- By CNI
- Category: အားကစား
- Hits: 274
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
ယူနိုက်တက်အသင်းက ဘရာဇီးလ် ကွင်းလယ်လူ ကတ်စီမီရိုအနေနဲ့ လုပ်ခလစာ လျှော့ယူပြီး အသင်းမှာ ဆက်နေ ချင်တယ်ဆိုရင် သူ့ကို ဆက်ပြီး ထိန်းထားဖွယ်ရှိတယ်လို့ ESPN က ဖော်ပြထားပါတယ်။
ကတ်စီမီရိုရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လဆိုရင် ကုန်ဆုံးပြီဖြစ်ပြီး စာချုပ်သက်တမ်း မတိုးခဲ့ရင် နွေရာသီမှာ ယူနိုက်တက်အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ရမှာပါ။
ယူနိုက်တက်အသင်းဟာ လုပ်ခလစာ အများအပြား ပေးခဲ့ရတဲ့ ဒီဂီယာ၊ ဗာရန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ ထွက်ခွာသွား ပြီးနောက် လုပ်ခလစာ ပေးနေရတာတွေကို ဆက်ပြီး လျှော့ချဖို့ ဆန္ဒရှိနေပါတယ်။
ကတ်စီမီရိုဟာ ယူနိုက်တက်အသင်းမှာ လုပ်ခလစာ အများဆုံး ရရှိနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါ တယ်။

ကတ်စီမီရိုကို တွေ့ရစဉ်
ကတ်စီမီရိုအနေနဲ့ ယူနိုက်တက်အသင်းမှာ ဆက်နေချင်တယ်ဆိုရင် အသင်းဘက်က သူ့ရဲ့ လုပ်ခလစာလျှော့မှာ ကို သဘောတူရမယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ကတ်စီမီရိုရဲ့ စာချုပ်ကို ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ ၁ နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိနေပြီး ဒီလိုမပြုလုပ်မီ လုပ်ခလစာ လျှော့ယူတာကို သဘောတူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကတ်စီမီရိုဟာ နည်းပြ အာမိုရင်ရဲ့အဓိက ကစားသမားအဖြစ်ရှိနေပြီး ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၆ ပွဲကစားထားပြီး ၁ ဂိုးသွင်းယူထားတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ ငွေကြေး အများအပြား သုံးစွဲပြီး ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ရှိနေပါတယ်။
ယူနိုက်တက်အသင်းရဲ့ လက်ရှိ ကွင်းလယ်လူတွေဖြစ်တဲ့ ကိုဘီမိုင်နူးဟာ အသင်းမှာ အနာဂတ် မရေမရာဖြစ်နေပြီး အူဂါတေးက ရုန်းကန်နေရတာကြောင့် နည်းပြအာမိုရင်ဟာ ကတ်စီမီရိုကို ဆက်ထိန်းထားဖို့ ဆန္ဒရှိနေတာပါ။
ကတ်စီမီရိုကို ခေါ်ယူဖို့ ဘရာဇီးနဲ့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေပြီး သူဟာ လာမယ့် ဇန်နဝါရီမှာ အင်္ဂလန် ပြင်ပ ကလပ်တွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်နိုင်တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 273
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
အင်္ဂလန်အသင်းဟာ လတ်ဗီးယားအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကို အသင်းခေါင်းဆောင် ဟာရီကိန်းက ၂ ဂိုး၊ ဂေါ်ဒွန်၊ အီဇီနဲ့ လတ်ဗီးယားကစားသမားက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။
