
- By CNI
- Category: အားကစား
- Hits: 2251
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄
ယူနိုက်တက်အသင်း ဂိုးသမားဟောင်း ဒီဂီယာဟာ နည်းပြ အဲရစ်တန်ဟတ်က သူ့အပေါ် ဆိုးရွားတဲ့ပြုမူ ဆက်ဆံ ပုံကြောင့် အနားယူဖို့ စဉ်းစားခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။
ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ ၁၀ စုနှစ် တစ်ခုကျော်ကြာအောင် ကစားခဲ့ပြီးနောက် ၂၀၂၂-၂၃ ရာသီအကုန် မှာ အသင်းကနေ ထွက်ခွာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီဂီယာကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် သူတို့ရဲ့ ကမ်းလှမ်းမှုကို စပိန်ဂိုးသမားက လက်မခံခဲ့ဘဲ အသင်းက ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ဒီဂီယာဟာ ယူနိုက်တက်အသင်းက ထွက်ခွာအပြီးမှာ စပိန်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် အခုအချိန်ထိ အသင်းလက်မဲ့ဖြစ်နေတာပါ။
The Athletic က ဒီဂီယာဟာ နည်းပြ အဲရစ်တန်ဟတ်က သူ့အပေါ် ပြုမူဆက်ဆံပုံတွေကြောင့် ယူနိုက်တက် အသင်းက ထွက်ခွာအပြီးမှာ ကစားသမားဘဝက အနားယူဖို့ စဉ်းစားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီဂီယာဟာ သူထွက်ခွာခဲ့တာမှာ တာဝန်ရှိခဲ့တဲ့ နည်းပြအဲရစ်တန်ဟတ်နဲ့ ဘောလုံးဒါရိုက်တာဟောင်း ဂျွန်မာတော့ တို့သာ ယူနိုက်တက်အသင်းက ထွက်ခွာခဲ့ရင် သူပြန်လာဖို့တောင် အဆင်သင့် ဖြစ်နေခဲ့တာလို့ သိရပါတယ်။
ဒီဂီယာနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
နောက်ပိုင်းမှာတော့ ဒီဂီယာဟာ သူ့ရဲ့စိတ်ကိုပြန်ပြောင်းခဲ့ပြီး ကွင်းထဲပြန်ဝင်နိုင်ဖို့အတွက် လေ့ကျင့်မှုတွေကို အာရုံစိုက်ပြီး ပြုလုပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ တစ်ရာသီလုံး အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ ဒီဂီယာဟာ မကြာခင်မှာ အသင်းသစ်ကို ကြေညာဖွယ်ရှိနေတဲ့ ပို့စ်ကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဒီဂီယာကို ခေါ်ယူဖို့ မေဂျာလိဂ် ကလပ်အသင်းတွေအပြင် ဆော်ဒီပရိုလိဂ်နဲ့ စပိန်ကလပ်အသင်း အချို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
ဒီဂီယာဟာ ယူနိုက်တက်အသင်းအတွက် ၂၀၁၁ ကနေ ၂၀၂၃ ခုနှစ်အထိ ပွဲပေါင်း ၅၄၅ ပွဲ ပါဝင်ကစားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်၊ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ဒီဂီယာဟာ စပိန်အသင်းအတွက် ၄၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၂၀ ခုနှစ်က နောက်ဆုံး ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1855
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃
ရီးရယ်လ်အသင်း တိုက်စစ်မှူးဟောင်း ဘန်ဇီမာက အသင်းဖော်ဟောင်း ဗီနီစီးယက်စ်ဟာ ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရရှိဖို့ ထိုက်တန်တယ်လို့ ထောက်ခံခဲ့ပါတယ်။
ဘန်ဇီမာက “ဒီရာသီမှာ သူလုပ်ဆောင်ခဲ့တဲ့ အရာတွေအတွက် ဗီနီစီးယက်စ်ဟာ ဘောလွန်းဒီအောဆု ရရှိဖို့ ထိုက်တန်ပါတယ်။ သူဟာ ငယ်သေးပေမယ့် ပြီးပြည့်စုံတဲ့ ဘောလုံးသမားပါ။ ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်း က သူ့ကိုလိုအပ်တဲ့ အချိန်တိုင်း အလွန်ကောင်းမွန်စွာ လုပ်ပြနိုင်ခဲ့ပြီး ဒါကြောင့်လည်း ဘောလွန်းဒီအောဆုကို သူရရှိဖို့ ထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီနှစ် ကျနော် အနှစ်သက်ဆုံးက ဗီနီစီးယက်စ်ပါ”လို့ ပြောခဲ့ တာပါ။
ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဗီနီစီးယက်စ်ဟာ အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရရှိဖို့ ရီးရယ်လ်အသင်းဖော် ဘယ်လင်ဂမ်နဲ့အတူ ရေပန်းစားနေတာပါ။
ဗီနီစီးယက်စ်ကိုတွေ့ရစဉ်
ဒါပေမယ့် ဗီနီစီးယက်စ်ဟာ ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်က ထွက်ခွာခဲ့ရပြီး ဘယ်လင်ဂမ်ကတော့ အင်္ဂလန်အသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။
သူတို့နှစ်ဦးနဲ့အတူ ဘောလွန်းဒီအောဆုအတွက် ရေပန်းစားနေတဲ့ ရိုဒရီဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ စပိန်အသင်းနဲ့ ယူရိုချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို သူတို့ ၃ ဦးထဲက ၁ ဦးက ရယူသွားနိုင်ဖွယ်ရှိနေပါတယ်။
၂၀၂၂ ခုနှစ်က ဘောလွန်းဒီအောဆုကို ရရှိခဲ့တဲ့ ဘန်ဇီမာက အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ဗီနီစီးယက်စ် ရရှိဖို့ ထိုက်တန်တယ်လို့ ပြောသွားခဲ့တာပါ။
၂၀၂၄ ခုနှစ်အတွက် ဘောလွန်းဒီအောဆုပေးပွဲကို အောက်တိုဘာ ၂၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး ဒီဆုအတွက် ဆန်ခါတင်စာရင်း ဝင်တဲ့သူတွေကို စက်တင်ဘာ ၄ ရက်ကျရင် ကြေညာသွားမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 657
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃
ဆော်ဒီကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ ကွင်းလယ်လူ ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာ ဆက်ရှိမယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကီဗင်ဒီဘရိုင်းက ဘယ်ကိုမှ မသွားပါဘူး။ ဒီလူစာရင်းနဲ့အတူ နှစ်ပေါင်းများစွာ ရှိနေတာကို ကျနော် ပျော်ရွှင်ပါတယ်။ ဈေးကွက်မှာ ဘာတွေဖြစ်မလဲဆိုတာ မသိပေမယ့် တစ်ယောက် ထွက်ခွာသွားခဲ့ရင်တော့ ဒီအကြောင်းကို ကျနော်တို့ ပြောမှာပါ။ ကျနော်တို့ဟာ ဈေးကွက်မှာ နှစ်ပေါင်းများစွာ သက်ရောက်မှုတွေရှိအောင် လုပ်ခဲ့ပြီး အခြေအနေတိုင်းက မတူညီပါဘူး”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းနဲ့ လာမယ့် ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဒီဘရိုင်းကို ခေါ်ယူဖို့ ဆော်ဒီကလပ် အသင်း အချို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီဘရိုင်းဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထား တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထွက်ပေါ်ခဲ့တာပါ။
ဒါပေမယ့် နည်းပြ ဂွာဒီယိုလာက ဒီဘရိုင်းဘယ်မှ မသွားဘူးလို့ ပြောခဲ့သလို အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင် အထိ အသင်းရဲ့လူစာရင်းက ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူးလို့ ယုံကြည်မှုရှိနေပါတယ်။
ဒီဘရိုင်းကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘရာဇီးလ်တောင်ပံ ကစားသမား ဆာဗင်ဟို တစ်ဦးတည်း ကိုသာ ခေါ်ယူထားတာပါ။
မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်နဲ့ ဂိုးသမား အီဒါဆန်တို့ဟာ အသင်းအချို့ရဲ့ ချိတ်ဆက်မှုတွေကို ခံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းမှာ အငှားသွားရောက်ကစားခဲ့တဲ့ ကယ်လ်ဗင်ဖီးလစ်ဟာ မန်စီးတီးအသင်းနဲ့ အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပေမယ့် ဒီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖွယ်ရှိနေတာပါ။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး ဆဲလ်တစ်၊ အေစီမီလန်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 756
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်က ယူနိုက်တက်အသင်းကို သူတာဝန်ယူပြီးကတည်းက အင်္ဂလန်မှာ သူ့ထက်ပိုကောင်းအောင်လုပ်ဆောင်နိုင်တဲ့ နည်းပြက မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာသာရှိတယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “FA ဖလားရယူအပြီးမှာ ကျနော်ပိုသန်မာလာတယ်လို့ ခံစားရပါတယ်။ ဒီအသင်းဟာ ကျနော်မရောက်ခင် ၆ နှစ်က ဆုဖလားတွေမရခဲ့ပါဘူး။ ဒီ ၂ နှစ်အတွင်းမှာ ဂွာဒီယိုလာပြီးရင် ကျနော်တို့ဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ဆုဖလားအများဆုံးရရှိခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ တောင့်တင်းတဲ့ အနေအထားမှာရှိပါတယ်။ ကျနော်တို့ဟာ ပြိုင်ဘက်တိုင်းကိုလည်း အနိုင်ယူခဲ့ပါတယ်”လို့ The Times ကို ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ၂၀၂၂ ခုနှစ်၊မေက ရောက်ရှိခဲ့ပြီး ၁၁၄ ပွဲကိုင်တွယ်ထားတာမှာ နိုင်ပွဲ ၆၈ ပွဲရယူပေးထားတာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိချိန်မှာ ဂွာဒီယိုလာ၊ ကလော့ပ်၊ပိုချက်တီနို၊အာတီတာတို့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာ ယူနိုက်တက်အသင်း နည်းပြ ဘဝပထမရာသီမှာ ကာရာဘောင်းဖလားရယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
