- By CNI
- Category: အားကစား
- Hits: 293
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
အက်သလက်တီကိုအသင်း တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ စိတ်ဝင်စားနေပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက အက်သလက်တီကိုအသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေတာပါ။
ဒါပေမယ့် အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းမှာ ဆုဖလား ရယူနိုင်ဖို့ မျှော်လင့်ချက်ကတော့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ အဆင့် ၃ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့သလို ဒီရာသီမှာ အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၈ မှတ်အကွာအဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်္ဂလန်ထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေခံခဲ့ရပြီး အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ တိုက်စစ်ပိုင်းကို အားမဖြည့်မီ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာပါ။
ဘာစီလိုနာနဲ့ PSG အသင်း အပါအဝင် အသင်းအများအပြားဟာ အယ်လ်ဗာရက်ဇ်ကို စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်
အခုအချိန်မှာ ဒေးလီးမေးလ်က ချယ်လ်ဆီးအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း တွေထဲမှာ ပါဝင်လာခဲ့တယ်လို့ ဖော်ပြထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ပက်ဒရိုနဲ့ ဒီလပ်တို့ကို ပေါင်သန်း ၁၀၀ နီးပါး အသုံးပြုပြီး ခေါ်ယူခဲ့ ပေမယ့် အားရမှုမရှိတာကြောင့် တိုက်စစ်ပိုင်းကို ထပ်အားဖြည့်ချင်နေတာဖြစ်ပါတယ်။
အယ်လ်ဗာရက်ဇ်ကလည်း မန်စီးတီးအသင်းမှာ ကစားခဲ့ချိန်က ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား နဲ့ အခြား ဆုဖလားတွေကို ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ထံ ပြန်လာချင်နေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အက်သလက်တီကိုအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့် ယူရိုသန်း ၁၀၀ ပေးမယ်ဆိုရင် အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 297
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
စီးရီးအေကလပ် ကိုမိုအသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်လူ ဟောင်း ဒယ်လီအလီဟာ လာလီဂါအသင်း ၄ သင်းဆီကနေ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခြင်း ခံထားရပါတယ်။
အီတလီမှာ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ကာလတိုသာနေခဲ့ရတဲ့ ဒယ်လီအလီဟာ လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးရရှိအောင် လုပ်ဆောင်နေပြီး စပိန်မှာ စွန့်စားမှုပြုလုပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။
စပါးအသင်းမှာ ကစားခဲ့ချိန်က တောက်ပခဲ့တဲ့ ဒယ်လီအလီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်း လူစားဝင် ကစားသမားအဖြစ် တစ်ပွဲသာ ပါဝင်ကစားခဲ့ရတာပါ။
ဒယ်လီအလီဟာ တူရကီကလပ် ဘီဆစ်တက်အသင်းမှာ အငှားကစားခဲ့ချိန်က ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို အဲဗာတန်အသင်းထံ ပြန်လာချိန်မှာလည်း ဒဏ်ရာတွေကြောင့် စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာခဲ့ရပါတယ်။

ဒယ်လီအလီကို တွေ့ရစဉ်
ဒယ်လီအလီဟာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ ကိုမိုအသင်းရဲ့ အံ့အားသင့်ဖွယ် ချဉ်းကပ်မှုကို ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ ၁၈ လစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ဒယ်လီအလီဟာ ကိုမိုအသင်းအတွက် ကစားခဲ့ရတဲ့ တစ်ပွဲတည်းသောပွဲမှာ အနီကတ် ပြသခံခဲ့ရတာကြောင့် ကံမကောင်းခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာတော့ ကိုမိုအသင်းဟာ ဒယ်လီအလီကို ထွက်ခွာခွင့်ပေးခဲ့တာပါ။