အင်္ဂလန်အသင်းဟာ လတ်ဗီးယားအသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုတွင်းပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ဒုတိယနေရာ ရပ်တည်နေတဲ့ အယ်လ်ဘေးနီးယားအသင်းကို ၇ မှတ် ဖြတ်ကာ ဦးဆောင် နိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ခြေစစ်ပွဲတွေမှာ ပေးဂိုးပေးရခြင်း မရှိသေးတဲ့ အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ လက်မှတ် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ ပွဲအပြီး ITV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
တူချယ်လ်က “ခံစားချက်က အလွန်ကွာခြားပြီး ဘာလို့လဲဆိုရင် ဒါက အမေရိကကိုသွားဖို့ ကျနော်တို့ရဲ့ အိပ်မက် ဖြစ်ပြီး အခုအချိန်မှာတော့ နောက်ထပ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ပွဲတွေကို ကြီးစိုးနိုင်ခဲ့ပြီး အောင်မြင် တွေရဖို့ ဆာလောင်နေပါတယ်။ ကျနော်တို့ဟာ တစ်ဆင့်ပြီး တစ်ဆင့်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ရောက်ရှိ သွားပြီ”လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြ တူချယ်လ် လက်ထက် ကစားထားတဲ့ ၈ ပွဲမှာ ၇ ပွဲအနိုင်ရခဲ့ပြီး ၁ ပွဲသာ အရေးနိမ့် ခဲ့ကာ အရေးနိမ့်ခဲ့တဲ့ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲတည်းသာ ပေးဂိုးခွင့်ပြုခဲ့ရတာပါ။
အင်္ဂလန်အသင်းဟာ နိုဝင်ဘာထဲမှာ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံး ၂ ပွဲအဖြစ် ဆားဘီးယား၊ အယ်လ်ဘေးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစစ်ပွဲကို ရာနှုန်းပြည့်နိုင်ပွဲနဲ့ အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 275
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
ပေါ်တူဂီနဲ့ ဟန်ဂေရီအသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၂ ဂိုး စလုံးသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲသမိုင်းမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်ခဲ့ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းခဲ့တဲ့ ၂ ဂိုးကြောင့် သူ့ရဲ့ကစားသမားဘဝ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ၄၁ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် အရင်က စံချိန်တင်ထားတဲ့သူက ဂွါတီမာလာ တိုက်စစ်မှူးဟောင်း ကားလို့စ်ရုပ်ဇ်ဖြစ်ပြီး ၃၉ ဂိုး သွင်းယူထားတာပါ။
အခုအချိန်မှာ ရော်နယ်ဒိုက ကားလို့စ်ရုပ်ဇ်နဲ့ တူညီနေတဲ့ စံချိန်ကိုကျော်ဖြတ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒိုရဲ့ အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွေမှာ ၃၆ ဂိုး သွင်းယူထားပြီး တတိယ ဂိုးအများဆုံး သွင်းယူထားတဲ့သူအဖြစ် ရပ်တည်နေတာပါ။
ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထားတဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း သွင်းဂိုး ၉၄၈ ဂိုး သွင်းယူထားပါတယ်။
ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ ဟန်ဂေရီအသင်းကို မိနစ် ၉၀ အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် နာကျင်အချိန်ပို ၁ မိနစ်မှာ ပေးခဲ့ရတဲ့ ချေပဂိုးကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ဖို့ စောင့်ဆိုင်းရဦးမှာပါ။
ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ ဒုတိယနေရာ က ဟန်ဂေရီအသင်းကို ၅ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။
