- By CNI
- Category: အားကစား
- Hits: 272
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
ဆန်းတို့စ်အသင်း တိုက်စစ်မှူး နေမာဟာ ဒီလထဲကစားမယ့် ဘရာဇီးလ်အသင်းရဲ့ ခြေစမ်းပွဲတွေအတွက် နည်းပြ အန်ဆယ်လော့တီ ထုတ်ပြန်ခဲ့တဲ့ အသင်းလူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။
နေမာဟာ နည်းပြ အန်ဆယ်လော့တီ ကိုယ်တိုင် တက်ရောက်ကြည့်ခဲ့တဲ့ ဆန်းတို့စ်အသင်းရဲ့ပွဲကို လွဲချော်ခဲ့ ပြီးနောက် ဘရာဇီးလ်အသင်း လူစာရင်းထဲ ချန်လှပ်ခြင်းခံခဲ့ရတာပါ။
နေမာကတော့ လူစာရင်းထဲ မပါဝင်ခဲ့တဲ့အပေါ် စိတ်ပျက်ပြီး ဝမ်းနည်းမိပေမယ့် နေ့တိုင်း အာရုံစိုက်လုပ်ဆောင် ကာ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ နောက်ဆုံး လူစာရင်းထဲ ပါဝင်အောင် ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းအတွက် ၇၉ ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ နေမာ ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း နိုင်ငံအသင်းအတွက် ပါဝင်ရခြင်း မရှိတော့ပါဘူး။
ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နေမာဟာ ဘရာဇီးလ်အသင်းအတွက် သူ့ရဲ့နောက်ဆုံးပြိုင်ပွဲ ဖြစ်လာနိုင်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ချင်တဲ့ ဆန္ဒကို မကြာခဏ ပြောနေခဲ့တာ ဖြစ်ပါတယ်။

နေမာကို တွေ့ရစဉ်
ဘရာဇီးလ်အသင်း နည်းပြ အန်ဆယ်လော့တီက နေမာဟာ ရာနှုန်းပြည့် ကြံ့ခိုင်မှု မရှိတာကြောင့် လူစာရင်းထဲ မပါဝင်ခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝရင် ကမ္ဘာ့ဖလား လူစာရင်းထဲမှာ ပါဝင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အန်ဆယ်လော့တီက နေမာ အနေနဲ့ ဆက်ကြိုးစားကစားပြီး အရည်အချင်းတွေကိုပြသကာ ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေနေကို ထိန်းသိမ်းရမယ်လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းကနေ လိုင်ယွန်အသင်းထံ အငှားကစားပြီး ခြေစွမ်းပြသနေတဲ့ အန်းဒရစ်ဟာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်လာခဲ့ပြီး ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး အီဂေါသီယာဂိုလည်း ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။
နည်းပြ အန်ဆယ်လော့တီက အန်းဒရစ်၊ ရာယန်နဲ့ သီယာဂိုတို့ဟာ သူတို့ရဲ့လိဂ်တွေမှာ ခြေစွမ်းပြသနေလို့ ဒီလူစာရင်းထဲ ပါဝင်သင့်တယ်လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ မတ်လ ၂၆ ရက် ဘော်စတွန်မှာ ပြင်သစ်၊ ၃၁ ရက် အော်လန်ဒိုမှာ ခရိုအေးရှားအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 326
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ် ၁၆
အီရတ်အသင်းဟာ သူတို့ရဲ့ကမ္ဘာ့ဖလား ပလေးအော့ဖ်ပွဲအတွက် မက္ကဆီကိုနိုင်ငံထံ လာရောက်မယ်လို့ နိုင်ငံအသင်းရဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်ဒ်နန်ဒါဂျယ်လ်က ပြောခဲ့ပါတယ်။
အီရတ်အသင်းနည်းပြ ဂရေဟမ်အာနိုးလ်က အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ခရီးသွားလာမှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလို့ သူတို့ရဲ့ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ မကြာသေးမီမှာ ပြောထားခဲ့တာပါ။
အခုအချိန်မှာတော့ အီရတ်ဘောလုံးအဖွဲ့ချုပ်က သူတို့ဟာ မက္ကဆီကိုနိုင်ငံထံ လာရောက်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အီရတ်အသင်းကစားသမားများ
အီရတ်အသင်းဟာ ဘိုလီးဗီးယားနဲ့ ဆူရီနမ်အသင်းတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ မတ်လ ၃၁ ရက်ကြရင် မွန်တာရေးမှာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အီရတ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အက်ဒ်နန်ဒါဂျယ်လ်က အဖွဲ့ချုပ်ဟာ ဒေသတွင်းအခြေအနေနဲ့ လက်ရွေးစင် အသင်းရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရှင်းပြဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ စာရေးသားမှုပြုလုပ်ခဲ့တာပါ။
ဖီဖာဟာ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပြီး အီရတ်အသင်းဖြစ်နေတဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ အကူအညီပေးခဲ့တယ်လို့ အက်ဒ်နန်ဒါဂျယ်လ်က ပြောခဲ့ပါတယ်။

အီရတ်အသင်းနည်းပြ ဂရေဟမ်အာနိုးလ်
ဒါ့အပြင် အက်ဒ်နန်ဒါဂျယ်လ်က အီရတ်အသင်းဟာ ဝင်ခွင့်ဗီဇာတွေရရှိထားပြီးဖြစ်ကာ ဥရောပအခြေစိုက် ကစားသမားတွေ သီးခြားစီပါဝင်တဲ့ စင်းလုံးငှားလေယာဉ်နဲ့ ပျံသန်းလာမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
အီရတ်အသင်းဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိဖို့ ရည်မှန်းထားတာကြောင့် လူစာရင်း အပြည့်အဝ မပါဝင်နိုင်ရင် ကမ္ဘာ့ဖလားဝင်ခွင့်ကြိုးပမ်းမှုကို ထိခိုက်နိုင်တယ်လို့ နည်းပြဂရေဟမ်အာနိုးလ်က သတိပေးထားပါတယ်။
- By CNI
- Category: အားကစား
- Hits: 274
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူ့အတွက် တစ်ဦးချင်း စံချိန်မှတ်တမ်းတွေထက် ရာသီကုန်ချိန်မှာ အသင်းအဆင့် ရပ်တည်မှုကောင်းဖို့ ဆန္ဒရှိနေပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ကျနော့် အသင်းဖော်တွေအတွက် ကျနော် လုပ်ပေးနိုင်ခဲ့လို့ ပိုပြီးဂုဏ်ယူသလို ကျေနပ်မိ ပါတယ်။ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်၊ ပျော်ရွှင်နိုင်အောင် ဒီလိုအခိုက်အတန့်တွေ ပေးရတာကို ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ဒါက ကျနော့်အတွက် ကြီးမားတဲ့အောင်မြင်မှုပါ။ ဒါပေမယ့် ကျနော့်အတွက် အဓိက အောင်မြင်မှုကတော့ ရာသီကုန်ချိန်မှာ အသင်းထိပ်ဆုံး နေရာနားမှာ ရှိနေဖို့ပါပဲ”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
အဲ့ဒါကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ယူနိုက်တက်အသင်းရဲ့ ဂိုးဖန်တီးမှု အများဆုံးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ၁၅ ကြိမ်စံချိန်ကို ကျော်ဖြတ်ပြီး ၁၆ ကြိမ်နဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဘရိုနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