ဒုတိယရာသီမှာတော့ ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေဟာ ဆိုးရွားခဲ့ပြီး ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာရပ်တည်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ FA ဖလားရယူပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက ထုတ်ပယ်ခံရမယ့် အခြေအနေ က လွတ်မြောက်ခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ အသင်းမှာရှိမယ့် စာချုပ်သက်တမ်းတိုးခြင်းခံခဲ့ရတာပါ။
အဲရစ်တန်ဟတ် ဟာ ရာသီသစ်မှာ ယူနိုက်တက်အသင်းကို ရလဒ်ကောင်းတွေရယူပေးနိုင်ဖို့ မျှော်လင့်နေပြီး အသင်းဘက်ကလည်း တိုက်စစ်မှူး ဇာခ့်ဇီ၊နောက်ခံလူ ယိုရိုတို့ကို ခေါ်ယူအားဖြည့်ပေးထားပါတယ်။
ဒါ့အပြင် ယူနိုက်တက်အသင်းဟာ နောက်ထပ်ကစားသမားတွေကိုခေါ်ယူဖို့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လှုပ်ရှားနေတာပါ။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရာသီကြိုခြေစမ်းပွဲ ၂ ပွဲကစားထားပြီး ပထမဆုံးပွဲမှာ ရိုစင်ဘော့ အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲမှာတော့ ရိန်းဂျားစ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 724
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃
တိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းဟောင်း စပါးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ရာသီကြိုခြေစမ်းပွဲကို လွဲချော်မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက အတည်ပြုခဲ့ပါတယ်။
ကွန်ပနီက “ဟာရီကိန်း၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊အူပါမီကာနိုနဲ့ ကိုးမန်းတို့ဟာ ဒီပွဲစဉ်ကို ပါဝင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေကို ပထမဆုံးယှဉ်ပြိုင်ရမယ့် ဖလားပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ယူရိုသန်း ၁၂၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် အသင်းကို ဆုဖလားရရှိအောင်တော့ မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။
အသက် ၃၀ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ အင်္ဂလန်အသင်း ဗိုလ်လုပွဲတက်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဟာရီကိန်းဟာ ယူရိုပြိုင်ပွဲယှဉ်ပြိုင်ထားတာကြောင့် အနားယူနေပြီး အသင်းဟောင်း စပါးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ပွဲစဉ်ကို လွဲချော်ခဲ့တာပါ။
ကွန်ပနီကို တွေ့ရစဉ်
ဟာရီကိန်းဟာ သြဂုတ် ၃ ရက် ဆိုးလ်မှာယှဉ်ပြိုင်မယ့် ခြေစမ်းပွဲကို လွဲချော်မှာဖြစ်ပေမယ့် သြဂုတ် ၁၀ ရက် လန်ဒန်မှာ ထပ်မံယှဉ်ပြိုင်မယ့် စပါးအသင်းနဲ့ ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။
ဟာရီကိန်းဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၂၈၀ ဂိုးသွင်းပြီး အသင်းရဲ့ သမိုင်းမှာဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ထွက်ခွာခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီးနောက် ဒီရာသီမှာ ဆုဖလားရယူနိုင်ဖို့အတွက် ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ ကစားသမားသစ်တွေကိုလည်း အားဖြည့်ထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ သြဂုတ် ၁၆ ရက်မှာ ဂျာမန်ပိုကယ်ဖလား ပထမအဆင့်ပွဲစဉ်အဖြစ် SSV Ulm အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN

- By CNI
- Category: အားကစား
- Hits: 1039
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ ရောင်းချလို့ ရရှိတဲ့ ပြောင်းရွှေ့ကြေးကို အမျိုးသမီးပရဟိတအဖွဲ့တွေထံ လှူဒါန်းဖို့ တိုက်တွန်းခံနေရပါတယ်။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ မာဆေးလ်အသင်းထံ ပေါင်သန်း ၃၀ နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ ပြီး ယူနိုက်တက်အသင်းမှာ နှစ်ကာလရှည်ကြာရှိခဲ့တာကို အဆုံးသတ်ခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက ဖမ်းဆီးခံခဲ့ရပြီးနောက် ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိတော့ဘဲ ပြီးခဲ့တဲ့ရာသီက လာလီဂါကလပ် ဂီတာဖေးအသင်းမှာ အငှားသွားရောက် ကစားခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ရဲ့ မာဆေးလ်အသင်း အပြောင်းအရွှေ့အပေါ် မာဆေးလ်မြို့တော်ဝန် အပါအဝင် ပရိသတ်အချို့က ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
အိမ်တွင်း အကြမ်းဖက်မှု ဖြစ်ရပ်တွေအပေါ် ကာကွယ်ပေးသူဖြစ်တဲ့ ဒေးဗစ်ချဲလ်လန်ကလည်း ဒီအပြောင်းအရွှေ့ ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဒီရောင်းချမှုကနေ ရရှိတဲ့ ငွေကြေးတွေကို အမျိုးသမီးပရဟိတအဖွဲ့တွေထံ လှူဒါန်းဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဒေးဗစ်ချဲလ်လန်က “သူတို့ဟာ လွယ်လွယ်ကူကူနဲ့ ပြုလုပ်လို့ရတဲ့ အရာဖြစ်တဲ့ ကစားသမားကို ထွက်ခွာခွင့် မပေးခဲ့ပါဘူး။ သူတို့ဟာ ကိုယ်ပိုင်ဘဏ္ဍာရေး လိုအပ်ချက်တွေအတွက် ကစားသမားကို ဆက်ထိန်းသိမ်းခဲ့ပြီး အမျိုးသမီးတွေထက် သူတို့အတွက်ကိုပဲ ဦးစားပေးခဲ့ပါတယ်။ သူတို့ဟာ အမျိုးသမီးပရဟိတအဖွဲ့တွေထံလည်း လှူဒါန်းမှု မပြုလုပ်သေးပါဘူး။ ဒါက ယူနိုက်တက်လို ကလပ်အတွက် ဆိုးရွားပါတယ်”လို့ ပြောခဲ့တာပါ။
ဂရင်းဝုဒ်ကတော့ မာဆေးလ်အသင်းရဲ့ ကစားသမားသစ်အဖြစ် မိတ်ဆက်ခံရအပြီးမှာ သူ့ရဲ့အတိတ်ကိုထားခဲ့ကာ သူ့ရဲ့လက်တွဲဖော်၊ သမီးဖြစ်သူနဲ့အတူ အနာဂတ်အတွက် ရှေ့ဆက်မယ်လို့ ပြောခဲ့ပါတယ်။
မာဆေးလ်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ဂရင်းဝုဒ်ဟာ သူ့အတွက်၂ နှစ်အကြာမှ ပထမဆုံး အင်္ဂလန်မှာ ကစားမယ့်ပွဲစဉ်ဖြစ်တဲ့ ဆန်းဒါးလန်းအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ မာဆေးလ်အသင်းအတွက် ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 1158
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂
ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းက ထွက်ခွာပြီး ဥရောပထံ ပြန်လာဖို့ စိတ်ဝင်စားနေပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်း ဒုတိယရရှိအောင် ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။
ကိုလံဘီယာအသင်းနဲ့အတူ ပြန်တောက်ပခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဆော်ပေါ်လိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဥရောပမှာ ပြန်လည်ကစားဖို့အတွက် ကြိုးစားနေတယ်လို့ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂါစီယာက ပြောထား ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်က သူဟာ အမြင့်ဆုံးအဆင့် ပြိုင်ပွဲတွေမှာ ကစားနိုင်ကြောင်းကို ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သက်သေပြသခဲ့ပြီး ဖြစ်ပါတယ်။
အဲဒါကြောင့် ကိုလံဘီယာကစားသမားကို ခေါ်ယူဖို့ ဥရောပကလပ် အသင်းအချို့က စိတ်ဝင်စားနေတာ ဖြစ်ပါ တယ်။
အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဥရောပထံ ပြန်သွားဖို့ကို နှစ်သက်နေ တယ်လို့ ပြောထားတာပါ။ ပြီးခဲ့တဲ့လအနည်းငယ်က ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အသင်းဟောင်း အဲဗာတန်အသင်းထံ ပြန်လာနိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ပေါ်တို၊ မိုနာကို၊ ရီးရယ်လ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေမှာလည်း ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ ကစားသမားဟာ အမြင်၊တီထွင် ဖန်တီးနိုင်စွမ်းနဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် လူသိများ တဲ့သူဖြစ်ပြီး ကလပ်နဲ့ နိုင်ငံအသင်းမှာ အဓိက ကစားသမားအဖြစ် ရှိခဲ့ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်ကမှ အိုလံပီယာကို့စ်အသင်းကနေ ဆော်ပေါ်လိုအသင်းထံ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဆော်ပေါ်လိုအသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုး သွင်းယူထားကာ ဒီရာသီလိဂ် ပြိုင်ပွဲမှာ ၃၆ မိနစ်သာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဆော်ပေါ်လိုအသင်းနဲ့အတူ ဘရာဇီးလ် ရှုံးထွက်ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 585
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂
ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဥက္ကဋ္ဌဟောင်း အူလီဟိုးနက်စ်က ပြောခဲ့ပါတယ်။
အူလီဟိုးနက်စ်က “နောက်ခံလူတစ်ဦး အသင်းက ထွက်ခွာသွားဖို့ ဖြစ်နိုင်ပါတယ်။ ဒီလစ်က ဒတ်ချ်လူမျိုးဖြစ်သလို ယူနိုက်တက်နည်းပြကလည်း ဒတ်ချ်လူမျိုးပါ။ သူဒီမှာ ဆက်ရှိနေရင်လည်း ကျနော်တို့အတွက် ပြဿနာမရှိပါဘူး။ ကျနော်ကတော့ အူပါမီကာနိုကို ရောင်းချသွားမှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ဇာ့ခ်ဇီနဲ့ နောက်ခံလူ ယိုရိုတို့ကို ခေါ်ယူပြီးနောက် အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ဆက်ပြီး လှုပ်ရှားနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အေဂျက်စ်အသင်းမှာ အတူလက်တွဲခဲ့တဲ့ ဒီလစ်နဲ့ ပြန်လည် လက်တွဲဖို့ စိတ်အားထက်သန်နေပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောထားတာပါ။
ဒီလစ်ကိုတွေ့ရစဉ်
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ ရောက်ရှိချိန်ကတည်းက ဒီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ ပေမယ့် အဆင်မပြေခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနဲ့ ဒီလစ်တို့ဟာ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိသေးတာပါ။
၂၀၂၂ ခုနှစ်က ဂျူဗင်တပ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီလစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိနေသေးတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီလစ်ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ရောင်းချဖို့မရှိလို့ ယူနိုက်တက် အသင်းနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ကြန့်ကြာနေတာပါ။
ဒဏ်ရာတွေကြောင့် ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းလာခဲ့တဲ့ အသက် ၂၄ နှစ်အရွယ်ရှိ ဒီလစ်ဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ၇၃ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုးသွင်းယူကာ ဘွန်ဒစ်လီဂါနဲ့ ဂျာမန်စူပါဖလား ရရှိထားတာဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 2148
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂
မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု မရရှိသေးဘူးလို့ talkSPORT က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်က ဒီဘရိုင်းဟာ အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိ ထားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒါက လက်ရှိအချိန်မှာ ဖြစ်ပျက်ဖို့ နီးစပ်မှုမရှိသေးတာပါ။
ဒီဘရိုင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်ပေမယ့် မန်စီးတီးအသင်းက သူ့ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိပါဘူး။
ဘယ်လ်ဂျီယံ ကစားသမားနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ကို ရောက်ရှိနေတဲ့အတွက် ဆော်ဒီ ကလပ်အသင်းတွေဟာ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် လာမယ့်နွေရာသီအထိ စောင့်ဆိုင်းဖွယ် ရှိနေပါတယ်။
ဒီဘရိုင်းကို ခေါ်ယူဖို့ အယ်လ်အစ်တီဟတ် အသင်းအပြင် အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ ကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမားအနေနဲ့ ဆော်ဒီထံ ပြောင်းရွှေ့မယ်ဆိုရင် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ဒီဘရိုင်းကို တွေ့ရစဉ်
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဆော်ဒီကလပ် အသင်းတွေက သူ့ကို ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ရင် ငြင်းပယ်ဖို့ ခက်ခဲမယ်လို့ ဝန်ခံထားပါတယ်။
အယ်လ်အစ်တီဟတ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘန်ဇီမာ၊ ကန်တီနဲ့ ဖာဘင်ဟိုတို့ကို ခေါ်ယူခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့တာကြောင့် ဒီနွေရာသီမှာ ကစားသမားသစ်တွေအားဖြည့်ပြီး အောင်မြင်မှုရယူနိုင်ဖို့ လုပ်ဆောင်နေတာပါ။
အယ်လ်အစ်တီဟတ်အသင်းဟာ ဒီဘရိုင်းကို ခေါ်ယူဖို့ သဘောတူညီမှု မရရှိသေးပေမယ့် သူ့ရဲ့ မန်စီးတီးအသင်း ဖော် ဂိုးသမား အီဒါဆန်ကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုပြု လုပ်ဖို့ ရှိနေပါတယ်။
အီဒါဆန်ဟာ အယ်လ်နာဆာအသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းမှုကို မန်စီးတီး အသင်းက ပယ်ချခဲ့တာပါ။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး ဆဲလ်တစ်၊ အေစီမီလန်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: talksport

- By CNI
- Category: အားကစား
- Hits: 1072
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၀
ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကထွက်ခွာဖွယ်ရှိနေတဲ့ လူငယ်ကြယ်ပွင့် အိုဘီမာတင်ကို ခေါ်ယူဖို့ ဆွေးနွေးမှုပြုလုပ်နေပါတယ်။
အိုဘီမာတင်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်ယူ-၁၆ အသင်းကို ၁၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ၁၀ ဂိုးသွင်းယူနိုင်ခဲ့သူပါ။
အသက် ၁၆ နှစ်အရွယ်ရှိ ကစားသမားဟာ အာဆင်နယ် ယူ-၁၈ အသင်းအတွက် လိဂ်ပွဲစဉ် ၂၀ သာ ကစားခဲ့ပေမယ့် ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်နဲ့ ဒိန်းမတ်နိုင်ငံတို့ကို ကိုယ်စားပြုခွင့်ရှိနေတဲ့ အိုဘီမာတင်ဟာ ဒိန်းမတ် ယူ-၁၇ အသင်းအတွက် ၁၄ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူကာ ဥရောပ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တာပါ။
အိုဘီမာတင်ရဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် ဘိုင်ယန်မြူးနစ်အသင်းက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေသလို အာဆင်နယ်အသင်းကလည်း သူ့ကိုဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
The Athletic က အိုဘီမာတင်ဟာ နွေရာသီမှာ အာဆင်နယ်အသင်းက ထွက်ခွာဖို့ဆုံးဖြတ်ထားတယ်လို့ ဖော်ပြထားတာပါ။
အိုဘီမာတင်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်အသင်းလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။
အိုဘီမာတင်ဟာ အခုအပတ် အစောပိုင်းက ကာရင်တန်ကို လာရောက်လည်ပတ်ခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့အတွက်ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပူးတွဲပိုင်ရှင်ဆာဂျင်ရက်ကလစ်ဖ်လက်ထက် ပထမဆုံးအပြောင်းအရွှေ့ဖြစ်တဲ့ ဒီနွေရာသီမှာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဇာခ့်ဇီနဲ့ ယိုရိုတို့ကို ပြောင်းရွှေ့ကြေးပေါင် ၈၈.၅ သန်းအသုံးပြုပြီးခေါ်ယူထားတာပါ။
ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကွင်းလယ်လူ အူဂါတေးနဲ့ ဇာဗီဆိုင်မွန်တို့ကို ခေါ်ယူနိုင်ဖို့အတွက်လည်း ကြိုးပမ်းနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
Source: metro