ပေါ်တူဂီအသင်းဟာ လာမယ့် နိုဝင်ဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ၂ ပွဲအဖြစ် အိုင်ယာလန်၊ အာမေးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေမှာ ရလဒ်ကောင်းခဲ့ရင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 308
CNI Sport News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၄
လီဗာပူးလ်အသင်းကွင်းလယ်လူဂရာဗန်ဘာ့ချ်ဟာ နယ်သာလန်အသင်းက ဖင်လန်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသေးစားတံကောက်ကြောဒဏ်ရာခံစားခဲ့ရတယ်လို့ နည်းပြရော်နယ်လ်ကိုးမန်းက ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်အချိန်မှာ ဂရာဗန်ဘာ့ချ်ရဲ့ဒဏ်ရာသတင်းဟာ သူတို့အတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။
အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်မှာ လီဗာပူးလ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ကိုနာတေးနဲ့ အန်ဒိုတို့လည်း ဒဏ်ရာရခဲ့တာကြောင့် သူတို့ဟာ အယ်လီဆွန်၊လီယွန်နီတို့နဲ့အတူ အသင်းရဲ့ကုသမှုခန်းထဲမှာ ရှိနေခဲ့ကြတာပါ။
ဂရာဗန်ဘာ့ချ်ဟာ နယ်သာလန်အသင်းနဲ့ ဖင်လန်အသင်းပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာကြောင့် ယူနိုက်တက်အသင်းနဲ့ပွဲမတိုင်မီ သူ့ရဲ့ကြံ့ခိုင်မှုဟာ သံသယဖြစ်စရာရှိနေပါတယ်။
ဂရာဗန်ဘာ့ချ်ကတော့ ဒဏ်ရာစိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားခဲ့ပြီး ရာသီကရှည်တဲ့အတွက် ကြိုတင်ကာကွယ်မှုအနေနဲ့ လူစားလဲခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဂရာဗန်ဘာ့ချ် ကို တွေ့ရစဉ်
ဂရာဗန်ဘာ့ချ်ဟာ သူ့ရဲ့ဒဏ်ရာအခြေအနေကို ဆုံးဖြတ်ဖို့ စမ်းသပ်စစ်ဆေးမှုခံယူရမှာဖြစ်ပြီး လီဗာပူးလ်အသင်းနည်းပြအာနီဆလော့ဟာ ယူနိုက်တက်အသင်းနဲ့ပွဲမတိုင်မီမှာ နောက်ဆုံးအခြေအနေကို ပြောသွားမှာဖြစ်ပါတယ်။
ဂရာဗန်ဘာ့ချ်ဟာ လီဗာပူးလ်အသင်းရဲ့အဓိက ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ပွဲအထိပါဝင်ကာ ၁ ပွဲသာလွဲချော်ထားတာပါ။
ဂရာဗန်ဘာ့ချ်ဟာ ဒီရာသီလီဗာပူးလ်အသင်းအတွက်ကစားထားတဲ့ ၈ ပွဲမှာ ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားပါတယ်။
လီဗာပူးလ်အသင်းကွင်းလယ်လူဟောင်းမာဖီက နည်းပြအာနီဆလော့ဟာ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဂရာဗန်ဘာ့ချ်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမယ်လို့ ယုံကြည်နေပြီး သူဆိုရင် ကွင်းလယ်မှာ ဆိုဘို့ဆလိုင်း၊ဂရာဗန်ဘာ့ချ်နဲ့ ဖလော်ရီယန်ဗစ်ဇ်တို့ကို တွဲဖက်အသုံးပြုသွားမယ်လို့ပြောခဲ့ပါတယ်။
- By CNI
- Category: အားကစား
- Hits: 223
CNI Sport News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၄
အာဆင်နယ်အသင်းခေါင်းဆောင်အိုဒီဂတ်ဟာ ဒူးဒဏ်ရာကြောင့် နိုဝင်ဘာလယ်အထိ အနားယူရဖွယ်ရှိနေတာကြောင့် အသင်းရဲ့ပွဲအများအပြားကို လွဲချော်တော့မှာဖြစ်ပါတယ်။
