- By CNI
- Category: အားကစား
- Hits: 429
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆
ပြင်သစ်လီဂူး-၁ ကလပ် လိုင်လီအသင်းဟာ ပြင်သစ်တိုက်စစ်မှူးဟောင်း ဂီရော့ဒ်ကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချဉ်းကပ်မှု ပြုလုပ်ခဲ့တယ်လို့ ESPN က ဖော်ပြထားပါတယ်။
အေစီမီလန်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး မေဂျာလိဂ်ကလပ် LAFC အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၃၈ နှစ် အရွယ်ရှိ ဂီရော့ဒ်ဟာ မေဂျာလိဂ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာပါ။
ဂီရော့ဒ်ဟာ LAFC အသင်းအတွက် မေဂျာလိဂ်ပွဲပေါင်း ၂၀ ပါဝင် ကစားအပြီးမှာ ၃ ဂိုးသွင်းယူထားပါတယ်။
ဂီရော့ဒ်နဲ့ LAFC ရဲ့စာချုပ်ဟာ ၂ဝ၂၅ ရာသီကုန်အထိ သက်တမ်းရှိနေပေမယ့် ၂၀၂၆ အထိ သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိနေတာပါ။
ဂီရော့ဒ်ကို လိုင်လီအသင်းက ချဉ်းကပ်မှု ပြုလုပ်ခဲ့တာကို ပထမဆုံး ဖော်ပြခဲ့တာက L’Equipe က ဖြစ်ပါတယ်။
ဒီအပြောင်းအရွှေ့သာ ဖြစ်ခဲ့ရင် ဂီရော့ဒ်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြင်သစ်လိဂ်မှာ ပြန်လည် ကစားရမှာပါ။

ဂီရော့ဒ်ကို တွေ့ရစဉ်
ဂီရော့ဒ်ဟာ ၂၀၁၂ ခုနှစ်က မောင့်ပယ်လီယာအသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
လိုင်လီအသင်းဟာ တိုက်စစ်မှူး ဂျွန်နသန်ဒေးဗစ်ကို ဆုံးရှုံးရမှာဖြစ်လို့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဂီရော့ဒ်ကို ပစ်မှတ်ထားနေပါတယ်။
လိုင်လီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ အဆင့် ၅ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့လို့ လာမယ့် ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာပါ။
ဂီရော့ဒ်ဟာ ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့သလို ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ဖလား အပါအဝင် ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ရရှိထားတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 608
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆
ပြင်သစ်တိုက်စစ်မှူး ဘတ်ပီဟာ ရီးရယ်လ်အသင်းရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်ဖြစ်တဲ့ ဆဲလ်ဘတ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာကို ခံစားခဲ့ရလို့ ဆေးရုံတက်ရောက် ကုသမှုတွေခံယူခဲ့ရတဲ့ ဘတ်ပီဟာ ဗုဒ္ဓဟူးနေ့က ရီးရယ်လ်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်ခဲ့တာပါ။
ဒါပေမယ့် ဘတ်ပီဟာ ဆဲလ်ဘတ်အသင်းနဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်အတွက် ရီးရယ်လ်အသင်းရဲ့လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။
ဘတ်ပီဟာ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲစလုံးလည်း မပါဝင်နိုင်ခဲ့တာကြောင့် ရီးရယ်လ်အသင်း အတွက် အုပ်စုပွဲတွေမှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိတာပါ။

ဘတ်ပီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းနည်းပြ ဇာဘီအလွန်ဆိုက “သူ့ကို ကွင်းထဲမှာ မြင်တွေ့ရတာ ကျနော် ဝမ်းသာပေမယ့် သူဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိသေးပါဘူး။ ကျနော်တို့အတွက် လိုအပ်တဲ့ ပြိုင်ဆိုင်မှုအဆင့်မှာ ကစားဖို့ သူ အနည်းငယ် အားနည်းနေပါတယ်။ ကျနော်တို့ စကားပြောခဲ့ပြီး သူကလည်း အကောင်းဆုံးဖြစ်အောင် ဦးစားပေး လုပ်နေပါတယ်။ ကျနော်တို့ ၁၆ သင်းအဆင့် တက်နိုင်ရင်တော့ သူပါဝင်နိုင်မှာပါ”လို့ ပြောခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ ၅၆ ပွဲ ပါဝင် ကစားထားပြီး ၄၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားပြီး ဆဲလ်ဘတ် အသင်းနဲ့အတူ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်ကြောင့် အုပ်စုထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်းဟာ ဆဲလ်ဘတ်အသင်းနဲ့ပွဲစဉ်မှာ အနိမ့်ဆုံး သရေရလဒ် ရယူနိုင်ရင် ၁၆ သင်းအဆင့်ကို တက်ရောက်မှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 466
