CNI Sport News

၂၀၂၆ ခုနှစ်၊ မေ ၆

ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းနည်းပြဟောင်း ဇာဗီကို သူတို့ရဲနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဖြစ်နိုင်ဖွယ်နဲ့ ပတ်သက်ပြီး စဉ်းစားမှုတွေပြုလုပ်နေပါတယ်။ 

ရလဒ်ဆိုးတွေကြောင့် နည်းပြရိုစီနီယာကို ထုတ်ပယ်ထားတဲ့ ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်ခန့်အပ်ဖို့ ရှာဖွေမှုတွေပြုလုပ်နေပြီး လက်ရှိအချိန်မှာ မက်ဖာလိန်းက အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာပါ။ 

ချယ်လ်ဆီးအသင်းဟာ FA ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်နဲ့ လိဂ်ဖလား ပြိုင်ပွဲတွေမှာ စိတ်ပျက်စရာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ 

The Independent က ချယ်လ်ဆီးအသင်းပိုင်ရှင်တွေဟာ အသင်းကို နောက်တစ်ဆင့်ရောက်အောင် ဦးဆောင် နိုင်မယ့် အမြဲတမ်းနည်းပြတစ်ဦးကို ရှာဖွေနေတယ်လို့ ဖော်ပြထားတာပါ။ 

ချယ်လ်ဆီးအသင်း နည်းပြသစ် စာရင်းထဲမှာ နာမည်ကြီးနည်းပြအများအပြားပါဝင်နေပြီး ဇာဗီက ဦးစားပေးရွေးချယ်မှုအဖြစ် ရှိနေတယ်လို့ သိရပါတယ်။ 

 ဇာဗီကို တွေ့ရစဉ်

BlueCo အဖွဲ့ဟာ နောက်ထပ်နည်းပြတွေကိုလည်း စောင့်ကြည့်နေပြီး ရီးရယ်လ်အသင်း နည်းပြဟောင်း အလွန်ဆို၊ ပေါ်တိုအသင်းနည်းပြဖာရီအိုလီ၊ ကိုမိုအသင်းနည်းပြဖာဘရီဂတ်စ်နဲ့ နည်းပြတချို့ဟာ ချယ်လ်ဆီး အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံနေရတာပါ။ 

ဇာဗီဟာ ဘာစီလိုနာအသင်းကို ၃ ရာသီကြာ ကိုင်တွယ်ခဲ့ပြီး လာလီဂါဖလား ၁ ကြိမ်နဲ့ စပိန်စူပါဖလား ၁ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းခေါင်းဆောင်မှုအဖွဲ့ဟာ အမြဲတမ်းနည်းပြခန့်အပ်ဖို့ မဆုံးဖြတ်မီ သူတို့ရဲ့နည်းပြသစ် စာရင်းထဲမှာ ပါဝင်နေတဲ့သူတွေကို ဆက်ပြီးအကဲဖြတ်သွားဖို့ရှိနေတာပါ။ 

လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇာဗီဟာ တည်ငြိမ်မှုရှိတဲ့ စီမံကိန်းတစ်ခုကို ရှာဖွေမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။ 

Source:Goal