CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈

အင်တာမိုင်ယာမီအသင်း ကွင်းလယ်လူ ဒီပေါလ်က အော်လန်ဒိုအသင်းကို လိဂ်ဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရပြီး ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီကို ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။ 

ဒီပေါလ်က “မက်ဆီဟာ ဒီအားကစားသမိုင်းမှာ ဘာကြောင့် အကြီးကျယ်ဆုံး ကစားသမား ဖြစ်နေရလဲဆိုတဲ့ အကြောင်းရင်းကို ထပ်ပြီးပြသနိုင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လုပ်ခဲ့သလိုပဲ အမြဲတမ်းအဆုံး အဖြတ်ပေးပါတယ်”လို့ ပြောခဲ့တာပါ။ 

မက်ဆီဟာ ဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်းရဲ့ နောက်ဆုံး ၂ ပွဲဆက်တိုက် လွဲချော်ခဲ့သလို ပါဝင်ကစား ခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း ၄၅ မိနစ်သာ ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် မက်ဆီဟာ အော်လန်ဒိုအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ၂ ဂိုးသွင်းယူကာ အသင်းကို ဗိုလ်လုပွဲ ရောက်ရှိ အောင် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။ 

မက်ဆီကို တွေ့ရစဉ် 

ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ မက်ဆီဟာ ကစားသမားဘဝ သွင်းဂိုး ၈၇၇ ဂိုးအထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

မက်ဆီက ဒဏ်ရာကနေ သက်သာပြီးနောက် ပြန်ကစားနိုင်ခဲ့တဲ့ ဒီပွဲမှာ သူဟာ အနည်းငယ် စိုးရိမ်စိတ်တွေ ရှိခဲ့ပေ မယ့် နောက်ပိုင်းမှာ ဒါတွေက ပျောက်ပြယ်သွားခဲ့တယ်လို့ ပွဲအပြီး Apple TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံခဲ့ ပါတယ်။ 

အင်တာမိုင်ယာမီအသင်း လက်ထောက်နည်းပြ မိုရာလက်စ်က မက်ဆီ သွင်းဂိုးတွေ သွင်းယူနေတာကို ကြည့်ရ တာဟာ သူတို့အတွက်ရော ပရိသတ်တွေ အတွက်ပါ အခွင့်ထူးဖြစ်ပြီး အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲထားတာကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလား ဗိုလ်လုပွဲအဖြစ် ဆီတဲလ်ဆောင်းဒါးစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal