- By CNI
- Category: အားကစား
- Hits: 468
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၀
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်ဟာ နွေရာသီမှာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးရင် ကျောနံပါတ် ၁၀ ကို ပြောင်းလဲဝတ်ဆင်တော့မှာ ဖြစ်ပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးပုံစံတွေ ပြသနေပြီး အသင်းပြည်တွင်းဆုဖလား ၃ ခုစလုံး ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။
နည်းပြဟောင်း ဇာဗီလက်ထက်မှာ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ယာမဲလ်ဟာ လက်ရှိ နည်းပြ ဟန်ဆီဖလစ် လက်ထက်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ပြောင်းလဲ နိုင်ခဲ့ပါ တယ်။
ယာမဲလ်ဟာ ၂၀၂၅ ခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရယူနိုင်မယ့် စာရင်းထဲမှာ ထိပ်ဆုံး ၃ ဦးထဲ ပါဝင်နေ တာပါ။
ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီမှာ ယာမဲလ်ကို အန်ဆုဖာတီဆီကနေ ကျောနံပါတ် ၁၀ ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ယာမဲလ်ကိုတွေ့ရစဉ်
အန်ဆုဖာတီဟာ မက်ဆီထွက်ခွာပြီးနောက် သူ့ရဲ့ကျောနံပါတ် ၁၀ အမွေအနှစ်ကို ဆက်ခံခဲ့ပေမယ့် ဒဏ်ရာ နှိပ်စက်မှုတွေကြောင့် ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိသွားခဲ့တာပါ။
အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ နွေရာသီမှာ အန်ဆုဖာတီကို ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ကတ်တလန်ကလပ်ဟာ ယာမဲလ်ကို အသက် ၁၈ နှစ်ပြည့်တာနဲ့ အသင်းမှာ ကာလကြာရှည်ရှိမယ့် စာချုပ် သစ်ချုပ်ဆိုဖို့ လုပ်ဆောင်ထားတာပါ။
ဘာစီလိုနာအသင်းဟာ ယာမဲလ်နဲ့ ချုပ်ဆိုမယ့် စာချုပ်သစ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံကိုပါ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ မိနစ်ပေါင်း ၈၆၀၀ ကျော် ပါဝင်ကစားထားတဲ့အတွက် နွေရာသီမှာ အနားယူပြီး လာမယ့်ရာသီအတွက် ပြန်လည်အားဖြည့်မှုကို ပြုလုပ်ရမှာပါ။
ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ပါဝင်ကစားထားပြီး ၁၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 433
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၀
ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ဟာ နည်းပြတူဒေါရဲ့ ချီးကျူးမှုကို ခံထားရပေမယ့် နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။
ဗလာဟိုဗစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိ သက်တမ်း ရှိနေပေမယ့် စာချုပ် သက်တမ်းတိုးဖို့နဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခြင်း မရှိသေးတာပါ။
ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အပါအဝင် ဥရောပထိပ်တန်း ကလပ်အချို့က စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းကို ၂၀၂၂ ခုနှစ်က ဖီအိုရင်တီးနားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၄၂ ပွဲ ကစားထားတာမှာ ၅၆ ဂိုးသွင်းယူထားတာပါ။

ဗလာဟိုဗစ်ကို တွေ့ရစဉ်
ဂျူဗင်တပ်စ်အသင်းက အူဒီနီးစ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုး သွင်းယူခဲ့တဲ့ ဗလာဟိုဗစ်ကို နည်းပြတူဒေါက သူဟာ အသင်းအတွက် အနစ်နာခံပြီး ကောင်းမွန်တဲ့ပွဲတစ်ပွဲကို ကစားကာ သူ့ရဲ့တန်ဖိုးကို သက်သေပြခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပါတီဇန်ဘဲလ်ဂရိတ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဗလာဟိုဗစ်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုးပေါင်း ၁၂၀ ကျော် သွင်းယူထားတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ အူဒီးနီးစ်အသင်းကို အနိုင်ရခဲ့ပြီးနောက် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာ ရပ်တည်နေကာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ်နေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီစီးရီးအေ နောက်ဆုံးပွဲစဉ်အဖြစ် ဗီနီစီယာအသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရလဒ် ရရှိတာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 413
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၀
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံး ၅ သင်းထဲ ဝင်ရောက်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်ကတော့ ကျနော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ်လို့ ထင်ပါတယ်။ ကျနော်တို့ ရမှတ် ၄ မှတ်လိုပြီး ဒါက အဓိကပစ်မှတ်ပါ။ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုတာ လုံးဝယုံကြည်မှုရှိပါတယ်။ ကစားဖို့ ၂ ပွဲ ရှိနေပြီး ရမှတ် ၄ မှတ်ရရင် လုံလောက်ပါပြီ။ လူတိုင်းဒါကို ရယူချင်တယ်”လို့ ပြောခဲ့တာပါ။
လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် ချန်ပီယံလီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့သာ ဝင်ခွင့် သေချာသေးပြီး ကျန် ၃ နေရာအတွက် နယူးကာဆယ်၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာ၊ မန်စီးတီးနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။
နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ရမှတ် ၆၆ မှတ် ရရှိထားပြီး မန်စီးတီးအသင်းက ၁ ပွဲလျော့ ရမှတ် ၆၅ မှတ်နဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းကလည်း ရမှတ် ၆၅ မှတ်ရရှိထားတာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို နောက်ဆုံး အကြိမ်လွဲချော်ခဲ့တာက ၂၀၁၉-၁၀ ရာသီက ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ရမှာပါ။

မန်စီးတီးအသင်းကို တွေ့ရစဉ်
ဒါအပြင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက်လည်း နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ရမှာဖြစ်ပေမယ့် နည်းပြဂွာဒီယိုလာက မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ဟာ ဒီရာသီ မန်စီးတီးအသင်းရဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဉ် ဖြစ်သလို ရာသီကုန်မှာ ထွက်ခွာမယ့် ကွင်းလယ်လူဒီဘရိုင်းရဲ့ မန်စီးတီးအသင်း ကစားသမားဘဝ နောက်ဆုံး အိမ်ကွင်းပွဲစဉ်ပါ။
ဒီဘရိုင်းဟာ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ မန်စီးတီးအသင်းကနေ ရာသီကုန်မှာ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဒီပွဲကို အနိုင်ရချင် ပြီး ဒီဘရိုင်းကလည်း အသင်းအတွက် ဒီလိုရလဒ်မျိုး ရယူပေးချင်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 425
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၀
ဘရာဇီးလ်ဂန္ထဝင် ကစားသမားတစ်ဦးဖြစ်တဲ့ ကာကာက နည်းပြအန်ဆယ်လော့တီရဲ့ နည်းပြအဖွဲ့ဝင်ထဲ ဝင်ရောက်ပြီး နိုင်ငံအသင်းကို ကူညီဖို့ အဆင်သင့်ပဲလို့ ဖွင့်ဟခဲ့ပါတယ်။
ကာကာက “ကျနော်ဟာ တစ်နည်းနည်းနဲ့ ကူညီပေးနိုင်မယ်လို့ အသင်းဘက်ကထင်ရင် ကျနော်လည်း ဒီအချိန်မှာ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ကျနော်ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ကျနော်ဟာ ၂၀၁၇ မှာ ကစား တာကနေ ရပ်တန့်ပြီး ဟားဗတ်မှာ အားကစားဆိုင်ရာ စီးပွားရေး သင်တန်းတွေ တက်ခဲ့ပါတယ်။ ပြီးတော့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်မှာ နည်းပြသင်တန်းတက်ခဲ့ပါတယ်။ ကျနော်ဟာ နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွေ့အကြုံရှိပါတယ်။ အခွင့်အရေးရရင် ဘရာဇီးလ်လက်ရွေးစင်အတွက် တာဝန်ထမ်းဆောင်ဖို့ ကျနော် အဆင်သင့် ဖြစ်နေပါပြီ”လို့ Caze TV ကို ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ အန်ဆယ်လော့တီဟာ သူ့ရဲ့ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ကာကာကို နည်းပြအဖွဲ့ဝင်ထဲ ထည့်သွင်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ကာကာနဲ့ အန်ဆယ်လော့တီတို့ဟာ အေစီမီလန်၊ ရီးရယ်လ်အသင်းတို့မှာ အတူလက်တွဲပြီး အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့တာပါ။
ကာကာဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၀၂ ကနေ ၂၀၁၆ ခုနှစ်အထိ ပွဲပေါင်း ၉၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၉ ဂိုး သွင်းယူကာ ၂၀၀၂ ကမ္ဘာ့ဖလား၊၂၀၀၅ နဲ့ ၂၀၀၉ ကွန်ဖက်ဒရေးရှင်း ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

အန်ဆယ်လော့တီနဲ့ ကာကာကို တွေ့ရစဉ်
ရီးရယ်လ်အသင်းကို ကိုင်တွယ်နေတဲ့ အန်ဆယ်လော့တီဟာ ဒီရာသီ လာလီဂါပြိုင်ပွဲ ပြီးဆုံးချိန်အထိ ကိုင်တွယ်ပြီးရင် မေလ ၂၆ ရက်မှာ ဘရာဇီးလ်အသင်းကို စတင်ကိုင်တွယ်တော့မှာပါ။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းသမိုင်းမှာ ပထမဆုံး နိုင်ငံခြားသားနည်းပြလည်း ဖြစ်ခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို ဇွန်လ ၅ ရက်မှာ ယှဉ်ပြိုင်မယ့် အီကွေဒေါအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်ကို သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် တာဝန်ယူမှာပါ။
ဘရာဇီးလ်အသင်းဟာ ဒီပွဲအပြီး ၅ ရက်အကြာမှာ ပါရာဂွေးအသင်းနဲ့ ခြေစစ်ပွဲဆက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ခြေစစ်ပွဲ ၁၄ ပွဲ ကစားထားပြီး ရမှတ် ၂၁ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်တယ်လို့ ESPN က ဖော်ပြထားပါတယ်။
- By CNI
- Category: အားကစား
- Hits: 532
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၉
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဘရာဇီးလ်ကလပ်ရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုကို လက်ခံ ရရှိထားတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြထားပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းကို ရောက်ရှိလာ ကတည်းက ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူနေပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၉ ပွဲကစား ထားတာမှာ ၉၇ ဂိုး သွင်းယူထားတာပါ။
ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရပြီး လာမယ့်ရာသီ အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ အခြေအနေတွေကို စိတ်ပျက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကိုလည်း ရပ်တန့်ထားတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ဒီအချိန်မှာ ရော်နယ်ဒိုဟာ ဘရာဇီးလ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တာကြောင့် ရာသီကုန်မှာ အယ်လ်နာဆာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာပါ။
စပိန်သတင်းစာမာကာက ရော်နယ်ဒိုကို ကမ်းလှမ်းခဲ့တဲ့အသင်းကို အတိအကျ မသိပေမယ့် သူ့ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရနိုင်မယ့် အခွင့်အရေး ရှိနေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးလ် ကလပ်အသင်းတွေဖြစ်တဲ့ ပါလ်မီးရပ်စ်၊ ဖလူမင်နက်စ်၊ ဖလာမင်ဂိုနဲ့ ဘိုတာဖိုဂိုတို့ ယှဉ်ပြိုင်ခွင့် ရရှိထားတာပါ။
ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ဆုံးမှာဖြစ်လို့ သူဟာမကြာခင်မှာ အနာဂတ်ကို ဆုံးဖြတ်ချက်ချဖွယ် ရှိနေပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွေအဖြစ် အယ်လ်ခါလီ၊ အယ်လ်ဖာ တက် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 510
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၉
စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပေါ်တူဂီအမှတ်ပေးဖလားကို ထပ်မံရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ယိုကီရက်စ်ဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
ယိုကီရက်စ်က “ဒါက ဘောလုံးဖြစ်ပြီး ကျနော်ဒီမှာ ရှိနေဆဲပါပဲ။ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်မသိပါဘူး။ ဘယ်သူကမှ အနာဂတ်ကို ခန့်မှန်းလို့ မရပါဘူး။ ဆုဖလားရယူနိုင်ဖို့က ကျနော်တို့ လိုချင်တဲ့အရာပါ။ ပရိသတ်တွေ ရဲ့ အားပေးမှုတွေက မယုံနိုင်စရာဖြစ်ပြီး လမ်းမတွေပေါ်မှာ လူတွေအများကြီးပါပဲ။ ပရိသတ်တွေနဲ့အတူ အောင်ပွဲ ခံချင်တယ်လို့ Sport TV ကို ပြောခဲ့တာပါ။
ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲ ကစားထားပြီး ၅၃ ဂိုးသွင်းယူကာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ယိုကီရက်စ်ဟာ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတာကြောင့် ဒီရာသီဟာ သူ့ရဲ့ စပို့တင်း လစ္စဘွန်း အသင်းကစားသမားဘဝ နောက်ဆုံးရာသီလို့ သတင်းတွေမှာ ဖော်ပြထားကြတာပါ။
အာဆင်နယ်အသင်း အားကစားဒါရိုက်တာသစ် ဘာတာဟာ ယိုကီရက်စ်ကို အသင်းထံခေါ်ယူနိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နေတာပါ။

ယိုကီရက်စ်ကို တွေ့ရစဉ်
ယိုကီရက်စ်နဲ့ စပို့တင်းလစ္စဘွန်း အသင်းတို့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၅ သန်းရှိပေမယ့် စပို့တင်းလစ္စဘွန်းအသင်းဟာ သူ့ကို ပေါင်သန်း ၆၀ နဲ့ ၇၀ သန်းကြားရရှိရင် ထွက်ခွာခွင့် ပေးဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပေမယ့် တစ်ပတ်လုပ်ခပေါင် ၂ သိန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းကလည်း ယိုကီရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အခြားပစ်မှတ်တွေကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ ပေါ်တူဂီဖလား ဗိုလ်လုပွဲအဖြစ် ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ယိုကီရက်စ်ဟာ ကလပ်အသင်းနဲ့အတူ ဒီရာသီနောက်ထပ် ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 458
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၉
နာပိုလီအသင်းဟာ ပါးမားအသင်းနဲ့ ဂိုးမရှိသရေကျကာ ဒီရာသီ စီးရီးအေဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပြီးနောက် နည်းပြကွန်တီက သူ့အတွက် အခက်အခဲဆုံးရာသီလို့ ပြောခဲ့ပါတယ်။
ကွန်တီက “ကျနော့်အတွက် အခက်အခဲ ဆုံးရာသီဆိုတာ သေချာပါတယ်။ ကျနော် အရာအားလုံးကို ပေးခဲ့ပြီး ကန့်သတ်ချက်တွေကို ကျော်လွန်သွားခဲ့ပါတယ်။ ကျနော် အလွန်ပင်ပန်းနေပြီး ရာသီကလည်း ကုန်ဆုံးတော့မှာပါ။ နာပိုလီအသင်းရဲ့ စိတ်အားထက်သန်မှုတွေက အံ့သြစရာကောင်းပြီး လက်တွေ့ကျတဲ့ စွမ်းဆောင်ရည်ထက် ပိုများတဲ့ တောင်းဆိုချက်နဲ့ မျှော်လင့်ချက်တွေပါ ယူဆောင်လာရပါတယ်။ ကျနော်တို့ဟာ ဆုဖလားရဖို့နီးစပ်နေပြီး ပရိသတ်တွေနဲ့အတူ အိမ်ကွင်းမှာ အောင်ပွဲခံသွားမယ်”လို့ ပြောခဲ့တာပါ။
နာပိုလီအသင်းဟာ ပါးမားအသင်းနဲ့ ပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ ပင်နယ်တီရခဲ့ပေမယ့် VAR ကစစ်ဆေးပြီး ပယ်ဖျက်ခဲ့တာကြောင့် နစ်နာခဲ့ရတာ ဖြစ်ပါတယ်။
နာပိုလီအသင်းဟာ ပါးမားအသင်းနဲ့ သရေကျခဲ့သလို အမှတ်ပေးဇယား အဆင့် ၂ နေရာက အင်တာမီလန်အသင်း ကလည်း လာဇီယိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာပါ။

နာပိုလီနဲ့ဂျူဗင်တပ်စ်အသင်း ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် နာပိုလီအသင်းဟာ ဒီရာသီ နောက်ဆုံးပွဲစဉ်ကစားဖို့ ၁ ပွဲအလိုမှာ အင်တာမီလန်အသင်းကို ရမှတ် ၁ မှတ်ဖြတ်ပြီး အဆင့် ၁ နေရာမှာ ဦးဆောင်ထားတာ ဖြစ်ပါတယ်။
နာပိုလီအသင်းဟာ စီးရီးအေ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ကာဂလီယာရီအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ရရှိတာနဲ့ ၃ နှစ် အတွင်း ဒုတိယအကြိမ်မြောက် စီးရီးအေဖလားကို ရယူနိုင်တော့မှာပါ။
