CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅

ဆန်းဒါးလန်းအသင်းဟာ အသင်းကို ပြောင်းရွှေ့လာတာ ၂ ပတ်ကြာသာရှိသေးတဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ရှာခါကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ 

ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ရှာခါဟာ ပရီးမီးယားလိဂ် ရာသီသစ် ပွဲစဉ် မတိုင်မီ ဆန်းဒါးလန်းအသင်း ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ 

ရှာခါဟာ အသင်းဟောင်းတွေဖြစ်တဲ့ မိုချန်ဂလာဘတ်နဲ့ အာဆင်နယ်အသင်းတွေမှာလည်း အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ရသလို ဆွစ်ဇာလန် လက်ရွေးစင်အသင်းမှာလည်း အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ရ ပါတယ်။ 

ရှာခါက “ဆန်းဒါးလန်းအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါ တယ်။ အသင်းဖော်တွေကို ကူညီပေးပြီး ကွင်းအတွင်းနဲ့ ကွင်းပြင်ပမှာ ကျနော့်ရဲ့ ဦးဆောင်မှုကို ပြသနိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်ဟာ အောင်နိုင်သူဖြစ်ပြီး အနိုင်ရယူချင်ပါတယ်။ အသင်းဖော်တွေဆီကနေ ဒီလိုတူညီတဲ့ အရာတွေကို ကျနော်မျှော်လင့်ပါတယ်”လို့ အသင်းဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။ 

ဆန်းဒါးလန်းအသင်းနည်းပြ လီဘရစ်က ရှာခါဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အရည်အသွေးတွေ အားလုံးကို ယူဆောင်လာမှာဖြစ်ပြီး သူ့ရဲ့အပြုအမူဟာ အထင်ကြီးစရာ ကောင်းတယ်လို့ ပြောခဲ့ပါတယ်။ 

ရှာခါကို တွေ့ရစဉ် 

ဒါအပြင် လီဘရစ်က ရှာခါရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေဟာ သူ့ရဲ့သြဇာလွှမ်းမိုးမှုကို ခံစားရမှာဖြစ်ပြီး သူ့ရဲ့ ခေါင်းဆောင်မှုဟာ အသင်းကို အများကြီး ပံ့ပိုးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။ 

ဆန်းဒါးလန်းအသင်းဟာ နှစ်ပေါင်းများစွာကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခွင့် ရရှိပြီးနောက် ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိနေနိုင်ဖို့ ကစားသမား အများအပြားကို အားဖြည့်မှုတွေ ပြုလုပ်ထား ပါတယ်။

ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၆ ရက်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ 

Source: Dailymail