CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၀

စပါးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ဖို့ထက် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ကို ဦးစား ပေး သွားမယ်လို့ ယာယီနည်းပြတူဒေါက ပြောခဲ့ပါတယ်။ 

တူဒေါက “ပွဲတိုင်းက အရေးကြီးပါတယ်။ ဒီလိုပွဲမျိုးမှာ လုံးဝကွဲပြားတဲ့ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကို အသုံးပြု နိုင်တဲ့အတွက် မှန်ကန်တဲ့လမ်းကြောင်းကို ပြောင်းလဲနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ကျနော်တို့ရဲ့ ပထမဆုံး ရည်မှန်းချက်က ပရီးမီးယားလိဂ် ဖြစ်တယ်ဆိုတာ လူသိရှင်ကြား ပြောရမယ့်အရာပါ။ ဒါကပုံမှန်ပါပဲ။ ချန်ပီယံလိဂ် က နောက်ထပ် အပိုအရာတစ်ခုဖြစ်ပေမယ့် နောက်တစ်ဆင့်ကို မသွားချင်ဘူးလို့ မဆိုလိုကြောင်း” မက်ဒရစ်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့တာပါ။ 

စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ သောမတ်စ်ဖရန့်ခ်ကို ထုတ်ပယ်ခဲ့ပြီး တူဒေါကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ 

တူဒေါ ပထမဆုံး ကိုင်တွယ်တဲ့ ၃ ပွဲစလုံးလည်း စပါးအသင်း အရေးနိမ့်ခဲ့ပြီး အခုဆိုရင် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။

စပါးအသင်း နည်းပြ တူဒေါကို တွေ့ရစဉ် 

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၁၁ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့ စပါးအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်ကို ရောက်ရှိနေပြီး အက်သလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ရှိနေဖို့ကိုသာ လက်ရှိအချိန်မှာ နည်းပြတူဒေါက ဦးစားပေးထား ပါတယ်။ 

စပါးအသင်းအနေနဲ့ လာမယ့်ပွဲတွေမှာ နိုင်ပွဲတွေ ဆက်ပြီး ပျောက်ဆုံးခဲ့ရင် တူဒေါလည်း ထုတ်ပယ်ခံရဖို့ ရှိနေ တာပါ။ 

အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ စပါးအသင်းရဲ့ အဓိက နောက်ခံလူတွေဖြစ်တဲ့ အသင်း ခေါင်းဆောင် ရိုမဲရိုးနဲ့ စပန့်တို့ ပြန်ပါဝင်နိုင်မှာ ဖြစ်သလို တိုက်စစ်မှူး ရစ်ချာလီဆန်လည်း အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်မယ်လို့ နည်းပြတူဒေါက ပြောခဲ့ပါတယ်။ 

Source: BBC