အိုဒီဂတ်ဟာ အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဒူးအရွတ်ဒဏ်ရာရခဲ့တဲ့အတွက် လူစားလဲခံခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ အိုဒီဂတ် ဘယ်အချိန်ထိအနားယူရမလဲဆိုတာကို ပြောခဲ့ခြင်းမရှိပေမယ့် BBC Sport က နော်ဝေကွင်းလယ်လူဟာ နိုဝင်ဘာလလယ်အထိ အနားယူရဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲ့ဒါကြောင့် အိုဒီဂတ်ဟာ ဖူလ်ဟမ်၊ခရစ္စတယ်ပဲလေ့စ်၊ဘန်လေ၊ဆန်းဒါးလန်းအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြင် အက်သလက်တီကို၊ဆလာဗီးယားအသင်းတို့နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

အိုဒီဂတ် ကို တွေ့ရစဉ်
အိုဒီဂတ်ဟာ အာဆင်နယ်အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် သူအနားယူရမယ့် သတင်းဟာ နည်းပြအာတီတာအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
အိုဒီဂတ်ဟာ ဒီရာသီအစပိုင်းမှာဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ပထမပိုင်းမပြီးမီ လူစားလဲခံခဲ့ရတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
အာဆင်နယ်အသင်းဟာ နိုဝင်ဘာနိုင်ငံတကာပွဲစဉ်တွေအပြီးမှာ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအတွက် အိုဒီဂတ်အချိန်မီ ပြန်ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
အာဆင်နယ်အသင်းဟာ အိုဒီဂတ်မပါဝင်နိုင်တဲ့ပွဲတွေမှာ အီဇီကို သူ့ရဲ့နေရာမှာ အစားထိုးအသုံးပြုနိုင်သလို မယ်ရီနို၊ဇူဘီမန်ဒီနဲ့ ဒီကလန်ရိုက်စ်တို့ ကွင်းလယ်အတွဲဖက်ကိုလည်း အသုံးပြုနိုင်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းအိမ်ကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 873
CNI Sport News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၄
ကိပ်ဗာဒီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာဖရိကဇုန်)အုပ်စုနောက်ဆုံးပွဲစဉ်မှာ အက်ဆွာတီနီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။
ကိပ်ဗာဒီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အိုက်စလန်အသင်းပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံအသင်းတွေထဲမှာ လူဦးရေအရ ဒုတိယမြောက်အသေးငယ်ဆုံးနိုင်ငံ ဖြစ်လာတာပါ။
ကိပ်ဗာဒီအသင်းဟာ အက်ဆွာတီနီအသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုတွင်းဒုတိယနေရာရပ်တည်နေတဲ့ ကင်မရွန်းအသင်းကို ၄ မှတ်ဖြတ်ကာ ထိပ်ဆုံးနေရာနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။
ကိပ်ဗာဒီနဲ့ အက်ဆွာတီနီအသင်းပွဲစဉ်ကို ကိပ်ဗာဒီသမ္မတလည်းတက်ရောက်ကြည့်ရှုခဲ့ပြီး ပြည်သူတွေကိုလည်း ပွဲကြည့်ရှုနိုင်ဖို့အတွက် အစိုးရက နိုင်ငံတစ်ဝှမ်းကို နေ့တစ်ဝက်အားလပ်ရက်အဖြစ်ကြေညာခဲ့တာပါ။

ကိပ်ဗာဒီအသင်းကို တွေ့ရစဉ်
ကိပ်ဗာဒီအသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက ခြေစစ်ပွဲအောင်မြင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုအချိန်မှသာ ခြေစစ်ပွဲအောင်မြင်နိုင်ခဲ့တာဖြစ်ပါတယ်။
ကိပ်ဗာဒီအသင်းဟာ ပွဲအပြီးမှာ ကွင်းအတွင်းအကြီးအကျယ်အောင်ပွဲခံခဲ့ကြပြီး ပရိသတ်တွေကလည်း သူတို့ကို ဂုဏ်ပြုခဲ့ကြပါတယ်။
အုပ်စုတွင်းဒုတိယနေရာရပ်တည်ခဲ့တဲ့ ကင်မရွန်းအသင်းဟာ အကောင်းဆုံးအုပ်စုဒုတိယနဲ့ နောက်ထပ်ခြေစစ်ပွဲအဆင့်ကို ထပ်ပြီးယှဉ်ပြိုင်ရမှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန်ကနေ တိုက်ရိုက်ဝင်ခွင့် ၉ သင်းမှာ ၆ သင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ ကိပ်ဗာဒီ၊မော်ရိုကို၊တူနီးရှား၊အီဂျစ်၊အယ်လ်ဂျီးရီးယားနဲ့ ဂါနာအသင်းတို့ပါ။
နောက်ထပ် ၃ နေရာအတွက် ဆီနီဂေါနဲ့ကွန်ဂို၊ဘီနင်၊တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယား၊အိုင်ဗရီကို့စ်နဲ့ဂါဘွန်တို့ထဲက ဘယ်အသင်းတွေရယူသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 337
CNI Sport News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၄
ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)အုပ်စုအိမ်ကွင်းပွဲစဉ်မှာ ကိုဆိုဗိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် သူတို့ရဲ့ကမ္ဘာ့ဖလားအိပ်မက်အဆုံးသတ်သွားပြီး နည်းပြတိုမာဆန်အတွက်လည်း ဖိအားတွေတိုးသွားခဲ့ပြီဖြစ်ပါတယ်။
အစ်ဆက်နဲ့ယိုကီရက်စ်တို့လို ပရီးမီးယားလိဂ်ထိပ်တန်းတိုက်စစ်မှူးတွေပါဝင်နေတဲ့ ဆွီဒင်အသင်းဟာ ကိုဆိုဗိုအသင်းကို အရေးနိမ့်ခဲ့တာကြောင့် အုပ်စုပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၁ မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
ဆွီဒင်အသင်းဟာ ခြေစစ်ပွဲကစားဖို့ ၂ ပွဲကျန်ရှိသေးတာကြောင့် ပလေးအော့ဖ်ယှဉ်ပြိုင်ခွင့်ရဖို့ သင်္ချာနည်းအရအခွင့်အရေးရှိနေပေမယ့် မျှော်လင့်ချက်နည်းသွားခဲ့ပြီဖြစ်ပါတယ်။

ဆွီဒင်အသင်းနှင့်ကိုဆိုဗိုအသင်း ယှဥ်ပြိုင်နေစဥ်
အုပ်စုတွင်းဒုတိယနေရာမှာ ရပ်တည်နေတဲ့ ကိုဆိုဗိုအသင်းဟာ နောက်ဆုံး ၂ ပွဲမှာ ရမှတ် ၁ မှတ်ရရှိတာနဲ့ ပလေးအောဖ့်ယှဉ်ပြိုင်ခွင့်ရရှိသွားမှာဖြစ်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဆွစ်ဇာလန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ဆွီဒင်အသင်းနည်းပြတိုမာဆန်က ကိုဆိုဗိုအသင်းကိုရှုံးနိမ့်ခဲ့တာက အလွန်နာကျင်ရတယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
တိုမာဆန်က “ကျနော်ဟာ ဆွီဒင်ဘောလုံးအဖွဲ့ချုပ်နဲ့ စာချုပ်ရှိနေပြီး ကျနော်တို့ရဲ့ခြေစစ်ပွဲက မပြီးဆုံးသေးပါဘူး။ ဒီပွဲမှာ အသင်းဟာ လုံလောက်မှုမရှိသလို အလွန်ဆိုးရွားတဲ့ရလဒ်ပါ။ အလွန်နာကျင်ရပါတယ်။ ကျနော်တို့ဟာ ဂိုးတွေဘယ်လိုသွင်းယူရမလဲဆိုတာ မေ့သွားခဲ့ပြီး ဒါက ဘာကြောင့်လဲဆိုတာ ကျနော်မသိပါဘူး”လို့ ပြောခဲ့ပါတယ်။
ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ် ၂ ပွဲအဖြစ် ဆွစ်ဇာလန်အသင်းနဲ့ အဝေးကွင်း၊ဆလိုဗေးနီးယားအသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 240
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃
ရီးရယ်လ်အသင်း နည်းပြဟောင်းနဲ့ ပြင်သစ်ဂန္ထဝင် ဇီဒန်းက တစ်နေ့မှာ ပြင်သစ်လက်ရွေးစင်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ထပ်ပြီးပြောလာခဲ့ပါတယ်။
ဇီဒန်းက “ကျနော် သေချာပေါက် နည်းပြအလုပ်ကို ပြန်လာမှာပါ။ ကျနော့်အတွက် အနာဂတ်က ဘယ်လိုဖြစ်မလဲ ဆိုတာတော့ မသိပါဘူး။ ပြင်သစ်အသင်းကို နည်းပြဖို့က ကျနော့်ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။ ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ Festival Dello Sport မှာ ပြောခဲ့တာပါ။
ပြင်သစ်အသင်းအတွက် ၁၀၈ ပွဲ ကစားခဲ့တဲ့ ကွင်းလယ်လူဟောင်း ဇီဒန်းဟာ ရီးရယ်လ်အသင်းနည်းပြ ရာထူးကနေ ထွက်ခွာခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာဖြစ်ပါတယ်။
ဇီဒန်းဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ခဲ့ချိန်က ချန်ပီယံလိဂ်ဖလားကို ၃ ရာသီဆက်တိုက် ရယူပေးနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သလို အခြားအောင်မြင်မှုတွေလည်း အများအပြား ရယူပေးနိုင်ခဲ့တာပါ။

ဇီဒန်းကိုတွေ့ရစဉ်
ဇီဒန်းဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် ယူနိုက်တက်၊ PSG အသင်း အပါအဝင် နိုင်ငံအသင်း အချို့နဲ့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။
ဒါပေမယ့် ဇီဒန်းဟာ ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်း မရှိသေးဘဲ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းကို လက်ရှိ ကိုင်တွယ်နေတဲ့ နည်းပြဒက်ချမ့်စ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ထွက်ခွာဖို့ စီစဉ်ထားတာကြောင့် ဇီဒန်းဟာ သူ့ရဲ့မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။
ဇီဒန်းဟာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြရာထူးအတွက် အရင်က ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် သူက အခြားရွေးချယ်စရာတွေကို ပြုလုပ်ခဲ့တာပါ။
ဇီဒန်းက ဂျူဗင်တပ်စ်အသင်းဟာ သူ့နှလုံးသားရဲ့ အမြဲတမ်း နီးစပ်တဲ့ နေရာမှာ ရှိတယ်လို့ ပြောခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 318
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃
နွေရာသီ အပြောင်းအရွှေ့က စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ပြောင်းရွှေ့လာပြီး လီဗာပူးလ်အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ခြင်း မရှိသေးလို့ ဝေဖန်မှုတွေ ခံနေရတဲ့ ကြယ်ပွင့် ဖလော်ရီယန်ဗစ်ဇ်ကို ဂျာမနီ အသင်း နည်းပြ နာဂယ်လ်စမန်းက ကာကွယ်ခဲ့ပါတယ်။
နာဂယ်လ်စမန်းက “ဗစ်ဇ်ဟာ ဂိုးသွင်း၊ ဂိုးဖန်တီးမှု မပြုလုပ်ရသေးပေမယ့် သူက ပရီးမီးယားလိဂ်မှာ အခွင့်အရေး အများဆုံး ဖန်တီးနိုင်တဲ့ ကစားသမားအဖြစ် ရှိနေပါတယ်။ သူ့ရဲ့အသင်းဖော်တွေက ဒါကို မပြောင်းလဲနိုင်ရင် ဒါက သူ့ရဲ့အမှား မဟုတ်ပါဘူး။ ဗစ်ဇ်ဟာ လိဂ်နဲ့အသားကျဖို့ လိုအပ်ပြီး သူဘာတွေ လုပ်ပြနိုင်လဲဆိုတာ သူသိပါတယ်။ သူအလုပ်ကို ပိုပြီးကြိုးစားလုပ်ရမယ်”လို့ Sport 1 ကို ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဂျာမန်ကြယ်ပွင့် ဖလော်ရီယန်ဗစ်ဇ်ကို လေဗာကူဆင်အသင်းကနေ ပေါင်သန်း ၁၀၀၊ အပို ဆုကြေး ပေါင် ၁၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဖလော်ရီယန်ဗစ်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ပါဝင်ကစားထားတဲ့ ပွဲတိုင်း အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရာသီအစ ပရီးမီးယားလိဂ် ၇ ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသလို ဂိုးဖန်တီးမှုလည်း ပြုလုပ် နိုင်ခြင်း မရှိသေးပါဘူး။

ဖလော်ရီယန်ဗစ်ဇ်ကို တွေ့ရစဉ်
အဲဒါကြောင့် ဖလော်ရီယန်ဗစ်ဇ်ဟာ ဝေဖန်မှုအချို့ကို ခံနေရတာဖြစ်ပါတယ်။
ဖလော်ရီယန်ဗစ်ဇ်ဟာ လေဗာကူဆင်အသင်းမှာ ကစားခဲ့ချိန်က ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသလို ဂျာမန်ကလပ်အတွက် ကစားခဲ့တဲ့ ၁၉၇ ပွဲမှာ ၅၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆၅ ကြိမ် ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် သူ အန်ဖီးလ်ကို ရောက်ရှိလာချိန်မှာ လီဗာပူးလ်အသင်းရဲ့ ရုန်းကန်မှုတွေနဲ့ ကြုံတွေ့နေရပြီး အသင်း ဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁ နေရာကို အာဆင်နယ်အသင်းထံပေးပြီး အဆင့် ၂ နေရာကို ဆင်းခဲ့ရ တဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 246
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ လီဗာပူးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူ့ရဲ့အောင်ပွဲခံမှုကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် နောင်တရခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ဒါက အလွန်ကြီးမားတဲ့ စိတ်ခံစားမှုဖြစ်ပြီး ကျနော့်ရဲ့ ချယ်လ်ဆီးအသင်း နည်းပြဘဝ ဒုတိယ မြောက်ရာသီမှာ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ပထမဆုံးအကြိမ် အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ဘောလုံးဆိုတာ စိတ်အားထက်သန်မှုဆိုတာ ကျနော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ကျနော်တွေးဖို့ အချိန်မရှိခဲ့တာ ဖြစ်နိုင်သလို အလိုလို ဖြစ်လာတဲ့ တုံ့ပြန်မှုကြောင့် အနီကတ်ပြခံခဲ့ရပါတယ်။ ဒါက ထိုက်တန်တယ်လို့ ကျနော်ထင်ကြောင်း”ပြောခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်း နဲ့ပွဲစဉ်မှာ အက်စ်တီဗာအိုရဲ့ နောက်ကျသွင်းဂိုးကြောင့် နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီး ကစားသမားတွေဟာ အနိုင်ဂိုးကြောင့် အလံတိုင်ထောင့်နားမှာ အကြီးအကျယ် အောင်ပွဲခံနေချိန် နည်းပြ မာရက်စ်ကာလည်း သူတို့ဆီသွားရောက်ပြီး အောင်ပွဲခံမှုမှာ ပါဝင်ခဲ့တာပါ။

မာရက်စ်ကာကို တွေ့ရစဉ်
အဲဒါကြောင့် မာရက်စ်ကာကို ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာက ဒုတိယမြောက် အဝါကတ်ပြသပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
မာရက်စ်ကာဟာ ဒီအနီကတ်ကြောင့် နိုင်ငံတကာ ပွဲစဉ်တွေအပြီး အောက်တိုဘာ ၁၈ ရက်မှာ ကစားမယ့် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ကွင်းအတွင်း ကြီးကြပ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။
မာရက်စ်ကာကတော့ ဒီအနီကတ်ဟာ အလိုလိုဖြစ်လာတဲ့ တုံ့ပြန်မှုဖြစ်ပြီး နောင်တရခြင်း မရှိဘူးလို့ Trento Sports Festival မှာ ပြောခဲ့ပါတယ်။
မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို သူ့ရဲ့ ပထမဆုံးရာသီမှာ ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Goal