ချန်ပီယံရှစ်ကလပ်တွေ အပါအဝင် အသင်းတချို့ရဲ့ စိတ်ဝင်စားမှုခံခဲ့ရတဲ့ ဒယ်လီအလီဟာ လက်ရှိအချိန်မှာ လာလီဂါအသင်း ၄ သင်းရဲ့ ချဉ်းကပ်မှု ခံထားရတာဖြစ်ပါတယ်။
ဒီအသင်းတွေကတော့ အိုဗီဒို၊ ဆီဗီလာ၊ အယ်လ်ချီနဲ့ ဂီတာဖေးအသင်းတို့ ဖြစ်တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားတာပါ။
လာလီဂါ အမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အိုဗီဒိုအသင်းဟာ ဒယ်လီအလီကို ပထမဆုံး ချဉ်းကပ်ခဲ့တာဖြစ်ပြီး ရာသီကုန်အထိသာ စာချုပ်ချုပ်ဖို့ စီစဉ်ထားကာ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှု ပြုလုပ်ခဲ့ပါတယ်။
အခြားအသင်းတွေကလည်း ဒယ်လီအလီကို ခေါ်ယူချင်တဲ့ သူတို့ရဲ့ အစီအစဉ်တွေကို ချပြထားတာပါ။
စပိန်ကလပ်တွေဟာ သူ့ကို ဘောလုံးသမားတစ်ဦးလို ပြန်ပြီးခံစားစေချင်နေတာကြောင့် ဒယ်လီအလီဟာ သူ့ရဲ့အနာဂတ်ကို လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ဆုံးဖြတ်နိုင်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 345
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၇ ပွဲဆက် အနိုင်နဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ် League Phase ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ၁၆ သင်း အဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ သမိုင်းမှာလည်း ပထမဆုံးအကြိမ်အဖြစ် ဥရောပပွဲတွေမှာ ၇ ပွဲ ဆက် နိုင်ပွဲရရှိခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဂျီးဆပ်စ်က ၂ ဂိုးနဲ့ ယိုကီရက်စ်က ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဂျီးဆပ်စ်ဟာ ဒီပွဲမှာ အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
ဒဏ်ရာကြောင့် ၁၁ လကြာ အနားယူရပြီးနောက် အာဆင်နယ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့တဲ့ ဂျီးဆပ်စ်ဟာ ဒီရာသီမှာ ၁၂ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားပါတယ်။
ဂျီးဆပ်စ်က “အိပ်မက်ထဲက ညတစ်ညပါပဲ။ ကျနော်ဟာ စီးရီးအေပွဲတွေ အများကြီး ကြည့်ခဲ့တာကြောင့် ဆန်စီရို ကွင်းထဲမှာ ရှိနေရတာနဲ့ ဂိုးသွင်းနိုင်ခဲ့တာက ကျနော့်ကို မျက်ရည် ကျစေပါတယ်။ လူတိုင်းက ပွဲထွက်ချင်ကြပြီး ကျနော်ဟာ အလွန်လေးစားတတ်တဲ့ သူတစ်ဦးပါ။ ဗစ် လူစားဝင်ရောက်လာပြီး ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်လည်း ကျနော်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ဒီပြိုင်ပွဲ ၂ ခု စလုံးမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 288
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက နော်ဝေကလပ် ဘိုဒိုဂလင့်မ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က အရှက်ရဖွယ် ရလဒ်အတွက် အသင်းပရိသတ်တွေကို တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။
ဟာလန်းက “ကျနော့်မှာ အဖြေတွေ မရှိပါဘူး။ ကျနော်ဟာ သွင်းယူနိုင်သင့်တဲ့ သွင်းဂိုးတွေ မသွင်းယူနိုင်တဲ့ အတွက် အပြည့်အဝ တာဝန်ယူပါတယ်။ ကျနော် လူတိုင်းကို တောင်းပန်ပါတယ်၊ မန်စီးတီးအသင်းကို အားပေးတဲ့ သူတိုင်းနဲ့ ဒီပွဲကို လိုက်ပါအားပေးတဲ့ သူတိုင်းကိုပါ။ ဘာလို့လဲဆိုရင် အဆုံးသတ်က ရှက်ဖို့ကောင်းလို့ပါ။ ဘိုဒို အသင်းက အလွန်ကောင်းမွန်စွာ ကစားခဲ့ပြီး ထိုက်တန်ခဲ့ပါတယ်။ တောင်းပန်တယ်လို့ ပြောနိုင်တာကလွဲပြီး ကျနော့်မှာ ပြောစရာအဖြေမရှိဘူး”လို့ TNT Sports ကိုပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲကို ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်တဲ့ ဘိုဒိုဂလင့်မ်အသင်းကို မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ရလဒ်တွေ မကောင်းဖြစ် နေတာပါ။
