CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းဟာ ဒဏ်ရာကြောင့် ဇန်နဝါရီလအကုန်ထိ အနား ယူရဖွယ်ရှိတယ်လို့ နယူးကာဆယ်အသင်းနဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဒါက အရိုးဖြစ်တဲ့အတွက် အချိန်လိုအပ်ပါတယ်။ ဒီလအကုန်မှာ သူအဆင်သင့်ဖြစ်ပြီး ပါဝင်ကစား ပေးနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒါက အစပိုင်းမှာ ကျနော်တို့ မျှော်လင့်ထားတာထက် အနည်းငယ် ပိုပါ တယ်။ ကျနော်တို့ သူ့ကိုလိုအပ်တယ်”လို့ ပြောခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီဇင်ဘာလ ၆ ရက်က အက်စတွန်ဗီလာအသင်းကို အရေးနိမ့်တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းက ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူပြန်လည်ပါဝင်နိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ 

ဒါပေမယ့် ဟာလန်းဟာ ဒဏ်ရာက မသက်သာသေးတာကြောင့် မန်စီးတီးအသင်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၈ ပွဲစလုံး မပါဝင်နိုင်ခဲ့တာပါ။


ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားထားပြီး ၁၉ ဂိုး သွင်းယူထားတဲ့ ဟာလန်းဟာ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်အပြင် စပါးအသင်းနဲ့ FA ဖလားပွဲစဉ်၊ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် တွေကို ထပ်ပြီးလွဲချော်ဖို့ ရှိနေပါတယ်။

နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ဟာလန်းအပြင် နောက်ခံလူတွေဖြစ်တဲ့ အကန်ဂျီနဲ့ ဂျွန်စတုန်းစ်တို့လည်း လွဲချော်မယ်လို့ နည်းပြ ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး နယူးကာဆယ်အသင်းကို အနိုင်ယူနိုင်ခဲ့ရင် လီဗာပူးလ်အသင်းနဲ့ အမှတ် ကွာဟမှုကို လျှော့ချနိုင်မှာပါ။

မန်ချက်စတာကလပ်ဟာ ဒီပွဲအပြီးမှာ အဘူဒါဘီကို သွားရောက်ကာ စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Source: BBC