ဒါ့ပြင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး ကစားသမားတွေဖြစ်တဲ့ အွန်နရီနဲ့ ဒီဘရိုင်းတို့ရဲ့ အကြိမ် ၂၀ ကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး ရှိနေတာပါ။
ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ အသင်းအဆင့် ရပ်တည်မှု ကောင်းဖို့ကိုသာ စိတ်ထဲရှိနေတာ ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ကို မကြာခဏဆိုသလို ဝေဖန်လေ့ရှိတဲ့ အသင်းဂန္ထဝင် ရွိုင်ကိန်းဟာ ဒီပွဲမှာ ပေါ်တူဂီ ကွင်းလယ်လူရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။
ဒါ့ပြင် ရွိုင်ကိန်းက ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမယ်လို့ ယုံကြည်နေ ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာ ရပ်တည်နေပြီး လာမယ့်ပွဲအဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 252
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆
လီဗာပူးလ်အသင်းဟာ စပါးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ကွင်းလယ်လူ ဆိုဘို့ဆလိုင်းက သူတို့အနေနဲ့ စိတ်ပျက်စရာပုံစံတွေ ဆက်ပြီး ရှိနေမယ်ဆိုရင် ကွန်းဖရန့်လိဂ်နဲ့ ကျေနပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။
ဆိုဘို့ဆလိုင်းက “ကျနော်တို့ဟာ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ကွန်းဖရန့်လိဂ်နဲ့ ကျေနပ်သင့်တာကြောင့် နိုးထလာရပါမယ်။ ဘာလို့ ဒီလိုဖြစ်နေလဲဆိုတာကို ရိုးရိုးသားသားပြောရရင် ကျနော် မသိပါဘူး။ ပထမပိုင်းမှာ ကျနော်တို့ဟာ အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဒီလိုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ကျနော်တို့ အတူတူထိုင်ပြီး ဆွေးနွေးကြမှာဖြစ်သလို အတူလက်တွဲ လုပ်ဆောင်သွားရမယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ ဆိုဘို့ဆလိုင်းရဲ့ လှပတဲ့ ဖရီးကစ် သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၉၀ မှာ ရစ်ချာလီဆန်က စပါးအသင်းအတွက် ချေပဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ စိတ်ပျက်စရာ ရလဒ်နဲ့အတူ အဆင့် ၄ နေရာကို တက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

ဆိုဘို့ဆလိုင်းကို တွေ့ရစဉ်
လီဗာပူးလ်အသင်း ကစားသမားတွေဟာ ပွဲအပြီးမှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရတာပါ။
ဆိုဘို့ဆလိုင်းက သူဟာ လှောင်ပြောင်မှုတွေကို မကြားခဲ့ရပေမယ့် ဒါကိုနားလည်သလို ခက်ခဲနေတဲ့အချိန်မှာ အသင်းပရိသတ်တွေ အနေနဲ့ သူတို့ကို အားပေးဖို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၀ ကစားအပြီးမှာ ရမှတ် ၄၉ မှတ်နဲ့အဆင့် ၅ နေရာ ရပ်တည်နေကာ အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၂ မှတ်ကွာဟနေတာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို သူနားလည်ပြီး လာမယ့်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသဖို့က သူတို့အပေါ်မှာ မူတည်သွားပြီလို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲ ကစားဖို့ရှိနေပြီး ပထမအကျော့မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 351
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ် ၁၃
ပရီးမီးယားလိဂ်နည်းပြဟောင်း ဂရေဟမ်ပေါ်တာဟာ ဆွီဒင်အသင်းနည်းပြအဖြစ် ၂၀၃၀ ခုနှစ်အထိရှိမယ့် ၄ နှစ်စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာဟာ ဝက်စ်ဟမ်းအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် မနှစ်ကအောက်တိုဘာလမှာ ဆွီဒင်အသင်းနည်းပြအဖြစ်ကာလတိုစာချုပ်ချုပ်ဆိုကာ ခန့်အပ်ခံခဲ့ရပြီး ဆွီဒင် FA က သူ့ရဲ့စာချုပ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ဆက်စပ်နေတယ်လို့ ပြောခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာဟာ ဆွီဒင်အသင်းကို ၂ ပွဲသာ ကိုင်တွယ်ထားရသေးကာ ဒီပွဲတွေမှာ အသင်းဟာ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားတာပါ။
ဆွီဒင်အသင်းဟာ လာမယ့် မတ်လ ၂၆ ရက်မှာ ကမ္ဘာ့ဖလားပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲအဖြစ် ယူကရိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီမတိုင်မီမှာ ဂရေဟမ်ပေါ်တာဟာ ကာလရှည် စာချုပ်သစ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ဆွီဒင်နည်းပြ ဂရေဟမ်ပေါ်တာကို တွေ့ရစဉ်
ဆွီဒင်အသင်းဟာ ယူကရိန်းအသင်းကို အနိုင်ရခဲ့ရင် ပိုလန်နဲ့အယ်လ်ဘေးနီးယားအသင်းတို့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ရမှာပါ။
ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ဂရေဟမ်ပေါ်တာနဲ့ ဆက်ပြီးပူးပေါင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဝမ်းသာမိပြီး ကာလရှည်စာချုပ်သစ်က ကစားသမားတွေနဲ့နည်းပြကို စိတ်အေးအေးထားကာ အနာဂတ်ချန်ပီယံရှစ်အတွက် လှုပ်ရှားမှုတွေကို အဆတ်မပြတ်ဖန်တီးနိုင်ဖို့ အခွင့်အရေးပေးတာလို့ထုတ်ပြန်ခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာကလည်း သူ့အတွက်အလွန်ဂုဏ်ယူစရာကောင်းတဲ့နေ့ဖြစ်ပြီး အခုအချိန်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားနိုင်အောင် လာမယ့် ၂ ပွဲကို အနိုင်ရယူချင်တယ်လို့ ပြောခဲ့ပါတယ်။
ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စုတွင်းနောက်ဆုံးနေရာရပ်တည်ခဲ့ပေမယ့် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းရယူနိုင်ခဲ့တာကြောင့် ပလေးအော့ဖ်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 324
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃
အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲမှာ လိုင်လီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက် နည်းပြအူနှိုင်းအမ်မရီဟာ နိုင်ပွဲ ၁၀၀ အမြန်ဆုံးပြည့်တဲ့ အက်စတွန်ဗီလာအသင်းနည်းပြအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊နိုဝင်ဘာလမှာ အက်စတွန်ဗီလာအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြအူနှိုင်းအမ်မရီဟာ ပြိုင်ပွဲစုံပွဲပေါင်း ၁၈၁ ပွဲကိုင်တွယ်အပြီးမှာ နိုင်ပွဲ ၁၀၀ ပြည့်ခဲ့တာပါ။
အူနှိုင်းအမ်မရီဟာ ဒီပွဲတွေမှာ အနိုင် ၅၅.၂ ရာခိုင်နှုန်းရယူပေးထားတာကြောင့် အသင်းသမိုင်းမှာ နိုင်ပွဲရာခိုင်နှုန်းအများဆုံးရယူပေးထားတဲ့နည်းပြအဖြစ်လည်း ရပ်တည်နေပါတယ်။
အက်စတွန်ဗီလာအသင်းကို အူနှိုင်းအမ်မရီကိုင်တွယ်ပြီးကတည်းက ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ သူ့ထက်နိုင်ပွဲအများဆုံးရယူထားနိုင်တဲ့နည်းပြတွေအဖြစ် မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာက ၁၃၇ ပွဲနဲ့ အာဆင်နယ်အသင်းနည်းပြအာတီတာက ၁၁၈ ပွဲသာရှိတာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းကို တွေရစဉ်
အူနှိုင်းအမ်မရီဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းကို ယူရိုပါလိဂ်ဖလားရယူပေးပြီး သူ့ရဲ့နည်းပြဘဝမှာ ယူရိုပါလိဂ်ဖလား ၅ ကြိမ်မြောက်ရယူနိုင်ဖို့ ရည်မှန်းထားတာပါ။
အက်စတွန်ဗီလာအသင်းဟာ လိုင်လီအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ဒုတိယအကျော့အိမ်ကွင်းကစားရမယ့်ပွဲမှာ အားသာချက်တွေရှိသွားခဲ့ပြီး ကွာတားဖိုင်နယ်တက်ဖို့ အခွင့်အရေးများသွားခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းခေါင်းဆောင်မက်ဂင်းက အသင်းဟာပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေမကောင်းခဲ့တာကြောင့် ဒီပွဲကနေသင်ယူကာ ဒီထက်အများကြီးပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာ သိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးကာ အဆင့် ၄ နေရာရပ်တည်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် အဆင့် ၃ နေရာက ယူနိုက်တက်အသင်းနဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 286
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ အီရန်ဘောလုံးအသင်းကို ကြိုဆိုမှာဖြစ်ပေမယ့် သူတို့ရဲ့ဘေးကင်းဖို့အတွက် မပါဝင်သင့်ဘူးလို့ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အီရန်အမျိုးသားဘောလုံးအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာကြိုဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ကိုယ်ပိုင်ဘဝတွေနဲ့ဘေးကင်းလုံခြုံဖို့အတွက် ဒီမှာရှိနေဖို့က သင့်တော်တယ်လို့ ကျနော်တကယ်မထင်ကြောင်း” Truth Social မှာ ကြာသပတေးနေ့က ရေးတင်ထားခဲ့တာပါ။
အီရန်အသင်းက ဒေါ်နယ်ထရမ့်ရဲ့ပို့စ်ကို ပြန်လည်တုန့်ပြန်တဲ့အနေနဲ့ ဘယ်သူတစ်ဦးကမှ ကမ္ဘာ့ဖလားကနေ နိုင်ငံတစ်နိုင်ငံကို ဖယ်ထုတ်လို့မရကြောင်းနဲ့ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေအတွက် လိုအပ်တဲ့လုံခြုံမှုပေးနိုင်ခြင်းမရှိဘူးလို့ သူတို့ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊နယူးဇီလန်၊အီဂျစ်အသင်းတို့နဲ့တစ်အုပ်စုတည်း ကျရောက်နေတာပါ။

အီရန်အမျိုးသားဘောလုံးအသင်းကို တွေရစဉ်
ဒါပေမယ့် အမေရိကန်နဲ့အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့နိုင်ငံရဲ့အားကစားဝန်ကြီး အာမက်ဒွန်ယာမာလီက အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ အီရန်အသင်းရဲ့နေရာမှာ ဘယ်အသင်းကို အစားထိုးမလဲဆိုတာ ဆုံးဖြတ်ချက်ချရခြင်းမရှိသေးဘဲ အီရတ် ဒါမှမဟုတ် ယူအေအီးတို့ထဲက တစ်သင်းဖြစ်နိုင်တယ်လို့ဖော်ပြနေကြပါတယ်။
အမေရိကန်၊မက္ကဆီကိုနဲ့ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိကျင်းပသွားမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 402
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ် ၁၂
မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ ပြင်သစ်ကစားသမားဟောင်း ဂရစ်ဇ်မန်းက အက်သလက်တီကိုအသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဂရစ်ဇ်မန်းက “ကျနော် ဒီမှာအလွန်ကောင်းမွန်နေသလို ကိုယ့်ကိုကိုယ်လည်း အလွန်ပျော်ရွှင်နေပါတယ်။ ကွင်းထဲမှာ ကျနော်လုပ်နေတဲ့အရာတွေက ကျနော်ဘာလဲဆိုတာပြသနေပြီး စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အဆုံးထိနေဖို့က ကျနော့်ရဲ့အတွေးထဲမှာရှိပါတယ်”လို့ Movistar TV ကိုပြောခဲ့တာပါ။
အော်လန်ဒိုစီးတီးအသင်းအားကစားဒါရိုက်တာဟာ ဂရစ်ဇ်မန်းရဲ့အပြောင်းအရွှေ့ဖြစ်မြောက်အောင် ဆွေးနွေးမှုတွေပြုလုပ်ဖို့ စပိန်နိုင်ငံကို အကြိမ်ပေါင်းများစွာသွားရောက်ခဲ့ပါတယ်။
အက်သလက်တီကို အသင်းဘက်တော့ ဒီအပြောင်းအရွှေ့ ထင်ကြေးတွေကို ငြင်းပယ်ပြီး ဂရစ်ဇ်မန်းဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ စာချုပ်ရှိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
ဂရစ်ဇ်မန်းကလည်း သူ့ရဲ့အနာဂတ်ဟာ ဖလော်ရီဒါမှာမဟုတ်ဘဲ မက်ဒရစ်မှာရှိနေတယ်လို့ ပြောခဲ့တာပါ။

ဂရစ်ဇ်မန်းကို တွေ့ရစဉ်
အက်သလက်တီကိုအသင်းဟာ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲယှဉ်ပြိုင်ဖို့ ရှိနေတာကလည်း ဂရစ်ဇ်မန်း ဆုံးဖြတ်ချက်ချဖို့ အဓိက အချက်တစ်ခုဖြစ်ခဲ့ပါတယ်။
ဂရစ်ဇ်မန်းက အက်သလက်တီကိုအသင်းနဲ့အတူ ဆုဖလားရယူနိုင်ဖို့က သူ့ရဲ့အိပ်မက်နဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ပြောထားတာပါ။
အော်လန်ဒိုစီးတီးအသင်းဟာ မေဂျာလိဂ်အပြောင်းအရွှေ့ပိတ်မယ့် မတ်လ ၂၆ ရက်မတိုင်မီ ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိရင် နောက်တစ်ကြိမ်အပြောင်းအရွှေ့ဖွင့်မယ့်အချိန်ထိ စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။
အော်လန်ဒိုစီးတီးအသင်းဟာ ဒီရာသီမေဂျာလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၃ ပွဲစလုံးအရေးနိမ့်ကာ ပေးဂိုး ၁၁ ဂိုးနဲ့ အဆင့်နောက်ဆုံးနေရာမှာရပ်တည်နေပါတယ်။
- By CNI
- Category: အားကစား
- Hits: 305
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ် ၁၂
မန်စီးတီးနဲ့ အင်တာမီလန်အသင်း တိုက်စစ်မှူးဟောင်းဂျက်ကိုဟာ ရှော်လ်ကေးအသင်းမှာထက် ပြင်သစ်လီဂူး-၁ မှာဆိုရင် တစ်နှစ်ကို ယူရို ၁ သန်းပိုပြီးရနိုင်ပေမယ့် ဒါကိုငြင်းပယ်ပြီး ရှော်လ်ကေးအသင်းထံ ပြောင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဂျက်ကိုဟာ ရှော်လ်ကေးအသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒါက ငွေကြေး အကြောင်းပြချက်ကြောင့်မဟုတ်ပါဘူး။
Sport Bild က ဘော့စနီးယားဝါရင့်တိုက်စစ်မှူးဟာ ရှော်လ်ကေးအသင်းထက် ပိုပြီးကောင်းတဲ့ကမ်းလှမ်းမှု တွေရခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဂျက်ကိုဟာ ရှော်လ်ကေးအသင်းမှာ တစ်နှစ်လုပ်ခအဖြစ် ယူရို ၃ သိန်းရရှိတယ်လို့ သိရပြီး ပြင်သစ်လီဂူးမှာဆိုရင် ၁ သန်းပိုရနိုင်မယ့် ယူရို ၁.၃ သန်းအထိရရှိနိုင်တာပါ။

ဂျက်ကိုအား တွေ့ရစဉ်
ဂျက်ကိုဟာ ပြီးခဲ့တဲ့လက Sport Bild နဲ့အင်တာဗျူးမှာ ငွေကြေးအများအပြားရရှိမယ့် ကမ်းလှမ်းမှုတွေရခဲ့ပေမယ့် ဒါကသူ့အတွက် အရေးမကြီးတာကြောင့် ရှော်လ်ကေးအသင်းထံ ပြောင်းရွှေ့ဖို့ ဒီကမ်းလှမ်းမှုတွေကို စွန့်လွှတ်ရတာ ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
ဒီရာသီအစပိုင်းက စီးရီးအေကလပ်ဖီအိုရင်တီးနားအသင်းမှာကစားခဲ့တဲ့ ဂျက်ကိုဟာ ရှော်လ်ကေးအသင်းကို ဘွန်ဒက်လီဂါပြိုင်ပွဲထံ တန်းပြန်တက်နိုင်အောင် ကူညီပေးနေတာပါ။
ရှော်လ်ကေးအသင်းဟာ ဘွန်ဒက်လီဂါ ၂ ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာရပ်တည်နေပေမယ့် အဆင့် ၅ နေရာကအသင်းနဲ့ ၅ မှတ်သာကွာဟာတာကြောင့် လက်ကျန်ပွဲတွေမှာ နိုင်ပွဲတွေရယူနိုင်ဖို့ကြိုးပမ်းရဦးမှာဖြစ်ပါတယ်။
အသက် ၄၀ နှစ်ပြည့်တော့မယ့်ဂျက်ကိုဟာ ရှော်လ်ကေးအသင်းအတွက် ၇ ပွဲပါဝင်ကစားအပြီးမှာ ၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။
- By CNI
- Category: အားကစား
- Hits: 307
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲမှာ ရီးရယ်လ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အသင်းဟာကွာတားဖိုင်နယ်တက်ဖို့အခွင့်အရေးနည်းသွားပြီလို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “အခုအချိန်မှာတော့ အခွင့်အရေးသိပ်ပြီးမရှိတော့ပါဘူး။ ဒါပေမယ့် ကျနော်တို့ကြိုးစားသွားမှာပါ။ အခုအချိန်မှာ ကျနော်တို့ရဲ့အတွေးအခေါ်နဲ့အရာအားလုံးက ပိုခက်ခဲသွားပေမယ့် ကျနော်တို့ဟာ ဒီနေရာမှာ ရှိနေမှာပါ။ ကျနော်တို့ဟာ အဆုံးသတ်ပိုင်းပိုပြီးကောင်းမွန်အောင် ပိုလုပ်ဆောင်ကာ ကြိုးစားသွားမှာပါ”လို့ ကွာတားဖိုင်နယ်တက်နိုင်မယ့်အလားအလာအပေါ် ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာတင် ရီးရယ်လ်အသင်းကို ၃ ဂိုးစလုံးခွင့်ပြုခဲ့ရတာဖြစ်ပြီး ဗယ်လ်ဗာဒီက ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းနှင့် ရီးရယ်လ်အသင်းတို့ ယှဉ်ပြိုင်နေစဉ်
ဒုတိယပိုင်းမှာ ဗီနီစီးယက်စ်ရဲ့ပယ်နယ်တီကို ဂိုးသမားဒွန်နာရမ်မာကာကွယ်နိုင်ခဲ့လို့သာ မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းကို နောက်ထပ်သွင်းဂိုး ခွင့်မပြုခဲ့ရတာပါ။
မန်စီးတီးအသင်းတောင်ပံကစားသမားဒိုကူက “ရီးရယ်လ်အသင်းဟာ ၃ ဂိုးသွင်းယူပြီးချိန်မှာ ခံစစ်ကစားခဲ့တာကြောင့် သူတို့အတွက် ပြန်လာဖို့ခက်ခဲခဲ့သလို သူတို့သာရခဲ့တဲ့ အခွင့်အရေးတွေကို သွင်းနိုင်ခဲ့ရင် ပွဲကတစ်မျိုးပြောင်းလဲသွားမယ်”လို့ ခံစားရကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင်ဒိုကူက ဒုတိယအကျော့ပွဲအတွက် သူတို့ဟာ ပရိသတ်တွေရဲ့အကူအညီလိုအပ်သလို ရီးရယ်လ်အသင်း ၃ ဂိုးသွင်းနိုင်ရင် သူတို့လည်း သွင်းနိုင်အောင်လုပ်ရမယ်လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