တိုက်စစ်မှူး ဟာလန်းကလည်း နောက်ပိုင်းပွဲတွေမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် မန်စီးတီးအသင်းကို အကူအညီ ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
မန်စီးတီးအသင်းဟာ ဒီပွဲအရေးနိမ့်မှုကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ အဆင့် ၇ နေရာ ရပ်တည်နေ ပေမယ့် ကစားဖို့ ကျန်ရှိနေသေးတဲ့ အခြားအသင်းတွေရဲ့ ပွဲပြီးရင် နောက်တဆင့်ကို တိုက်ရိုက် တက်နိုင်မယ့် အဆင့် ၈ အပြင်ကို ရောက်ရှိသွားနိုင်ပါတယ်။
မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက အရာအားလုံးက မှားယွင်းနေတဲ့အတွက် ဒါကို ပြောင်းလဲဖို့ ကြိုးစားရမယ် လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ဒီပွဲမှာ အနီကတ် ပြသခံခဲ့ရတဲ့ ကွင်းလယ်လူ ရိုဒရီကို ဝေဖန်မှုပြုလုပ်ဖို့ ငြင်းဆန်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် League Phase နောက်ဆုံးပွဲအဖြစ် ဂါလာတာစာရေးအသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်မီ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 217
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
ဘရာဇီးလ်တိုက်စစ်မှူး ဂျီးဆပ်စ်က သူဟာ လက်ရှိစာချုပ်ထက် ကျော်လွန်ပြီး အာဆင်နယ်အသင်းမှာ ဆက်နေ ချင်တယ်လို့ ပြောခဲ့ပေမယ့် အသင်းက သူ့ကို စာချုပ်သစ်အတွက် ချဉ်းကပ်မှု မရှိသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။
ဂျီးဆပ်စ်က “ကျနော်ရဲ့ ပထမဆုံးပစ်မှတ်က ကျန်းမာနေဖို့ပါ။ ကျနော်ဟာ အာဆင်နယ်အသင်းမှာ ဒဏ်ရာတွေနဲ့ အချိန်ကုန်ခဲ့ရတာကြောင့် ကြံ့ခိုင်မှုပြည့်ဝအောင် ကြိုးစားနေသလို ရာသီကုန်အထိ ကျန်းမာနေဖို့လည်း ပစ်မှတ် ထားနေပါတယ်။ ကျနော့်ရဲ့ဆန္ဒက အာဆင်နယ်အသင်းမှာ ဆက်နေချင်ပြီး ယှဉ်ပြိုင်မှုကိုလည်း တိုးချဲ့ချင်ပါတယ်။ ကျနော်ဒီမှာ ဆက်နေချင်သလို အာဆင်နယ်အသင်းနဲ့ ဆုဖလားတွေ ရယူချင်ပါတယ်”လို့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုကို ပြောခဲ့တာပါ။
ဒူးဒဏ်ရာကြောင့် ၁၁ လကြာ အနားယူခဲ့ရတဲ့ ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ဂျီးဆပ်စ်ဟာ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့် နေရာအတွက် ယိုကီရက်စ်၊ ကိုင်ဟာဗက်ဇ်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
အဲ့ဒါကြောင့် ဂျီးဆပ်စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဂျီးဆပ်စ်ကို တွေ့ရစဉ်
ဒီသတင်းတွေကို အာဆင်နယ်အသင်းနည်းပြ အာတီတာနဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်တို့ ၂ ဦးစလုံးက ငြင်းဆန်ခဲ့ပြီး ဂျီးဆပ်စ်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ပါ ဆန္ဒရှိနေတာပါ။
ဂျီးဆပ်စ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ရာသီကုန်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
ဂျီးဆပ်စ်ဟာ ဒဏ်ရာကနေ ပြန်ကောင်းလာပြီးနောက်မှာ အာဆင်နယ်အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားတာပါ။
စပို့တင်းလစ္စဘွန်းအသင်းကနေ ယူရို ၆၃.၅ သန်းနဲ့ ရောက်ရှိ လာပြီးကတည်းက အာဆင်နယ်အသင်းမှာ ခက်ခဲတဲ့ စတင်မှုနဲ့ကြုံတွေ့နေရတဲ့ အသင်းဖော် ယိုကီရက်စ်ဟာ ထိပ်တန်း တိုက်စစ်မှူးဖြစ်ပြီး အသင်းမှာ သွင်းဂိုး အများအပြား သွင်းယူနိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ဂျီးဆပ်စ်က ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 258
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဝီလ်ဆင်နဲ့ စာချုပ်အဆုံးသတ်မယ့် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့ ပြီးနောက် ဒီလထဲ အသင်းကနေ ထွက်ခွာမယ့် သူ့ရဲ့အစီအစဉ်တွေကို ပိတ်ပင်ခဲ့ပါတယ်။
နွေရာသီမှာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဝီလ်ဆင်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ အသင်းနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် ဝက်စ်ဟမ်းအသင်း ထိပ်တန်း အကြီးအကဲတစ်ဦးက ဒီဆွေးနွေးမှုထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဝီလ်ဆင်ဟာ ရာသီကုန်အထိ လန်ဒန်ကလပ်မှာ ဆက်ပြီးရှိနေတော့မှာ ဖြစ်ပါတယ်။
ဝီလ်ဆင်ဟာ ဝက်စ်ဟမ်းအသင်းက စပါးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် နောက်ဆုံးမိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် အသင်းဟာ သူ့ကို ဆက်ပြီး ရှိစေချင်နေတာပါ။

ဝီလ်ဆင်ကို တွေ့ရစဉ်
ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေအောင် တိုက်ပွဲဝင်တာမှာ သွင်းဂိုးတွေ လိုအပ်တာကြောင့် ဝီလ်ဆင်ကို ထွက်ခွာ ခွင့်ပေးတာဟာ အသင်းကို ရှုံးနိမ့်စေမယ်ဆိုပြီး ကလပ်အတွင်းပိုင်းက ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဝက်စ်ဟမ်းအသင်းထံ ရောက်ရှိလာခဲ့တဲ့ ဝီလ်ဆင်ဟာ အသင်း အတွက် ၁၉ ပွဲ ကစားထားပြီး ၅ ဂိုး သွင်းယူထားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ဖီလစ်ပီနဲ့ ကာစတယ်လ်လာနိုစ်တို့ကို ခေါ်ယူထားတာကြောင့် ဝီလ်ဆင်ဟာ ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရဖို့ရှိနေတာပါ။
အဲ့ဒါကြောင့် ဝီလ်ဆင်ဟာ အခြားအသင်း တစ်သင်းထံ ပြောင်းရွှေ့နိုင်အောင် ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်အဆုံး သတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဒီဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့တဲ့အတွက် ဝီလ်ဆင်ဟာ နွေရာသီအထိ ဝက်စ်ဟမ်း အသင်းမှာ ဆက်ပြီးရှိနေတော့မှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 283
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
ရီးရယ်လ်အသင်း ပရိသတ်တွေဟာ လီဗန်တေးအသင်းနဲ့ လာလီဂါပွဲမှာ ဗီနီစီးယက်စ်နဲ့ ဘယ်လင်ဂမ်တို့ကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တိုက်စစ်မှူး ဘတ်ပီက အသင်းပရိသတ်တွေအနေနဲ့ တစ်ဦးချင်းထက် အသင်းကို လှောင်ပြောင်ဖို့ ပြောခဲ့ပါတယ်။
ဘတ်ပီက “ပရိသတ်တွေကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ကျနော် မကြိုက်တဲ့ တစ်ခုတည်းသော အရာက သူတို့ လှောင်ပြောင်မယ်ဆိုရင် တစ်သင်းလုံးကို သူတို့လှောင်ပြောင်သင့်ပါတယ်။ ကစားသမား တစ်ဦးဦးကို ခွဲခြားပြီး ပြုလုပ်တာမျိုး မလုပ်သင့်ပါဘူး။ ဒါဟာ တစ်သင်းလုံးရဲ့ အမှားပါ။ အသင်း ပရိသတ်တွေဟာ ကျနော်တို့ ကို ဆန့်ကျင်တဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ ဒေါသထွက်နေကြတာပါ၊ ဒါက ပုံမှန်ပါပဲ”လို့ ချန်ပီယံလိဂ်ပွဲမတိုင်မီ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ စပိန်စူပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့သလို ကိုပါဒယ်ရေးဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာတွေကြောင့် လီဗန်တေးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ အသင်းပရိသတ် တွေဟာ သူတို့ရဲ့မကျေနပ်မှုကို ဖော်ပြခဲ့ကြပါတယ်။
ဗီနီစီးယက်စ်နဲ့ ဘယ်လင်ဂမ်တို့ဟာ အကျယ်လောင်ဆုံး လှောင်ပြောင်မှုတွေ ခံခဲ့ရပြီး အသင်းအကြီးအကဲ ပီရက်ဇ်ကိုလည်း ရာထူးကနေ နုတ်ထွက်ဖို့တောင်းဆိုတဲ့ အသံတချို့ထွက်ပေါ်ခဲ့တာပါ။

ဘတ်ပီ၊ ဗီနီစီးယက်၊ ဘယ်လင်ဂမ်ကိုတွေ့ရစဉ်
ဗီနီစီးယက်စ်ဟာ ထွက်ခွာခဲ့တဲ့ နည်းပြဟောင်း အလွန်ဆိုနဲ့ အဆင်မပြေမှုတွေရှိခဲ့သလို ဒီရာသီမှာ ခြေစွမ်းပိုင်း ကျဆင်းမှု၊ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
ဘတ်ပီကတော့ အသင်းကောင်းမွန်စွာ မကစားနိုင်ရင် ဗီနီစီးယက်နဲ့ ဘယ်လင်ဂမ်တို့ရဲ့ အမှားကြောင့် မဟုတ်ဘဲ သူတို့ကို ပိုပြီးကောင်းအောင် ကာကွယ်ပေးရမယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာကလည်း ဗီနီစီးယက်စ်ဟာ ဘာနေဗျူးမှာ ပရိသတ်တွေရဲ့ အားပေးမှု လိုအပ်ပြီး ဒါမှလည်း သူ့ရဲ့ အကောင်းဆုံးပုံစံကို ရရှိမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 254
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံလူ ဂူဟီကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူပြီး အသင်းမှာ ၂၀၃၁ ခုနှစ်အထိရှိမယ့် ၅ နှစ်ခွဲ စာချုပ်ချုပ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့တဲ့ ဂူဟီဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ဆန္ဒမရှိကြောင်း ပြောခဲ့တာပါ။
ဥရောပထိပ်တန်းကလပ် အများအပြားဟာ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ဂူဟီကို စိတ်ဝင်စားခဲ့ကြပါတယ်။
ဒါပေမယ့် အဓိက နောက်ခံလူတွေ ဒဏ်ရာရရှိနေတဲ့ မန်စီးတီးအသင်းဟာ ဂူဟီကို ဒီအပြောင်းအရွှေ့မှာ ခေါ်ယူ နိုင်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ဂူဟီဟာ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃ သိန်း ရရှိမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အင်္ဂလန်နောက်ခံလူဟာ မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ် League Phase လက်ကျန်ပွဲတွေမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပေမယ့် ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်တာပါ။

ဂူဟီကို တွေ့ရစဉ်
ဂူဟီက “မန်စီးတီး ကစားသမား ဖြစ်ရတာကို အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်။ ဒီပြောင်းရွှေ့မှုဟာ ကျနော့် ကစားသမားဘဝ တစ်လျှောက် ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာတဲ့အရာလို့ ခံစားရပါတယ်။ အခုဆိုရင် အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းကို ရောက်နေပြီဖြစ်ပြီး ဒီလိုပြောနိုင်တာက ကောင်းပါတယ်။ မန်နေဂျာက ကျနော့်အပေါ် မျှော်လင့်ထားတဲ့ အရာတွေနဲ့ မန်စီးတီးအသင်း ပရိသတ်တွေကို ကျနော် ဘာလုပ်ပေးနိုင်လဲဆိုတာ ပြသချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဂူဟီမတိုင်မီက ဂါနာကြယ်ပွင့် ဆီမန်ညိုကို ဘုန်းမောက်အသင်းကနေ ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူထားတာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ဂူဟီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ၂၀၂၁ ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီအထိ ကစားခဲ့ ပြီး ပွဲပေါင်း ၁၈၈ ပွဲ ပါဝင်ခဲ့တာမှာ ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဂူဟီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ FA ဖလား၊ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 296
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉
အာဆင်နယ်အသင်းဟာ ယူကရိန်းနောက်ခံလူဇင်ချန်ကို-ကို ရာသီကုန်အထိ အေဂျက်စ်အသင်းထံအငှားချဖို့ မူအားဖြင့် သဘောတူညီခဲ့တယ်လို့ နယ်သာလန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်းထံ အငှားချခံခဲ့ရတဲ့ ဇင်ချန်ကိုဟာ အသင်းရဲ့ နည်းပြ အပြောင်းအလဲတွေကြောင့် ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၀ ပွဲသာ ပါဝင်ကစားခွင့်ရထားတာပါ။
ဒတ်ချ်သတင်းစာ De Telegraaf က ဇင်ချန်ကိုဟာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် နောက်ဆုံးပွဲ ကစားခဲ့ပြီး အေဂျက်စ်အသင်းဟာ သူ့ကို ၆ လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။
အေဂျက်စ်အသင်း အကြီးအကဲတွေဟာ ဇင်ချန်ကိုရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ တိုက်ရိုက်ဆက်သွယ်ထားပြီး ကလပ်အသင်း ၂ သင်းကြားဆွေးနွေးမှုတွေ ဆက်ပြီး ပြုလုပ်နေတာပါ။
ဇင်ချန်ကိုကလည်း နော်တင်ဟမ် ဖောရက်စ်အသင်းမှာ သူ့ရဲ့စိတ်ပျက်စရာအချိန်တွေကို အဆုံးသတ်ပြီး အေဂျက်စ်အသင်းထံ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတာဖြစ်ပါတယ်။

အေဂျက်စ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘယ်နောက်ခံနဲ့ ကွင်းလယ်နေရာကို အားဖြည့်ဖို့ ပြင်ဆင် နေတာဖြစ်ပြီး ဇင်ချန်ကိုက ဒီနေရာ ၂ ခုစလုံးကို ကစားနိုင်တဲ့အတွက် အသင်းရဲ့ အကောင်းဆုံး ဖြေရှင်းမှုအဖြစ် သတ်မှတ်ထားတာပါ။
ဇင်ချန်ကိုဟာ PSV အသင်းမှာ အငှားကစားခဲ့ဖူးတာကြောင့် ဒတ်ချ်လိဂ်နဲ့ စိမ်းတဲ့သူ မဟုတ်ပါဘူး။ အေဂျက်စ်အသင်းဟာ ဇင်ချန်ကို-ကို အငှားစာချုပ်ကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူပြီး ကာလ ရှည်စာချုပ်ချုပ်ဖို့ ဆန္ဒရှိတယ်လို့လည်း သိရပါတယ်။
ဇင်ချန်ကိုနဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးတော့မှာပါ။ ယူကရိန်းနောက်ခံလူဟာ ပြီးခဲ့တဲ့လက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ သူမသိသေးဘူး စောင့်ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 270
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉
နယ်သာလန်နောက်ခံလူ ဗန်ဒိုက်က လီဗာပူးလ်အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို သူမနှစ်သက်ကြောင်းနဲ့ အသင်းပရိသတ်တွေဆီကနေ ပိုမိုအားကောင်းတဲ့ အားပေးမှုကို လိုချင်တယ်လို့ ပြောခဲ့ပါတယ်။
ဗန်ဒိုက်က “စိတ်ပျက်စရာဆိုတဲ့ စကားလုံးက ကျနော့် ခေါင်းထဲမှာ သေချာပေါက် ရှိနေပါတယ်။ ကျနော်တို့ဟာ ဒီအခြေအနေတွေကို ဖြေရှင်းဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ရပါမယ်။ ကျနော်တို့ အားပေးမှုတွေ လိုအပ်ပြီး အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ကျနော်မနှစ်သက်ဘူး”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဘန်လေအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၄ ပွဲဆက် သရေကျပြီး အသင်းပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်ပေမယ့် ရလဒ်တွေ မကောင်းဖြစ်နေတဲ့ အတွက် ဘန်လေအသင်းနဲ့ပွဲမှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။

ပရိတ်တွေနဲ့ လီဗာပူးလ်အသင်းကို တွေ့ရစဉ်
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ကတော့ လှောင်ပြောင်မှုတွေ ပြုလုပ်တဲ့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို သူလုံးဝ နားလည်တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဒါ့ပြင် အာနီဆလော့က သူလည်း စိတ်ပျက်နေသလို ကစားသမားတွေကလည်း ပရိသတ်တွေလိုပဲ စိတ်ပျက်နေ ကြတယ်လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပျောက်ဆုံးနေတာကို မာဆေးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားပါတယ်။
မာဆေးလ်အသင်းနဲ့ပွဲမှာ အာဖရိကဖလား ပြိုင်ပွဲကနေ ပြန်လာပြီဖြစ်တဲ့ ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ပါဝင်နိုင်မှာပါ။
ဆာလက်ရဲ့ အီဂျစ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲ တတိယနေရာလုပွဲမှာ နိုင်ဂျီးရီးယားအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် စတုတ္ထသာရရှိခဲ့တာဖြစ်ပါတယ်။
Source: Dailymail
