
- By CNI
- Category: အားကစား
- Hits: 216
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တဲ့ ဆန်းဒါးလန်းအသင်းဟာ အာဆင်နယ်အသင်း ခေါင်းဆောင်ဟောင်း ရှာခါကို လေဗာကူဆင်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Sacha Tavolieri က ဂျာမနီမှာ ၂ နှစ်ကြာ ကစားပြီးနောက် နွေရာသီမှာ လေဗာကူဆင်အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ ရှာခါကို ခေါ်ယူဖို့ ဆန်းဒါးလန်းအသင်းက ချဉ်းကပ်မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဆန်းဒါးလန်းအသင်းဟာ လေဗာကူဆင်အသင်းနဲ့ ဆက်သွယ်မှု ပြုလုပ်နေပြီး ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း၊ ရှာခါကို ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ရှာခါကို ခေါ်ယူဖို့ ဆန်းဒါးလန်းအသင်း အပါအဝင် အသင်းအချို့ကလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေကြတာပါ။
ရှာခါဟာ လုပ်ခလစာ အများအပြားရရှိမယ့် ဆော်ဒီကလပ် နီယွန်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။
အေစီမီလန်အသင်းကလည်း လေဗာကူဆင်အသင်းနဲ့ ဆွေးနွေးမှုမှာ တိုးတက်မှု မရှိပေမယ့် ရှာခါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
ရှာခါကို တွေ့ရစဉ်
ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို တန်းပြန်တက်ပြီးနောက် အသင်းကို အားဖြည့်မှုတွေ အများကြီး ပြုလုပ်နေတာဖြစ်ပါတယ်။
အန်ဇိုလီဖီးကို အပြီးသတ် ခေါ်ယူခဲ့သလို ဟာဘစ်ဒီယာရာ၊ ဆာဒီကီ၊ ရီနယ်လ်ဒို၊ တာလ်ဘီနဲ့ အဒင်ဂါရာတို့ကို ခေါ်ယူထားတာပါ။
ဆန်းဒါးလန်းအသင်းဟာ လူငယ်ကြယ်ပွင့် ဘယ်လင်ဂမ်ကို ဒေါ့မွန်အသင်းထံ ရောင်းချထားပါတယ်။
အဲဒါကြောင့် ဆန်းဒါးလန်းအသင်း အနေနဲ့ ရှာခါကို ခေါ်ယူနိုင်မယ်ဆိုရင် သူ့ကို ဘယ်လင်ဂမ် နေရာ အစားထိုး နိုင်မှာပါ။
လေဗာကူဆင်အသင်းအတွက် ၉၉ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူထားတဲ့ ရှာခါဟာ အသင်းကို ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံ၊ ပိုကယ်ဖလားနဲ့ စူပါဖလားရရှိအောင် ကူညီပေးထားနိုင်ပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 183
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်း ရောင်းချမယ့် ကစားသမား ၆ ဦးထဲမှာ ပါဝင်နေတယ်လို့ ဗြိတိန်မီဒီယာ အများအပြားက ဖော်ပြထားပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီးနောက် နည်းပြဂွာဒီယိုလာဟာ အသင်းလူစာရင်းကို ကြီးကြီးမားမား ပြောင်းလဲမှုတွေ ပြုလုပ်ချင်နေတာပါ။
မန်စီးတီးအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အေစီမီလန်အသင်း ကွင်းလယ်လူ ရိန်းဒါးစ်ကို ပေါင် ၄၆ သန်း၊ လိုင်ယွန်အသင်း ကြယ်ပွင့်ချာကီကို ပေါင် ၃၄ သန်း၊ ဝုလ်ဗ်စ်အသင်း ဘယ်တောင်ပံ နောက်ခံလူ အစ်နော်ရီကို ပေါင် ၃၁ သန်း၊ ချယ်လ်ဆီးအသင်း ဂိုးသမား ဘီတင်နယ်လီတို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ အသင်းမှာ လူစာရင်း များပြားနေတဲ့အပေါ် စိတ်ပျက်နေတာကြောင့် အသင်းဘက်က ကစားသမားအချို့ကို ရောင်းချနိုင်ဖို့ စီစဉ်နေတာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ အသင်းခေါင်းဆောင်ဟောင်း ဝေါ်လ်ကာကို ဘန်လေ အသင်းထံ ရောင်းချထားတာ ဖြစ်ပါတယ်။
The Athletic က မန်စီးတီးအသင်းဟာ ဂျွန်စတုန်းစ် အပါအဝင် အိုရီလေး၊ ကိုဗာချစ်၊ ဂွန်ဒိုဂန်၊ အီချီဗာရီနဲ့ အော်စကာဘော့ဘ်တို့ကို ရောင်းချမယ့် စာရင်းထဲ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။
ဂျွန်စတုန်းစ်ကို တွေ့ရစဉ်
၂၀၁၆ ခုနှစ်က အဲဗာတန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းအတွက် ၁၁ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့က ခူဆာနော့ဗ်ကို ခေါ်ယူထားတာကြောင့် သူ့ကို ဂျွန်စတုန်းစ်ရဲ့ နေရာမှာ အစားထိုးဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ဂျွန်စတုန်းစ်ဟာ မန်စီးတီးအသင်းအတွက် ၂၇၇ ပွဲ ပါဝင်ကစားထားပြီး ၁၉ ဂိုးသွင်းယူကာ ဆုဖလားပေါင်း ၁၅ ခု ရယူနိုင်ခဲ့တာပါ။
ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ထားတာကြောင့် အနားယူနေတဲ့ မန်စီးတီးအသင်းဟာ ရာသီသစ်မတိုင်မီ ခြေစမ်းပွဲအဖြစ် သြဂုတ် ၉ ရက်မှာ ပါလာမိုအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: Mirror

- By CNI
- Category: အားကစား
- Hits: 232
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
ခရစ္စတယ်ပဲလေ့စ်အသင်း ပရိသတ်တွေဟာ အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲကနေ ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ဆင်းပြီး ကစားခိုင်းတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အင်္ဂါနေ့က ရာနဲ့ချီတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း ပရိသတ်တွေဟာ အသင်းရဲ့အိမ်ကွင်းကို ချီတက် ခဲ့ကြပြီး UEFA ကို ဆန့်ကျင်တဲ့ စာတန်းကို ကိုင်ဆောင်ကာ သီကြွေးမှုတွေလည်း ပြုလုပ်ခဲ့ကြတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက FA ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ် ဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပိုင်ရှင်တစ်ဦးတည်းက ကလပ်အသင်း အများအပြားကို ပိုင်ဆိုင်တဲ့ စည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုပြီး UEFA က သူတို့ကို ကွန်းဖရန့်လိဂ်ပြိုင်ပွဲဆင်းပြီး ယှဉ်ပြိုင်ကစားဖို့ ဆုံးဖြတ်ခဲ့ တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်း ပရိသတ်တွေ ဆန္ဒပြနေကြစဉ်
အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ဂျွန်တက်စ်တာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အစုရှယ်ယာ ပိုင်ဆိုင်ထား သလို ယူရိုပါလိဂ် ဝင်ခွင့်ရရှိထားတဲ့ လိုင်ယွန်အသင်းမှာ အစုရှယ်ယာ အများအပြား ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဂျွန်တက်စ်တာဟာ သူ့ရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း ရှယ်ယာတွေကို ရောင်းချဖို့ လုပ်ခဲ့ပေမယ့် UEFA က ခရစ္စတယ်ပဲလေ့စ်အသင်းကို ကွန်းဖရန့်လိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး သူ့ရဲ့နေရာမှာ နော်တင်ဟမ်ဖောရက်စ် အသင်းကို ယူရိုပါလိဂ် ဝင်ခွင့်ပေးခဲတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ UEFA ရဲ့ ဆုံးဖြတ်ချက်ကို အားကစားခုံရုံးထံ အယူခံဝင်သွားဖို့ ပြင်ဆင်နေပါတယ်။
ဒီအချိန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်း ပရိသတ်တွေကလည်း UEFA ရဲ့ ဆုံးဖြတ်ချက်ဟာ မျှတမှုမရှိဘူးဆိုပြီး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်က UEFA ရဲ့ ဆုံးဖြတ်ချက်ဟာ ဘောလုံးအတွက် ဆိုးရွားတဲ့နေ့ဖြစ်ပြီး အလွန်ဆိုးရွားတဲ့ မတရားမှုလို့ ပြောခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 228