နာပိုလီအသင်းနည်းပြ ကွန်တီဟာ ဒီပွဲစဉ်ရဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ တိုက်ရိုက် အနီကတ် ပြသခံခဲ့ ရတာကြောင့် ကာလီယာရီအသင်းနဲ့ ပွဲစဉ်ကို ကွင်းအတွင်း ကြီးကြပ်နိုင်တော့မှာ မဟုတ်ဘဲ ပွဲကြည့်စင်ပေါ် ကနေသာ ကြည့်ရှုရမှာဖြစ်ပါတယ်။
အသက် ၅၅ နှစ်အရွယ်ရှိ ကွန်တီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေဖလား ၃ ကြိမ်၊ အင်တာမီလန်အသင်းနဲ့ စီးရီးအေဖလား ၁ ကြိမ် ရရှိထားပြီးဖြစ်တဲ့အတွက် နာပိုလီအသင်းနဲ့ ရယူနိုင်ခဲ့ရင် သူ့ရဲ့နည်းပြဘဝမှာ စီးရီးအေ ဖလားကို ၅ ကြိမ်အထိ ကိုင်မြှောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 437
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၉
အာဆင်နယ်အသင်းနည်းပြ အာတီတာက နယူးကာဆယ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အသင်း အတွက် ဆုဖလားတွေ ရယူပေးမယ်လို့ ကတိပြုခဲ့ပြီး နွေရာသီမှာ ငွေကြေး အများအပြားသုံးစွဲဖို့ အစီအစဉ် ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
အာတီတာက “လူတိုင်းအတွက် ကြီးမားတဲ့နွေရာသီ ဖြစ်လာပါလိမ့်မယ်။ ကျနော်ဟာ ဆုဖလားတွေ ရယူပေးနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်သွားမယ်ဆိုတာကို ကတိပေးချင်ပါတယ်။ ကျနော် အရာအားလုံးကို ပေးသွားမှာပါ။ ဒီမှာရှိနေတဲ့ လူတွေဆီကနေ အကောင်းဆုံးအရာတွေကို ရယူဖို့လုပ်ဆောင်သွားမှာပါ။ ပရိသတ်တွေဟာ ပိုပြီး လိုချင်သလို မျှော်လင့်ချက်တွေလည်း ရှိပါတယ်။ ကျနော်တို့ အတူတူ လုပ်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိဖို့လိုတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့ပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ ရာသီ ဆက်တိုက်အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရတာပါ။
ဒါအပြင် အာဆင်နယ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလား ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရပြီး FA ဖလားပြိုင်ပွဲမှာ တတိယအဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်က FA ဖလားကို ရယူပြီးနောက် အဓိကဆုဖလားတွေနဲ့ ဝေးကွာနေတာ ၅ နှစ်ကြာခဲ့ပြီဖြစ်တာပါ။

အာဆင်နယ်နဲ့ နယူးကာဆယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းနည်းပြ အာတီတာက လာမယ့်ရာသီမှာ အသင်းကို ဆုဖလားတွေ ရယူပေးနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နွေရာသီမှာ စာချုပ်ကုန်ဆုံးသွားပြီဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ တီယာနေးကို ထွက်ခွာခွင့် ပေးရမှာဖြစ်သလို အငှားကစားသမားတွေဖြစ်တဲ့ စတာလင်နဲ့ နက်တိုတို့ကိုလည်း သူတို့ရဲ့အသင်းဆီ ပြန်ပို့ရမှာပါ။
ဒါအပြင် ဇင်ချန်ကို အပါအဝင် ကစားသမား အချို့ကလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေလို့ လာမယ့်ရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် ကစားသမားအင်အား ပြန်လည်ဖြည့်တင်းရမှာ ဖြစ်ပါတယ်။
အာတီတာကတော့ ချန်ပီယံဆု ရယူနိုင်ဖို့အတွက် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ သူတို့လုပ်စရာရှိ တာတွေလုပ်ဖို့ အသင်းဘုတ်အဖွဲ့ကို ပြောထားတာပါ။
အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး တိုက်စစ်ပိုင်းအတွက် နီကိုဝီလီယံစ်၊ ဆက်စ်ကို၊ ယိုကီရက်စ်နဲ့ အစ်ဆက်တို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 596
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၇
လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်က ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ့် ညာနောက်ခံလူ အာနိုးလ်ကို ဒီရာသီ လက်ကျန်ပွဲတွေမှာ လှောင်ပြောင်မှုတွေ မပြုလုပ်ဖို့ အသင်းပရိသတ်တွေကို တောင်းဆို ခဲ့ပါတယ်။
ဆာလက်က “အာနိုးလ်ဟာ ဒီမှာ နှစ် ၂၀ ကြာကစားပြီး အရာအားလုံးကို ပေးခဲ့တဲ့သူ ဖြစ်တဲ့အတွက် ဒီလိုတုံ့ပြန် တာမျိုး မခံရသင့်ပါဘူး။ သူဟာ ကောင်းမွန်တဲ့ နှုတ်ဆက်မှုခံရဖို့ ထိုက်တန်ပါတယ်။ ကျနော်သူ့ကို အရမ်းလွမ်း နေမှာဖြစ်ပြီး နှုတ်ဆက်ပွဲမှာ မျက်လုံးချင်းဆုံအောင် မကြည့်ဖို့တောင် သူ့ကိုပြောခဲ့ပါတယ်။ သူဟာ မြို့နဲ့ကလပ် အတွက် အများကြီးလုပ်ခဲ့ပြီး လီဗာပူးလ်အသင်း သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ် နိုင်ပါတယ်။ သူဟာ စိန်ခေါ်မှုအသစ် လိုချင်နေပြီး ဒါကသူ့ရဲ့ ဆုံးဖြတ်ချက်ပါ”လို့ Sky Sports မှာ ပြောခဲ့တာပါ။
ဒီရာသီကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တဲ့ အာနိုးလ်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်း နဲ့ပွဲစဉ်မှာ လူစားလဲဝင်ရောက်ချိန် အသင်းပရိသတ်အချို့ရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
အာနိုးလ်ဟာ နှစ်ပေါင်း၂၀ ကြာ ကစားခဲ့တဲ့ လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ့် သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် အသင်းပရိသတ်တွေက ဝေဖန်မှုတွေ အများအပြား ပြုလုပ်ခဲ့ကြတာပါ။

အာနိုးလ်နဲ့ဆာလက်ကို တွေ့ရစဉ်
ဆာလက်ကတော့ အာနိုးလ်ကို လှောင်ပြောင်ခဲ့တဲ့ လုပ်ရပ်အပေါ် ဝမ်းနည်းမိကြောင်းနဲ့ လာမယ့်ပွဲတွေမှာ လှောင်ပြောင်တာကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အာနိုးလ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် နွေရာသီမှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေပြီး စပိန်ကလပ်ဟာ သူ့ကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်စေဖို့ ကြိုးပမ်းနေတာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ အာနိုးလ်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၃၅၃ ပွဲ ပါဝင်ကစားထားပြီး ၂၃ ဂိုး သွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၈ ခု ရယူထား နိုင်ပါတယ်။
ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေအဖြစ် ဘရိုက်တန်၊ ပဲလေ့စ်အသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 446
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၈
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျာမန်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် ဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ ၂ ရက်က လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။ သူကိုကြည့်ရ တာ ကောင်းမွန်တဲ့ ပုံစံရှိနေပေမယ့် ဆေးအဖွဲ့ဝင်တွေက သူ့ရဲ့အခြေအနေကို ရှင်းပေးဖို့လိုပါတယ်။ သူပါဝင်ဖွယ် ရှိ၊မရှိ ကျနော်တို့ဆုံးဖြတ်မှာပါ”လို့ ပြောခဲ့တာပါ။
ကိုင်ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဒူဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်မှုခံယူခဲ့ရကာ ရာသီကုန်အထိ အနားယူရဖွယ် ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုင်ဟာဗက်ဇ်ဟာ မကြာသေးမီက အသင်းနဲ့အတူ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ကာ ဒီရာသီ လက်ကျန်ပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့ အခွင့်အရေးရှိလာခဲ့တာပါ။

လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ သေချာအောင် လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေမှာ ရလဒ်ကောင်း တွေ ရယူနိုင်ဖို့လိုအပ်တဲ့ အာဆင်နယ်အသင်းအတွက် ဟာဗက်ဇ် ပြန်ပါဝင်ကစားနိုင်မှာက သတင်းကောင်း ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ်ရယူနိုင်ရင် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှာပါ။
အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့ကြား ရမှတ်ကွာဟမှုက ၂ မှတ်သာရှိပါတယ်။
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ပြီးရင် ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
