CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ESPN က ဖော်ပြထားပါတယ်။

ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းမှာ ကစားနေတဲ့ ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီ အသင်းနဲ့ ၁ နှစ် စာချူပ် ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်မယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်းမှာ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဘတ်စ်ကွက်၊ အယ်လ်ဘာတို့နဲ့ ပြန်လည်တွဲဖက်ပြီး ကစားရတော့မှာပါ။

ဂရီမီယိုအသင်းနည်းပြ ရီနာတိုက ဆွာရက်ဇ်ဟာ အခုနှစ် ဘရာဇီးလ်စီးရီးအေ ဘောလုံးရာသီအပြီး ဒီဇင်ဘာလမှာ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုထားပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဆွာရက်ဇ်ကို ခေါ်ယူဖို့ အခုနှစ် အလယ်ပိုင်းကလည်းက ဂရီမီယိုအသင်းထံ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဆွာရက်ဇ်ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဂရီမီယိုအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် စာချုပ်ကို ၁ နှစ်စောပြီးအဆုံးသတ်ဖို့ ရှိနေတာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ တိုက်စစ်မှူး မာတီးနက်ဇ်ကို ထွက်ခွာခွင့်ပေးပြီးနောက် သူ့နေရာမှာ အစားထိုးဖို့ ဆွာရက်ဇ်ကို ကြိုးပမ်းလာခဲ့တာပါ။

ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ၆ ရာသီကြာလက်တွဲခဲ့တဲ့ မက်ဆီနဲ့အတူ အင်တာမိုင်ယာမီအသင်း တိုက်စစ် ကို ဦးဆောင်ပေးရတော့မှာ ဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ ဂရီမီယိုအသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုး သွင်းယူထားတာကြောင့် သူ့ရဲ့ ဂိုးသွင်းနှုန်းဟာ အခုအချိန်ထိ ကောင်းမွန်နေသေးတာပါ။

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလား ရယူနိုင်ခဲ့ပေမယ့် မေဂျာလိဂ်ရာသီမှာ ပလေးအော့ဖ် ဝင်ခွင့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် လာမယ့်ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အင်တာမိုင်ယာမီ အသင်းဟာ အခု ကတည်းက ကစားသမားသစ်တွေ အားဖြည့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Source: Daily Mail