CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈
ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စ်နာက စပါးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတဲ့ အီဇီကို အသင်းရဲ့ပထမဆုံး ဥရောပပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဂလက်စ်နာက “အီဇီနဲ့ ဂူဟီတို့အကြောင်း ကောလာဟလတွေ အများကြီး ရှိနေပေမယ့် သူတို့ဟာ အသင်းနဲ့အတူ ၁၀၀ ရာခိုင်နှုန်း ရှိနေခဲ့ပြီး သူတို့ဟာ ဒါကို ကြီးမားတဲ့ နည်းလမ်းနဲ့ သက်သေ ပြသနိုင်ခဲ့ပါတယ်။ အီဇီဟာ မနက် ဖြန် အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်ကို လာရောက်မှာဖြစ်သလို အသင်းရဲ့ ဥရောပပွဲစဉ်မှာလည်း သူပါဝင်ကစား နိုင်ဖို့ ကျနော်မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
ဒီနွေရာသီ အပြောင်းအရွှေ့မှာ စပါးနဲ့အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အီဇီဟာ ချယ်လ်ဆီးအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းအတွက် ပါဝင်ကစား ခဲ့ပါတယ်။
စပါးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီ အီဇီကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ချယ်လ်ဆီး အသင်းနဲ့ပွဲစဉ်ဟာ ခရစ္စတယ်ပဲလေ့စ် အသင်းအတွက် အီဇီ နောက်ဆုံး ပါဝင်ကစားခဲ့တဲ့ ပွဲဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စ်နာက လာမယ့် နော်ဝေကလပ် ဖရီဒရစ်စတက်အသင်းနဲ့ ကွန်းဖရန့်လိဂ် ပလေးအော့ဖ် ပွဲစဉ်မှာ အသင်းအတွက် အီဇီ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အီဇီအပြင် အသင်းခေါင်းဆောင် ဂူဟီကိုလည်း ဒီနွေရာသီမှာ ဆုံးရှုံးရဖွယ် ရှိနေတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီကို လာမယ့်ရာသီကုန်ရင် အလွတ်နဲ့ဆုံးရှုံးရမှာကို ရှောင်ချင်တာကြောင့် သူ့ကို ဒီနွေရာသီမှာ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီကို ပေါင်သန်း ၄၀ ဝန်းကျင် တန်ကြေး သတ်မှတ်ထားပြီး လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Source: BBC