CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃
အမေရိကန်နဲ့ မက္ကဆီကိုအသင်းဟာ ကွန်ကာကပ်ဖ် ရွှေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်တွေကို အသီးသီး အနိုင်ယူခဲ့တာကြောင့် ဗိုလ်လုပွဲအဖြစ် ထိပ်တိုက် တွေ့ဆုံယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂွါတီမာလာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး မက္ကဆီကိုအသင်းက ဟွန်ဒူးရပ်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
အဲဒါကြောင့် အမေရိကန်နဲ့ မက္ကဆီကိုအသင်းဟာ ကွန်ကာကပ်ဖ် ရွှေဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မက္ကဆီကိုအသင်းဟာ ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပြီး ချန်ပီယံဆုကို ၉ ကြိမ်နဲ့ အကြိမ်အရေအတွက် အများဆုံး ရရှိထားတာပါ။
အမေရိကန်အသင်းသားတွေကိုတွေ့ရစဉ်
အမေရိကန်အသင်းကတော့ ချန်ပီယံဆု ၇ ကြိမ်နဲ့ ဒုတိယမြောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည် နေတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ မက္ကဆီကိုအသင်းဟာ ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ ၂၀၂၁ ခုနှစ်က နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး အမေရိကန်အသင်းက အချိန်ပိုမှာ အနိုင်ရရှိကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အမေရိကန်နဲ့ မက္ကဆီကိုအသင်းဟာ ကွန်ကာကပ်ဖ် ရွှေဖလား ဗိုလ်လုပွဲမှာ နောက်ဆုံး ၅ ကြိမ်တွေ့ဆုံခဲ့ရာ အမေရိကန်အသင်းက ၂ ကြိမ် အနိုင်ရခဲ့ပြီး မက္ကဆီကိုအသင်းက ၃ ကြိမ် အနိုင်ရရှိခဲ့ပါတယ်။
အမေရိကန်နဲ့ မက္ကဆီကိုအသင်းရဲ့ ၂၀၂၅ ကွန်ကာကပ်ဖ် ရွှေဖလား ဗိုလ်လုပွဲကို ဇူလိုင် ၇ ရက် ဟောက်စတန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Goal