CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅

ဂျာမနီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ဆလိုဗက်ကီးယားအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ တာကြောင့် စိတ်ပျက်နေတဲ့ နည်းပြနာဂျယ်လ်စမန်းက ဂျာမနီနာမည်ကြီး ကစားသမားအချို့ကို ချန်လှပ်မယ်လို့ ပြောခဲ့ပါတယ်။ 

နာဂျယ်လ်စမန်းက “ကျနော်တို့ဟာ ဂျာမနီမှာ အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ခဲ့ပေမယ့် အရည် အသွေးတွေကို လျှော့ချပြီး အရာအားလုံးကိုပေးမယ့် ကစားသမားတွေကို ပိုပြီးအလေးထားဖို့ လိုအပ်တာဖြစ်နိုင်ပါ တယ်။ ဒီလိုကစားသမားတွေနဲ့သာ ကစားခဲ့ရင် ဒီပွဲမှာ ရလဒ်ကောင်း ရနိုင်ပါတယ်။ ကျနော်တို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို သွားချင်ပေမယ့် ဒီပွဲမှာ စွမ်းဆောင်ခဲ့တဲ့အရာက မိုင်ပေါင်းများစွာ ဝေးကွာနေပါတယ်။ အသင်းကို ကျနော် ယုံကြည်ပေမယ့် ပိုပြီးပြင်းထန်တဲ့ စိတ်ဆန္ဒတွေ မပြသနိုင်ရင် လုံလောက်မှာ မဟုတ်ဘူးဆိုတာ သူတို့ နားလည်ရမယ်”လို့ ပြောခဲ့တာပါ။ 

ဂျာမနီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမဆုံးပွဲအဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရသလို ဒီရှုံးပွဲကြောင့် သူတို့ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပထမဆုံး အဝေးကွင်း ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

နည်းပြ နာဂျယ်လ်စမန်းကို တွေ့ရစဉ်

ဂျာမနီအသင်းဟာ ဒီပွဲမတိုင်မီ ကစားခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်နဲ့ တတိယ နေရာလုပွဲမှာလည်း ရှုံးနိမ့် ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့ရတာပါ။ 

ဂျာမနီအသင်းဟာ ဆလိုဗက်ကီးယား အသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ဖလော်ရီယန်ဗစ်ဇ်၊ နယူးကာဆယ် အသင်း တိုက်စစ်မှူးသစ် ဝိုလ်တီမာဒီနဲ့ ရီးရယ်လ်အသင်းက ရူဒီဂါတို့ကို အသုံးပြုခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာဖြစ် ပါတယ်။

အဲဒါကြောင့် ဂျာမနီအသင်း နည်းပြ နာဂျယ်လ်စမန်းက လာမယ့်ပွဲတွေမှာ နာမည်ကြီး ကစားသမား အချို့ထက် အသင်းအတွက် အရာအားလုံးပေးနိုင်မယ့် ကစားသမားတွေကို အသုံးပြုဖွယ်ရှိတယ်လို့ ပြောခဲ့တာပါ။ 

ဂျာမနီအသင်းဂန္ထဝင် ရှဝိန်းစတိုင်ဂါက ဂျာမနီအသင်းဟာ အလွန်ဆိုးရွားခဲ့ပြီး ဒီလိုပုံစံမျိုးနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ရင် ပျော်ရွှင်သင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဂျာမနီအသင်းဟာ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၇ ရက် အိမ်ကွင်းမှာ မြောက်အိုင်ယာလန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro