CNI Sport News

၂၀၂၆ ခုနှစ်၊ မေ ၆

ဘာစီလိုနာအသင်းအားကစားဒါရိုက်တာဒေကိုဟာ နယူးကာဆယ်အသင်းတောင်ပံ ကစားသမားဂေါ်ဒွန်ရဲ့ အေးဂျင့်နဲ့တွေ့ဆုံပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း ဂေါ်ဒွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အင်္ဂလန်ကစားသမားအတွက် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရဖို့ရှိနေတာပါ။ 

RAC1 က တောင်ပံ ကစားသမားတစ်ဦးကို ရှာဖွေနေတဲ့ ဘာစီလိုနာအသင်းဟာ ဂေါ်ဒွန်ကို အာရုံစိုက်လာခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ 

အားကစားဒါရိုက်တာဒေကိုဟာ ဘိုဂျန်ကာကစ်နဲ့အတူ မကြာသေးမီက ဂေါ်ဒွန်ရဲ့အေးဂျင့်နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့နည်းဗျူဟာနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်တဲ့ တိုက်စစ်ကစားသမားတွေကို လပေါင်းများစွာရှာဖွေခဲ့ပြီးနောက် ဂေါ်ဒွန်ဟာ သူတို့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ 

ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ရှိနေတာကြောင့် သူ့ကိုခေါ်ယူနိုင်ဖို့က ဘာစီလိုနာ အသင်းအတွက် ခက်ခဲမှုရှိနိုင်ပါတယ်။ 

ဒါ့အပြင် နယူးကာဆယ်အသင်းဟာ ဂေါ်ဒွန်အတွက် ယူရိုသန်း ၈၀ နီးပါး လိုချင်နေတာကြောင့် ဒီပြောင်းရွှေ့ကြေးဟာ ဘာစီလိုနာအသင်းအတွက် အတားအဆီးတစ်ခုလို ဖြစ်နေတာပါ။ 

ဘာစီလိုနာအသင်းဟာ ဂေါ်ဒွန်ကို ဝယ်ယူချင်ရင် ဘဏ္ဍာရေးအခြေအနေနဲ့ အသင်းရဲ့ကစားသမားတချို့ကို အရင်ဆုံးရောင်းချမှုတွေပြုလုပ်ရဦးမှာပါ။ 

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ယူရိုသန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတဲ့ ရက်ရှ်ဖိုဒ့်ရဲ့အပြောင်းအရွှေ့ကိုတောင် ဆုံးဖြတ်ရခြင်းမရှိသေးပါဘူး။ 

ဘိုင်ယန်မြူးနစ်အသင်းကလည်း ဂေါ်ဒွန်ကို အချိန်အတော်ကြာအောင်စောင့်ကြည့်နေပြီး သူ့ရဲ့အတွင်းလူနဲ့ ဆက်သွယ်မှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

Source: Goal