CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အင်္ဂလန်ကြယ်ပွင့် အီဇီကို ပေါင် ၆၈ သန်းထက်နိမ့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖွယ်မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းဟာ ဖန်တီးမှုပိုပြုလုပ်နိုင်ပြီး တိုက်စစ်ရဲ့နေရာစုံမှာ ကစားနိုင်တဲ့ အီဇီကို သူတို့ရဲ့ နွေရာသီ အပြောင်းအရွှေ့ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတာပါ။
ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းကို FA ဖလား ရရှိအောင် အနိုင်ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ အီဇီဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေတာဖြစ်ပါတယ်။ အီဇီဟာ အာဆင်နယ်လူငယ်အသင်းမှာ ကစားခဲ့ဖူးပြီး အသက် ၁၃ နှစ်အရွယ်မှာ ထွက်ခွာ ခဲ့တာပါ။
အပြောင်းအရွှေ့အတွက် အာဆင်နယ်နဲ့ အီဇီရဲ့ကိုယ်စားလှယ်တွေအကြား မကြာသေးမီက ဆွေးနွေးမှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။
The Evening Standard က အာဆင်နယ်အသင်းဟာ အီဇီအတွက် အနည်းငယ် သက်သာတဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းချင်နေတယ်လို့ ဖော်ပြထားတာပါ။
ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ပြောင်းရွှေ့ကြေးကို ၃ ကြိမ်အရစ်ကျခွဲပေးနိုင်တဲ့ ပေါင် ၆၈ သန်းထက်နိမ့်တဲ့ ဘယ်ပြောင်းရွှေ့ ကြေးကိုမှ စဉ်းစားမှာမဟုတ်ဘူးလို့ သိရပါတယ်။
အီဇီနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့စာချုပ်ဟာ ၂ နှစ်ကျန်ရှိနေသေးတာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ သူ့ကို ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ထွက်ခွာခွင့်ပေးဖို့မရှိတာပါ။
အီဇီကို ခေါ်ယူဖို့ အာဆင်နယ်အသင်းရဲ့ လန်ဒန်ပြိုင်ဘက်စပါးအသင်းကလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ချယ်လ်ဆီးအသင်းဂိုးသမား ကယ်ပါကို ခေါ်ယူထားပြီး ဆိုစီဒက်အသင်းကွင်းလယ်လူ ဇူဘီမန်ဒီ ကိုလည်း ခေါ်ယူထားတာပါ။
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူးယိုကီရက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေသလို ဘရန်ဖိုဒ့်အသင်းက နော်ဂတ်ဒ်ရဲ့အပြောင်းအရွှေ့ကိုလည်း လာမယ့်ရက်ပိုင်းအတွင်းမှာ ကြေညာဖွယ် ရှိနေတာဖြစ်ပါတယ်။
Source: Metro