CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄

တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၃ ခုနှစ်ရဲ့ ဘောလွန်းဒီအောဆုနဲ့ လွဲခဲ့ပေမယ့် ပျော်ရွှင်နေတယ်လို့ မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ဟာလန်းဟာ မက်ဆီ၊ ဘတ်ပီ၊ တခြား ကစားသမားတွေနဲ့ ပြိုင်ဆိုင်ရတာကို အလွန်ပျော်ရွှင်နေ တာ ကျနော်မြင်တွေ့ခဲ့ရပါတယ်။ ဟာလန်းဟာ ကစားသမားဘဝ အများကြီးကို လျှောက်လှမ်းရဖို့ ရှိနေသေးလို့ နောက်ရာသီမှာ ရယူနိုင်တယ်လို့ တွေးလို့ရပါတယ်။ ဒါက သူ့ရဲ့ ပစ်မှတ်ဖြစ်ရမှာ ဖြစ်ပေမယ့် သူဟာ ဒီဆုပေးပွဲမှာ ရှိနေရတာကို ပျော်ရွှင်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ၅၂ ဂိုး သွင်းယူပြီး ဆုဖလား ၃ လုံး ရရှိအောင် ကူညီပေး နိုင်ခဲ့ပေမယ့် ဘောလွန်းဒီအောဆုပေးပွဲမှာ မက်ဆီရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် နော်ဝေတိုက်စစ်မှူးဟာ အကောင်းဆုံး တိုက်စစ်မှူးဆုဖြစ်တဲ့ ဂတ်မူလာဆုကိုတော့ ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆု ပေးပွဲရဲ့ အဆင့်ရပ်တည်မှု ထိပ်ဆုံး ၁၀ ဦးထဲမှာ မန်စီးတီးအသင်းက ကစားသမား ၅ ဦးအထိ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ဒါက မန်စီးတီးအတွက် ကောင်းမွန်တဲ့ညပါပဲ။ ဆုပေးပွဲစင်မြင့်ထက်မှာ မန်စီးတီး ကစားသမားတွေ ရှိနေတာက ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ အရင်တုန်းက ဒီလိုမျိုးမရှိခဲ့ဖူးလို့ပါ”လို့ ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက စပါးအသင်းနဲ့ ၂ မှတ်ကွာ ဟနေတဲ့ မန်စီးတီးအသင်းဟာ ဒီနေ့ညမှာ ဘုန်းမောက်အသင်းနဲ့ လိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: besoccer