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းမှာ အနာဂတ် မရေမရာဖြစ်လာတဲ့ ဆွီဒင်တိုက်စစ်မှူး အစ်ဆက်ကို ခေါ်ယူနိုင်ဖို့အတွက် ဗြိတိန်အပြောင်းအရွှေ့ စံချိန်အား ထပ်ပြီးချိုးဖျက်ဖို့ ပြင်ဆင်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လေဗာကူဆင်အသင်းက ဖလော်ရီယန်ဗစ်ဇ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူထားသလို ဖရင်ပေါင်နဲ့ ကာကတ်ဇ်တို့ကိုလည်း ခေါ်ယူထားတာပါ။
ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံအသင်းဟာ တိုက်စစ်မှူး နေရာအတွက် နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး အသစ်ဖြစ်တဲ့ ပေါင် ၁၂၅ သန်းကျော်နဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်း ဘက်ကသာ အစ်ဆက်ကို ရောင်းချဖို့ လမ်းဖွင့်မယ်ဆိုရင် လီဗာပူးလ်အသင်းဟာ ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ အသင့်ရှိနေတာပါ။
ဒါပေမယ့် နယူးကာဆယ်အသင်းဟာ အစ်ဆက်ကို ရောင်းချဖို့ ဆန္ဒမရှိဘဲ စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အစ်ဆက်ကို တွေ့ရစဉ်
နယူးကာဆယ်နဲ့ အစ်ဆက်တို့ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေဟာ အခုနှစ် အစောပိုင်းကတည်းက ရပ်တန့်နေပြီး တိုးတက်မှုမရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။
အစ်ဆက်ဟာ လက်ရှိအချိန်မှာ ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်ဖို့ နယူးကာဆယ်အသင်းနဲ့ ပူးပေါင်းနေပြီး သြစတြီးယားရှိ လေ့ကျင့်ရေးစခန်းမှာ အတူရှိနေတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အမှတ်ပေးဖလားကို အကြိမ် ၂၀ မြောက် ရယူပြီးကတည်းက တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အစ်ဆက်ဟာ သူတို့ရဲ့ဦးစားပေးအဖြစ် ရှိခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အစ်ဆက်ကို ခေါ်ယူဖို့အဆင်မပြေရင် နယူးကာဆယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဖရန့်ဖတ်အသင်း တိုက်စစ်မှူး အီကီတိုက် အပါအဝင် အခြားတိုက်စစ်မှူး အချို့ကိုလည်း သူတို့ခေါ်ယူမယ့် စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
၂၀၂၂ ခုနှစ်က ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ရှိ အစ်ဆက်ဟာ နယူးကာဆယ် အသင်းအတွက် ၁၀၉ ပွဲ ကစားထားပြီး ၆၂ ဂိုးသွင်းယူကာ ၂၀၂၈ ခုနှစ်ရာသီကုန်အထိ စာချုပ်ရှိနေတာ ဖြစ်ပါ တယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 217
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅
နယူးကာဆယ်အသင်းဟာ ဖရန့်ဖတ်အသင်း တိုက်စစ်မှူး ဟူဂိုအီကီတိုက်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ဒီအပြောင်းအရွှေ့ဟာ ကလပ်ရဲ့ စံချိန်တင် အပြောင်းအရွှေ့ ဖြစ်လာနိုင်ပါတယ်။
ဖရန့်ဖတ်အသင်းဟာ ပြင်သစ်တိုက်စစ်မှူး အီကီတိုက်အတွက် ပေါင် ၈၆ သန်း လိုချင်နေပေမယ့် နယူးကာဆယ် အသင်းရဲ့ကနဦးဆွေးနွေးမှုတွေဟာ ပေါင် ၆၅ သန်းဝန်းကျင် ဖြစ်တာကြောင့် သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏနဲ့ အနည်းငယ် ဝေးကွာနေတာပါ။