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆
ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ နီးစပ်နေပြီလို့ ဆော်ဒီသတင်းရင်းမြစ်တွေက BBC Sport ကို ပြောခဲ့ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းရဲ့ စာချုပ်ဟာ ဇွန်လကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ် ၂ နှစ် သက်တမ်းတိုးတာကို အပြီးသတ်ဖို့ နီးစပ်နေပြီလို့ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနို ကလည်း ဖော်ပြထားတာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီ ဆော်ဒီပရိုလိဂ် နောက်ဆုံးပွဲစဉ်အပြီးမှာ အခန်းကဏ္ဍပြီးဆုံးပြီလို့ သူ့ရဲ့ဆိုရှယ်မီဒီယာ မှာ ရေးသားခဲ့တာကြောင့် အယ်လ်နာဆာအသင်းကနေ သူထွက်ခွာ ဖွယ်ရှိတယ်လို့ ထင်ကြေးသတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်မှာ ဖီဖာအကြီးအကဲ အင်ဖန်တီနိုက ရော်နယ်ဒိုဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတဲ့ အသင်း တစ်သင်းမှာ ပါဝင်ကစားနိုင်တဲ့ အလားအလာကို ဖော်ထုတ်ခဲ့ပါတယ်။
စီရော်နယ်ဒိုကလည်း သူဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အသင်းအချို့ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ်လို့ အတည်ပြုခဲ့တာပါ။
စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းကို နေးရှင်လိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် အယ်လ်နာဆာ အသင်းမှာ ဆက်ရှိမယ့် အရိပ်အမြွက်ကို ပြောခဲ့ပြီး သူဟာ ပင်လယ်ကွေ့နိုင်ငံမှာ ကိုယ်ပိုင်အားကစား ရင်းနှီး မြုပ်နှံမှုတွေ ပြုလုပ်ဖို့လည်း စဉ်းစားနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ၂၀၂၃ ခုနှစ်မှာ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ လာခဲ့ကာ လက်ရှိအချိန်မှာ ၁၁၁ ပွဲ ကစားထားပြီး ၉၉ ဂိုးသွင်းယူထားတာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ ၂၀၂၃ ခုနှစ်က အာရပ်ကလပ် ချန်ပီယံများ ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တာကလွဲပြီး ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေတာဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားအောင်မြင်မှု မရရှိခဲ့တာကြောင့် အီတလီလူမျိုးနည်းပြ ပီအိုလီနဲ့ လမ်းခွဲခဲ့တာပါ။
အဲဒါကြောင့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိလာတဲ့ ၂ နှစ်ခွဲအတွင်းမှာ ၅ ဦးမြောက်နည်းပြနဲ့ လာမယ့်ရာသီ လက်တွဲ အလုပ်လုပ်ရဦးမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 442
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅
ချယ်လ်ဆီးအသင်းဟာ တူးနစ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပြီးနောက် နည်းပြမာရက်စ်ကာက အသင်းရဲ့ပစ်မှတ်က ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့လို့ ပြောခဲ့ပါ တယ်။
မာရက်စ်ကာက “ကျနော်တို့ဟာ တစ်ပွဲပြီးမှ တစ်ပွဲအကြောင်းကို စဉ်းစားမှာဖြစ်ပြီး ဗိုလ်လုပွဲ အကြောင်းကို တွေးနေမှာ မဟုတ်ပါဘူး။ ဘင်ဖီကာဟာ ထိပ်တန်းမန်နေဂျာ၊ ထိပ်တန်းကစားသမားတွေနဲ့ ထိပ်တန်းအသင်း တစ်သင်းဆိုတာကို ကျနော်တို့သိပါတယ်။ ကျနော်တို့ဟာ ၁၆ သင်းအဆင့်ကို ရောက်ရှိနေပြီး အသင်းရဲ့ ပစ်မှတ် ကတော့ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့ပါ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ တူးနစ်အသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုတွင်း ဒုတိယနေရာနဲ့ နောက်တဆင့်ကို တက်ကာ ၁၆ သင်းအဆင့်မှာ ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ တူးနစ်အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမား အများအပြားကို အနားပေးခဲ့ပြီး ကစားကွက် အပြောင်းအလဲ ပြုလုပ်ခဲ့တာပါ။

