီး ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းထဲမှာ သူ့ကို ထည့်သွင်းချင်ခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရက် အနည်းငယ်အတွင်းက ယူနိုက်တက်အသင်းမှာရရှိတဲ့ လုပ်ခလစာ ၂ ဆကျော် ရရှိမယ့် ဒီအပြောင်းအရွှေ့ကို အလေးအနက် စဉ်းစားမှုတွေ ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ မိသားစုနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာတော့ အယ်လ်ဟီလယ် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ယူနိုက်တက်အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ရောင်းချဖို့ ဆန္ဒမရှိသလို နည်းပြအာမိုရင်က သူ့ကိုမထွက်ခွာဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာပါ။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီက စပို့တင်းလစ္စဘွန်း အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ယူနိုက်တက် အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ်ရာသီကုန်အထိ သက်တမ်းရှိနေပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းနဲ့အတူ နေးရှင်းလိဂ် နောက်ဆုံးအဆင့် ပွဲစဉ်တွေ ကစားဖို့ရှိနေပြီး ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 471
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄
အာဆင်နယ်အသင်း ကစားသမားဟောင်း ဝီလ်ရှိုင်းယားဟာ ပလိုင်းမောက်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ပြီး သူ့ရဲ့နည်းပြဘဝကို ဆက်ပြီး လုပ်ကိုင်နိုင်ဖို့ ရေပန်းစားနေပါတယ်။
ချန်ပီယံရှစ်ပြိုင်ပွဲကနေ တန်းဆင်းပြီး လာမယ့်ရာသီ လိဂ်ဝမ်းပြိုင်ပွဲကို ယှဉ်ပြိုင်ရမယ့် ပလိုင်းမောက်အသင်းဟာ အသင်းကို ကိုင်တွယ်မယ့် နည်းပြသစ်ကို ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။
ပလိုင်းမောက်အသင်း နည်းပြသစ် ဖြစ်လာမယ့် စာရင်းထဲမှာ ဝက်ဂ်နာ၊ အီဗတ်၊ အိုစမန်ဘေ့စ်၊ ဘက်ဂင်ဟမ်နဲ့ ဂွတ်ဝင်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဝီလ်ရှိုင်းယားဟာ ပလိုင်းမောက်အသင်း နည်းပြရာထူးကို ရယူနိုင်ဖို့ ရေပန်းစားနေတာပါ။
ပလိုင်းမောက်အသင်းကို ပြီးခဲ့တဲ့ရာသီက ဝီလ်ရှိုင်းယားရဲ့ အင်္ဂလန်အသင်းဖော်ဟောင်း ဝိန်းရွန်နီ ကိုင်တွယ်ခဲ့ပြီး ၂၅ ပွဲမှာ ၅ ပွဲသာ အနိုင်ရခဲ့တာကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဝိန်းရွန်နီရဲ့နေရာမှာ မူစလစ်က ပလိုင်းမောက်အသင်းကို အစားထိုး ကိုင်တွယ်ခဲ့ပေမယ့် ရာသီကုန်ချိန်မှာ ထွက်ခွာခဲ့တာကြောင့် နည်းပြရာထူးနေရာ လစ်လပ်နေခဲ့တာပါ။

ဝီလ်ရှိုင်းယားကို တွေ့ရစဉ်
ဝီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ နော်ဝစ်ချ်အသင်းကို ယာယီနည်းပြအဖြစ် ၂ ပွဲကိုင်တွယ်ခဲ့ပါတယ်။
နော်ဝစ်ချ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဝီလ်ရှိုင်းယားဟာ နည်းပြအဖြစ် အသင်းတစ်သင်းကို ကိုင်တွယ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖုံးကွယ်ထားခြင်းတော့ မရှိပါဘူး။
ဝီလ်ရှိုင်းယားဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် အသင်းဟောင်း အာဆင်နယ်အသင်းထံ ပြန်လာကာ ယူ-၁၈ အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။
ဝီလ်ရှိုင်းယားဟာ သူ့ရဲ့ပထမဆုံးရာသီမှာ အာဆင်နယ် လူငယ်အသင်းကို FA ဖလားဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့တာပါ။
အင်္ဂလန်ကစားသမားဟောင်းဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာမှာ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး နော်ဝစ်ချ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Source: Dailymail
