CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄

အာဆင်နယ်အသင်းဟာ လူငယ်ကြယ်ပွင့် ဝမ်နရီကို မာဆေးလ်အသင်းထံ အငှားမချမီ ဝက်စ်ဟမ်းအသင်းရဲ့ အငှားနဲ့ခေါ်ယူဖို့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပါတယ်။

တန်းဆင်းဇုန်ထဲ ကျရောက်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေနိုင်အောင် တိုက်ပွဲဝင် ဖို့အတွက် ဝမ်နရီကို ရာသီကုန်အထိ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာပါ။

ဒါပေမယ့် အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းရဲ့ လက်ရှိအခြေအနေဟာ သူတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်နေ ကြောင်းနဲ့ ဝမ်နရီကို ပြည်ပကလပ်တွေထံ စေလွှတ်ဖို့သာ ဦးစားပေးခဲ့တယ်လို့ talkSPORT က ဖော်ပြထားပါ တယ်။  

ဝမ်နရီဟာ ပြီးခဲ့တဲ့ရက်ကမှ ဘရိုက်တန်အသင်း နည်းပြဟောင်း ဒီဇာဘီကိုင်တွယ်နေတဲ့ မာဆေးလ်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

ဝမ်နရီကို တွေ့ရစဉ်

ဝမ်နရီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းယူထားပေမယ့် ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသလို ပွဲကစားချိန် မိနစ် အများအပြားရရှိဖို့ ခက်ခဲနေတာ ဖြစ်ပါ တယ်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပါရမီရှိတဲ့ လူငယ်ကစားသမားတွေဟာ ပွဲကစားချိန် လိုအပ်တဲ့အတွက် ဝမ်နရီရယ်၊ သူ့အဖေ၊ အေးဂျင်နဲ့ကလပ်တို့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အငှားနဲ့ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် အာတီတာက မာဆေးလ်အသင်းနည်းပြ ဒီဇာဘီဟာ လူငယ် ကစားသမားတွေကို တိုးတက်အောင် ပြုလုပ် နိုင်ပေးနိုင်တဲ့သူ ဖြစ်တာကြောင့် သူ့အတွက် အလွန်ကောင်းမွန်တဲ့ အတွေ့အကြုံ ဖြစ်လာမှာပါလို့ ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းနဲ့ ၂၀၃၀ ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ဝမ်နရီဟာ လန်ဒန်ကလပ်အတွက် ပွဲပေါင်း ၅၁ ပွဲ ကစားထားပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။ 

Source: Metro