နည်းပြ မာရက်စ်ကာကို တွေ့ရစဉ်
ဒီပွဲမှာ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးသစ် ဒီလပ်ဟာ အသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာက ဒီလပ်နဲ့အသင်းတို့ဟာ တစ်ဦးအကြောင်းတစ်ဦး ကောင်းမွန်စွာ သိတာကြောင့် သူ့ရဲ့လုပ်ငန်းစဉ်က အလွန်မြန်ဆန်ပြီး သူက အလွန်တော်တဲ့ ကစားသမား ဖြစ်တယ်လို့ ပြောခဲ့ ပါတယ်။
ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာဟာ ဒီပွဲမှာ လူငယ် ကစားသမားတွေဖြစ်တဲ့ အချီပေါင်၊ အက်ဆူဂို၊ မာခ့်ဂူအီ၊ အန်ဒရေဆန်းတို့စ်နဲ့ ဂျော့ချ်တို့ကို အသုံးပြုသွားခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဘင်ဖီကာအသင်းနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်ကို ဇွန် ၂၈ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: The Guardian
- By CNI
- Category: အားကစား
- Hits: 471
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅
ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းကြယ်ပွင့် နီကိုဝီလီယံစ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေသလို ယူနိုက်တက်အသင်းကနေ ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။
ဘာစီလိုနာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ သူတို့ရဲ့တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းအောင်ပြုလုပ်ဖို့ ပြင်ဆင်နေတာပါ။
ဘာစီလိုနာအသင်းဟာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ ရှိတဲ့ နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။
စပိန်ချန်ပီယံအသင်းဟာ နီကိုဝီလီယံစ်အတွက် ပြောင်းရွှေ့ကြေး သုံးစွဲမှာဖြစ်တဲ့အတွက် အသင်းရဲ့ဘဏ္ဍာရေး အခြေအနေအရ ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့သာ ကြိုးစားသွားဖို့ရှိနေတာပါ။
ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်ရဲ့ နေရာစုံမှာ ကစားနိုင်တဲ့သူ ဖြစ်တာကြောင့် အသင်းကို အကျိုးပြုနိုင်တယ်လို့ ဘာစီလိုနာအသင်း နည်းပြ ဟန်ဆီဖလစ်က ယုံကြည်မှုရှိနေပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီက အက်စတွန်ဗီလာအသင်းထံ အငှားသွားရောက် ကစားခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေပြီး အသင်းကလည်း သူ့ကို ရောင်းချနိုင်ဖို့ မျှော်လင့်နေတာပါ။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ရက်ရှ်ဖို့ဒ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်းမှာ ကစားဖို့ ရည်ရွယ်ထားသလို သူ့ရဲ့ အိပ်မက်က ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်နဲ့ အတူ တွဲကစားချင်တယ်လို့ ပြောထားတာပါ။
ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ရောင်းချချင်နေပြီး ဘာစီလိုနာအသင်းက အငှားနဲ့ ခေါ်ယူချင် နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ဖွယ် ရှိ/မရှိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ခေါ်ယူနိုင်ခဲ့ရင်တောင် ယူနိုက်တက်အသင်းကို သူ့ရဲ့လစာ တစ်စိတ်တစ်ပိုင်းပေးဖို့ တောင်းဆိုနိုင်တာပါ။
နည်းပြအာမိုရင် လက်ထက်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရဖို့ မရှိတော့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းရဲ့ ရာသီကြိုခရီးစဉ်မှာ ချန်လှပ်ခံရမယ်လို့ သိရပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 478
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅
ပြင်သစ်လိဂ်ချန်ပီယံဆုကို ၇ ကြိမ် ရယူထားတဲ့ လိုင်ယွန်အသင်းဟာ ကလပ်ရဲ့ဘဏ္ဍာရေး ပြဿနာတွေကြောင့် ပြင်သစ်လိဂ် ဒုတိယတန်းကို တန်းဆင်းတဲ့ ပြစ်ဒဏ်ချမှတ်ခံရတယ်လို့ ပြင်သစ်ပရော်ဖက်ရှင်နယ်လိဂ်(LFP)က ကြေညာခဲ့ပါတယ်။
လိုင်ယွန်အသင်းပိုင်ရှင် ဂျွန်တက်စ်တာ အပါအဝင် အသင်းတာဝန်ရှိသူတွေဟာ DNCG နဲ့ တွေ့ဆုံခဲ့ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ဖြေရှင်းဖို့ တိကျသေချာတဲ့ အကြောင်းပြချက် ပေးနိုင်ခဲ့ခြင်းမရှိတာပါ။
DNCG ဟာ ပြင်သစ်ပရော်ဖက်ရှင်နယ် ကလပ်တွေရဲ့ဘဏ္ဍာရေး အခြေအနေတွေကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာက DNCG ဟာ အကြွေးယူရို ၁၇၅ သန်းရှိတာကြောင့် လိုင်ယွန်အသင်းကို ယာယီတန်းဆင်းတဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကိုလည်း ပိတ်ပင်ခဲ့တာပါ။
လိုင်ယွန်အသင်းကတော့ DNCG ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ချက်ချင်း အယူခံဝင်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
လိုင်ယွန်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကြယ်ပွင့် ကစားသမား ချာကီကို မန်စီးတီးအသင်းထံ ရောင်းချတာကနေ ယူရို ၄၂.၅ သန်းရရှိခဲ့သလို လုပ်ခလစာမြင့်မားတဲ့ ကစားသမားတွေနဲ့လည်း လမ်းခွဲခဲ့ပေမယ့် ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်းမရှိတာပါ။

လိုင်ယွန်အသင်းကို တွေ့ရစဉ်
လိုင်ယွန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့သလို လီဂူး-၁ ပြိုင်ပွဲ မှာလည်း အဆင့် ၆ နေရာနဲ့ အဆုံးသတ်ကာ ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တန်းဆင်းတဲ့ ပြစ်ဒဏ်ကြောင့် လိုင်ယွန်အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်ကို ဆုံးရှုံးဖို့ရှိနေတာပါ။
လိုင်ယွန်အသင်း တန်းဆင်းတဲ့ ပြစ်ဒဏ်ကြောင့် ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ် ပါဝင်ကစားခွင့်ရဖို့ အခြေအနေ ပိုကောင်းသွားခဲ့ပါတယ်။
UEFA ဟာ သူတို့ရဲ့ လက်အောက် ကျင်းပနေတဲ့ ပြိုင်ပွဲတွေမှာ ပိုင်ရှင်တူညီနေတဲ့ အသင်းတွေကို ပြိုင်ပွဲ တစ်ခုတည်းမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။
လိုင်ယွန်အသင်းပိုင်ရှင် တက်စ်တာဟာ ပဲလေ့စ်အသင်းမှာလည်း ရှယ်ယာပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့ ပဲလေ့စ် အသင်း ရှယ်ယာ ၄၃ ရာခိုင်နှုန်းကို ရောင်းချဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 451
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅
ဘရာဇီးလ် ကြယ်ပွင့်နေမာဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ကုန်အထိ စာချုပ် သက်တမ်းတိုးခဲ့ပါတယ်။
အသက် ၃၃ နှစ် အရွယ်ရှိ နေမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်း ခဲ့ပြီးနောက် ဇန်နဝါရီက ဆန်းတို့စ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။
နေမာနဲ့ ဆန်းတို့စ်အသင်းရဲ့ စာချုပ်ဟာ ဒီလကုန်ရင် ကုန်ဆုံးမှာဖြစ်တဲ့အတွက် သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် နေမာဟာ ဆန်းတို့စ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ဒီစာချုပ်ထဲ မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ပါဝင်တယ်လို့ သိရပါတယ်။
နေမာက “ကျနော် ဆုံးဖြတ်ချက်ချခဲ့ပြီး ကျနော့်ရဲ့ နှလုံးသားကို နားထောင်ခဲ့ပါတယ်။ ဆန်းတို့စ်အသင်းက ကျနော့် အတွက် အသင်းတစ်သင်းတင် မဟုတ်ဘဲ ကျနော့်ရဲ့ အိမ်၊ ကျနော့်ရဲ့သမိုင်းနဲ့ ကျနော့်ရဲ့ဘဝပါ။ ကျနော် ဒီမှာ အလွန်ပျော်ရွှင်ပါတယ်။ ဒီနေရာမှာ ကျနော့်ရဲ့ ကစားသမားဘဝထဲ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းချင်ပါတယ်”လို့ ပြောခဲ့တာပါ။
ဆန်းတို့စ်အသင်း အကြီးအကဲ တိုင်ဇီရာက နေမာကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာက ဘရာဇီးလ် ဘောလုံး လောကအတွက် သမိုင်းဝင်ပြီး ထူးခြားတဲ့နေ့ဖြစ်သလို ဆန်းတို့စ်အသင်း ပရိသတ်တွေအတွက် လက်ဆောင် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နေမာကို တွေ့ရစဉ်
နေမာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ဆန်းတို့စ်အသင်းမှာ ပါဝင်ကစားပြီး ခြေစွမ်းပြန်ပြသ နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လက ၁၇ လကြာ ဝေးကွာနေတဲ့ ဘရာဇီးလ်အသင်း လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
ဒါပေမယ့် နေမာဟာ ဒဏ်ရာကြောင့် ဘရာဇီးလ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
နေမာဟာ ဆန်းတို့စ် အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထား တာပါ။
ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ် စီးရီးအေပြိုင်ပွဲမှာ ၁၂ ပွဲ ကစားထားပြီး ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၅ နေရာ ရပ်တည်နေတာကြောင့် နေမာအနေနဲ့ အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ကူညီပေးရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 362
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄
ဂျာမန်ဂန္ထဝင် လိုသာမာသီးယက်စ်က ဘာစီလိုနာအသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ ဂိုးသမားစတီဂန်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းကို တိုက်တွန်းမှုပြုလုပ်ခဲ့ပါတယ်။
လိုသာမာသီးယက်စ်က "မန်စီးတီးရဲ့ အစီအစဉ်ကို မသိပေမယ့် သူတို့ဟာ အီဒါဆန်နဲ့ ပတ်သက်ပြီး မပျော်ရွှင် ဘူးလို့ ကျနော်ထင်ပါတယ်။ စတီဂန်ဟာ လာမယ့် ၃ နှစ်၊ ၄ နှစ်တွေမှာ မန်စီးတီးအသင်းရဲ့ ဂိုးသမားဖြစ်နိုင်တယ် လို့ ကျနော်ထင်ပါတယ်။ စတီဂန်အနေနဲ့ ဘာစီလိုနာမှာ အရန်ခုံ ထိုင်ရမယ်ဆိုရင် ဂျာမနီမှာ ပွဲထွက်ခွင့်ရမှာ မဟုတ်ပါဘူး။ ကျနော်ကတော့ ဘာစီလိုနာကနေ စတီဂန်ထွက်ခွာဖို့ မျှော်လင့်တယ်"လို့ Sky Sports Germany မှာ ရေးသားခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းကနေ ဂိုးသမားဂါစီယာကို ခေါ်ယူခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီ ကုန်ခါနီးမှာ အသင်းအတွက် ပွဲတွေပြန်ကစားနိုင်ခဲ့တဲ့ ဂိုးသမားစတီဂန်ရဲ့ အနာဂတ်ဟာ သံသယ ဖြစ်လာခဲ့ပါတယ်။
အဲဒါကြောင့်လည်း လိုသာမာသီးယက်စ်က မန်စီးတီးအသင်းအနေနဲ့ အီဒါဆန်ရဲ့ နေရာမှာ အစားထိုးဖို့ စတီဂန်ကို ခေါ်ယူသင့်တယ်လို့ ပြောခဲ့တာပါ။

စတီဂန်ကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက စတီဂန် ဒဏ်ရာရချိန်မှာ အရေးပေါ် ခေါ်ယူခဲ့တဲ့ ဂိုးသမား ဆက်ဇနီ ကိုလည်း ၂ နှစ်စာချုပ် သက်တမ်းတိုးဖို့ ရှိနေပါတယ်။
စတီဂန်အနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်ရှိချင်တယ်ဆိုရင် အသင်းရဲ့နံပါတ်တစ် ဂိုးသမားနေရာအတွက် ဆက်ဇနီ၊ ဂါစီယာတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
မန်စီးတီးအသင်းဟာ နည်းပြဂွာဒီယိုလာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ပထမရာသီမှာ စတီဂန်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာအသင်းက သူ့ကို ရောင်းချဖို့ ငြင်းဆန်ပြီး သူ့အစား ဘရာဗိုကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ဘရာဇီးလ်ဂိုးသမား အီဒါဆန်ဟာ အသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့ပြီး မနှစ်က ရာသီမှာ အမှားအယွင်း အများအပြား ပြုလုပ်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ အီဒါဆန်ရဲ့ နေရာမှာ အစားထိုးဖို့ ဂိုးသမားအချို့ကို ပစ်မှတ်ထား စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
စတီဂန်ဟာ သူ့ရဲ့ ဘာစီလိုနာအသင်း အနာဂတ်နဲ့ပတ်သက်ပြီး နည်းပြ ဟန်ဆီဖလစ်နဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 432
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄
အင်တာမိုင်ယာမီအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပါလ်မီးရပ်စ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ၁၆ သင်းအဆင့်မှာ ဥရောပချန်ပီယံ PSG အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲမှာ ပါလ်မီးရပ်စ်အသင်းကို ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။
အင်တာမိုင်ယာမီနဲ့ ပါလ်မီးရပ်စ်အသင်းတို့ဟာ သရေ ရလဒ်ကြောင့် ၂ သင်းစလုံး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပါလ်မီးရပ်စ်နဲ့ အင်တာမိုင်ယာမီအသင်းတို့ဟာ အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၅ မှတ်စီ တူညီနေပေမယ့် ဂိုးကွာခြားချက်ကြောင့် ပါလ်မီးရပ်စ်က အုပ်စုပထမ၊ အင်တာမိုင်ယာမီက အုပ်စုဒုတိယ ရရှိခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းနဲ့ PSG ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် ပါလ်မီးရပ်စ်အသင်းဟာ ၁၆ သင်းအဆင့်မှာ ဘရာဇီးလ်ပြိုင်ဘက် ဘိုတာဖိုဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အင်တာမိုင်ယာမီအသင်းက PSG အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်တဲ့ တစ်သင်းတည်း သော မေဂျာလိဂ်ကလပ်လည်း ဖြစ်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုက “ကျနော်တို့အတွက် အလွန်ကောင်းမွန်တဲ့ပွဲဖြစ်ပြီး တောင်အမေရိ ကရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ကစားရတာဟာ ခက်ခဲပါတယ်။ နောက်တဆင့် တက်နိုင်ခဲ့ တာက မေဂျာလိဂ် ဘောလုံးအတွက် သမိုင်းဝင်ညပါ”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းနဲ့ PSG အသင်းတို့ရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်ကို ဇွန်လ ၂၉ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 488
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄
ယူနိုက်တက်အသင်းဟာ ကင်မရွန်းတိုက်စစ်မှူး အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့အတွက် ဘရန်ဖို့ဒ်အသင်းကို ပေါင်သန်း ၆၀ ကျော်နဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အမ်ဘူမိုအတွက် ပေါင် ၄၅ သန်း၊ add-ons ပေါင် ၁၀ သန်းနဲ့ အခုလ အစောပိုင်းက ပထမဆုံးအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို ဘရန်ဖို့ဒ်အသင်းက ပယ်ချခဲ့တာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေး တိုးပြီး ထပ်ကမ်းလှမ်းမှု ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုဟာ အမ်ဘူမိုအတွက် ဘရန်ဖို့ဒ်အသင်း လိုချင်နေတဲ့ ပေါင် ၆၅ သန်းနဲ့ နီးစပ်မှုရှိလာခဲ့တာပါ။
ယူနိုက်တက်နဲ့ ဘရန်ဖို့ဒ်အသင်းတို့ဟာ အမ်ဘူမိုအတွက် ဆွေးနွေးမှုတွေကို ရက်သတ္တပတ် ကြာမြင့်စွာ ပြုလုပ်နေခဲ့တာဖြစ်ပြီး ဒီအပတ်ထဲမှာလည်း ဆက်ပြီးဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ယူနိုက်တက်အသင်းကတော့ အမ်ဘူမိုကို ရာသီကြို လေ့ကျင့်မှုတွေ စတင်မယ့်အချိန်မှာ အသင်းနဲ့အတူ ပူးပေါင်းပြီး လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်နေတာပါ။

အမ်ဘူမိုကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဇူလိုင် ၇ ရက်မှာ လေ့ကျင့်မှုတွေ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။
အမ်ဘူမိုကို ခေါ်ယူဖို့ ဘရန်ဖို့ဒ်အသင်း နည်းပြဟောင်း သောမတ်စ်ဖရန့်ခ် ကိုင်တွယ်နေတဲ့ စပါးအသင်းကလည်း စိတ်ဝင်စားနေတာပါ။
ဒါပေမယ့် အမ်ဘူမိုဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ အမ်ဘူမိုဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့ တာကြောင့် တိုက်စစ်ပိုင်း အခက်အခဲဖြစ်နေတဲ့ ယူနိုက်တက်အသင်းဟာ သူ့ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ် ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဝုလ်ဗ်စ်အသင်းက ကွန်ညာ တစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး နောက်ထပ် အပြောင်းအရွှေ့ ပစ်မှတ်တွေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Source: BBC
