CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၆

စပိန်ကွင်းလယ်လူ အော်လ်မိုဟာ မကြာသေးမီက ဆော်ဒီပရိုလိဂ်ထံပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေခံခဲ့ရပေမယ့် နာမည်ကြီးဂျာနယ်လစ်ဖာဘရီဇီယိုရိုမာနိုက သူဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ရည်ရွယ်ထားခြင်း မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။ 

အော်လ်မိုဟာ ဘာစီလိုနာအသင်းမှာ သူ့ရဲ့အခန်းကဏ္ဍကို အပြည့်အဝအာရုံစိုက်နေပြီး အခြားရွေးချယ်စရာတွေကို စဉ်းစားခြင်းမရှိတာပါ။ 

ဒါ့အပြင်ဆော်ဒီက စိတ်ဝင်စားမှုရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် ဖြစ်နိုင်ဖွယ် ရှိတဲ့ အပြောင်းအရွှေ့အတွက် ခိုင်မာတဲ့ တိုးတက်မှုလည်း မရှိသေးပါဘူး။ 

အော်လ်မိုဟာ ငွေကြေးအများအပြားရရှိမယ့် ကမ်းလှမ်းမှုရခဲ့ရင်တောင် ဘာစီလိုနာအသင်းရဲ့စီမံကိန်းကို ကတိကဝတ်ပြုထားပြီး ထွက်ခွာဖို့ အစီအစဉ်မရှိတာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်မှာ ငယ်ဘဝကလပ် ဘာစီလိုနာ အသင်းထံ ပြန်ရောက်လာခဲ့တဲ့ အော်လ်မိုဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခွင့် ရနေတာပါ။ 

စပိန်ကြယ်ပွင့်ဟာ မကြာခဏဆိုသလို ဒဏ်ရာတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ဘာစီလိုနာအသင်းက သူ့ကို အဓိက အစိတ်အပိုင်းတစ်ခုအနေနဲ့ သတ်မှတ်ထားဆဲဖြစ်ပါတယ်။ 

အဲဒါကြောင့် အော်လ်မိုဟာ ဘာစီလိုနာအသင်းမှာ သူ့ရဲ့ကစားသမားဘဝကို ဆက်လုပ်ဆောင်ပြီး ဂိုးပါဝင်ပတ်သက်မှုတွေနဲ့ အသင်းရဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးဖို့ ရှိနေတာပါ။ 

အော်လ်မိုဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၃၉ ပွဲကစားထားပြီး ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်ထားပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့်ပွဲအဖြစ် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Besoccer