နယူးကာဆယ်အသင်းဟာ ဘရာဇီးလ် တိုက်စစ်မှူး ဂျော်အိုပက်ဒရိုကို ပစ်မှတ်ထားခဲ့ပေမယ့် သူဟာ ချယ်လ်ဆီး အသင်းထံ ပြောင်းရွှေ့သွားခဲ့တာကြောင့် အီကီတိုက်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကတော့ ၂၀၂၂ ခုနှစ်က ဆိုစီဒက်အသင်းကနေ ခေါ်ယူခဲ့တဲ့ အစ်ဆက်ဖြစ်ပြီး ပေါင် ၆၃ သန်းနဲ့ ခေါ်ယူခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အစ်ဆက်ရဲ့ အခြေအနေကို စောင့်ကြည့်နေပေမယ့် နယူးကာဆယ်အသင်းဟာ သူ့ကို အသင်းမှာ အနည်းဆုံး နောက်ထပ် တစ်ရာသီ ဆက်ပြီးကစားနိုင်အောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေသလို အီကီတိုက်နဲ့ အတူတွဲဖက်ပြီး အသုံးပြုချင်နေတာ ဖြစ်ပါတယ်။
ဟူဂိုအီကီတိုက်ကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်ကတည်းက နယူးကာဆယ်အသင်းရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်ခဲ့တဲ့ အီကီတိုက်ဟာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအပါအဝင် အသင်းအချို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။
ပြီးခဲ့တဲ့နွေရာသီက PSG အသင်းကနေ အပြီးသတ် ပြောင်းရွှေ့လာခဲ့တဲ့ အီကီတိုက်ဟာ ဖရန့်ဖတ်အသင်းနဲ့ ၄ နှစ် စာချုပ် ကျန်ရှိနေသေးပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ အီကီတိုက်ဟာ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အသင်းအတွက် ၂၂ ဂိုး သွင်းယူနိုင်ခဲ့တာ အပါအဝင် ဂျာမန်ကလပ်အတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆၄ ပွဲမှာ ၂၆ ဂိုး သွင်းယူထားတာပါ။
နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို အားကောင်းအောင် ပြုလုပ်နေပြီး မကြာသေးမီက နော်တင်ဟမ်ဖောရက်စ်အသင်းက အီလန်ဂါကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူထားပါတယ်။
ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ နယူးကာဆယ်အသင်းဟာ ခြေစမ်းပွဲတွေအဖြစ် ဆဲလ်တစ်၊ အာဆင်နယ်၊ K League အကောင်းဆုံးအသင်း၊ စပါး၊ အက်စ်ပန်ညို၊ အသလက်တီကိုအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 231
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅
စပိန်ကွင်းလယ် တိုက်စစ်ကစားသမား အဆန်စီယိုဟာ တူရကီကလပ် ဖီနာဘာချီအသင်းရဲ့ ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး သူ့ရဲ့အနာဂတ်ကို မကြာမီမှာ ရွေးချယ်မှုပြုလုပ်ဖို့ ရှိနေပါတယ်။
Mundo Deportivo က အဆန်စီယိုဟာ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားဖို့ ဖီနာဘာချီ အသင်းရဲ့ ယူရို ၉ သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ရီးရယ်လ် ကစားသမားဟောင်းဟာ ဥရောပထိပ်တန်းလိဂ်မှာသာ ဆက်ကစားချင်နေပြီး သူ့ကိုခေါ်ယူဖို့ ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေကြပါတယ်။
စီးရီးအေကလပ် အင်တာနဲ့ အေစီမီလန်အသင်းတို့ဟာ အဆန်စီယိုကို သူတို့ခေါ်ယူမယ့် စာရင်းထဲ ထည့်သွင်းထား သလို လာလီဂါကလပ် ဗီလာရီးရယ်လ် အသင်းကလည်း သူ့ကိုပစ်မှတ်ထားနေတာပါ။
အဆန်စီယိုကို တွေ့ရစဉ်
အဆန်စီယိုဟာ နည်းပြလူးဝစ်အင်းနရစ်ရဲ့ PSG အသင်း အစီအစဉ်မှာ မပါဝင်တာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။
အဆန်စီယိုအနေနဲ့ ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ခဲ့ရင် ပွဲကစားချိန် မိနစ်တွေ အများကြီးရမှာဖြစ်ပေမယ့် သူက ငြင်းပယ်ခဲ့တာပါ။
အဆန်စီယိုဟာ ဥရောပထိပ်တန်းလိဂ်မှာ ဆက်ရှိချင်တာကြောင့် အသင်းကြီးတစ်သင်းထံ ပြောင်းရွှေ့ချင်ရင် လုပ်ခလစာကို လျှော့ပြီးယူဖို့ လိုအပ်ပါတယ်။
တစ်နှစ်လုပ်ခ ယူရို ၁၄ သန်း ဝန်းကျင်ရရှိနေတဲ့ အဆန်စီယိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက အငှားကစားခဲ့တဲ့ အက်စတွန်ဗီလာအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ထိပ်တန်းအသင်းမှာ ကစားနိုင်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာပါ။
PSG နဲ့ အဆန်စီယိုရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ် ရာသီကုန်ရင် ကုန်မှာဖြစ်လို့ အသင်းဟာ သူ့ကို နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်ထားပါတယ်။
PSG အသင်းဟာ အဆန်စီယိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း သတ်မှတ်ထားတာပါ။
၂၀၂၃ ခုနှစ်က ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် PSG အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အဆန်စီယိုဟာ ပြင်သစ်ကလပ်အတွက် ၄၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူကာ ဆုဖလား ၄ ခု ရယူနိုင်ခဲ့ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 329
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅
ရီးရယ်လ်အသင်းမှာ ၁၃ နှစ်ကြာ ကစားပြီး ထွက်ခွာခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းထံ တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ အသက် ၃၉ နှစ်အရွယ်ရှိ မိုဒရစ်ကို စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် တစ်နှစ် သက်တမ်း တိုးဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။
မိုဒရစ်ဟာ ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရယ်လ်အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီးနောက် ထွက်ခွာကာ အေစီမီလန်အသင်းနဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မိုဒရစ်ဟာ အေစီမီလန်အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပြီးနောက် သူ့ရဲ့ကစားသမားဘဝမှာ နောက်ထပ် အခန်းကဏ္ဍသစ် တစ်ခု စတင်ရတော့မှာဖြစ်လို့ အလွန်ပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။
အေစီမီလန်အသင်းနည်းပြ အယ်လီဂရီက မိုဒရစ်ဟာ အလွန်ထူးခြားတဲ့ ကစားသမား ဖြစ်တယ်လို့ သူ့ကို ခေါ်ယူမယ်လို့ အတည်ပြုချိန်မှာ ပြောခဲ့တာပါ။
မိုဒရစ်ကို တွေ့ရစဉ်
မိုဒရစ်ဟာ အေစီမီလန်အသင်းမှာ ကျောနံပါတ် ၁၄ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းမှာ ကစားခဲ့တဲ့ ၁၃ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ လာလီဂါဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၈ ခု ရယူနိုင်ခဲ့တာပါ။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းအတွက် ၅၉၇ ပွဲ ကစားခဲ့ပြီး ၄၃ ဂိုးသွင်းယူကာ PSG အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။
မိုဒရစ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ စိတ်အားထက်သန်နေတာပါ။
အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့ပြီး ရာသီသစ်မှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 223
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅
စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ အာဆင်နယ်အသင်းထံ အပြောင်းအရွှေ့ဟာ ပျက်ပြယ် သွားနိုင်တယ်လို့ ပေါ်တူဂီမီဒီယာတွေက ဖော်ပြထားပါတယ်။
ပေါ်တူဂီသတင်း Record က ကစားသမားကို အပိုဆုကြေး ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ ဖော်ပြထားတာပါ။
စပို့တင်းလစ္စဘွန်းအသင်းဟာ အပိုဆုကြေးယူရို ၁၀ သန်း တောင်းဆိုထားပေမယ့် အာဆင်နယ်အသင်းဟာ ဒီပမာဏကိုပေးချေဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အခြေအနေ အားလုံးကို ဖွင့်ထားပေမယ့် ဆွေးနွေးမှုတွေ လုံးဝပျက်ပြယ်သွားနိုင်တဲ့ အခြေအနေ ရှိနိုင်တယ်လို့ Record ရဲ့သတင်းမှာ ဖော်ပြထားတာပါ။
ယိုကီရက်စ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို ခေါ်ယူဖို့ နီးစပ်ပြီးနောက် နောက်ထပ် သတင်း ထပ်ပြီး ထွက်လာခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်က အာဆင်နယ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ဟာ ယိုကီရက်စ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း၊ add-ons ပေါင် ၇.၄ သန်းနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်ခဲ့ပြီး ကစားသမားဟာ အာဆင်နယ် အသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုမှာပါ။
အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို ရာသီကြို ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ဖို့ အာရှကို ထွက်ခွာမယ့် အသင်းလူ စာရင်းထဲမှာ ခေါ်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အာဆင်နယ်နဲ့ ယိုကီရက်စ်ရဲ့ အေးဂျင့်တို့ဟာ စပို့တင်းလစ္စဘွန်းအသင်း နောက်ဆုံး မီးစိမ်းပြသနိုင်ဖို့အတွက် လန်ဒန်မှာ ဆွေးနွေးမှုတွေ ထပ်ပြီး ပြုလုပ်နေကြပါတယ်။
ယိုကီရက်စ်ကတော့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး စပို့တင်းလစ္စဘွန်းအသင်းရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို သွားရောက် ပူးပေါင်းခြင်း မရှိပါဘူး။
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်း တောင်ပံကစားသမား မာဒူကီနဲ့ ဗလင်စီယာအသင်း နောက်ခံလူ မိုစကွီယာရဲ့ အပြောင်းအရွှေ့တွေကိုလည်း ကြေညာဖို့ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ရာသီသစ်မှာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် ကစားသမား အများအပြား ဖြည့်တင်း မှုတွေ ပြုလုပ်နေပြီး ဇူဘီမန်ဒီ၊ ကယ်ပါနဲ့ နော်ဂတ်တို့ကို ခေါ်ယူထားသလို ခရစ္စတယ်ပဲလေ့စ်အသင်း ကြယ်ပွင့် အီဇီကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 215
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
ရီးရယ်လ်အသင်းဟာ ပရီးမီးယားလိဂ် အသင်းတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ သတ်မှတ်ခဲ့တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရိုဒရီဂိုဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ခံနေရတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ရီးရယ်လ်အသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပြီး အသင်းကို လာလီဂါဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရယ်လ်အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိလာခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာမယ့် သတင်းတွေ ထွက်ပေါ်နေတာပါ။
ရိုဒရီဂိုကို တွေ့ရစဉ်
ရီးရယ်လ်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ ဇာဘီအလွန်ဆို ရောက်ရှိလာအပြီးမှာ ရိုဒရီဂိုဟာအသင်းမှာ ဆက်နေဖို့ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့အသင်းရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၆ ပွဲမှာ ၅ ပွဲကို အရန်ခုံ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရိုဒရီဂိုရဲ့ ရီးရယ်လ်အသင်း အနာဂတ်ဟာ မရေမရာ ဖြစ်လာသလို အသင်းကလည်းသူ့ကို ရောင်းချဖို့ လမ်းဖွင့်ထားခဲ့တာပါ။
ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေ ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ရိုဒရီဂိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ သတ်မှတ်ခဲ့တာကြောင့် သူတို့အတွက် ခေါ်ယူဖို့ အခက်အခဲ ရှိနိုင်တာပါ။
အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ နာမည်ကြီး ကစားသမားတွေကို ခေါ်ယူပြီး အသင်းရဲ့လူစာရင်း အင်အားကို ပိုပြီးကောင်းမွန်အောင် ပြုလုပ်နေတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ဆန်းတို့စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ရိုဒရီဂိုဟာ ရီးရယ်လ်အသင်းအတွက် ၂၇၀ ပွဲ ပါဝင်ကစားထားပြီး ၆၈ ဂိုး သွင်းယူကာ ဆုဖလားပေါင်း ၁၃ ခု ရရှိထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 213
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း အူဘာမီယန်းဟာ ပြင်သစ်လိဂ်ကို ပြန်လာပြီး အသင်းဟောင်း မာဆေးလ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက မာဆေးလ်အသင်းကနေ ထွက်ခွာပြီး အယ်လ်ကတ်ဆီယာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အူဘာမီယန်းဟာ တစ်ရာသီအကြာမှာ ဆော်ဒီပရိုလိဂ် ကလပ်ကနေ ပြန်လည်ထွက်ခွာတော့မှာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်ကတ်ဆီယာ အသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၁ ဂိုး သွင်းယူကာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်။
အယ်လ်ကတ်ဆီယာအသင်းဟာ တိုက်စစ်မှူး နေရာအတွက် ငယ်ရွယ်တဲ့ ကစားသမားတွေကိုသာ အသုံးပြု ချင်နေတာကြောင့် အူဘာမီယန်းကို ထွက်ခွာခွင့်ပေးဖို့ ရှိနေတာပါ။
ဖာဘရီဇီယိုရိုမာနိုက မာဆေးလ်အသင်းဟာ အူဘာမီယန်းနဲ့ ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။
အယ်လ်ကတ်ဆီအသင်းဟာ ဒီနွေရာသီမှာ အူဘာမီယန်းကို ထွက်ခွာခွင့်ပေးဖို့ မီးစိမ်းပြထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
အူဘာမီယန်းကို တွေ့ရစဉ်
မာဆေးလ်အသင်းနည်းပြ ဒီဇာဘီဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့အတွက် အူဘာမီယန်းကို လူစာရင်းထဲ ထည့်သွင်းဖို့ ဆန္ဒရှိနေတာပါ။
အီတလီလူမျိုးနည်းပြ ဒီဇာဘီဟာ အူဘာမီယန်းရဲ့ အတွေ့အကြုံနဲ့ ဂိုးသွင်းစွမ်းရည်ကို သိရှိထားပြီး လူငယ် တိုက်စစ်မှူးတွေကို မှီခိုနေရတဲ့ အသင်းအတွက် ဝါရင့်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။
အပြောင်းအရွှေ့ဖြစ်ခဲ့ရင် အူဘာမီယန်းဟာ မာဆေးလ်အသင်းရဲ့တိုက်စစ်မှာ ဂရင်းဝုဒ်နဲ့ တွဲဖက်ပြီးကစားရမှာပါ။
မာဆေးလ်အသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် တိုက်စစ်ပိုင်းအပြင် လိုအပ်နေတဲ့ နေရာအချို့ကိုလည်း အားဖြည့်ဖို့ရှိနေပါတယ်။
အူဘာမီယန်းဟာ မာဆေးလ်အသင်းအတွက် ကစားခဲ့တဲ့ တစ်ရာသီမှာ ပွဲပေါင်း ၅၁ ပွဲ ကစားခဲ့ပြီး ဂိုး ၃၀ အထိသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal